ဇာတ်ကြောင်းဖြစ်စဉ် အဆုံးသတ်ကို ဘုရားသခင်သိပါတယ်။ | God knows the end of the story

 Unicode Version

ဇာတ်ကြောင်းဖြစ်စဉ် အဆုံးသတ်ကို ဘုရားသခင်သိပါတယ်။

ရှင်ယာကုပ်ဩဝါဒစာ ၅:၁၁ “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။ ယောဘသည် သည်းခံ ကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနား စုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။”




ယခုအချိန်မျာ လူတိုင်းမေးနေကြတဲ့ မေးခွန်းတစ်ခုက “နဂိုပုံမှန်ချိန် ဘယ်တော့ဖြစ်မလဲ” ဖြစ်ပါတယ်။ သို့ပေမဲ့ ကျွန်ုပ်မေးချင်တာက “အသက်တာ နဂိုပုံမှန် ပြန်မဖြစ်လျှင် သင်ဘာကို လုပ်ဆောင်မည်နည်း။

 အဖြေက ရိုးရှင်းပါတယ်။ အရာရာပုံမှန် ပြန်ဖြစ်ဖို့ လုပ်ဆောင်ရန် သင်၏ မျှော်လင့်ခြင်းကို အစိုးရကို သင် မကိုးစားပါဘူး။ မီဒီယာတွေ နှင့် နာမည်ကျော်ဇောသောသူတို့ပေါ် သင်မယုံကြည်ပါဘူး။ အဲဒီအစား ဘုရာသခင်၌သာ သင်၏ မျှောင်လင့်ခြင်းကို တည်စေပါ။

 ဘုရားသခင်ဆီမှာ ဘာကြောင့်မျှော်လင့်ရသနည်း။

ဘာကြောင့်လဲဆိုတော့ ဖြစ်စဉ်တွေ၏ အဆုံးသတ်ကို ဘုရားသခင်သိဖို့ ဖြစ်ပါတယ်။ သူသိတဲ့အတွက်ကြောင့် ကျွန်ုပ်တို့သိဖို့မလိုပါ။ သူက အနာဂတ်ကို ထိန်းချုပ်ထားပါတယ်။

 ထိုအရာကို ရှင်ယာကုပ်၏ အသက်တာအားဖြင့် ဖော်ပြနေပါတယ်။ အရာအားလုံး ယူတောင်သွားခံရတဲ့ ယာကုပ်အကြောင်းကို မြင်ကြည့်ါပါ။ သူ အနာဂတ်ကို မသိပါဘူး။ နောက်ဆုံးမှာ ဘုရားသခင် အရာရာကို ပြန်လည်ဖြစ်တည်စေမယ်ဆိုတာကို ယာကုပ်စဉ်းစားလို့ မရပါ။ သို့ပေမဲ့ ဘုရားသခင်ကို သူယုံကြည်ခဲ့ပါတယ်၊

 ရှင်ယာကုပ်ဩဝါဒစာ ၅:၁၁ “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။ ယောဘသည် သည်းခံ ကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနား စုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။”

ယာကုပ်၏ အသက်တာအားဖြင့် ဘုရားသခင် အသေးစိပ် လုပ်ဆောင်မှုပြုခြင်းသည် သူ့အားဂရုပြုသောကြောင့် ဖြစ်ပါတယ်။ သင့်အတွက် လည်း ထိုနည်းတူစွာ ဘုရားလုပ်ဆောင်ပါလိမ့်မည်။

သင်၏ အသက်တာ အရှေ့ပိုင်းတွေမှာ မည်သို့ပင် ရှုပ်ထွေးနေခဲ့ပါစေ အရေးမကြီးပါ။ သင်၏ နောက်ပိုင်း ကျန်ရှိသော အသက်တာမှာ ဘုရားသခင် ကို ကိုးစားပြီး သင်၏ အသေးစိပ်တို့ကို ကိုင်တွယ်ဖို့ ယုံကြည်ပြီး ၎င်းတို့ကို သူမည်သို့ လုပ်ဆောင်မှု ပြုမည်ကို စောင့်ကြည့်လိုက်ပါ။ တကယ်တော့ သင်၏ အသက်တာဖြစ်စဉ် အဆုံးကို ဘုရားသခင် သိပြီးသား ဖြစ်ပါတယ်။

