ကျွန်ုပ်တို့ ကြီးထွားဖို့ရန် ပြသနာတွေကို ဘုရားသခင် အသုံးပြုပါတယ်။ | God uses Problems to Help Us Grow
Unicode Version
ကျွန်ုပ်တို့
ကြီးထွားဖို့ရန် ပြသနာတွေကို ဘုရားသခင် အသုံးပြုပါတယ်။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄: ၁၇
အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။”

သင်၏ အသက်တာနှင့် သင်ချစ်သောသူတို့၏ အသက်တာတွေပေါ် Covidd-19 ကူးစက်ရောဂါ၏ အကျိုးသက်ရောက်မှုတွေကြောင့် စိတ်ပင်ပန်းအားအင် ကုန်ခမ်းမှုတွေကို သင်ခံစားရပေမည်။ ယခုအချိန်သည် ဘုရားသခင်အား ကိုးစားဖို့ ဖြစ်ပြီး သင်၏ မျှော်လင့်ချက်တွေကို သူ့အပေါ်ထားရှိဖို့ရန်နှင့် ဘုရားသခင် ကိုယ်တိုင် ထိန်းချုပ်စဲ ဖြစ်သည်ကို သင်ယုံကြည်ဖို့ ဖြစ်ပါတယ်။
ဘုရားသခင်သည်
မျှော်လင့်ခြင်းအရှင်ဖြစ်ပြီး သူ၏မျှော်လင့်ခြင်းသည် စိတ်ပျက်စရာ အကြောင်းမရှိပါ။ ဘုရားသခင်အား
အချိန်ပေးခြင်းအားဖြင့် သင်၏ ဝိညာဉ်ရေးဆိုင်ရာ ကြွက်သားတို့ကို ဖွံ့ဖြိုးစေဖို့ရန်
နှင့် သင့်အား ခိုင်ခံစေဖို့ရန် ဤကပ်ဘေးရောဂါကိုတောင် ဘုရားသခင် အသုံးပြုနိုင်သည်။
ရောမဩဝါဒစာ ၈:၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း
ခေါ်တော်မူသော သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို
ငါတို့သိကြ၏။ ”
ဤလောကတွင်
သင့်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ နိစ္စထာဝရအတွက် ပြင်ဆင်ဖို့ရန် ဖြစ်ပါတယ်။ တမလွန်အတွက်
ဤအသက်တာသည် ကြိုတင်ပြင်ဆင်မှု ဖြစ်ပါတယ်။ ယခုအချိန်တွင် သွေးပူလေ့ကျင့်ခြင်း လုပ်ဆောင်မှုတွင်
ကျွန်ုပ်တို့ ရှိနေကြပါတယ်။ ဤလောကတွင် ကျွန်ုပ်တို့ နှစ်တစ်ရာ အောက်လျော့သော ကာလအပိုင်းအခြားတွင်
ရှိနေနိုင်ပေမဲ့ နိစ္စထာဝရမှာတော့ ကဋေကဋာမကသောနှစ်ပေါင်းများစွာ ရှိနေပါမည်။
ယခုအချိန်တွင်
သင် မမှန်းဆနိုင်သော နိစ္စထာဝရအတွက် ယနေ့ပြသနာတွေသည် သင့်ကို အဆင်သင့်ဖြစ်စေ ပါသည်။
၎င်းနှင့်
ပတ်သက်ပြီး တမန်တော်ရှင်ပေါလု ဖော်ပြထားသည်မှာ -
ကောရိန္သုဩဝါဒစာ
ဒုတိယစောင် ၄: ၁၇
အကြောင်းမူကား၊
မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို
ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊
ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို
