ယုံကြည်ခြင်းသည် ခံစားချက်မဟုတ်ပါ။ ဘုရားသခင်ကို နှစ်သက်စေတော်မူသည်။ | Faith, Not Feelings, Pleases God
 Unicode Version
ယုံကြည်ခြင်းသည် ခံစားချက်မဟုတ်ပါ။ ဘုရားသခင်ကို နှစ်သက်စေတော်မူသည်။
ယောဘဝတ္တု ၁:၂၁ “အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရား လည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။”
သင်သည် အသစ်သောခရစ်ယာန်တစ်ဉီး ဖြစ်လာတဲ့အခါ် ဘုရားသခင် သင့်အား မကြာခဏဆိုသလို အတည်ပြု ပေးမည့် စိတ်လှုပ်ရှားမှုများကို ပေးပါလိမ့်မည်။ သို့မှာသာ ဘုရားဘယ်မှာရှိတယ် ၊ သင့်ကို စောင့်ရှောက်နေတယ် ဆိုတာကို သင်သိပါလိမ့်မည်။ သို့ပေမဲ့ ယုံကြည်ခြင်း ကြီးထွားလာသည်နှင့်အမျှ  ဘုရားသခင်သည် သင်နှင့်အ တူရှိသည် ၊ သင်၏အသက်တာရှိ အလုပ်တွင်လည်း ရှိသည်ကို ယုံကြည်စေဖို့ရန် သင်၏ စိတ်ခံစားချက် တို့ပေါ်  မှီနေသောအရာတွေကို ဘုရားသခင် ပယ်ရှားပါလိမ့်မည်။
ဘုရားသခင်၏ နေရာတိုင်းရှိခြင်း နှင့် သူ၏ ရောက်ရှိခြင်းတွေသည် ကွဲပြားခြားနားသော သရုပ် (၂)ခု ရှိပါတယ်။ တစ်ခုက အမှန်တကယ်ဖြစ်ပြီး နောက်တစ်ခုက မကြာခဏခံစားချက် မျိုးဖြစ်ပါတယ်။ ဘုရားသခင်သည် အမြဲ တမ်းရှိနေပြီး သူ့ကို သင် သတိမမူမိသည့်တိုင် သူ၏ရောက်ရှိနေမှုသည် အလွန်အမင်းစိတ်လှုပ်ရှားမှုဖြင့် တိုင်းတာ ရန် မြင့်မားပါတယ်။
သင့်ကိုလည်းဘဲ သူရှိနေတယ်ဆိုတာကို သိစေချင်ပါတယ်။ သို့ပေမဲ့ သူ့အား ခံစားခြင်းထက် ယုံကြည်ဖို့ရန်သာ ပိုပြီးဖြစ်စေချင်တယ်။ ယုံကြည်ခြင်းသည် စိတ်ခံစားချက်မဟုတ်ပါ။ ဘုရားသခင်အား ကျေနပ်နှစ်သက်စေခြင်း ဖြစ်သည်။
အသက်တာ ပြိုလဲပျက်စီးချိန် နှင့် ဘုရားကို မတွေ့ရတော့တဲ့အချိန်တွေသည် သင်၏ ယုံကြည်ခြင်း ကို အများဆုံး တိုးပွားစေမည့် အခြေအနေတွေဖြစ်ပါတယ်။ ထိုအမှုအရာသည် ယောဘ တွင် ဖြစ်ပျက်ခဲ့ပါတယ်။ တစ်နေ့တည်း တွင် အရာအားလုံးကို သူဆုံးရှုံးသွားခဲ့ပါတယ်။ သူ၏မိသားစု ၊ စီးပွားရေး ၊ ကျန်းမာရေး နှင့် သူပိုင်ဆိုင်သမျှ အရာအားလုံးတွေ ဆုံးရှုံးခဲ့ရပါတယ်။ စိတ်ပျက်စရာ အကောင်းဆုံးကတော့ ဘုရားသခင်က သူ့ကို ဘာမှ မပြောဘဲ နေခဲ့ပါတယ်။ အခန်းကြီး ၃၇ တွင် ဖော်ပြထားပါသည်။
ဘုရားသခင် တိတ်ဆိတ်နေချိန် နှင့် သင်၏အသက်တာတွင် ဖြစ်ပျက်နေသောအရာတို့ကို သင်နားမလည်သည့် အခါတွင် ဘုရားသခင်ကို သင်မည်သို့ ချီးမွမ်းပါသနည်း။ ဘုရားသခင်နှင့် ဆက်ဆံရေးမရှိဘဲ ကပ်ဘေးကာလမှာ သင်မည်သို့ နေထိုင်ပါသနည်း။ မျက်လုံးမှာ မျက်ရည်များပြည့်လျှံတဲ့အခါမှာ သခင်ခရစ်တော်ကို သင်မည်သို့ မျှော်ကြည့်ပါမည်နည်း။ ယောဘ ပြုသကဲ့သို့ လုပ်ဆောင်ပါ။ ယောဘဝတ္တု ၁:၂၀-၂၁ “ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရ ဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ 
သင်မည်သို့ ခံစားရသည်ကို ဘုရားသခင်အား အသေးစိတ်ပြောပါ။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ သွန်းလောင်းပါ။ သင်ခံစားနေရသော စိတ်လှုပ်ရှားမှုတိုင်းကို ချရေးပါ။ ယောဘက ဆိုထားသည်မှာ ယောဘဝတ္တု ၇:၁၁ “ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ၏။ အလွန်ညှိုးငယ် သော စိတ်နှင့်မြည်တမ်းရ၏။
ဘုရားသခင် ဝေးကွာနေတယ်လို့ သင်ထင်တဲ့အခါမှာ တော့ သူငိုးကြွေးခဲ့ပါတယ်။ ယောဘ ၂၉:၄ “ငါ့အသက် ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ် ပါစေ။
