သင်ဘယ်လို ခံစားနေရပါစေ…. ဘုရားသခင်သည် အမှန်တကယ် ရှိတော်မူ၏။ | God Is Real, No Matter How You Feel

 Unicode Version

သင်ဘယ်လို ခံစားနေရပါစေ…. ဘုရားသခင်သည် အမှန်တကယ် ရှိတော်မူ၏။

ဟေရှာယအနာဂတ္တိကျမ်း ၈:၁၇ “ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရ ဘုရားကို ငါသည် ဆိုင်းငံ့လျက် မြော်လင့်မည်။

သင်၏အသက်တာတွင် ဘုရားသခင်က သင့်အား အစားအစာ ၊ မိတ်ဆွေသူငယ်ချင်းတွေ ၊ မိသားစု ၊ ကျန်းမာရေး နှင့် ပျော်ရွှင်ဖွယ် အခြေအနေတို့ကို ပေးတဲ့အချိန် အရာရာ ကောင်းမွန်စွာ သွားနေသောအခါမှာ ဘုရားကို ဝတ်ပြုကိုးကွယ်ဖို့ရန် လွယ်ကူပါတယ်။ သို့ပေမဲ့ အခြေအနေတွေက အမြဲတမ်း သာသာယာယာ မရှိပါဘူး။ ထိုသို့ဆိုလျှင် ဘုရားသခင်ကို သင်မည်သို့ ဝတ်ပြုကိုးကွယ်မည်နည်း။ ဘုရားက သင်နှင့် မိုင်ပေါင်းများစွာ ဝေးကွာနေတယ်လို့ သင်ထင်တဲ့အခါမှာ သင်ဘာကို လုပ်ဆောင်မည်နည်း။

နက်ရှိုင်းသော ဝတ်ပြုကိုးကွယ်မှု အဆင့်တွင် နာကျင်မှုများကြားမှ ဘုရားသခင်ကို ချီးမွမ်းခြင်း ၊ စစ်ဆေးခြင်း အချိန်တွင် ကျေးဇူးတင်ခြင်း ၊ စုံစမ်းခြင်းခံရချိန်တွင် သူ့အား ယုံကြည်ကိုးစားခြင်း ၊ ဝေဒနာခံစားရချိန်တွင် အပ်နှံ ခြင်း နှင့် ဘုရားနှင့် ဝေးကွာနေတယ်လို့ မြင်ချိန်တွင် သူ့အားချစ်ခြင်းတို့ ဖြစ်ပါတယ်။

တစ်ခါက Philip Yancey ဆိုတဲ့ စာရေးဆရာတစ်ဉီး မှတ်သားထားသည်မှာ “မည်သည့် ဆက်ဆံရေးမဆို အချိန်ကာလနှင့် အကွာအဝေးတို့ ပါဝင်ပါတယ်။ မည်မျှပင် ရင်းနှီးသည်ဖြစ်စေ ဘုရားသခင်နှင့် ဆက်ဆံရေးတွင် ချိန်ခွင်လျှာသည် တစ်ဖက်မှ တစ်ဖက်သို့ ကူပြောင်းပါသည်။”

၎င်းသည် ကိုးကွယ်မှုကို ခက်ခဲသွားစေတဲ့ အချိန်ဖြစ်ပါသည်။

သင်၏ ခင်မင်ရင်းနှီးမှုကို ရင့်ကျက်စေရန် ဘုရားသခင်သည် ကွဲကွာခြင်းမျိုး အချိန်ကာလကို စမ်းသပ်ပါလိမ့်မည်။ သင့်အား စွန့်ခွာသည် (သို့) မေ့ပျောက်သကဲ့သို့ မြင်စေတဲ့အချိန်အခါဖြစ်သည်။

ဘုရားသခင်သည် မိုင်ပေါင်းမျာစွာ ဝေးကွာသည်ဟု ခံစားစေသည်။ ဝိညာဉ်ရေးရာ ခြောက်ကပ်မှု နှင့် ဘုရားသခင်ပေါ် သံသယဖြစ်သော (၃) ရက်တာအချိန်ကို “ဝိညာဉ် မှောင်မိုက်ည” လို့ St. John of the Cross ကရည်ညွန်းထားခဲ့ပါတယ်။

