Unicode Version
ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၄:၁၉ “ထို့ကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့မှတ်လျက်၊ ကောင်းသောအကျင့်ကိုကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့ အသက်ဝိညာဉ်ကိုအပ်နှံကြစေ။”
အရာရာ digital သို့ မကူးပြောင်းခင်မှာ ဓါတ်ပုံပညာက ဘာလဲဆိုတာကို သင်သိပါသလား။ ပထမဆုံး ဓါတ်ပုံရိုက်လိုက်တဲ့အခါမှာ ဖလင်လိပ်တစ်ခုရရှိလာပါမည်။ အဲဒီအရာကို အမှောင်ခန်းထဲမှာ ဓါတ်ပုံစာရွက်ပေါ် အလင်းဖောက်ခြင်းအားဖြင့် အသွင်ပြောင်းလဲစေပြီး ရောင်စုံဓါတ်ပုံ အဖြစ် ပြောင်းလဲစေပါတယ်။
၎င်းသည် ကျွန်ုပ်တို့ အသက်တာရှိ မတရားမှုတွေပေါ် ဘုရားသခင် ပြုစေလိုသော အရာဖြစ်ပါတယ်။ မတရားမှုတွေ ကျွန်ုပ်တို့မှာ ရှိကြပါတယ်။ လူတွေက ကျွန်ုပ်တို့ကို မတရားပြုတတ်ကြပါတယ်။ ကျော်ခွ တတ်ကြပါတယ်။ ကျွန်ုပ်တို့ဆီကနေ အကျိုးအမြတ် ယူသွားတတ်ကြပါတယ်။
ဘုရားသခင်သည် ဆိုးကျိုးအားလုံးကို ဖယ်ရှားပေးဖို့ရန် သခင်ယေရှုအားဖြင့် အဆိုးတို့ကို အလင်းဖြစ်စေပြီး အပြုသဘောအဖြစ် ပြောင်းလဲစေလိုပါသည်။ အသက်တာ၏ ရောင်စုံပန်းချီကားအဖြစ် ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ဖို့ ဘုရားဖန်ဆင်းထားပါတယ်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ရှင်ပေတရုဩဝါဒစာ ပဌမစောင် ၄:၁၉ “ထို့ကြောင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့ သို့မှတ်လျက်၊ ကောင်းသောအကျင့်ကိုကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့ အသက်ဝိညာဉ်ကိုအပ်နှံကြစေ။”
သင်မတရား ဆက်ဆံခံရတဲ့အခါ သင်အမှတ်ရနိုင်တဲ့ အရေးကြီးဆုံးအချက်ကတော့ သခင်ယေရှု သင့်ဘက်မှာ ရှိတယ် ဆိုတာကို ဖြစ်ပါတယ်။
မတရားသဖြင့်
ဆက်ဆံခံရတဲ့ သူတွေကို ဘုရားသခင် အထူးဂရုပြုတော်မူကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားပါတယ်။
ဘုရားသခင်သည် သမ္မာတရားဖြစ်၏ ။ တရားမျှတမှုရှိပါသည်။ ကျွန်ုပ်တို့၏ ငိုကြွေးသံကို ကြားပါတယ်။
နာကျင်မှုတွေကို မြင်ပါတယ်၊ ခံစားရမှုတွေကို သိပါတယ်။ သင်နှင့် ထိုက်တန်သောအရာကို သင်မရခဲ့ပါ။
သို့ပေမဲ့ သင်၏ နာကျင်မှုများအတွက် ဘုရားသခင်ထံ၌ အစီအစဉ်ရှိပါတယ်။
သင်၏ အခြေအနေများမှ တစ်ဆင့် ဘုရားသခင်၏ မေတ္တာတော်အလင်းကို ထွန်းလင်းတဲ့အခါ သင်၏ နာကျင်မှုတွေကို လှပသော ရုပ်ပုံအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ၎င်းမှတစ်ဆင့် သင်၏ ဇာတ်ရုပ်ကို ဖွံ့ဖြိုးတိုးတက်စေသည်။ သန်မာစေသည်။ အဓိက အရေးကြီးဆုံးက သင်၏နာကျင်မှုကို အသုံးပြုပါတယ်။
အသက်တာတွင် သင်ခံစားရသည့် နာကျင်မှုများအတွက် ဘယ်တော့မှ ဖြေရှင်းချက်ကို
ရလိမ့်မည် မဟုတ်ပါ။ ကောင်းကင်ဘုံရောက်သောအခါ မကောင်းမှုများ ဘာကြောင့် ဖြစ်ခဲ့ရကြောင်း
သင်ပိုမိုနားလည် လာပေမည်။ သို့သော် ဘုရားသခင်က သင့်အား ရှင်းပြဖို့ရန် တာဝန်မရှိပါ။
သို့ပေမဲ့ သတင်းကောင်းက ဒီမှာ ရှိပါတယ်။ ဖြေရှင်းချက်ကို သင်မလိုအပ်ပါ။ ဘုရားသခင် သင့်ကို ချစ်တယ်ဆိုတာကို သင်သိဖု့သာ လိုပါတယ်။ သင့်အတွက် သူ၌ အစီအစဉ်ရှိပါတယ်။ သင့်အား နာကျင်အောင် ပြုသော သူတွေကို ဘုရားသခင် ဖြေရှင်းပေးပါမည်။
နာကျင်မှုတွေကို ဘုရားသခင် ဘယ်တော့မှ အလဟသ မဖြစ်စေပါဘူး။ အဲဒီနာကျင်မှုတွေထဲသို့
ဧဝံဂေလိ အလင်းကို ဖိတ်ခေါ်ပြီး အသုံးပြုပါလိမ့်မည်။ သင်၌ မတရားသောအရာ ဖြစပေါ်ခြင်းသည်
သင်၏ အသက်တာအားဖြင့် လှပသော ပန်းချီကားတစ်ချပ်ကို ဖန်တီးဖို့ ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
သင်၏ အတိတ်က နာကျင်မှုတေါကို သူတစ်ပါးအတွက် အကူအညီဖြစ်စေဖို့ရန် ဘုရားသခင် ဘယ်လို အသုံးပြုနိုင်ပါသနည်း။
-
သင်ရင်ဆိုင်ရတဲ့ မတရားမှုကနေ သင်၏ စရိုက်လက္ခဏာတို့ကို မည်သို့သော နည်းလမ်းဖြင့် ဘုရားသခင်
ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသနည်း။
-
သင့်အား မတရားဆက်ဆံခဲ့သူကို လက်တုံ့ပြန်ခြင်းအစား ဘုရားမည်သို့ သင့်အား ဆက်ဆံစေလိုသည်ကို
သင်ထင်မြင်ပါသနည်း။ ချစ်ခြင်းမေတ္တာဖြင့် တုံ့ပြန်ခြင်းသည် သင့်ကို မည်သို့ အကျိုးသက်ရောက်စေပါသနည်း။
-------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်