ထိုအရာသည် - အမှန်တကယ်ပင် ဘုရားသခင်၏ ဖြစ်တည်မှုဖြစ်ပြီး ၎င်းဖြစ်တည်မှု၏ အထူးကဏ္ဍတွင် ပါဝင်ဖို့ရန်နှင့် ထူးခြားမှုဖြစ်ရန် သင့်အား ဖန်ဆင်းခြင်းဖြစ်ပါတယ်။ ဒါကြောင့် သင့်အား ကောင်းသော အနာဂတ်ပေးဖို့နှင့် စောင့်ရှောက်ဖို့ လုပ်ဆောင်နေကြောင်းကို သင်ယုံကြည်မှု ရရှိနိုင်ပါသည်။

ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအတွက် တစ်နေ့တွင် ဘုရားသခင် ဆုလဒ်ချီးမြှင့်ပေးမည်ကို သမ္မာကျမ်းစာတွင် ကြိမ်ဖန်များစွာ ဘုရားသခင် ဆိုထားပါတယ်။

ရှင်ယာကုပ်ဩဝါဒစာ ၁:၁၂ “စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။”

ယခုကာလတွင် သင်မည်သို့ဖြစ်သန်းရပါစေ အရာရာတိုင်းက သင်၏အကျိုးအတွက် လုပ်ဆောင်ဖို့ရန် ဘုရားသခင်ကတိပေးထားပါတယ် ။ ၎င်းသည်မျှော်လင့်ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပြီး သူ့အား သစ္စာနှင့် ပြည့်ဝစွာ ယုံကြည်ရခြင်း၏ အကြောင်းရင်းဖြစ်ပါတယ်။

 

ဆင်ခြင်ရန်

- သင်၏ ဖြစ်တည်မှု အဆုံးသတ်ကို ဘုရားသခင်သိပြီး ထိန်းချုပ်နေတယ်ဆိုတာကို သင်သိရှိတဲ့အခါမှာ သင်၏ လုပု်ဆောင်မှုနှင့် စရိုက်လက္ခဏာတွေက မည်ကဲ့သို့ ပြောင်းလဲသွားပါသနည်း။

- ဤအကြောင်းကို သင်မည်ကဲ့သို့ တုံ့ပြန်မည်ကို စဉ်းစားဆင်ခြင်လိုက်ပါ။ “သင်၏အသက်တာ အရှေ့ပိုင်းအချိန်တွေမှာ မည်သို့သော ရှုပ်ထွေးမှုတွေရှိခဲ့ပါစေ သင့်အတွက် ထိုက်တန်သော မျှောင်လင့်ခြင်းတို့ကို ဘုရားသခင် ယူဆောင်နေတယ်ဆိုတာကို သင်ယုံကြည်နိုင်ပါတယ်”

- မိမိလုပ်ဆောင်ခဲ့သောအမှားတွေက အသက်တာအလုံးစုံကို ပြင်မရတော့ဘူးလို့ ယုံကြည်နေသူ တစ်ဉီးဉီးကို သင် မည်ကဲ့သို့ အားပေးတိုက်တွန်းမည်နည်း။

 

-----------------------------------------------------------------------------------------------------------

Zawgyi Version

ဇာတ္ေၾကာင္းျဖစ္စဥ္ အဆုံးသတ္ကို ဘုရားသခင္သိပါတယ္။ 

ရွင္ယာကုပ္ဩဝါဒစာ ၅:၁၁ “သည္းခံႏိုင္ေသာသူတို႔သည္ မဂၤလာရွိေသာသူဟူ၍ ငါတို႔သည္ ေခၚၾက၏။ ေယာဘသည္ သည္းခံ ေၾကာင္းကို သင္တို႔ၾကားရၾကၿပီ။ ထာဝရဘုရားသည္ မိမိအမႈကို လက္စသတ္ေတာ္မူရာမွာ အလြန္သနား စုံမက္ေတာ္မူေၾကာင္းကိုလည္း သိျမင္ရၾကၿပီ။”