ဒါဝိလ်မင်းကြီးကို ဘုရားသခင်က “ငါ၏စိတ်နှလုံး အလိုရှိသောသူ” လို့ခေါ်ခဲ့ပါတယ်။ (ဓမ္မရာဇဝင် ပဌမစောင် ၁၃: ၁၄ နှင့် တမန်တော်ဝတ္တု ၁၃:၂၂ ကို ကြည့်ပါ)

ဓမ္မရာဇဝင် ပဌမစောင် ၁၃: ၁၄ “ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သော သူကို ရှာတော်မူ၏။ ထိုသူသည် လူမျိုးတော်အပေါ်မှာ မင်းဖြစ်စေခြင်းငှါ ထာဝရဘုရား မိန့်တော်မူပြီ။

တမန်တော်ဝတ္တု ၁၃:၂၂ “နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ ထိုသူ အားသက်သေခံတော်မူလျက်၊စိတ်နှလုံး၌ ညီညွတ်သည် ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှ၏ သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။

ဒါဝိလ်မင်းကြီးသည်လည်း တစ်ခါတစ်ရံ ဘုရား၏ သိသာစွာ မရှိခြင်းနှင့်ပတ်သက်ပြီး ညည်းတွားပါတယ်။

ဆာလံကျမ်း ၁၀:၁ “အိုထာဝရဘုရား။ ကိုယ်တော်သည် အဘယ် ကြောင့် ဝေးဝေးရပ်၍နေတော်မူသနည်း။ ဘေးအန္တရာယ် ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း။

ဆာလံကျမ်း ၂၂:၁ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း။

ဆာလံကျမ်း ၄၃:၂ “ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကိုအဘယ်ကြောင့် စွန့်ပစ်တော်မူ သနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် အဘယ် ကြောင့် နေရပါသနည်း။ 

ဆာလံကျမ်း ၄၄:၂၃ အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်။

ဆာလံကျမ်း ၇၄:၁၁ လက်ျာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်း တော်မူသနည်း။ ရင်ခွင်တော်ထဲကထုတ်၍ ဖျက်ဆီးတော် မူပါ။ 

ဆာလံကျမ်း ၈၈:၁၄ “အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အကျွန်ုပ်မှ အဘယ်ကြောင့်လွှဲတော်မူသနည်း။ 

ဆာလံကျမ်း ၈၉:၄၉ “အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ် တော်၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေး ကရုဏာတော်သည် အဘယ်မှာ ရှိပါသနည်း။

ဘုရားသခင် ဒါဝိလ်ကို မစွန့်ပစ်ခဲ့ပါဘူး။ သင့်ကိုလည်း ဘယ်တော့မှ မစွန့်ပါဘူး။ ကြိမ်ဖန်များစွာ ဘုရားသခင် ကတိတော်ပေးထားခဲ့ပါတယ်။ ဟေဗြဲဩဝါဒစာ ၁၃:၅ “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထားဟု ဂတိတော်ရှိ၏။

 ဆင်ခြင်ရန်

- သင်၏ နာကျင်မှုနှင့် ခက်ခဲသော အချိန်တွင် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် အကူအညီဖြစ်စေမည့် မည်သို့သော လက်တွေ့ကျသည့် နည်းလမ်းတွေ လုပ်နိုင်ပါမည်နည်း။

- ဤအချိန်ကာလတွေမှာ ဘုရားသခင်က သင့်ကို မည်သည့်အရာ လေ့လာစေချင်တယ်လို့ ထင်ပါသနည်း။

- မည်သို့သော ဘုရား၏ကတိတော်တစ်ချို့က သင့်ကို မျှော်လင့်ခြင်းနှင့် အားပေးမှု ဖြစ်စေနိုင်ပါသနည်း။


---------------------------------------------------------------------------------


