မတရားမှုတို့ကို မေတ္တာဖြင့် တုံ့ပြန်ဖို့ ဘုရားသခင်ပြောပါသည်။ | God says respond to unfairness with love

 Unicode Version

မတရားမှုတို့ကို မေတ္တာဖြင့် တုံ့ပြန်ဖို့ ဘုရားသခင်ပြောပါသည်။

ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၄၃-၄၄ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသော ပညတ်စကားကို သင်တို့ ကြား ရပြီ။ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသော သူတို့အား မေတ္တာပို့ကြ လော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။”

မတရားမှုတွေကို ချစ်ခြင်းမေတ္တာဖြင့် တုံ့ပြန်ရန် ဘုရားသခင် ပြောနေပါတယ်။ လူသားတို့၏ အခြေအနေတို့တွင် မတရားမှုတွေက တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ တစ်စုံတစ်ယောက်က သင့်အား မတရား ဆက်ဆံသလို ခံစားမှုမျိုး မရှိဘဲလျက် ဤလောကမှာ ကျွန်ုပ်တို့ ကြာရှည်မနေနိုင်ပါဘူး။

 

စိတ်ဆင်းရဲစရာငယ်ဘဝကာလတွေကို ဖြစ်စေခဲ့တဲ့ မိဘတွေ ဖြစ်ကောင်းဖြစ်မည်။ တခြားသော လုပ်ဖော်ကိုင်ဖက်တွထက် သင့်အား ပိုပြီး ကြမ်းတမ်းစွာ ဆက်ဆံခဲ့တဲ့ လုပ်ငန်းရှင် ဖြစ်ကောင်းဖြစ်မည်။ တရားဉပဒေဆိုင်ရာ ကိစ္စတွေမှာ သင့်အား မတရားသလိုမျိုး ကိုင်တွယ်ခံရတယ်လို့ ခံစားကောင်း ခံစားရနိုင်မည်။

သင့်အား နာကျင်စေသော သူတွေကို ပြန်လည်နာကျင်စေသော တုံ့ပြန်မှုကို သင်ရွေးချယ်နိုင်ပါတယ်။ ၎င်းနှင့် ပတ်သက်ပြီး သံသယမရှိ အလွယ်ကူဆုံးသော ရွေးချယ်မှုဖြစ်ပါတယ်။

သို့ပေမဲ့ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ကို တခြားသောရွေးချယ်မှု ပေးပါတယ်။

 

ရှင်မဿဲခရစ်ဝင်ကျမ်း ၅:၄၃-၄၄ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသော ပညတ်စကားကို သင်တို့ ကြား ရပြီ။ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘ၏ သားဖြစ်လိုသော ငှါ။ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသော သူတို့အား မေတ္တာပို့ကြ လော့။ သင်တို့ကို မုန်း သောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ရှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။”

 

လူတွေသင့်ကို နာကျင်စေတဲ့အခါမှာ သင်ဘယ်လို လက်တုံ့ပြန်မလဲဆိုတာကို လူတွေ မျှော်လင့်ကြပါတယ်။ လက်စားချေမှုကို သင်ရှာဖွေဖို့ရန် သူတို့ မျှော်လင့်ကြပါတယ်။ သို့ပေမဲ့ ဘုရားသခင်က သင့်ကို ဆန့်ကျင်ဘက် တစ်ခု ပြုစေချင်ပါတယ်။ မေတ္တာဖြင့် တုံ့ပြန်ဖို့ရန် သင့်အား ဘုရားသခင် အလိုတော်ရှိပါတယ်။

နာကျင်မှုကို မေတ္တာဖြင့် သင်တုံ့ပြန်တဲ့အခါမှာ တစ်ပါးသူ သင့်အား ထိန်းချုပ်ခြင်းကနေ ကင်းဝေးစေပါတယ်။ တခြားသူတွေ သင့်အား မတရားပြုမူ ဆက်ဆံခြင်းကို သင်မထိန်းချုပ်နိုင်ပါ။ မတရားခြင်းဆီသို့ ဉီးတည်နေသော သင်၏ တုံ့ပြန်မှုကိုတော့ သင် ထိန်းချုပ်နိုင်ပါတယ်။

စိတ်အနှောင့်အယှက် ပေးလာသူကို မေတ္တာဖြင့် တုံ့ပြန်ခြင်းသည် မတရားမှုကို ဆက်လက်ဖြစ်စေဖို့ ခွင့်ပြုခြင်း အဓိပ္ပါယ်မဟုတ်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် ကျွန်ုပ်တို့ တရားမျှတမှု ရှာဖွေခြင်းကို ချစ်မြတ်နိုးသင့်ပါတယ်။ သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ ယေရမိအနာဂတ္တိကျမ်း ၂၂:၃ “ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရား သဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲသော သူ၏လက်မှကယ်နှုတ် ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသော သူတို့ကို ဤအရပ်၌မကွပ်မျက်ကြနှင့်။

