သင်၏ အပြစ်တို့ကို ဘုရားသခင်ထံ နှိမ့်ချစွာဖြင့် ဝန်ခံပါ။ | Humbly Confess Your Sin to God
 Unicode Version
သင်၏ အပြစ်တို့ကို ဘုရားသခင်ထံ နှိမ့်ချစွာဖြင့် ဝန်ခံပါ။
ဒံယေလ အနာဂတ္တိကျမ်း :၅-၆ “အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား အသက်ကြီး သူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏ ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နားမထောင်ပဲ နေကြပါပြီ။”
 ကပ်ဘေးကာလ ၊ အကျပ်အတည်း ကာလအတွင်း မည်ကဲ့သို့ ဆုတောင်းရမည်ကို ကျွန်ုပ်တို့ လွန်ခဲ့တဲ့ရက်တွေက ကြည့်ရှုခဲ့ပြီးဖြစ်ပါတယ်။ ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး (၉) တွင် ဒံယေလသည် သူ၏ဆုတောင်း ခြင်းဆိုင် ရာ အခြေခံသော့ချက် (၆) မျိုးကို ဖော်ပြထားပါတယ်။
 ၎င်းတို့တွင် ရှိသော (၅) ချက်ကား -
(၁) ဘုရားသခင်အား သင်စကားမပြောမီ သူ့အား ပြောခွင့်ပြုပါ။
(၂) ဘုရားသခင်အား အာရုံပြုပါ၊ ရှာဖွေပါ။
(၃) ဘုရားသခင်ထံ သင်၏စိတ်နှလုံးကို သွန်းလောင်းပါ။
(၄) သင်၏ ပြင်းပြခြင်းတွေကို ဘုရားသခင်အား ဖော်ပြပါ။
(၅) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကတိတော်တွေအတွက် ကျေးဇူးတင်ပါ။
 နောက်ဆုံးတစ်ချက်မှာ ကျွန်ုပ်တို့၏ အပြစ်တို့ကို နှိမ့်ချစွာ ဝန်ခံဖို့ လိုပါတယ်။
 ဘုရားသခင်သည် မာနထောင်လွှားပြီး ညစ်ညူးသော စကားကို နားထောင်လိမ့်မည် မဟုတ်ပါ။ သို့ပေမဲ့ နှိမ့်ချပြီး ဝန်ခံမှုပြုခြင်းတွေကို နားထောင်ပါလိမ့်မည်။ ဘုရားသခင်သည် နှိမ့်ချမှုကို တုံ့ပြန်ပါသည်။ သင်၏အသက်တာတွင် ရူးမိုက်စွာ လုပ်ဆောင်ခဲ့သောအရာကိုပင်လျှင် ဘုရားသခင်သည် သိနှင့်နေပြီးဖြစ်ပေမဲ့ အပြစ်ကို သင်ဝန်ခံဖို့ရန် သင့်အား အလိုတော်ရှိစဲ ဖြစ်ပါတယ်။
သင် နှိမ့်ချစွာဖြင့် ဖွင့်ဟလာသည့်အခါ ဘုရားမည်သို့ တုံ့ပြန်မည်နည်း။ ခွင့်လွှတ်ခြင်း ၊ ကျေးဇူးဂရုဏာတော်ဖြင့် ဘုရားသခင် သင့်အား တုံ့ပြန်ပါမည်။
ရိုးရှင်းစွာ ဝန်ခံခြင်းသည် သင်၏အပြစ်တွေနှင့် ပတ်သက်ပြီး ဘုရားနှင့် ပြန်လည်ကတိပြုခြင်းကို ဆိုလိုပါသည်။ သင်က ဘုရားသခင် ပြောတာမှန်ပါတယ် - သင်လုပ်ဆောင်ခဲ့သောအရာသည် အပြစ်ဖြစ်သည် ၊ သင်ဆင်ခြေ မပေးဘူး ၊ ၎င်းကို အမှားလို့ သင်အဆိုဘူး ။ သင်မှားယွင်းခဲ့တာကို သင်ဝန်ခံခြင်းဖြစ်ပါသည်။
ဒံယေလ လုပ်ဆောင်သကဲ့သို့ သင်၏ ဝန်ခံခြင်းတို့ကိုလည်း ဘုရားသခင် အတိအကျ သတ်မှတ်ပါတယ်။ ဒံယေလ အနာဂတ္တိကျမ်း :၅-၆ “အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား အသက်ကြီး သူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏ ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နား မထောင်ပဲနေကြပါပြီ။”
ဒံယေလသည် သူ၏ဝန်ခံခြင်းကို အဆုံးမသတ်သေးဘဲ နောက်ထပ်အခန်းငယ် (၁၀) ခုတိုင် အပြစ်ကိုဆက်လက် ဝန်ခံခဲ့ပါတယ်။
ဣသရေလလူမျိုးတို့သည် အသရေမဲ့ မှုတွေကို ဖြစ်ပေါ်လာစေခဲ့ကြပြီး သူတို့ကိုယ်သူတို့ အရှက်ရစေခဲ့ကြတယ်။ ဘုရားသခင်ပေါ် သစ္စာမရှိ ၊ ဘုရားပြောထားတဲ့အရာတွေ နှင့် သိသာထင်ရှားစွာ သတိပေးထားမှုတွေကို အာရုံမစိုက်ခြင်းအကြောင်းတွေကို ဒံယေလသည် ဘုရားနှင့်အတူ အတည်ပြုခဲ့ပါတယ်။ ၎င်းတို့သည် တော်တော် လေးကို တိကျပါတယ်။