Zawgyi Version

သင္ဘယ္လို ခံစားေနရပါေစ…. ဘုရားသခင္သည္ အမွန္တကယ္ ရွိေတာ္မူ၏။

ေဟရွာယအနာဂတၱိက်မ္း ၈:၁၇ “ယာကုပ္အမ်ိဳးသားတို႔တြင္ မ်က္ႏွာေတာ္ကို ကြယ္ထားေတာ္မူေသာ ထာဝရ ဘုရားကို ငါသည္ ဆိုင္းငံ့လ်က္ ေျမာ္လင့္မည္။”

Add caption

သင္၏အသက္တာတြင္ ဘုရားသခင္က သင့္အား အစားအစာ ၊ မိတ္ေဆြသူငယ္ခ်င္းေတြ ၊ မိသားစု ၊ က်န္းမာေရး ႏွင့္ ေပ်ာ္႐ႊင္ဖြယ္ အေျခအေနတို႔ကို ေပးတဲ့အခ်ိန္ အရာရာ ေကာင္းမြန္စြာ သြားေနေသာအခါမွာ ဘုရားကို ဝတ္ျပဳကိုးကြယ္ဖို႔ရန္ လြယ္ကူပါတယ္။ သို႔ေပမဲ့ အေျခအေနေတြက အၿမဲတမ္း သာသာယာယာ မရွိပါဘူး။ ထိုသို႔ဆိုလွ်င္ ဘုရားသခင္ကို သင္မည္သို႔ ဝတ္ျပဳကိုးကြယ္မည္နည္း။ ဘုရားက သင္ႏွင့္ မိုင္ေပါင္းမ်ားစြာ ေဝးကြာေနတယ္လို႔ သင္ထင္တဲ့အခါမွာ သင္ဘာကို လုပ္ေဆာင္မည္နည္း။

နက္ရႈိင္းေသာ ဝတ္ျပဳကိုးကြယ္မႈ အဆင့္တြင္ နာက်င္မႈမ်ားၾကားမွ ဘုရားသခင္ကို ခ်ီးမြမ္းျခင္း ၊ စစ္ေဆးျခင္း အခ်ိန္တြင္ ေက်းဇူးတင္ျခင္း ၊ စုံစမ္းျခင္းခံရခ်ိန္တြင္ သူ႔အား ယုံၾကည္ကိုးစားျခင္း ၊ ေဝဒနာခံစားရခ်ိန္တြင္ အပ္ႏွံ ျခင္း ႏွင့္ ဘုရားႏွင့္ ေဝးကြာေနတယ္လို႔ ျမင္ခ်ိန္တြင္ သူ႔အားခ်စ္ျခင္းတို႔ ျဖစ္ပါတယ္။

တစ္ခါက Philip Yancey ဆိုတဲ့ စာေရးဆရာတစ္ဉီး မွတ္သားထားသည္မွာ “မည္သည့္ ဆက္ဆံေရးမဆို အခ်ိန္ကာလႏွင့္ အကြာအေဝးတို႔ ပါဝင္ပါတယ္။ မည္မွ်ပင္ ရင္းႏွီးသည္ျဖစ္ေစ ဘုရားသခင္ႏွင့္ ဆက္ဆံေရးတြင္ ခ်ိန္ခြင္လွ်ာသည္ တစ္ဖက္မွ တစ္ဖက္သို႔ ကူေျပာင္းပါသည္။”

၎သည္ ကိုးကြယ္မႈကို ခက္ခဲသြားေစတဲ့ အခ်ိန္ျဖစ္ပါသည္။

သင္၏ ခင္မင္ရင္းႏွီးမႈကို ရင့္က်က္ေစရန္ ဘုရားသခင္သည္ ကြဲကြာျခင္းမ်ိဳး အခ်ိန္ကာလကို စမ္းသပ္ပါလိမ့္မည္။ သင့္အား စြန႔္ခြာသည္ (သို႔) ေမ့ေပ်ာက္သကဲ့သို႔ ျမင္ေစတဲ့အခ်ိန္အခါျဖစ္သည္။ 

