ထာဝရတည်မြဲမည့်အရာတွေပေါ် အာရုံစိုက်ပါ။ | Focus on What Will Last Forever
 Unicode Version
ထာဝရတည်မြဲမည့်အရာတွေပေါ် အာရုံစိုက်ပါ။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၁၈ “အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာ တည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။
လူသားတွေမှာ မျှော်လင့်ချက်ရှိနေသရွေ့တော့ ကြီးမားတဲ့ စိတ်ပျက်မှုတွေ ၊ နှောင့်နှေးမှုတွေ နှင့် နာကျင်မှုတွေကို ကိုင်တွယ်နိုင်ပါတယ်။ သို့ပေမဲ့ မျှော်လင့်ချက် ပျောက်ဆုံးသွားတဲ့အခါမှာ အရှုံးပေးကြပါတော့တယ်။
ထာဝရတည်မြဲမည့် တစ်ခုတည်းသောမျှော်လင့်ခြင်းကို သခင်ယေရှု ပေးနေပါတယ်။ ၎င်းသည် ဘယ်သောအခါမှ စိတ်ပျက်စရာ မဖြစ်ပါ။ သို့ပေမဲ့ သခင်ယေရှု၌ရှိသော ထိုမျှော်လင့်ခြင်းကို နားလည်ဖို့ရန် သင်၌ မှန်ကန်သော ရှုဒေါင့်အမြင် ရှိဖို့ လိုအပ်ပါတယ်။
ယခု ဖြစ်ပျက်လာမည့်အရာကို မကြည့်ရုံ‌ ဆိုလိုပါသည်။ ယာယီကို အာရုံစိုက်နေမည့်အစား ထာဝရကို အာရုံစိုက်ပါ။ တစ်နည်းအားဖြင့် သင်၏ဖုန်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပိုပြီး အာရုံစိုက်ပေးပါ။
ခက်ခဲမှုတွေက ကြာရှည်မမြဲပါဘူး။ သို့ပေမဲ့ ဘုရားသခင်၌ရှိသော မျှော်လင့်ခြင်းက ထာဝရဖြစ်ပါတယ်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ “ယခုတွင်ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း၊ မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။” ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၃:၁၃
ကျွန်ုပ်၏ ရုံးခန်းတွင် ဟေဗြဲဘာသာအက္ခရာဖြင့် ထွင်းထားသော ကျောက်ပြားတစ်ခုရှိပါတယ်။ ကျွန်ုပ်ကို လူတိုင်းက အဲဒီ ထွင်းထားတဲ့ ဟေဗြဲဘာသာ၏ ဆိုလိုရင်းကို မေးကြပါတယ်။ ရိုးရိုးလေးထွင်းထားပါတယ်ဤအရာ ကျော်လွန်ဖြတ်သန်းသွားပါလိမ့်မည်-This too shall pass.
ခက်ခဲတဲ့အချိန်အခါတွေကို တွေ့ကြုံရင်ဆိုင်ရချိန်တိုင်းမှာ ၎င်းကဗ္ဗည်းကို ကျွန်ုပ်ကြည့်ပါတယ်။ ၎င်းစာသား လေးက ကျွန်ုပ်၏ အခြေအနေတွေ မည်သို့ပင်ဖြစ်ပါစေ အရေးမကြီးကြောင်းနှင့် ခဏတာသာဖြစ် ကြောင်းကို သတိပေးနေပါတယ်။ သင်၏အသက်တာတွင်လည်း ရောက်လာသမျှသောအရာတွေက ပြသနာမရှိပါ။ ကျော်လွန် ဖြတ်သန်းသွားပါလိမ့်မည်။ ရာသက်ပန် နာတာရှည်စေသောအရာဖြစ်နေသည့်တိုင် သင်နိစ္စထာဝရသို့တိုင် မယူ ဆောင်နိုင်ပါ။
တမန်တော်ရှင်ပေါလု ကျွန်ုပ်တို့ကို သတိပေးထားသည်မှာ ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၁၈ “အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာ တည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။
သင်၏ ပြသနာတို့သည် ထာဝရမတည်ပါ။ Covid-19 ကပ်ရောဂါသည်လည်း ကြာရှည်မခံပါ။ စီးပွားရေးနှင့် ပတ်သက်သော မသေချာမှုတို့သည်လည်း ထာဝစဉ် မတည်ပါ။ သို့ပေမဲ့ ၎င်းစကြာဝဌာမှာ မမြင်နိုင်တဲ့ အရာတို့ သည် ထာဝရတည်နေမည်ဖြစ်ပါသည်။ ယုံကြည်ခြင်း ၊ မျှော်လင့်ခြင်း နှင့် ချစ်ခြင်းသည် ထာဝရ တည်လိမ့်မမည်။ ပြီးတော့ သခင်ယေရှုအား သင်ယုံကြည်ပါလျှင် နိစ္စထာဝရတွင် ဘုရားသခင်နှင့်အတူ သင်ရှိနေပါလိမ့်မည်။
သင်၏ မျှော်လင့်ချက်ကို သခင်ယေရှုဆီ ထားပါ။ ကောလောသဲ ၃:၂ “မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်း သောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။
သခင်ယေရှု၌ရှိသော သင်၏မျှော်လင့်ခြင်းသည် ပြီးပြည့်စုံသော မျှော်လင့်ခြင်း ဖြစ်လာပါလိမ့်မည်။
ဆင်ခြင်ရန်
- သခင်ယေရှု၌ ရှိသော သင်၏မျှော်လင့်ခြင်းသည် မသေချာ မရေရာသော အချိန်ကာလတွင် မည်သို့ ဖြစ်မည် နည်း။
- တခြားသူများအား သခင်ယေရှု၌ သူတို့၏မျှော်လင့်ခြင်းကို ဆက်ထိန်းထားရန် သင်မည်သို့ ကူညီနိုင်မည်နည်း။
- ပြသနာများ ရင်ဆိုင်ရချိန်တွင် ထာဝရကိစ္စရပ်များနှင့် ပတ်သက်၍ အာရုံစိုက်နိုင်သော ဉပမာတစ်ချို့ကား မည်သို့နည်း။
-------------------------------------------------------------------
Zawgyi Version
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄:၁၈ “အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာ တည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။”
Add caption
တမန်တော်ရှင်ပေါလု ကျွန်ုပ်တို့ကို သတိပေးထားသည်မှာ ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၄:၁၈ “အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာ တည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။”
ဆင်ခြင်ရန်