ဒံယေလ၏ ဆုတောင်းချက်တွေက ကျွန်ုပ်တို့မသိသော အပြစ်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကြား အကွာအဝေးကို မည်သို့ဖြစ်ပေါ်စေသည်ကို ကျွန်ုပ်တို့အား နားလည်စေပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ အပြစ်များနှင့် ပတ်သက်၍ ဘုရားသခင်နှင့် သဘောတူလျှင် ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ဘုရားသခင် မည်သို့ ဖြေကြားကြောင်း အားကောင်းသော သတိပေးချက်ဖြစ်ပါတယ်။ နှိမ့်ချသော စိတ်နှလုံးဖြင့် ကိုယ်တော်ထံ လာသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်ဖို့ရန် အမြဲသစ္စာရှိတော်မူ၏။
ဆင်ခြင်ရန်
- ကျွန်ုပ်တို့၏ အပြစ်နှင့် ပတ်သက်၍ ဘုရားသခင်အား ရိုးသားရန် အဘယ်ကြောင့် မကြာခဏ ကြိုးစားလေ့ ရှိပါသနည်း။
- တခြားသူတွေ သူတို့၏အပြစ်ကို ဝန်ခံရန် ငြင်းဆိုခြင်းသည် သူတို့၏ ယုံကြည်ခြင်း လျော့ပါးတယ်ဆိုတာကို သင်မည်သို့ မြင်ပါသနည်း။ သင်၏ အသက်တာတွင်ကော ထိုသို့ ဖြစ်ခဲ့ပါသလား။
- ဤကိစ္စကို ယနေ့တွင်သင်မလုပ်သေးရင် ဘုရားသခင်နှင့် စကားပြောဖို့ သင့်အပြစ်တွေကို ဘုရားသခင်ထံ ဝန်ချတောင်းပန်ဖို့ မည်သို့ အချိန်ယူနိုင်မည်နည်း
အပြစ်တရားကို ကျော်လွန်နိုင်ဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို တန်ခိုးပေးပါသည်။ (By Giretje Commelin)
ရောမဩဝါဒစာ ၈:၁၃ “သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။”
ကျွန်ုပ်တို့သည် ယုံကြည်သူတစ်ဉီးစတင်ဖြစ်လာတဲ့အခါမှာ နက်ရှိုင်းစွာ ပြောင်းလဲသွားပါတယ်။ တဖန်မွေးဖွားခြင်း ဖြစ်လာပြီး အသစ်သော အသက်တာကို ရရှိကြပါတယ်။ သို့သော်လည်း ထိုအရာသည် ကျွန်ုပ်တို့ကို အပြစ်ကင်း စင်စေပြီဆိုတဲ့ အခါသမယ ကိုမဆိုလိုပါ။ ကျွန်ုပ်တို့၏ ဗီဇအပြစ် လို့ခေါ်တဲ့ “ခန္ဓာကိုယ်” က ရှင်သန်နေဆဲ ဖြစ်တယ် ၊ အပြစ်ကို ပြုလေ့ရှိတဲ့အရာက ရှိနေစဲ ဖြစ်ပါတယ်။ အပြစ်ပြုဖို့ရန်လည်း စာတန်က ကျွန်ုပ်တို့ကို များစွာ သော အခွင့်အရေးတွေကို ဆက်လက်ပေးကမ်းပါလိမ့်မည်။ သို့ပေမဲ့ ဤကြိုးပမ်းရုန်းကန်ရမှု အတွက် ကျွန်ုပ်တို့ မျှော်လင့်ချက် မမဲ့ကြပါဘူး။
ဝိညာဉ်တော်က ကျွန်ုပ်တို့ထဲတွင် ကိန်းအောင်းပါလျှင် ကျွန်ုပ်တို့ကို ကူညီမစတော်မူသည်။ ရောမဩဝါဒစာ ၆:၁၃ “သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။
အပြစ်ပြုခြင်းအရာမှာ များစွာသော သေဆုံးခြင်း (အပြစ်ကို မဖြစ်စေခြင်း ၊ မလုပ်လိုခြင်း အသက်တာ) ဖြစ်စဉ်ကို “သန့်ရှင်းမြင့်မြတ်ခြင်း” လို့ခေါ်ပါတယ်။ ၎င်းသည် လုပ်ထုံးလုပ်နည်းတစ်ခုအဖြစ် သန့်ရှင်းသော ဝိညာဉ်တော်မှ လုပ်ဆောင်ပါတယ်။ ကောရိန္သုဩဝါဒစာ ပဌမစောင် ၆:၁၁ “အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင်သခင်ယေရှု၏ နာမတော်အားဖြင့်၎င်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ် တော်အားဖြင့်၎င်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာ သို့ ရောက်ကြပြီ။
အပြစ်ပြုဖို့ရန် သွေးဆောင်ခြင်းခံရပါလျှင် ဤသွေးဆောင်မှုကို တွန်းလှန်ဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ တန်ခိုးတော်ကို တောင်းခံပါ။
 သင်၏ အသက်တာတွင် သေခြင်းသို့ ပို့ဆောင်ရန်လိုသော အပြစ်ရှိပါသလား။
-----------------------------------------------------------------------------
Zawgyi Version
Add caption
ဆင်ခြင်ရန်