ယခုအခ်ိန္မ်ာ လူတိုင္းေမးေနၾကတဲ့ ေမးခြန္းတစ္ခုက “နဂိုပုံမွန္ခ်ိန္ ဘယ္ေတာ့ျဖစ္မလဲ” ျဖစ္ပါတယ္။ သို႔ေပမဲ့ ကြၽႏ္ုပ္ေမးခ်င္တာက “အသက္တာ နဂိုပုံမွန္ ျပန္မျဖစ္လွ်င္ သင္ဘာကို လုပ္ေဆာင္မည္နည္း။”

အေျဖက ႐ိုးရွင္းပါတယ္။ အရာရာပုံမွန္ ျပန္ျဖစ္ဖို႔ လုပ္ေဆာင္ရန္ သင္၏ ေမွ်ာ္လင့္ျခင္းကို အစိုးရကို သင္ မကိုးစားပါဘူး။ မီဒီယာေတြ ႏွင့္ နာမည္ေက်ာ္ေဇာေသာသူတို႔ေပၚ သင္မယုံၾကည္ပါဘူး။ အဲဒီအစား ဘုရာသခင္၌သာ သင္၏ ေမွ်ာင္လင့္ျခင္းကို တည္ေစပါ။

ဘုရားသခင္ဆီမွာ ဘာေၾကာင့္ေမွ်ာ္လင့္ရသနည္း။

ဘာေၾကာင့္လဲဆိုေတာ့ ျဖစ္စဥ္ေတြ၏ အဆုံးသတ္ကို ဘုရားသခင္သိဖို႔ ျဖစ္ပါတယ္။ သူသိတဲ့အတြက္ေၾကာင့္ ကြၽႏ္ုပ္တို႔သိဖို႔မလိုပါ။ သူက အနာဂတ္ကို ထိန္းခ်ဳပ္ထားပါတယ္။

ထိုအရာကို ရွင္ယာကုပ္၏ အသက္တာအားျဖင့္ ေဖာ္ျပေနပါတယ္။ အရာအားလုံး ယူေတာင္သြားခံရတဲ့ ယာကုပ္အေၾကာင္းကို ျမင္ၾကည့္ါပါ။ သူ အနာဂတ္ကို မသိပါဘူး။ ေနာက္ဆုံးမွာ ဘုရားသခင္ အရာရာကို ျပန္လည္ျဖစ္တည္ေစမယ္ဆိုတာကို ယာကုပ္စဥ္းစားလို႔ မရပါ။ သို႔ေပမဲ့ ဘုရားသခင္ကို သူယုံၾကည္ခဲ့ပါတယ္၊

ရွင္ယာကုပ္ဩဝါဒစာ ၅:၁၁ “သည္းခံႏိုင္ေသာသူတို႔သည္ မဂၤလာရွိေသာသူဟူ၍ ငါတို႔သည္ ေခၚၾက၏။ ေယာဘသည္ သည္းခံ ေၾကာင္းကို သင္တို႔ၾကားရၾကၿပီ။ ထာဝရဘုရားသည္ မိမိအမႈကို လက္စသတ္ေတာ္မူရာမွာ အလြန္သနား စုံမက္ေတာ္မူေၾကာင္းကိုလည္း သိျမင္ရၾကၿပီ။”

ယာကုပ္၏ အသက္တာအားျဖင့္ ဘုရားသခင္ အေသးစိပ္ လုပ္ေဆာင္မႈျပဳျခင္းသည္ သူ႔အားဂ႐ုျပဳေသာေၾကာင့္ ျဖစ္ပါတယ္။ သင့္အတြက္ လည္း ထိုနည္းတူစြာ ဘုရားလုပ္ေဆာင္ပါလိမ့္မည္။

သင္၏ အသက္တာ အေရွ႕ပိုင္းေတြမွာ မည္သို႔ပင္ ရႈပ္ေထြးေနခဲ့ပါေစ အေရးမႀကီးပါ။ သင္၏ ေနာက္ပိုင္း က်န္ရွိေသာ အသက္တာမွာ ဘုရားသခင္ ကို ကိုးစားၿပီး သင္၏ အေသးစိပ္တို႔ကို ကိုင္တြယ္ဖို႔ ယုံၾကည္ၿပီး ၎တို႔ကို သူမည္သို႔ လုပ္ေဆာင္မႈ ျပဳမည္ကို ေစာင့္ၾကည့္လိုက္ပါ။ တကယ္ေတာ့ သင္၏ အသက္တာျဖစ္စဥ္ အဆုံးကို ဘုရားသခင္ သိၿပီးသား ျဖစ္ပါတယ္။

