မသေချာ မရေရာတဲ့ အချိန်တွင် ယုံကြည်မှုရှိရှိ နေထိုင်မည်နည်း။ | How to Be Confident in Uncertain Times
Unicode Version

မသေချာ မရေရာတဲ့ အချိန်တွင် မည်သို့ယုံကြည်မှုရှိရှိ နေထိုင်မည်နည်း။
ရှင်ယာကုပ် ၅:၈ “သင်တို့သည်လည်း သည်းခံလျက်စောင့် နေကြလော့။ ကိုယ်စိတ်
နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန်ရောက်လုနီးပြီ။”
ကျွန်ုပ်တို့သည် မသေချာ မရေရာသော အချိန်ကာလတွင် အသက်ရှင်နေကြပါတယ်။ ဤကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ပျက်လာမည်ကို မသိကြပါ။ သတင်းအချက်အလက်များစွာကနေ ရှုပ်ထွေးမှုတွေ ရရှိကြပါတယ်။ ကပ်ဘေး ရောဂါ Coronavius သည်လည်း မည်မျှကြာအောင် ဆက်လက်ပြီး ပြန့်နှံ့မလဲ မသိနိုင်ပါ။ ကျွန်ုပ်တို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ မရှိဘဲနဲ့ အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တွေ ဘယ်လို လုပ်ရမလဲ မသေချာတော့ပါ။
အရာရာ
မသေချာတော့တဲ့ အချိန်မှာ “ ဘုရားသခင် ထိန်းချုပ်ပါသည်”
ဆိုတဲ့ တစ်ခုသော အမှန်တရားကိုတော့ ကျွန်ုပ်တို့ ဆက်လက် သေချာနိုင်ပါတယ်။
ရှင်ယာကုပ် ၅:၇-၉ “ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့။ အကယ်၍လယ်လုပ်သော သူသည်အရင်မိုဃ်း၊ နောက်မိုဃ်းကိုရသည်တိုင်အောင်၊ အဘိုးထိုက် သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက် စောင့် နေကြလော့။ ကိုယ်စိတ် နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသော အချိန်ရောက် လုနီးပြီ။ ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အချင်းချင်းငြင်းခုံ ပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင် ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ၏။”
ဘုရားသခင် ပြန်လာမည်အကြောင်းကို ဤကျမ်းပိုဒ်တွင် ကြိမ်ဖန်များစွာ ရှင်ယာကုပ်က ဘာကြောင့် သတိပေး နေပါသနည်း။ ဘာကြောင့်လဲဆိုတော့ ၎င်းသည် ဘုရားသခင် ထိန်းချုပ်ထားကြောင်း သက်သေအထောက်အထား ဖြစ်ပါတယ်။