ဘုရားသခင္သည္ မိုင္ေပါင္းမ်ာစြာ ေဝးကြာသည္ဟု ခံစားေစသည္။ ဝိညာဥ္ေရးရာ ေျခာက္ကပ္မႈ ႏွင့္ ဘုရားသခင္ေပၚ သံသယျဖစ္ေသာ (၃) ရက္တာအခ်ိန္ကို “ဝိညာဥ္ ေမွာင္မိုက္ည” လို႔ St. John of the Cross ကရည္ၫြန္းထားခဲ့ပါတယ္။ 

ဒါဝိလ္မင္းႀကီးကို ဘုရားသခင္က “ငါ၏စိတ္ႏွလုံး အလိုရွိေသာသူ” လို႔ေခၚခဲ့ပါတယ္။ (ဓမၼရာဇဝင္ ပဌမေစာင္ ၁၃: ၁၄ ႏွင့္ တမန္ေတာ္ဝတၱဳ ၁၃:၂၂ ကို ၾကည့္ပါ) 

ဓမၼရာဇဝင္ ပဌမေစာင္ ၁၃: ၁၄ “ထာဝရဘုရားသည္ စိတ္ႏွလုံးေတာ္ႏွင့္ ညီၫြတ္ေသာ သူကို ရွာေတာ္မူ၏။ ထိုသူသည္ လူမ်ိဳးေတာ္အေပၚမွာ မင္းျဖစ္ေစျခင္းငွါ ထာဝရဘုရား မိန္႔ေတာ္မူၿပီ။”

တမန္ေတာ္ဝတၱဳ ၁၃:၂၂ “ေနာက္မွထိုသူကိုပယ္၍၊ ဣသေရလရွင္ဘုရင္အရာ၌ ဒါဝိဒ္ကို ခ်ီးေျမာက္ေတာ္မူ၏။ ထိုသူ အားသက္ေသခံေတာ္မူလ်က္၊စိတ္ႏွလုံး၌ ညီၫြတ္သည္ ျဖစ္၍ ငါ့အလိုကိုျပည့္စုံေစမည့္သူ၊ ေယရွ၏ သားဒါဝိဒ္ကို ငါေတြ႕ရၿပီဟု မိန္႔ေတာ္မူ၏။”

ဒါဝိလ္မင္းႀကီးသည္လည္း တစ္ခါတစ္ရံ ဘုရား၏ သိသာစြာ မရွိျခင္းႏွင့္ပတ္သက္ၿပီး ညည္းတြားပါတယ္။

ဆာလံက်မ္း ၁၀:၁ “အိုထာဝရဘုရား။ ကိုယ္ေတာ္သည္ အဘယ္ ေၾကာင့္ ေဝးေဝးရပ္၍ေနေတာ္မူသနည္း။ ေဘးအႏၲရာယ္ ေရာက္သည္ကာလ အဘယ္ေၾကာင့္ ပုန္းကြယ္၍ ေနေတာ္မူသနည္း။”

ဆာလံက်မ္း ၂၂:၁ အကြၽႏ္ုပ္ဘုရား၊ အကြၽႏ္ုပ္ဘုရား၊ အဘယ္ ေၾကာင့္ အကြၽႏ္ုပ္ကို စြန္႔ပစ္ေတာ္မူသနည္း။ အကြၽႏ္ုပ္ကို မကယ္တင္ဘဲ အကြၽႏ္ုပ္ေအာ္ဟစ္ေသာ စကားကို နား မေထာင္ဘဲ အဘယ္ေၾကာင့္ အေဝးမွာေနေတာ္မူ သနည္း။

