သန့်ရှင်းသော ဝိညာဉ်တော်သည် ဘက်ပေါင်းစုံရှုဒေါင့် ဖြစ်သည်။ | The Holy Spirit is multi-faceted

 Unicode Version

She Has Spoken Through the Prophets”—Is the Holy Spirit a She ...

သန့်ရှင်းသော ဝိညာဉ်တော်သည် ဘက်ပေါင်းစုံရှုဒေါင့် ဖြစ်သည်။

ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၂:၄-၇ “ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော် တပါးတည်း ရှိ၏။ ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။ ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင် တော်မူသော ဘုရားသခင် တပါးတည်းရှိ၏။ ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူ လျက်ရှိ၏။”

သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံရရှိခြင်းသည် ပုဂ္ဂိုလ်ရေးရာအရ ရှိပါတယ်။ သို့ပေမဲ့ ၎င်းသည် သင်နှင့် စပ်ဆိုင်သော ယုံကြည်သူလူမှုအဖွဲ့အစည်းနှင့်လည်း လုပ်ဆောင်မှုပြုဖို့ ရှိပါတယ်။ အထက်က တမန်တော် ရှင်ပေါလု ဖော်ပြသည့် ကျမ်းပိုဒ်အတိုင်း ကောင်းသောအကျိုးအလို့ငှာ ကျွန်ုပ်တို့အား သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ယုံကြည်သူတိုင်း တူညီတဲ့ ဆုကျေးဇူးကို မရရှိကြပါ။ တစ်ယောက်ကို အံ့ဩဖွယ်လုပ်ဆောင်မှုကို ပေးပြီး ၊ တခြားတစ်ယောက်ကို ဗျာဒိတ် (ရှေ့ဖြစ်ဟောနိုင်စွမ်း) (သို့) အမျိုးမျိုးသော ဘာသာစကားကို ပြောဆိုခြင်း ၊ အနာရောဂါပျောက်ကင်းစေသော တခြား ဆုလဒ်များ (သို့) အသိပညာဟောပြောခြင်း တွေကို ပေးပါတယ်။

 ကောရိန္သုဩဝါဒစာ ပဌမစောင် အခန်းကြီး (၁၂) တွင် ဝိညာဉ်ဆုကျေးဇူး တစ်ခုလုံးအကြောင်းရှိပါတယ်။“ဆုကျေး ဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော် တပါးတည်း ရှိ၏။ ဓမ္မဆရာအမှု အထူးထူးအ ထွေထွေရှိငြားသော်လည်း သခင် တပါးတည်းရှိ၏။” ဤအချက်သည် ယုံကြည်သူခရစ်ယာန် အဖွဲ့အစည်းတစ်ခုမှ အသင်းတော်တစ်ခုအားဖြင့် ရှိခြင်းက အလွန်အရေး ကြီးရခြင်း အကြောင်းရင်းဖြစ်ပါတယ်။

 ဝိညာဉ်တော်၏ ဆုကျေးဇူးအားလုံးတို့ကို ဘယ်သူမှ မပိုင်ဆိုင်ကြပါဘူး။ ကျွန်ုပ်တို့ တစ်ဉီးနှင့်တစ်ဉီး လိုအပ်ကြ ပါတယ်။ ခန္ဓာသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို လိုအပ်သကဲ့သို့ အစာမရှိဘဲ လက်တွေက မလုပ်ဆောင်နိုင်ပါ။ အစာအိမ်မရှိဘဲ ပါးစပ်အလုပ်မလုပ်နိုင်ပါ။ “သင်၏ ခန္ဓာသည် ခရစ်တာ်၏ကိုယ်ဖြစ်ပြီး အသီးသီး အင်္ဂါတော်ဖြစ် ကြသည်။” ယုံကြည်သူတိုင်း သူတို့၏ ဆုကျေးဇူးတို့ကို ဆပ်ကပ်ပါလျှင် ခန္ဓာတစ်ခုလုံးဖြစ်တဲ့ အသင်းတော်သည် တိုးတက်အောင်မြင်ပါလိမ့်မည်။

 သင်သည် အသင်းတော်တစ်ခုတွင် တစ်စိတ်တစ်ဒေသ ပါဝင်ပါသလား။ သင်၏ ဆုကျေးဇူးတွေကို မည်သည့်နေ ရာတွင် အသုံးပြုနိုင်ပါသနည်း။

သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဝိညာဉ်ရေးရာ ရန်သူတို့ကို ကျွန်ုပ်တို့ အောင်မြင်နိုင်ပါတယ်။

ရှင်ယောဟန်ဩဝါဒစာ  ပဌမစောင် ၄:၄ “ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကို လည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီး တော်မူ၏။