ထိုအရာသည္ - အမွန္တကယ္ပင္ ဘုရားသခင္၏ ျဖစ္တည္မႈျဖစ္ၿပီး ၎ျဖစ္တည္မႈ၏ အထူးက႑တြင္ ပါဝင္ဖို႔ရန္ႏွင့္ ထူးျခားမႈျဖစ္ရန္ သင့္အား ဖန္ဆင္းျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္အား ေကာင္းေသာ အနာဂတ္ေပးဖို႔ႏွင့္ ေစာင့္ေရွာက္ဖို႔ လုပ္ေဆာင္ေနေၾကာင္းကို သင္ယုံၾကည္မႈ ရရွိႏိုင္ပါသည္။

ကြၽႏ္ုပ္တို႔၏ ယုံၾကည္ျခင္းအတြက္ တစ္ေန႔တြင္ ဘုရားသခင္ ဆုလဒ္ခ်ီးျမႇင့္ေပးမည္ကို သမၼာက်မ္းစာတြင္ ႀကိမ္ဖန္မ်ားစြာ ဘုရားသခင္ ဆိုထားပါတယ္။

ရွင္ယာကုပ္ဩဝါဒစာ ၁:၁၂ “စုံစမ္းေႏွာင့္ရွက္ျခင္းကို သည္းခံေသာသူသည္ မဂၤလာရွိ၏။ အေၾကာင္းမူကား၊ စစ္ေၾကာစုံစမ္းျခင္းကို ခံၿပီးမွ သခင္ဘုရားကို ခ်စ္ေသာ သူတို႔အား ဂတိထားေတာ္မူေသာအသက္သရဖူကို ရလိမ့္မည္။”

ယခုကာလတြင္ သင္မည္သို႔ျဖစ္သန္းရပါေစ အရာရာတိုင္းက သင္၏အက်ိဳးအတြက္ လုပ္ေဆာင္ဖို႔ရန္ ဘုရားသခင္ကတိေပးထားပါတယ္ ။ ၎သည္ေမွ်ာ္လင့္ျခင္း၏ အေၾကာင္းရင္းတစ္ခုျဖစ္ၿပီး သူ႔အား သစၥာႏွင့္ ျပည့္ဝစြာ ယုံၾကည္ရျခင္း၏ အေၾကာင္းရင္းျဖစ္ပါတယ္။

ဆင္ျခင္ရန္

- သင္၏ ျဖစ္တည္မႈ အဆုံးသတ္ကို ဘုရားသခင္သိၿပီး ထိန္းခ်ဳပ္ေနတယ္ဆိုတာကို သင္သိရွိတဲ့အခါမွာ သင္၏ လုပု္ေဆာင္မႈႏွင့္ စ႐ိုက္လကၡဏာေတြက မည္ကဲ့သို႔ ေျပာင္းလဲသြားပါသနည္း။

- ဤအေၾကာင္းကို သင္မည္ကဲ့သို႔ တုံ႔ျပန္မည္ကို စဥ္းစားဆင္ျခင္လိုက္ပါ။ “သင္၏အသက္တာ အေရွ႕ပိုင္းအခ်ိန္ေတြမွာ မည္သို႔ေသာ ရႈပ္ေထြးမႈေတြရွိခဲ့ပါေစ သင့္အတြက္ ထိုက္တန္ေသာ ေမွ်ာင္လင့္ျခင္းတို႔ကို ဘုရားသခင္ ယူေဆာင္ေနတယ္ဆိုတာကို သင္ယုံၾကည္ႏိုင္ပါတယ္”

- မိမိလုပ္ေဆာင္ခဲ့ေသာအမွားေတြက အသက္တာအလုံးစုံကို ျပင္မရေတာ့ဘူးလို႔ ယုံၾကည္ေနသူ တစ္ဉီးဉီးကို သင္ မည္ကဲ့သို႔ အားေပးတိုက္တြန္းမည္နည္း။