သမိုင်းသည် ဘုရားသခင်၏ အကြောင်းဖြစ်ပါတယ်။ အသက်တာ၏ လည်ပတ်မှုကြီး မဟုတ်ပါဘူး။ သမိုင်းသည် အလျင်းမပြတ်ဖြစ်သည်။ ရွေ့လျားနေတဲ့ ရာသီဉတုလိုပေါ့။ ဘုရားသခင်မှာ အစီအစဉ်တွေ ၊ ရည်ရွယ်ချက် တွေရှိပါတယ်။ တစ်နေ့မှာ သခင်ခရစ်တော် ပြန်လာဖို့ရှိပါတယ်။ အရာအားလုံး အစီအစဉ်အတိုင်း ဖြစ်သည်။ ဘယ်အချိန် သခင်ခရစ်တော် ပြန်လာမည်ကို ကျွန်ုပ်တို့ မသိပါ။ သို့ပေမဲ့ သခင်ခရစ်တော်၏ ဒုတိယအကြိမ် ပြန်လာခြင်း အကြောင်းကို ပထမလာခြင်းထက် သမ္မာကျမ်းစာကို ပိုပြီး ပြောဆိုထားပါတယ်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာ မည်သို့အသက်ရှင်နေထိုင်ခြင်းတို့ကို ပြောင်းလဲသင့်ခြင်းအကြောင်း ဖြစ်ပါတယ်။ ကြီးမားသော မျှော်လင့်ချက်တို့ဖြင့် အသက်ရှင်သင့်ပါသည်။
အခြေအနေတွေက ထိန်းချုပ်ရခက်ခဲခြင်း နှင့် ကျွန်ုပ်တို့ ဖြတ်သန်းနေရမှုတွေက နာကျင်နေရသော်ငြားလည်း မည်သည့်အရာကမှ ဘုရားသခင်၏ ထိန်းချုပ်မှုအောက်ကနေ မလွှတ်ကြပါ။ သည်းခံပါ။ ဘုရားသခင်၏ အချိန်သည် အချိန်ကိုက် ဖြစ်ပါတယ်။ ဘယ်တော့မှ မနောက်ကျပါ။ သူထိန်းချုပ်နေပါတယ်။
ရှင်ယာကုပ် ၅:၈ “သင်တို့သည်လည်း သည်းခံလျက်စောင့် နေကြလော့။
မည်သို့သောအရာက
သေချာဆုံးဖြစ်သနည်း။ တစ်နေ့မှာ သခင်ခရစ်တော် ပြန်လာခြင်း ဖြစ်သည်။ ၎င်းကို ဘယ်အရာကမှ
မရပ်တန့်စေနိုင်ပါ။
သမိုင်းသည် ဘုရားသခင်၏ ထိန်းချုပ်မှု အောက်တွင်ရှိပြီး သခင်ခရစ်တော်ပြန်လာမည်ဟု
ကတိပေးထားခြင်း သည် ကျွန်ုပ်တို့ မသေချာ မရေရာသော အချိန်တွင် လိုအပ်သော
ယုံကြည်စိတ်ချမှု ပေးသင့်သည်ကို သိရှိခြင်း ဖြစ်သည်။ သင်သည် တခြားအရာတို့အပေါ် ရေတွက်လို့မရဘူးလို့
ခံစားရတဲ့အခါမှာ ဤအရာကို ရေတွက်ပါ။ သခင်ခရစ်တော် တစ်နေ့ ပြန်လာပြီး အရာအားလုံးတို့ကို
မှန်ကန်စေမည်။ အသစ်တစ်ဖန် ပြန်လည် ပြုမည် ဖြစ်သည်။
ဆင်ခြင်ရန်
-
သခင်ခရစ်တော် ပြန်လာခြင်း ကို မျှော်လင့်ခြင်းနှင့်အတူ အသက်ရှင်ရန် ဆိုသည့် အဓိပ္ပါယ်ကား
မည်သို့နည်း။
-
ဘုရားသခင်သည် သမိုင်းကြောင်းကို ထိန်းချုပ်ထားသည်ကို သိရခြင်းက သင့်ကို နှစ်သိမ့်မှု
၊ ယုံကြည်မှု ရှိစေပါသလား။ ဘာကြောင့်နည်း။
-
မည်သည့်အခြေအနေတွင် ဘုရားသခင် ထိန်းချုပ်ထားကြောင်းကို သတိရဖို့ရန် လိုအပ်ပါသနည်း။