ဘုရားသခင် သင်၏သံသယတွေ ၊ ဒေါသတွေ ၊ ကြောက်ရွံ့မှုတွေ ၊ ပူဆွေးမှုတွေ ၊ ရှုပ်ထွေးမှုတွေ နှင့် မေးခွန်းတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ အရာအားလုံးကို ဆုတောင်းပဌနာပြုခြင်းအားဖြင့် ဘုရားသခင်ထံ သင်ယူဆောင်နိုင်ပါတယ်။
ဆင်ခြင်ရန်
- ဘုရားသခင်ရှိကြောင်းကို သင်မခံစားရသည့်တိုင် ဘုရားသခင်အား သင်ယုံကြည်ကိုးစားကြောင်း မည်သို့သော နည်းလမ်းဖြင့် သင်ဖော်ပြနိုင်ပါသနည်း။
- သင်၏ အသက်တာတွင် ဖြစ်ပျက်သော အရာများကို သင်နားမလည်သည့်တိုင် ဘုရားသခင်အား ချီးမွမ်းနိုင်သည့် တိကျသော အရာတစ်ချို့ကား မည်သို့နည်း။
- သင်၏ သံသယ ၊ ကြောက်ရွံ့မှု ၊ ဝမ်းနည်းမှု ၊ စိတ်ရှုပ်ထွေးမှု (သို့) ဘုရားသခင်အား မေးခွန်းများမေးရန် သင် စိတ်ပူပါသလား။ ဘာကြောင့်နည်း။
ဝိညာဉ်တော်သည် အသင်းတော်ကို ဉီးဆောင်ပါသည်။ (By Grietje Commelin)
တမန်တော်ဝတ္တု ၆:၃ “ထိုကြောင့်ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့် စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှု ကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထား ကြမည်။”
 အစောပိုင်း အသင်းတော်တွေကို တမန်တော် ၁၂ ပါးမှ ဉီးဆောင်ခဲ့ပါတယ်။ သို့ပေမဲ့ အကူအညီလိုခြင်းမတိုင်ခင်က သူတို့တွေ ရည်ရှည်မတည်ခဲ့ပါဘူး။ အသင်းတော်တွေ တဟုန်ထိုး ကြီးထွားလာသည်နှင့်အမျှ ၎င်းကို တမန်တော်တို့ချည်း မထမ်းဆောင်နိုင်တော့ပါ။ ဒါကြောင့် အကူအညီပေးမည့်သူ (၇) ဉီးကို ခန့်အပ်ခဲ့ပါတယ်။ ထိုသူတို့သည် အကူအညီလိုသော အားနည်းသူ အသင်းသားတို့အတွက် ကြည့်ရှုစောင့်ရှောက်ဖို့ရန် တာဝန်ယူ ရပါသည်။ ဤနည်းအားဖြင့် တမန်တော်တို့သည် ဧဝံဂေလိတရားကို ဟောပြောခြင်းနှင့် ဆုတောင်းခြင်းတို့၌ အာရုံပြုနိုင်မည်ဖြစ်သည်။
 ခန့်အပ်ထားခံရသူတို့မှာ အသက် ၊ လူမှုရေး အခြေအနေ (သို့) ငွေကြေးချမ်းသာမှု တွေကြောင့် ရွေးချယ်ခံရခြင်း မဟုတ်ပါ။ သေချာသောစံ (ကောင်းသော နာမည် ၊ ဝိညာဉ်တော်ပြည့်ဝမှု) အားဖြင့်သာ ရွေးချယ်ခံရပါသည်။ ထိုအရာတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အရေးပါသော အရာတွေ ဖြစ်ပါတယ်။
အခန်းကြီး နောက်ပိုင်းတွင် တမန်တော်ရှင်ပေါလု နှင့် ဗာနဗကို ခရစ်ယာန်သာသနာပြုများ အဖြစ် မည်သို့ စေလွှတ်ခဲ့ကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရပါမည်။ အသင်းတော်သည် သူတို့ကို မည်သည့်အကြောင်းပြချက်မှ ကြောင့်ရွေးချယ်ခြင်း မဟုတ်ပေမဲ့ သူတို့ ဘုရားသခင်ထံ အစာရှောင်ပြီး ကိုးကွယ်တဲ့အခါမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် “ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှါ ဗာနဗနှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့်တော်မူသည် ” တမန်တော် ၁၃:၂
သူတို့၏ ခရီးစဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ဧဝံဂေလ ဟောကြားရမည့် နေရာပြလမ်းညွှန်ချက်တို့ကို နာခံခဲ့ကြပါသည်။ တမန်တော် ၁၆:၆-၇
အသင်းတော် ခေါင်းဆောင်မှုနှင့် သာသနာပြုခြင်းတို့နှင့် ပတ်သက်သော ဆုံးဖြတ်ချက်အားလုံးတွင် ကျွန်ုပ်တို့ကို လမ်းပြရန် ဝိညာဉ်တော်အား တောင်းခံသင့်ပါသည်။ သင်ထိုကဲ့သို့ လုပ်ဆောင်ပါသလား။
---------------------------------------------------------------------------
Zawgyi Version
Add caption
ဆင်ခြင်ရန်