ခရစ်ယာန်ဖြစ်ခြင်းဆိုသည်မှာ သင်၏အပြစ်ရှိသော ဆန္ဒများ ၊ မှားယွင်းသော သွန်သင်ချက်များကို ဆန့်ကျင်ခြင်း ၊ သင်၏ဘုရားသခင်ထံမှ ဝေးကွာသွားစေရန် လုပ်ဆောင်သော ဝိညာဉ်ရေးရာများကို တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ဧဖက်ဩဝါဒစာ ၆:၁၂ “အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရ ကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြု လုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန် ရကြ၏။ 

၎င်းတို့ လွှမ်းမိုးနိုင်ပါသည်။ သို့ပေမဲ့ ကျွန်ုပ်တို့ ကြောက်ရန် မလိုပါ။ ငါတို့၌ ရှိနေသောသူသည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီဂ အရာအားလုံးထက် (သို့) ကမ္ဘာပေါ်တွင်ရှိသော မည်သူမဆိုထက် ကြီးမြတ်ပါတယ်။ ရှင်ယောဟန်ခရစ်ဝင် ၁၆:၃၃ တွင် သခင်ခရစ်တော် ဆိုထားသည်မှာ “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိ စေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။ 

ကျွန်ုပ်တို့ သေချာစေနိုင်တာက

ရောမဩဝါဒစာ ၈:၃၇-၃၉ “မကွာစေသည်သာမက၊ ငါတို့ကို ချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှု ခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။”

 ဉပမာ ကျွန်မိန်းကလေးတစ်ဉီး ထံမှ နတ်ဆိုးများကို နှင်ထုတ်သောအခါ တမန်တော်များပြုခဲ့သည့် အံ့ဖွယ်အမှု အရာများတွင် ၎င်းကို တွေ့မြင်နိုင်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော် ရှိတဲ့နေရာတိုင်းတွင် စာတန်နှင့်သူ၏ ကျွန်တို့သည် ထွက်ခွါသွားရပေသည်။ ဒါကြောင့် သတိပြုပါ။ သို့မေပမဲ့ မကြောက်ပါနှင့်။

 ဤအရာကို သင်နေ့တိုင်း သတိထားမိပါသလား။


---------------------------------------------------------------------------

Zawgyi Version

သန႔္ရွင္းေသာ ဝိညာဥ္ေတာ္သည္ ဘက္ေပါင္းစုံရႈေဒါင့္ ျဖစ္သည္။

ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ ၁၂:၄-၇ “ဆုေက်းဇူးေတာ္ အထူးထူးအေထြေထြ ရွိျငားေသာ္လည္း ဝိညာဥ္ေတာ္ တပါးတည္း ရွိ၏။ ဓမၼဆရာအမႈ အထူးထူးအေထြေထြရွိျငားေသာ္လည္း သခင္တပါးတည္းရွိ၏။ ျပဳျပင္ျခင္းအမႈ အထူးထူးအေထြေထြရွိျငားေသာ္လည္း၊ ခပ္သိမ္းေသာ သူတို႔၌ ျပဳျပင္သမွ်ကို ျပဳျပင္ ေတာ္မူေသာ ဘုရားသခင္ တပါးတည္းရွိ၏။ ေကာင္းေသာအက်ိဳးအလိုငွါသာ ဝိညာဥ္ေတာ္ကို လူအသီးအသီးတို႔အား ထင္ရွားစြာ ေပးေတာ္မူ လ်က္ရွိ၏။”

She Has Spoken Through the Prophets”—Is the Holy Spirit a She ...

သန႔္ရွင္းေသာ ဝိညာဥ္ေတာ္ကို လက္ခံရရွိျခင္းသည္ ပုဂၢိဳလ္ေရးရာအရ ရွိပါတယ္။ သို႔ေပမဲ့ ၎သည္ သင္ႏွင့္ စပ္ဆိုင္ေသာ ယုံၾကည္သူလူမႈအဖြဲ႕အစည္းႏွင့္လည္း လုပ္ေဆာင္မႈျပဳဖို႔ ရွိပါတယ္။ အထက္က တမန္ေတာ္ ရွင္ေပါလု ေဖာ္ျပသည့္ က်မ္းပိုဒ္အတိုင္း ေကာင္းေသာအက်ိဳးအလို႔ငွာ ကြၽႏ္ုပ္တို႔အား သန႔္ရွင္းေသာ ဝိညာဥ္ေတာ္ သြန္းေလာင္းျခင္းျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ယုံၾကည္သူတိုင္း တူညီတဲ့ ဆုေက်းဇူးကို မရရွိၾကပါ။ တစ္ေယာက္ကို အံ့ဩဖြယ္လုပ္ေဆာင္မႈကို ေပးၿပီး ၊ တျခားတစ္ေယာက္ကို ဗ်ာဒိတ္ (ေရွ႕ျဖစ္ေဟာႏိုင္စြမ္း) (သို႔) အမ်ိဳးမ်ိဳးေသာ ဘာသာစကားကို ေျပာဆိုျခင္း ၊ အနာေရာဂါေပ်ာက္ကင္းေစေသာ တျခား ဆုလဒ္မ်ား (သို႔) အသိပညာေဟာေျပာျခင္း ေတြကို ေပးပါတယ္။

