သင့်အား ဝန်ဆောင်ပေးဖို့ ကြိုးစားနေသူတွေကို မည်သို့ သင် ဆက်ဆံပြောဆိုသနညျး | How do you treat people who serve you?
Unicode Version
ရှင်လုကာခရစ်ဝင် ၆:၃၁ “သင်တို့သည် ကိုယ်၌သူတပါး ပြုစေလိုသည်အတိုင်း သူတပါး၌ ပြုကြလော့။
သင့်အား ဝန်ဆောင်ပေးဖို့ ကြိုးစားနေသူတွေကို မည်သို့ သင် ဆက်ဆံပြောဆိုသလဲ ဆိုတဲ့ သင်၏ စရိုက်လက္ခဏာကို စမ်းသပ်ခြင်းက အကြီးမားဆုံးသော စမ်းသပ်မှု တစ်ခုဖြစ်ပါတယ်။
 စားပွဲထိုး ၊ ရုံးစာရေး ၊ ဝန်ထမ်းတစ်ဉီး ၊ အတွင်းရေးမှူး ၊ သားသမီး (သို့) သင်၏ ခင်ပွန်း / ဇနီး ဖြစ်ဖြစ် သင်၏ ဝန်ကို ဆောင်ပေးသော သူတို့ကို သင်ဘယ်လို ဆက်ဆံသလဲဆိုတာ ကျွန်တော့ကို အများကြီး ပြောပြပါတယ်။
 တကယ်တော့ Saddleback Church ၏ ဝန်ထမ်းခန့်အပ်ဖို့ရန် ဆုံးဖြတ်ချက်အတွက် ပါဝင်ခဲ့စဉ်အချိန်က ကျွန်တော် သူတို့တစ်တွေကို စားသောက်ဆိုင်သို့ ခေါ်သွားလေ့ရှိပြီး သူတို့တွေ စားပွဲထိုးတို့ကို မည်သို့ ပြောဆို ဆက်ဆံသလဲဆိုတာကို ကြည့်ရှုဖို့ ဖြစ်ပါတယ်။ ရိုင်းစိုင်းသော အပြုအမူဖြင့် တောင်းဆိုတဲ့ အခြေအနေတွေရှိတဲ့ တစ်ယောက်ယောက်သည် စရိုက်လက္ခဏာ အားနည်းချက်တွေ ရှိပြီး ကျွန်ုပ်၏ အသင်းအဖွဲ့တွင် ပါဝင်ဖို့ရန် အလိုမရှိပါ။
 ရှင်လုကာခရစ်ဝင် ၆:၃၁ “သင်တို့သည် ကိုယ်၌သူတပါး ပြုစေလိုသည်အတိုင်း သူတပါး၌ ပြုကြလော့။
 ၎င်းကျမ်းပိုဒ်သည် အရိုးရှင်းဆုံးဖြစ်သည့်အတိုင်း သမ္မာကျမ်းစားတွင် တစ်ချိန်က လူမှုစိတ်ပညာရှင် Eric Hoffer ပြောခဲ့ပါတယ်။ “ရိုင်းပျမှုသည် အားနည်းသော သူ၏ ခွန်အားကို တုပသည်” ဟုဆိုခဲ့ပါတယ်။ ရိုင်းစိုင်းဖို့အတွက် ဘယ်သူမျှ အသိပညာရှိစရာ မလိုပါဘူး”
 အရေးကြီးသော စရိုက်လက္ခဏာဖြစ်တဲ့ ရိုသေလေးစားခြင်းကို လေ့ကျင့်ဖို့ရန် အကောင်းဆုံးသောနေရာသည် အိမ်ဖြစ်ပါတယ်။ များစွာသော အိမ်ထောင်တို့သည် တခြားသော အရာထက် ရိုင်းပျခြင်းဖြင့် ပျက်စီးဆုံးရှုံးကြ ရပါတယ်။ အိမ်ထောင်ရေးတိုင်ပင် ဆွေးနွေးခြင်းအမှုတွေကို ကျွန်ုပ်လုပ်ဆောင်ရတိုင်းမှာ တူးဆွမှု သေးသေးလေး တွေနဲ့ပြည့်ဝနေခဲ့ကြတဲ့ အိမ်ထောင်ရေးများပေါ် အံ့ဩခဲ့ရပါတယ်။
 မကြာခဏဆိုသလို ကျွန်ုပ်တို့ ရိုင်းပျတဲ့ လူတွေအများစုသည် ကျွန်ုပ်တို့ဂရုတစိုက်အထားရှိဆုံး လူတွေ ဖြစ်ကြပါတယ်။ မိသားစုပေါ် ဆက်ဆံသလိုမျိုး သူစိမ်းတစ်ယောက်ကို ဘယ်တော့မှ မဆက်ဆံတဲ့ လူတွေကို ကျွန်ုပ်သိပါတယ်။
 လောကဝတ် ၊ ယဉ်ကျေးမှု တို့ဖြစ်ပါတယ်။ အသေးငယ်ဆုံးသော အရာလေးကို ချစ်ခြင်းမေတ္တာရှိခြင်းသည် ကျွန်ုပ်တို့ အသက်တာတွင် အသေးငယ်ဆုံးသော အရာလေးကိုတောင် ကြင်နာမှုအားဖြင့် လူတွေအပေါ် ရိုသေမှု ပြုခြင်း ဖြစ်ပါတယ်။
ဆင်ခြင်ရန်
- ကျွန်ုပ်တို့ အများဆုံး ဂရုစိုက်သူများကို ကျွန်ုပ်တို့ ဘာကြောင့် မလေးမစား ပြုလေ့ရှိပါသနည်း။
- မည်သို့သော အခြေအနေတွင် ယဉ်ကျေးမှုဖြစ်ဖို့ ခက်ခဲပါသနည်း။
- သူတစ်ပါးပေါ် သင်မည်သို့ ဆက်ဆံခြင်းက သင်၏စရိုက်လက္ခဏာကို အကဲဖြတ်ခြင်း ခံရပါက ၎င်းကို သင်မည်သို့ အကဲဖြတ်မည်နည်း။
---------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်