ငါတို့အဖို့ ဖြစ်စေတတ်၏။”
ယနေ့
ပြသနာတွေက ကောင်းကင်ဘုံဆီ ဝန်ထုပ်ဝန်ပိုးအဖြစ် မြင်စေနိုင်ပါမည်။ သို့ပေမဲ့ ထိုအရာတွေက
ကောင်းကင်ဘုံအတွက် ဘာမျှ မဟုတ်ပါ။
သင်စိုးရိမ်နေရတဲ့အချိန်
(သို့) စိတ်ထိခိုက်ချိန် (သို့) လက်လျော့အရှုံးပေးဖို့ အဆင်သင့်ဖြစ်ချိန်တွင် ၎င်းမျှော်လင့်
ခြင်းကို ဆုပ်ကိုင်ထားပါ။ နိစ္စထာဝရတွင်သူနှင့်အတူ ရှိဖို့ရန်အတွက် သင့်အား ဘုရားသခင်
ပြင်ဆင်ပေးနေပါ သည်။
ဆင်ခြင်ရန်
-
သင်၏ အခက်အခဲတွေက သင့်အား ကောင်းကင်ဘုံအတွက် ပြင်ဆင်ပေးနေကြောင်းနှင့် ၎င်းတို့ကို
ကြံ့ကြံ့ခံနိုင်ဖို့ရန် အကူအညီဖြစ်ကြောင်း သင်မည်သို့ သိရှိနိုင်မည်နည်း။
-
အခက်အခဲ အချိန်သမယတွင် သင်(သို့) သင်သိသောသူ တစ်ဉီးဉီးကို ကြီးထွားဖို့ရန် မည်သို့
အကူအညီ ဖြစ်စေခဲ့ပါသနည်း။
-
ဘုရားသခင် တစ်ပါးတည်း၌သာ လာသောမျှော်လင့်ခြင်းကို သင်မည်သို့ ကြုံတွေ့ခံစားခဲ့ရပါသနည်း။
----------------------------------------------------------------------------------
Zawgyi Version
ကြၽႏ္ုပ္တို႔ ႀကီးထြားဖို႔ရန္ ျပသနာေတြကို ဘုရားသခင္ အသုံးျပဳပါတယ္။
ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၄: ၁၇
အေၾကာင္းမူကား၊ မ်က္ေမွာက္၌ထင္ရွားေသာ အရာတို႔သည္ ခဏသာတည္၍ မထင္ရွားေသာအရာ တို႔သည္ အစဥ္အၿမဲတည္ေၾကာင္းကို ငါတို႔သည္ ေထာက္လ်က္၊ ထင္ရွားေသာ အရာတို႔ကို မၾကည့္မမွတ္ဘဲ မထင္ရွားေသာအရာတို႔ကို ၾကည့္မွတ္စဥ္အခါ၊ ယခုခဏ ခံရ၍ေပါ့ပါးေသာ ဆင္းရဲ ျခင္းဒုကၡသည္ အတိုးထက္ အလြန္ႀကီးျမတ္ ေလးလံေသာ နိစၥထာဝရဘုန္းအသေရကို ငါတို႔အဖို႔ ျဖစ္ေစတတ္၏။”

သင္၏ အသက္တာႏွင့္ သင္ခ်စ္ေသာသူတို႔၏ အသက္တာေတြေပၚ Covidd-19 ကူးစက္ေရာဂါ၏ အက်ိဳးသက္ေရာက္မႈေတြေၾကာင့္ စိတ္ပင္ပန္းအားအင္ ကုန္ခမ္းမႈေတြကို သင္ခံစားရေပမည္။ ယခုအခ်ိန္သည္ ဘုရားသခင္အား ကိုးစားဖို႔ ျဖစ္ၿပီး သင္၏ ေမွ်ာ္လင့္ခ်က္ေတြကို သူ႔အေပၚထားရွိဖို႔ရန္ႏွင့္ ဘုရားသခင္ ကိုယ္တိုင္ ထိန္းခ်ဳပ္စဲ ျဖစ္သည္ကို သင္ယုံၾကည္ဖို႔ ျဖစ္ပါတယ္။
ဘုရားသခင္သည္ ေမွ်ာ္လင့္ျခင္းအရွင္ျဖစ္ၿပီး သူ၏ေမွ်ာ္လင့္ျခင္းသည္ စိတ္ပ်က္စရာ အေၾကာင္းမရွိပါ။ ဘုရားသခင္အား အခ်ိန္ေပးျခင္းအားျဖင့္ သင္၏ ဝိညာဥ္ေရးဆိုင္ရာ ႂကြက္သားတို႔ကို ဖြံ႕ၿဖိဳးေစဖို႔ရန္ ႏွင့္ သင့္အား ခိုင္ခံေစဖို႔ရန္ ဤကပ္ေဘးေရာဂါကိုေတာင္ ဘုရားသခင္ အသုံးျပဳႏိုင္သည္။