ဆာလံက်မ္း ၄၃:၂ “ကိုယ္ေတာ္သည္ အကြၽႏ္ုပ္ခိုလႈံရာ ဘုရား ျဖစ္ေတာ္မူ၏။ အကြၽႏ္ုပ္ကိုအဘယ္ေၾကာင့္ စြန္႔ပစ္ေတာ္မူ သနည္း။ ရန္သူညႇဥ္းဆဲႏွိပ္စက္ျခင္းကိုခံရ၍၊ အကြၽႏ္ုပ္ သည္ ၾကမ္းတမ္းေသာ အဝတ္ကိုဝတ္လ်က္ အဘယ္ ေၾကာင့္ ေနရပါသနည္း။ ”

ဆာလံက်မ္း ၄၄:၂၃ အိုဘုရားရွင္၊ ႏိုးေတာ္မူပါ။ အဘယ္ေၾကာင့္ က်ိန္းစက္ေတာ္မူသနည္း။ ထေတာ္မူပါ။ အကြၽႏ္ုပ္တို႔ကို အစဥ္စြန္႔ပစ္ေတာ္မမူပါႏွင့္။

ဆာလံက်မ္း ၇၄:၁၁ လက္်ာလက္ေတာ္ကို အဘယ္ေၾကာင့္ ႐ုပ္သိမ္း ေတာ္မူသနည္း။ ရင္ခြင္ေတာ္ထဲကထုတ္၍ ဖ်က္ဆီးေတာ္ မူပါ။ 

ဆာလံက်မ္း ၈၈:၁၄ “အိုထာဝရဘုရား၊ အကြၽႏ္ုပ္၏ ဝိညာဥ္ကို အဘယ္ေၾကာင့္ ပယ္ေတာ္မူသနည္း။ မ်က္ႏွာေတာ္ကို အကြၽႏ္ုပ္မွ အဘယ္ေၾကာင့္လႊဲေတာ္မူသနည္း။ ”

ဆာလံက်မ္း ၈၉:၄၉ “အို ထာဝရဘုရား၊ သစၥာေတာ္ႏွင့္တကြ ကိုယ္ ေတာ္၏ ကြၽန္ဒါဝိဒ္အား က်ိန္ဆိုေတာ္မူေသာ ေရွး က႐ုဏာေတာ္သည္ အဘယ္မွာ ရွိပါသနည္း။”

ဘုရားသခင္ ဒါဝိလ္ကို မစြန႔္ပစ္ခဲ့ပါဘူး။ သင့္ကိုလည္း ဘယ္ေတာ့မွ မစြန႔္ပါဘူး။ ႀကိမ္ဖန္မ်ားစြာ ဘုရားသခင္ ကတိေတာ္ေပးထားခဲ့ပါတယ္။ ေဟၿဗဲဩဝါဒစာ ၁၃:၅ “သင္တို႔၏က်င့္ႀကံျပဳမူျခင္းသည္ ေငြကိုတပ္မက္ျခင္းႏွင့္ ကင္းလြတ္၍၊ ကိုယ္၌ရွိေသာဥစၥာႏွင့္ ေရာင့္ရဲျခင္းရွိၾကေလာ့။ အေၾကာင္းမူကား၊ ငါသည္ သင့္ကိုမစြန္႔၊ သင့္ကို အလွ်င္းပစ္၍မထားဟု ဂတိေတာ္ရွိ၏။”

ဆင္ျခင္ရန္

- သင္၏ နာက်င္မႈႏွင့္ ခက္ခဲေသာ အခ်ိန္တြင္ ဘုရားသခင္အား ဝတ္ျပဳကိုးကြယ္ရန္ အကူအညီျဖစ္ေစမည့္ မည္သို႔ေသာ လက္ေတြ႕က်သည့္ နည္းလမ္းေတြ လုပ္ႏိုင္ပါမည္နည္း။

- ဤအခ်ိန္ကာလေတြမွာ ဘုရားသခင္က သင့္ကို မည္သည့္အရာ ေလ့လာေစခ်င္တယ္လို႔ ထင္ပါသနည္း။

- မည္သို႔ေသာ ဘုရား၏ကတိေတာ္တစ္ခ်ိဳ႕က သင့္ကို ေမွ်ာ္လင့္ျခင္းႏွင့္ အားေပးမႈ ျဖစ္ေစႏိုင္ပါသနည္း။