၎င်းနှင့်ပတ်သက်၍ Dr. Marthin Luther King Jr. သည် အဓိက ပုံသက်သေ ဖြစ်ခဲ့ပါတယ်။ မတရားမှုကို သူ အကြမ်းမဖက် ဆန့်ကျင်မှု ပြုခဲ့ပါတယ်။ မေတ္တာ၏ တန်ဖိုးအားဖြင့် ဆိုးယုတ်မှုကို သူကျော်လွှားနိုင်ခဲ့ပါတယ်။

သခင်ခရစ်တော်ကိုယ်တိုင် နှိပ်စက်ညှဉ်းပန်းသူတို့ သူ့ကို သတ်မည်ဖြစ်သော်လည်း သူခွင့်လွှတ်ဖို့ရန် ရွေးချယ်ခဲ့တဲ့ သာဓကအတိုင်း Dr. Martin Luther King Jr. လိုက်လျှောက်ခဲ့ပါတယ်။

ခရစ်တော်နောက်လိုက် ဖြစ်သည်အတိုင်း ၎င်းသည် ကျွန်ုပ်တို့အား ခေါ်တော်မူသော အရာဖြစ်ပါတယ်။ မတရားမှုနှင့် တရားမျှတမှု မရှိခြင်းတို့သည် လူတွေ၏ အခြေအနေ တစ်စိတ်တစ်ပိုင်း ဖြစ်ကောင်းဖြစ်ပေမည်။ သို့ပေမဲ့ ထိုအရာတွေကို မဖြည့်သွင်းသင့်ပါဘူး။ အဲဒီအစား မေတ္တာဖြင့် တုံ့ပြန်ဖို့ရန် ဘုရားသခင် ကျွန်ုပ်တို့အား ပြောနေပါတယ်။

ဆင်ခြင်ရန်

- သင်၏အသက်တာတွင် မည်သို့သော မတရားမှုကို မေတ္တာဖြင့် တုံ့ပြန်ဖို့ရန် ရုန်းကန်နေရသနည်း။ ဘာကြောင့်နည်း။

- သူတစ်ပါးကို မုန်းဖို့ (သို့) ခါးသီးမှုတွေကို ခိုအောင်းစေတဲ့အခါ သူတစ်ပါးက မိမိကို ထိန်းချုပ်ဖို့ရန် ခွင့်ပြုစေတယ်ဆိုတာ မည်သို့နည်း။

- သခင်ယေရှု၏ ချစ်ခြင်းမေတ္တာဖြင့် သင်၏ လူ့အဖွဲ့အစည်းတွင် မတရားမှုကို မည်သို့သော ဖန်တီးမှု တစ်ချို့ဖြင့် တုံ့ပြန်နိုင်မည်နည်း။

-----------------------------------------------------------------------------------------------------------


Zawgyi Version

မတရားမႈတို႔ကို ေမတၱာျဖင့္ တုံ႔ျပန္ဖို႔ ဘုရားသခင္ေျပာပါသည္။

ရွင္မႆဲခရစ္ဝင္က်မ္း ၅:၄၃-၄၄ “ကိုယ္ႏွင့္စပ္ဆိုင္ေသာသူကို ခ်စ္ေလာ့။ ရန္သူကို မုန္းေလာ့ဟူေသာ ပညတ္စကားကို သင္တို႔ ၾကား ရၿပီ။ ငါပညတ္သည္ကား၊ သင္တို႔သည္ ေကာင္းကင္ဘုံ၌ ရွိေတာ္မူေသာ သင္တို႔ အဘ၏ သားျဖစ္လိုေသာ ငွါ။ သင္တို႔၏ရန္သူတို႔ကို ခ်စ္ၾကေလာ့။ သင္တို႔ကိုက်ိန္ဆဲေသာ သူတို႔အား ေမတၱာပို႔ၾက ေလာ့။ သင္တို႔ကို မုန္း ေသာသူတို႔အား ေက်းဇူးျပဳၾကေလာ့။ သင္တို႔ကို ေႏွာင့္ရွက္ညႇဥ္းဆဲေသာသူတို႔အဘို႔ ဘုရားသခင္ကို ဆုေတာင္း ၾကေလာ့။”