ေရာမဩဝါဒစာ ၈:၂၈ “ဘုရားသခင္ကို ခ်စ္ေသာသူတည္းဟူေသာ ႀကံစည္ေတာ္မူျခင္းအတိုင္း ေခၚေတာ္မူေသာ သူတို႔၏ အက်ိဳးကို ခပ္သိမ္းေသာအရာတို႔သည္ တညီတၫြတ္တည္း ျပဳစုၾကသည္ကို ငါတို႔သိၾက၏။ ”
ဤေလာကတြင္ သင့္အတြက္ ဘုရားသခင္၏ ရည္႐ြယ္ခ်က္မွာ နိစၥထာဝရအတြက္ ျပင္ဆင္ဖို႔ရန္ ျဖစ္ပါတယ္။ တမလြန္အတြက္ ဤအသက္တာသည္ ႀကိဳတင္ျပင္ဆင္မႈ ျဖစ္ပါတယ္။ ယခုအခ်ိန္တြင္ ေသြးပူေလ့က်င့္ျခင္း လုပ္ေဆာင္မႈတြင္ ကြၽႏ္ုပ္တို႔ ရွိေနၾကပါတယ္။ ဤေလာကတြင္ ကြၽႏ္ုပ္တို႔ ႏွစ္တစ္ရာ ေအာက္ေလ်ာ့ေသာ ကာလအပိုင္းအျခားတြင္ ရွိေနႏိုင္ေပမဲ့ နိစၥထာဝရမွာေတာ့ ကေဋကဋာမကေသာႏွစ္ေပါင္းမ်ားစြာ ရွိေနပါမည္။
ယခုအခ်ိန္တြင္ သင္ မမွန္းဆႏိုင္ေသာ နိစၥထာဝရအတြက္ ယေန႔ျပသနာေတြသည္ သင့္ကို အဆင္သင့္ျဖစ္ေစ ပါသည္။
၎ႏွင့္ ပတ္သက္ၿပီး တမန္ေတာ္ရွင္ေပါလု ေဖာ္ျပထားသည္မွာ -
ေကာရိႏ္သဳဩဝါဒစာ ဒုတိယေစာင္ ၄: ၁၇
အေၾကာင္းမူကား၊ မ်က္ေမွာက္၌ထင္ရွားေသာ အရာတို႔သည္ ခဏသာတည္၍ မထင္ရွားေသာအရာ တို႔သည္ အစဥ္အၿမဲတည္ေၾကာင္းကို ငါတို႔သည္ ေထာက္လ်က္၊ ထင္ရွားေသာ အရာတို႔ကို မၾကည့္မမွတ္ဘဲ မထင္ရွားေသာအရာတို႔ကို ၾကည့္မွတ္စဥ္အခါ၊ ယခုခဏ ခံရ၍ေပါ့ပါးေသာ ဆင္းရဲ ျခင္းဒုကၡသည္ အတိုးထက္ အလြန္ႀကီးျမတ္ ေလးလံေသာ နိစၥထာဝရဘုန္းအသေရကို ငါတို႔အဖို႔ ျဖစ္ေစတတ္၏။”
ယေန႔ ျပသနာေတြက ေကာင္းကင္ဘုံဆီ ဝန္ထုပ္ဝန္ပိုးအျဖစ္ ျမင္ေစႏိုင္ပါမည္။ သို႔ေပမဲ့ ထိုအရာေတြက ေကာင္းကင္ဘုံအတြက္ ဘာမွ် မဟုတ္ပါ။
သင္စိုးရိမ္ေနရတဲ့အခ်ိန္ (သို႔) စိတ္ထိခိုက္ခ်ိန္ (သို႔) လက္ေလ်ာ့အရႈံးေပးဖို႔ အဆင္သင့္ျဖစ္ခ်ိန္တြင္ ၎ေမွ်ာ္လင့္ ျခင္းကို ဆုပ္ကိုင္ထားပါ။ နိစၥထာဝရတြင္သူႏွင့္အတူ ရွိဖို႔ရန္အတြက္ သင့္အား ဘုရားသခင္ ျပင္ဆင္ေပးေနပါ သည္။
ဆင္ျခင္ရန္
- သင္၏ အခက္အခဲေတြက သင့္အား ေကာင္းကင္ဘုံအတြက္ ျပင္ဆင္ေပးေနေၾကာင္းႏွင့္ ၎တို႔ကို ႀကံ့ႀကံ့ခံႏိုင္ဖို႔ရန္ အကူအညီျဖစ္ေၾကာင္း သင္မည္သို႔ သိရွိႏိုင္မည္နည္း။
- အခက္အခဲ အခ်ိန္သမယတြင္ သင္(သို႔) သင္သိေသာသူ တစ္ဉီးဉီးကို ႀကီးထြားဖို႔ရန္ မည္သို႔ အကူအညီ ျဖစ္ေစခဲ့ပါသနည္း။
- ဘုရားသခင္ တစ္ပါးတည္း၌သာ လာေသာေမွ်ာ္လင့္ျခင္းကို သင္မည္သို႔ ႀကဳံေတြ႕ခံစားခဲ့ရပါသနည္း။