လူတိုင်း ရိုသေလေးစားမှုနှင့် ထိုက်တန်ပါတယ်။ | Every person is worthy of respect
 Unicode Version
လူတိုင်း ရိုသေလေးစားမှုနှင့် ထိုက်တန်ပါတယ်။
ရှင်ပေတရုဩဝါဒစာ ပဌမစောင် :၁၇ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့။ 
လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ကတည်းက ရိုသေလေးစားမှုတွေသည် အန္တရာယ်တစ်ခုအဖြစ် တန်ဖိုးဖြစ် လာခဲ့ပါတယ်။
တည်ကြည်ခိုင်ခံ့သော မိသားစုတွေ ၊ လူမှုအဖွဲ့အစည်းတွေသည် ရိုသေလေးစားမှုဖြင့် တည်ဆောက်ထားကြတယ် ဆိုတာကို သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားပါတယ်။ မိဘကို ရိုသေဖို့ ၊ လူထုနှင့် ဆိုင်သော အမိန့်အာဏာ နှင့်အသင်းတော် ဉီးဆောင်သူတွေကို ရိုသေလေးစားဖို့ သမ္မာကျမ်းစာက နိုးဆော်ထားပါတယ်။ ဖိလိပ္ပိကျမ်းတွင်လည်း ဇနီးသည်က ခင်ပွန်းကို ရိုသေလေးစားဖို့ ဖြစ်တယ် လို့ဖော်ပြထားပါတယ်။ ရှင်ပေတရု ဩဝါဒစာပဌမစောင်တွင်လည်း ခင်ပွန်းသည် လည်း ဇနီးမယားကို ရိုသေလေးစားဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဘယ်သူတစ်ဉီးတစ်ယောက်ကိုမျှ မချန် ရှင်းလင်းပေးထားပါတယ်။ ကျွန်ုပ်တို့ကိုလည်း သမ္မာကျမ်းစာက ဆိုထားပါသေးတယ်။
ရှင်ပေတရုဩဝါဒစာ ပဌမစောင် :၁၇ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့။
ယုံကြည်မှုနှင့် အမူအကျင့်တေွကို ပဓာန မထားချင်နေပါ။ လူတိုင်းသည် ရိုသေလေးစားဖို့တော့ ထိုက်တန်ပါတယ်။
ဘာကြောင့်လဲ။
(၁) လူတိုင်းကို ဘုရားသခင် ဖန်တီးထားပါတယ်။
ဆာလံ ၈:၅ တွင် ဆိုထားသည်မှာ “သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော် မူပြီ။ 
ဘုရားသခင်က မဟုတ်တရုတ်တွေ မလုပ်ပါဘူး။ ဘယ်သူမှ တန်ဖိုးမမဲ့ကြပါဘူး။ လူတွေ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ကြပေမဲ့လည်း ဘုရားသခင်အဖို့ သူတို့တွေက တန်ဖိုးရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ချစ်ဖို့ မတန်တဲ့ သူတွေတောင် ဘုရား၏ ချစ်ခြင်းကို ခံရပါတယ်။
(၂) လူတိုင်းအတွက် သခင်ယေရှု အသေခံခဲ့ပါတယ်။
သမ္မာကျမ်းစာတွင် “”ရှင်ပေတရုဩဝါဒစာ ပဌမစောင် :၁၈-၁၉မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့် ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီး တတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည ်မဟုတ်။ ၁၉အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။ ”
တစ်ချို့သောသူတွေ၏ တန်ဖိုးထားမှုကို သင်မရရှိပေမဲ့လည်း ဘုရားသခင်ဆီမှ ရရှိပါတယ်။ တကယ်တော့ သင်တွေ့ဆုံသောသူမှန်သမျှတို့သည် သခင်ခရစ်တော် အသေခံဖို့ ထိုက်တန်ပါတယ်လို့ ဆိုထားပါတယ်။
(၃) ဘုရားကို သိရှိဖို့ဖော်ပြပါတယ်။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုထားပါတယ်။ သင် ဘုရားသခင်ကို သိပါလျှင် ဘုရား၏ ချစ်ခြင်းတွေဖြင့် သင့်အသက်တာကို ဖြည့်ဆည်းပေးပါလိမ့်မည်။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ရှင်ယောဟန်ပဌမစောင် ၄:၈ “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။
ချစ်ခြင်းမေတ္တာက လူတွေကို အမြဲတမ်း ရိုသေလေးစားမှု ပြုပါတယ်။
 (၄) ပေးကမ်းလိုက်သော အရာမှန်သမျှကို သင်ပြန်ရလိမ့်မည်။
၎င်းသည် ရိတ်သိမ်းခြင်းနှင့်ဆိုင်သော ဉပေဒေသ ဖြစ်ပါတယ်။ ကုန်ဆုံးသွားသောအရာမှန်သမျှ ပြန်ရောက် လာပါသည်။ ရိုသေလေးစားမှုကို သင်ခံယူလိုပါလျှင် တခြားသူတွေကိုလည်း ရိုသေလေးစားမှုဖြင့် ပြောဆိုဆက်ဆံပါ။ ဂလာတိဩဝါဒစာ ၆:၇ “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ 
ရောမဩဝါဒစာ ၁၂:၁၀ “၀ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကိုတယောက်စုံမက် ကြလော့။ ချီးမွမ်း ခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။”
ဆင်ခြင်ရန်
- သင်တွေ့မြင့်ရသော လူတိုင်း သင်၏ ရိုသေခြင်းကို ခံရဖို့ ထိုက်တန်ကြပါတယ်။ ၎င်းအမှန်တရားက သင်၏ စရိုက်လက္ခဏာကို မည်သို့ ပြောင်းလဲပေးပါသနည်း။
- တစ်ချို့သော သူတွေဆီ သင်၏ ရိုသေလေးစားမှုကို ပြသဖို့ရန် ဘာကြောင့်များ သင့်အတွက် ပြသနာဖြစ်စေပါနသည်း။
- မည်သို့သော နည်းလမ်းတစ်ချို့ဖြင့် သင်၏ အသက်တာကို ချစ်ခြင်းမေတ္တာဖြင့် ဖြည့်ဆည်းနိုင်မည်နည်း။
------------------------------------------------------------------------------------------------------------
Zawgyi Version
ဘာကြောင့်လဲ။
ဆင်ခြင်ရန်