မတရားမႈေတြကို ခ်စ္ျခင္းေမတၱာျဖင့္ တုံ႔ျပန္ရန္ ဘုရားသခင္ ေျပာေနပါတယ္။ လူသားတို႔၏ အေျခအေနတို႔တြင္ မတရားမႈေတြက တစ္စိတ္တစ္ပိုင္း ပါဝင္ပါတယ္။ တစ္စုံတစ္ေယာက္က သင့္အား မတရား ဆက္ဆံသလို ခံစားမႈမ်ိဳး မရွိဘဲလ်က္ ဤေလာကမွာ ကြၽႏ္ုပ္တို႔ ၾကာရွည္မေနႏိုင္ပါဘူး။


စိတ္ဆင္းရဲစရာငယ္ဘဝကာလေတြကို ျဖစ္ေစခဲ့တဲ့ မိဘေတြ ျဖစ္ေကာင္းျဖစ္မည္။ တျခားေသာ လုပ္ေဖာ္ကိုင္ဖက္တြထက္ သင့္အား ပိုၿပီး ၾကမ္းတမ္းစြာ ဆက္ဆံခဲ့တဲ့ လုပ္ငန္းရွင္ ျဖစ္ေကာင္းျဖစ္မည္။ တရားဉပေဒဆိုင္ရာ ကိစၥေတြမွာ သင့္အား မတရားသလိုမ်ိဳး ကိုင္တြယ္ခံရတယ္လို႔ ခံစားေကာင္း ခံစားရႏိုင္မည္။

သင့္အား နာက်င္ေစေသာ သူေတြကို ျပန္လည္နာက်င္ေစေသာ တုံ႔ျပန္မႈကို သင္ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ၎ႏွင့္ ပတ္သက္ၿပီး သံသယမရွိ အလြယ္ကူဆုံးေသာ ေ႐ြးခ်ယ္မႈျဖစ္ပါတယ္။

သို႔ေပမဲ့ ဘုရားသခင္သည္ ႏႈတ္ကပတ္ေတာ္အားျဖင့္ ကြၽႏ္ုပ္တို႔ကို တျခားေသာေ႐ြးခ်ယ္မႈ ေပးပါတယ္။ 


ရွင္မႆဲခရစ္ဝင္က်မ္း ၅:၄၃-၄၄ “ကိုယ္ႏွင့္စပ္ဆိုင္ေသာသူကို ခ်စ္ေလာ့။ ရန္သူကို မုန္းေလာ့ဟူေသာ ပညတ္စကားကို သင္တို႔ ၾကား ရၿပီ။ ငါပညတ္သည္ကား၊ သင္တို႔သည္ ေကာင္းကင္ဘုံ၌ ရွိေတာ္မူေသာ သင္တို႔ အဘ၏ သားျဖစ္လိုေသာ ငွါ။ သင္တို႔၏ရန္သူတို႔ကို ခ်စ္ၾကေလာ့။ သင္တို႔ကိုက်ိန္ဆဲေသာ သူတို႔အား ေမတၱာပို႔ၾက ေလာ့။ သင္တို႔ကို မုန္း ေသာသူတို႔အား ေက်းဇူးျပဳၾကေလာ့။ သင္တို႔ကို ေႏွာင့္ရွက္ညႇဥ္းဆဲေသာသူတို႔အဘို႔ ဘုရားသခင္ကို ဆုေတာင္း ၾကေလာ့။”


လူေတြသင့္ကို နာက်င္ေစတဲ့အခါမွာ သင္ဘယ္လို လက္တုံ႔ျပန္မလဲဆိုတာကို လူေတြ ေမွ်ာ္လင့္ၾကပါတယ္။ လက္စားေခ်မႈကို သင္ရွာေဖြဖို႔ရန္ သူတို႔ ေမွ်ာ္လင့္ၾကပါတယ္။ သို႔ေပမဲ့ ဘုရားသခင္က သင့္ကို ဆန႔္က်င္ဘက္ တစ္ခု ျပဳေစခ်င္ပါတယ္။ ေမတၱာျဖင့္ တုံ႔ျပန္ဖို႔ရန္ သင့္အား ဘုရားသခင္ အလိုေတာ္ရွိပါတယ္။

နာက်င္မႈကို ေမတၱာျဖင့္ သင္တုံ႔ျပန္တဲ့အခါမွာ တစ္ပါးသူ သင့္အား ထိန္းခ်ဳပ္ျခင္းကေန ကင္းေဝးေစပါတယ္။ တျခားသူေတြ သင့္အား မတရားျပဳမူ ဆက္ဆံျခင္းကို သင္မထိန္းခ်ဳပ္ႏိုင္ပါ။ မတရားျခင္းဆီသို႔ ဉီးတည္ေနေသာ သင္၏ တုံ႔ျပန္မႈကိုေတာ့ သင္ ထိန္းခ်ဳပ္ႏိုင္ပါတယ္။