 ေကာရိႏ္သဳဩဝါဒစာ ပဌမေစာင္ အခန္းႀကီး (၁၂) တြင္ ဝိညာဥ္ဆုေက်းဇူး တစ္ခုလုံးအေၾကာင္းရွိပါတယ္။“ဆုေက်း ဇူးေတာ္ အထူးထူးအေထြေထြ ရွိျငားေသာ္လည္း ဝိညာဥ္ေတာ္ တပါးတည္း ရွိ၏။ ဓမၼဆရာအမႈ အထူးထူးအ ေထြေထြရွိျငားေသာ္လည္း သခင္ တပါးတည္းရွိ၏။” ဤအခ်က္သည္ ယုံၾကည္သူခရစ္ယာန္ အဖြဲ႕အစည္းတစ္ခုမွ အသင္းေတာ္တစ္ခုအားျဖင့္ ရွိျခင္းက အလြန္အေရး ႀကီးရျခင္း အေၾကာင္းရင္းျဖစ္ပါတယ္။

ဝိညာဥ္ေတာ္၏ ဆုေက်းဇူးအားလုံးတို႔ကို ဘယ္သူမွ မပိုင္ဆိုင္ၾကပါဘူး။ ကြၽႏ္ုပ္တို႔ တစ္ဉီးႏွင့္တစ္ဉီး လိုအပ္ၾက ပါတယ္။ ခႏၶာသည့္ ကိုယ္အဂၤါအစိတ္အပိုင္းတို႔ကို လိုအပ္သကဲ့သို႔ အစာမရွိဘဲ လက္ေတြက မလုပ္ေဆာင္ႏိုင္ပါ။ အစာအိမ္မရွိဘဲ ပါးစပ္အလုပ္မလုပ္ႏိုင္ပါ။ “သင္၏ ခႏၶာသည္ ခရစ္တာ္၏ကိုယ္ျဖစ္ၿပီး အသီးသီး အဂၤါေတာ္ျဖစ္ ၾကသည္။” ယုံၾကည္သူတိုင္း သူတို႔၏ ဆုေက်းဇူးတို႔ကို ဆပ္ကပ္ပါလွ်င္ ခႏၶာတစ္ခုလုံးျဖစ္တဲ့ အသင္းေတာ္သည္ တိုးတက္ေအာင္ျမင္ပါလိမ့္မည္။

သင္သည္ အသင္းေတာ္တစ္ခုတြင္ တစ္စိတ္တစ္ေဒသ ပါဝင္ပါသလား။ သင္၏ ဆုေက်းဇူးေတြကို မည္သည့္ေန ရာတြင္ အသုံးျပဳႏိုင္ပါသနည္း။

သန႔္ရွင္းေသာ ဝိညာဥ္ေတာ္အားျဖင့္ ဝိညာဥ္ေရးရာ ရန္သူတို႔ကို ကြၽႏ္ုပ္တို႔ ေအာင္ျမင္ႏိုင္ပါတယ္။

ရွင္ေယာဟန္ဩဝါဒစာ  ပဌမေစာင္ ၄:၄ “ခ်စ္သားတို႔၊ သင္တို႔သည္ ဘုရားသခင္ႏွင့္စပ္ဆိုင္ၾက၏။ ထိုသူတို႔ကို လည္း ေအာင္ၾကၿပီ။ အေၾကာင္းမူကား၊ သင္တို႔ဘက္၌ရွိေသာသူသည္ ေလာကဘက္၌ရွိေသာသူထက္ သာ၍ႀကီး ေတာ္မူ၏။”

