Unicode Version
ဟေဗြဲဩဝါဒစာ
၁၁:၂၆ “အကြောင်းမူကား၊ နောက် ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။”
အရာအားလုံး
ဘုရားအလိုတော်အတိုင်းဖြစ်စေချင်ပါလျှင်
မောရှေ ဖြစ်တည်ခဲ့သော ပုံစံကို လိုက်လျှောက်ပါ။ ဘုရားသခင် သင့်အား ဖြစ်စေလို့သည်အတိုင်း
သင်ရွေးချယ်ပါ။ ထာဝရအကျိုးအတွက် ခဏတာနာကျင်မှုကို ရွေးချယ်ပါ။ လောက၏ အရာမဟုတ်ဘဲ ဘုရား၏
တန်ဖိုးထားမှုတွေကို ရွေးချယ်ပါ။
ဒါကြောင့်
မောရှေကို ဘုရားသခင် အသုံးပြုခဲ့ပါသနည်း။
ဟေဗြဲဩဝါဒစာ
၁၁:၂၆ “အကြောင်းမူကား၊ နောက် ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။”
မောရှေသည်
သူ့အတွက် အရေးကြီးဆုံးသော အရာတို့ကို ခွဲခြားထားခဲ့ပါတယ်။
သင့်အသက်တာတွင်
မည်သည့်အရာက အရေးကြီးဆုံးတွေ ဖြစ်ပါသနည်း။ သင်၏ အရေးကြီးဆုံးသော အရာ (၃) မျိုးက ဘာတွေ
ဖြစ်မလဲ။ အလွယ်တကူ ပြောနိုင်ပါသလား။
ယခုတွင် သင်၏ အရေးကြီးဆုံးသောအရာ (၃) ခုကို ဖော်ပြနိုင်ပါသလား။ သင်မဖော်ပြနိုင်လျှင်
အဲဒီအရာ တွေအားဖြင့် သင်မနေထိုင်နိုင်သေးပါ။
အချိန်ယူလျက် ထိုင်ကာ “ငါ့အတွက် ဘာတွေက အရေးကြီးဆုံးဖြစ်မလဲ” ဆိုတာကို
မေးပါ။ “ငါ့အသက်တာမျာ တန်ဖိုးဖြစ်သောအရာတွေက ဘာတွေဖြစ်မလဲ” ချရေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့
သင်၏တန်ဖိုးကို သင်မခွဲခြားသရွေ့ အဲဒီအရာတွေနဲ့ သင်မနေထိုင်နိုင်ပါ။
လောကမှာရှိတဲ့
တန်ဖိုးထက် ဘုရားတန်ဖိုးထားတဲ့ အရာတွေကို မောရှေရွေးချယ်ခဲ့ပါတယ်။ ဒါတွေက ဘာကြောင့်
အရေးကြီးပါသနည်း။ ဘာကြောင့်လဲဆိုတော့ သင့်အသက်တာမှာရှိတဲ့ အရေးကြီးဆုံးသော အရာတွေကို
သင်မဆုံးဖြတ်ပါလျှင် တခြားသူတွေက သင့်အတွက် ဆုံးဖြတ်ပေးသွားပါလိမ်မည်။ သင့်အား သူတို့၏
ပုံစံခွက်ထဲကို ထည့်သွင်းကြပါတော့မည်။ အဲဒီတော့ သင်သည်လည်း သူတစ်ပါးတို့၏ တန်ဖိုးထား
သည့်အတိုင်း အသက်ရှင် သွားရပေမည်။
သင့်အအတွက် အရေးအကြီးဆုံးသောအရာတွေကို ဆုံးဖြတ်ရပါမည်။ ပြီးတော့ ထိုတန်ဖိုးရှိတဲ့အရာတွေအားဖြင့်
အသက်ရှင်သန်နေထိုင်ပါ။
ဆင်ခြင်ရန်
-
သင့်အသက်တာတွင် အရေးကြီးဆုံးသော တန်ဖို့ (၃) မျိုးက ဘာတွေဖြစ်မလဲ။
-
၎င်းအရာတို့က သင့်အတွက် အရေးကြီးကြောင်းကို မည်သို့ ဆုံးဖြတ်မည်နည်း။
-
၎င်းအရာ (၃) မျိုးက သင့်အသက်တာ ရှင်သန်နေထိုင်မှုကို မည်သို့သော ပုံဖော်ပေးပါသနည်း။
ဖြစ်နိုင်လျှင် အသေးစိပ် ဖြစ်စေပါ။
-----------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်