လုပ်ဆောင်မှုကို ဘုရားသခင် ဖန်ဆင်းပေမဲ့ အပြစ်အားဖြင့် ပျက်စီးပါသည်။
ကမ္ဘာဉီးကျမ်း ၂:၁၅ “ထိုအခါ
ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက် စေခြင်းငှါ ထားတော်မူ၏။”
ပထမဉီးဆုံးသော လူသား အာဒံကို ဘုရားသခင် ဖန်းဆင်းခဲ့တဲ့အခါမှာ ဧဒင်ဉယျာဉ်ကို ထိန်းသိမ်းဖို့ရန် နှင့် လုပ်ဆောင်မှုပြုဖို့ရန် ပေးခဲ့ပါတယ်။ ဒါကြောင့် ၎င်းလုပ်ဆောင်မှုသည် ဘုရားသခင်၏ ကောင်းသော ဖန်ဆင်းခြင်းအရာ ဖြစ်ပါတယ်။ ၎င်းသည် အပြစ်၏ အကျိုးမဟုတ်ပေမဲ့ လူသားအတွက် ကောင်းသော ရည်ရွယ် ချက်အဖြစ် ကိုက်ညီပါတယ်။ ဉပမာ တိရစ္ဆာန်အားလုံးတို့၏ အမည်ကို ပေးဖို့ရန်က အာဒံ၏အလုပ်ဖြစ်ခဲ့ပါတယ်။ ထွက်မြောက်ရာကျမ်း ၂:၂၀ “ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်း ကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့်လေ၏။ ”
ပြီးတော့ တိရစ္ဆာန်တို့ကို အုပ်စိုးဖို့ရန် တာဝန်ရှိခဲ့ပါတယ်။ ထွက်မြောက်ရာကျမ်း ၁:၂၈ “အချင်းတို့ များပြားစွာမွေး ဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကိုကောင်းကြီးပေးတော်မူ၏။”
တစ်ချိန်တည်းမှာပင် လုပ်ဆောင်မှုအပါအဝင် အရာအားလုံးတို့ကို အပြစ်တရားက ပျက်စီးစေခဲ့ပါတယ်။ အာဒံ သည် ဘုရားသခင်အား နာခံခြင်းမရှိတော့တဲ့အခါမှာ ဘုရားက သူ့အား “မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။” ထွက်မြောက်ရာကျမ်း ၃:၁၇
ဒါကြောင့် လူသားတို့၏ နေ့စဉ်ဆောင်ရွက်ရသောအလုပ်တို့သည် ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်လာပါတယ်။ ၎င်းသည် အစဉ်အဆက် လူ့အတွေ့အကြုံ ဖြစ်ခဲ့ပါတယ်။ မောရှေ ဆိုထားသည်မှာ ဆာလံ ၉၀:၁၀ “အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ် ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထို အသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့ သည် စုတေ့ကြပါ၏။ ”
လုပ်ဆောင်ခြင်းသည်လည်း
တစ်စုံတစ်ရာ ကောင်းကျိုးဖြစ်စေနိုင်တုန်းပါဘဲ။ ဒေသနာကျမ်း
၂:၂၄ “စားသောက် ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊
လူ၌ကောင်းသောအခွင့်မရှိ။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု
ငါသိမြင်၏။”
သင်၏နေ့စဉ်အလုပ်ကို ပင်ပန်းနွမ်းနယ်သကဲ့သို့ ထင်ရပါသလား (သို့) ၎င်းလုပ်ဆောင်ရခြင်းကို
ပျော်ရွှင်ပါ သလား။
----------------------------------------------------------------------------
Zawgyi Version
မေသခ်ာ မေရရာတဲ့ အခ်ိန္တြင္ မည္သို႔ယုံၾကည္မႈရွိရွိ ေနထိုင္မည္နည္း။
![]() |
ကြၽႏ္ုပ္တို႔သည္ မေသခ်ာ မေရရာေသာ အခ်ိန္ကာလတြင္ အသက္ရွင္ေနၾကပါတယ္။ ဤကမာၻႀကီးမွာ ဘာေတြ ျဖစ္ပ်က္လာမည္ကို မသိၾကပါ။ သတင္းအခ်က္အလက္မ်ားစြာကေန ရႈပ္ေထြးမႈေတြ ရရွိၾကပါတယ္။ ကပ္ေဘး ေရာဂါ Coronavius သည္လည္း မည္မွ်ၾကာေအာင္ ဆက္လက္ၿပီး ျပန႔္ႏွံ႔မလဲ မသိႏိုင္ပါ။ ကြၽႏ္ုပ္တို႔ လိုအပ္တဲ့ သတင္းအခ်က္အလက္ေတြ မရွိဘဲနဲ႔ အေျမာ္အျမင္ရွိတဲ့ ဆုံးျဖတ္ခ်က္ေတြ ဘယ္လို လုပ္ရမလဲ မေသခ်ာေတာ့ပါ။
အရာရာ မေသခ်ာေတာ့တဲ့ အခ်ိန္မွာ “ ဘုရားသခင္ ထိန္းခ်ဳပ္ပါသည္” ဆိုတဲ့ တစ္ခုေသာ အမွန္တရားကိုေတာ့ ကြၽႏ္ုပ္တို႔ ဆက္လက္ ေသခ်ာႏိုင္ပါတယ္။
ရွင္ယာကုပ္ ၅:၇-၉ “ထိုေၾကာင့္၊ ညီအစ္ကိုတို႔၊ သခင္ဘုရားႂကြလာေတာ္မူသည္တိုင္ေအာင္ သည္းခံလ်က္ ေစာင့္ေနၾကေလာ့။ အကယ္၍လယ္လုပ္ေသာ သူသည္အရင္မိုဃ္း၊ ေနာက္မိုဃ္းကိုရသည္တိုင္ေအာင္၊ အဘိုးထိုက္ ေသာ ေျမအသီးကို သည္းခံလ်က္ ေစာင့္ေန၍ ေျမာ္လင့္တတ္၏။ သင္တို႔သည္လည္း သည္းခံလ်က္ ေစာင့္ ေနၾကေလာ့။ ကိုယ္စိတ္ ႏွလုံးကိုၿမဲၿမံေစၾကေလာ့။ သခင္ဘုရား ႂကြလာေတာ္မူေသာ အခ်ိန္ေရာက္ လုနီးၿပီ။ ညီအစ္ကိုတို႔၊ စစ္ေၾကာစီရင္ျခင္းႏွင့္ ကင္းလြတ္မည္အေၾကာင္း၊ အခ်င္းခ်င္းျငင္းခုံ ျပစ္တင္ျခင္းကို မျပဳၾကႏွင့္။ တရားစီရင္ ပိုင္ေသာသူသည္ တံခါးနားမွာ ရွိေတာ္မူ၏။”
ဘုရားသခင္ ျပန္လာမည္အေၾကာင္းကို ဤက်မ္းပိုဒ္တြင္ ႀကိမ္ဖန္မ်ားစြာ ရွင္ယာကုပ္က ဘာေၾကာင့္ သတိေပး ေနပါသနည္း။ ဘာေၾကာင့္လဲဆိုေတာ့ ၎သည္ ဘုရားသခင္ ထိန္းခ်ဳပ္ထားေၾကာင္း သက္ေသအေထာက္အထား ျဖစ္ပါတယ္။