ခရစ္ယာန္ျဖစ္ျခင္းဆိုသည္မွာ သင္၏အျပစ္ရွိေသာ ဆႏၵမ်ား ၊ မွားယြင္းေသာ သြန္သင္ခ်က္မ်ားကို ဆန႔္က်င္ျခင္း ၊ သင္၏ဘုရားသခင္ထံမွ ေဝးကြာသြားေစရန္ လုပ္ေဆာင္ေသာ ဝိညာဥ္ေရးရာမ်ားကို တိုက္ခိုက္ျခင္း ျဖစ္ပါတယ္။ ဧဖက္ဩဝါဒစာ ၆:၁၂ “အေၾကာင္းမူကား၊ ငါတို႔သည္ အေသြးအသားရွိေသာ ရန္သူတို႔ႏွင့္ ဆိုင္ၿပိဳင္ တိုက္လွန္ရ ၾကသည္မဟုတ္။ အထြဋ္အျမတ္တို႔ႏွင့္၎၊ အာဏာစက္တို႔ႏွင့္၎၊ ေလာကီေမွာင္မိုက္၌ အစိုးတရျပဳ လုပ္ေသာ မင္းတို႔ႏွင့္၎၊ မိုဃ္းေကာင္းကင္၌ေနေသာ နတ္ဆိုးတို႔ႏွင့္၎၊ ဆိုင္ၿပိဳင္တိုက္လွန္ ရၾက၏။ ”

၎တို႔ လႊမ္းမိုးႏိုင္ပါသည္။ သို႔ေပမဲ့ ကြၽႏ္ုပ္တို႔ ေၾကာက္ရန္ မလိုပါ။ ငါတို႔၌ ရွိေနေသာသူသည္ သန႔္ရွင္းေသာ ဝိညာဥ္ေတာ္ျဖစ္ၿပီဂ အရာအားလုံးထက္ (သို႔) ကမာၻေပၚတြင္ရွိေသာ မည္သူမဆိုထက္ ႀကီးျမတ္ပါတယ္။ ရွင္ေယာဟန္ခရစ္ဝင္ ၁၆:၃၃ တြင္ သခင္ခရစ္ေတာ္ ဆိုထားသည္မွာ “သင္တို႔သည္ ငါ့ကိုအမွီျပဳ၍ ၿငိမ္သက္ျခင္းရွိ ေစျခင္းငွါ ဤစကားကိုငါေဟာေျပာၿပီ။ သင္တို႔သည္ ေလာက၌ ဆင္းရဲဒုကၡကိုခံၾကရလိမ့္မည္။ သို႔ေသာ္လည္း မစိုးရိမ္ၾကႏွင့္။ ငါသည္ေလာကကိုေအာင္ၿပီဟု မိန္႔ ေတာ္မူ၏။” 

ကြၽႏ္ုပ္တို႔ ေသခ်ာေစႏိုင္တာက

ေရာမဩဝါဒစာ ၈:၃၇-၃၉ “မကြာေစသည္သာမက၊ ငါတို႔ကို ခ်စ္ေတာ္မူေသာသူ၏ ေက်းဇူးေတာ္ေၾကာင့္၊ ငါတို႔သည္ ထိုအမႈ ခပ္သိမ္းတို႔ကို ခံစဥ္တြင္ပင္ အထူးသျဖင့္ ေအာင္ျမင္ၾက၏။ အေၾကာင္းမူကား၊ ေသျခင္းျဖစ္ေစ၊ အသက္ရွင္ ျခင္းျဖစ္ေစ၊ ေကာင္းကင္တမန္ျဖစ္ေစ၊ အထြဋ္အျမတ္ ျဖစ္ေစ၊ အာဏာတန္ခိုးျဖစ္ေစ၊ မ်က္ေမွာက္အရာျဖစ္ေစ၊ ေနာင္လာလတံ့ေသာအရာျဖစ္ေစ၊ အျမင့္ျဖစ္ေစ၊ အနိမ့္ျဖစ္ေစ၊ ဤအရာမွစ၍ အဘယ္နိမၼိတအရာမွ်သည္၊ ငါတို႔သခင္ေယရႈခရစ္ အားျဖင့္ ခံရေသာဘုရားသခင္၏ ေမတၱာေတာ္ႏွင့္ ငါတို႔ကို မကြာေစႏိုင္ဟု ငါသည္သေဘာက်လ်က္ရွိ၏။”

ဉပမာ ကြၽန္မိန္းကေလးတစ္ဉီး ထံမွ နတ္ဆိုးမ်ားကို ႏွင္ထုတ္ေသာအခါ တမန္ေတာ္မ်ားျပဳခဲ့သည့္ အံ့ဖြယ္အမႈ အရာမ်ားတြင္ ၎ကို ေတြ႕ျမင္ႏိုင္ပါသည္။ သန႔္ရွင္းေသာ ဝိညာဥ္ေတာ္ ရွိတဲ့ေနရာတိုင္းတြင္ စာတန္ႏွင့္သူ၏ ကြၽန္တို႔သည္ ထြက္ခြါသြားရေပသည္။ ဒါေၾကာင့္ သတိျပဳပါ။ သို႔ေမပမဲ့ မေၾကာက္ပါႏွင့္။

 ဤအရာကို သင္ေန႔တိုင္း သတိထားမိပါသလား။