စိတ္အေႏွာင့္အယွက္ ေပးလာသူကို ေမတၱာျဖင့္ တုံ႔ျပန္ျခင္းသည္ မတရားမႈကို ဆက္လက္ျဖစ္ေစဖို႔ ခြင့္ျပဳျခင္း အဓိပၸါယ္မဟုတ္ပါ။ ဆန႔္က်င္ဘက္အေနျဖင့္ ကြၽႏ္ုပ္တို႔ တရားမွ်တမႈ ရွာေဖြျခင္းကို ခ်စ္ျမတ္ႏိုးသင့္ပါတယ္။ သမၼာက်မ္းစာက ေဖာ္ျပထားသည္မွာ ေယရမိအနာဂတၱိက်မ္း ၂၂:၃ “ထာဝရဘုရားမိန္႔ေတာ္မူသည္ကား၊ တရား သျဖင့္ စီရင္၍ ေျဖာင့္မတ္စြာ ဆုံးျဖတ္ၾကေလာ့။ လုယူ ျခင္းခံရေသာသူကို ညႇဥ္းဆဲေသာ သူ၏လက္မွကယ္ႏႈတ္ ၾကေလာ့။ ဧည့္သည္ျဖစ္ေသာသူ၊ မိဘမရွိေသာသူ၊ မုတ္ဆိုးမတို႔ကို မတရားသျဖင့္မျပဳ၊ မညႇဥ္းဆဲၾကႏွင့္။ အျပစ္မရွိေသာ သူတို႔ကို ဤအရပ္၌မကြပ္မ်က္ၾကႏွင့္။”

၎ႏွင့္ပတ္သက္၍ Dr. Marthin Luther King Jr. သည္ အဓိက ပုံသက္ေသ ျဖစ္ခဲ့ပါတယ္။ မတရားမႈကို သူ အၾကမ္းမဖက္ ဆန႔္က်င္မႈ ျပဳခဲ့ပါတယ္။ ေမတၱာ၏ တန္ဖိုးအားျဖင့္ ဆိုးယုတ္မႈကို သူေက်ာ္လႊားႏိုင္ခဲ့ပါတယ္။ 

သခင္ခရစ္ေတာ္ကိုယ္တိုင္ ႏွိပ္စက္ညႇဥ္းပန္းသူတို႔ သူ႔ကို သတ္မည္ျဖစ္ေသာ္လည္း သူခြင့္လႊတ္ဖို႔ရန္ ေ႐ြးခ်ယ္ခဲ့တဲ့ သာဓကအတိုင္း Dr. Martin Luther King Jr. လိုက္ေလွ်ာက္ခဲ့ပါတယ္။

ခရစ္ေတာ္ေနာက္လိုက္ ျဖစ္သည္အတိုင္း ၎သည္ ကြၽႏ္ုပ္တို႔အား ေခၚေတာ္မူေသာ အရာျဖစ္ပါတယ္။ မတရားမႈႏွင့္ တရားမွ်တမႈ မရွိျခင္းတို႔သည္ လူေတြ၏ အေျခအေန တစ္စိတ္တစ္ပိုင္း ျဖစ္ေကာင္းျဖစ္ေပမည္။ သို႔ေပမဲ့ ထိုအရာေတြကို မျဖည့္သြင္းသင့္ပါဘူး။ အဲဒီအစား ေမတၱာျဖင့္ တုံ႔ျပန္ဖို႔ရန္ ဘုရားသခင္ ကြၽႏ္ုပ္တို႔အား ေျပာေနပါတယ္။ 

ဆင္ျခင္ရန္

- သင္၏အသက္တာတြင္ မည္သို႔ေသာ မတရားမႈကို ေမတၱာျဖင့္ တုံ႔ျပန္ဖို႔ရန္ ႐ုန္းကန္ေနရသနည္း။ ဘာေၾကာင့္နည္း။

- သူတစ္ပါးကို မုန္းဖို႔ (သို႔) ခါးသီးမႈေတြကို ခိုေအာင္းေစတဲ့အခါ သူတစ္ပါးက မိမိကို ထိန္းခ်ဳပ္ဖို႔ရန္ ခြင့္ျပဳေစတယ္ဆိုတာ မည္သို႔နည္း။

- သခင္ေယရႈ၏ ခ်စ္ျခင္းေမတၱာျဖင့္ သင္၏ လူ႔အဖြဲ႕အစည္းတြင္ မတရားမႈကို မည္သို႔ေသာ ဖန္တီးမႈ တစ္ခ်ိဳ႕ျဖင့္ တုံ႔ျပန္ႏိုင္မည္နည္း။