သမိုင္းသည္ ဘုရားသခင္၏ အေၾကာင္းျဖစ္ပါတယ္။ အသက္တာ၏ လည္ပတ္မႈႀကီး မဟုတ္ပါဘူး။ သမိုင္းသည္ အလ်င္းမျပတ္ျဖစ္သည္။ ေ႐ြ႕လ်ားေနတဲ့ ရာသီဉတုလိုေပါ့။ ဘုရားသခင္မွာ အစီအစဥ္ေတြ ၊ ရည္႐ြယ္ခ်က္ ေတြရွိပါတယ္။ တစ္ေန႔မွာ သခင္ခရစ္ေတာ္ ျပန္လာဖို႔ရွိပါတယ္။ အရာအားလုံး အစီအစဥ္အတိုင္း ျဖစ္သည္။ ဘယ္အခ်ိန္ သခင္ခရစ္ေတာ္ ျပန္လာမည္ကို ကြၽႏ္ုပ္တို႔ မသိပါ။ သို႔ေပမဲ့ သခင္ခရစ္ေတာ္၏ ဒုတိယအႀကိမ္ ျပန္လာျခင္း အေၾကာင္းကို ပထမလာျခင္းထက္ သမၼာက်မ္းစာကို ပိုၿပီး ေျပာဆိုထားပါတယ္။ ဆိုလိုသည္မွာ ကြၽႏ္ုပ္တို႔၏ ေန႔စဥ္ အသက္တာ မည္သို႔အသက္ရွင္ေနထိုင္ျခင္းတို႔ကို ေျပာင္းလဲသင့္ျခင္းအေၾကာင္း ျဖစ္ပါတယ္။ ႀကီးမားေသာ ေမွ်ာ္လင့္ခ်က္တို႔ျဖင့္ အသက္ရွင္သင့္ပါသည္။
အေျခအေနေတြက ထိန္းခ်ဳပ္ရခက္ခဲျခင္း ႏွင့္ ကြၽႏ္ုပ္တို႔ ျဖတ္သန္းေနရမႈေတြက နာက်င္ေနရေသာ္ျငားလည္း မည္သည့္အရာကမွ ဘုရားသခင္၏ ထိန္းခ်ဳပ္မႈေအာက္ကေန မလႊတ္ၾကပါ။ သည္းခံပါ။ ဘုရားသခင္၏ အခ်ိန္သည္ အခ်ိန္ကိုက္ ျဖစ္ပါတယ္။ ဘယ္ေတာ့မွ မေနာက္က်ပါ။ သူထိန္းခ်ဳပ္ေနပါတယ္။
ရွင္ယာကုပ္ ၅:၈ “သင္တို႔သည္လည္း သည္းခံလ်က္ေစာင့္ ေနၾကေလာ့။
မည္သို႔ေသာအရာက ေသခ်ာဆုံးျဖစ္သနည္း။ တစ္ေန႔မွာ သခင္ခရစ္ေတာ္ ျပန္လာျခင္း ျဖစ္သည္။ ၎ကို ဘယ္အရာကမွ မရပ္တန႔္ေစႏိုင္ပါ။
သမိုင္းသည္ ဘုရားသခင္၏ ထိန္းခ်ဳပ္မႈ ေအာက္တြင္ရွိၿပီး သခင္ခရစ္ေတာ္ျပန္လာမည္ဟု ကတိေပးထားျခင္း သည္ ကြၽႏ္ုပ္တို႔ မေသခ်ာ မေရရာေသာ အခ်ိန္တြင္ လိုအပ္ေသာ ယုံၾကည္စိတ္ခ်မႈ ေပးသင့္သည္ကို သိရွိျခင္း ျဖစ္သည္။ သင္သည္ တျခားအရာတို႔အေပၚ ေရတြက္လို႔မရဘူးလို႔ ခံစားရတဲ့အခါမွာ ဤအရာကို ေရတြက္ပါ။ သခင္ခရစ္ေတာ္ တစ္ေန႔ ျပန္လာၿပီး အရာအားလုံးတို႔ကို မွန္ကန္ေစမည္။ အသစ္တစ္ဖန္ ျပန္လည္ ျပဳမည္ ျဖစ္သည္။
ဆင္ျခင္ရန္
- သခင္ခရစ္ေတာ္ ျပန္လာျခင္း ကို ေမွ်ာ္လင့္ျခင္းႏွင့္အတူ အသက္ရွင္ရန္ ဆိုသည့္ အဓိပၸါယ္ကား မည္သို႔နည္း။
- ဘုရားသခင္သည္ သမိုင္းေၾကာင္းကို ထိန္းခ်ဳပ္ထားသည္ကို သိရျခင္းက သင့္ကို ႏွစ္သိမ့္မႈ ၊ ယုံၾကည္မႈ ရွိေစပါသလား။ ဘာေၾကာင့္နည္း။
- မည္သည့္အေျခအေနတြင္ ဘုရားသခင္ ထိန္းခ်ဳပ္ထားေၾကာင္းကို သတိရဖို႔ရန္ လိုအပ္ပါသနည္း။