Choose short term pain for long term gain

 Unicode Version

ဟေဗြဲဩဝါဒစာ ၁၁:၂၅ “အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖါရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်း အခွင့်ကိုပယ်၏။


အရာအားလုံး ဘုရားအလိုတော်အတိုင်း သင်ဖြစ်စေချင်ပါလျှင် ခဏတာ နာကျင်မှုကို ထာဝရအကျိုးအတွက် ရွေးချယ်ဖို့ လိုအပ်ပါတယ်။

ဤအရာကို အားကစား လိုက်စားတဲ့ မည်သူမဆို သိရှိကြပါတယ်။ ချန်ပီယံကစားပွဲတွင် ကစားနိုင်ဖို့ရန် အတွက် လေ့ကျင့်ဖို့လိုပြီး ကြိုးစားအားထုတ်မှု ပြုဖို့ ဖြစ်ပါတယ်။ ဘယ်ခေါင်းစဉ်ကိုမဆို အပေါ်ယံသဘောနဲ့ လုပ်ဆောင်လို့ မရပါဘူး။ တစ်စုံတစ်ခုကို ကောင်းသောအရာ ဖြစ်စေချင်လျှင် ရည်ရှည်အကျိုးအတွက် ခဏတာ နာကျင်မှုကို လက်ခံရပါမည်။

 

၎င်းသည် အားကစား အမျိူးအစားအတွက် မှန်ကန်ရုံမကပါဘူး။ ဘဏ္ဍာရေးနှင့် ပေါင်းသင်းဆက်ဆံရေး၌လည်း မှန်ကန်ပါတယ်။ ကျွန်ုပ်တွင် ကောင်းသော အိမ်ထောင်ရေးရှိပါတယ်။ သို့ပေမဲ့ ဇနီးနှင့် ကျွန်ုပ်တို့ နှစ်ပေါင်းများစွာ ကြိုးစားလုပ်ဆောင်မှုတွေ ပြုခဲ့ရပါတယ်။ အလွယ်တကူ ဖြစ်လာတာ မဟုတ်ပါဘူး။ အသက်တာရှိ တခြားသော အရာများကဲ့သို့ပင် သင်၏ အိမ်ထောင်ရေး ခိုင်မြဲစေရန် သင်ကြိုးစားရပေမည်။

 

ဤရလဒ်တွေသည် သင့်အသက်တာတွင် ဘာကြောင့် အရေးကြီးပါသနည်း။

 

ဘာဖြစ်လို့လဲဆိုတော့ အသက်တာမှာ ပြသနာတွေသည် ဆန္ဒ မပြည့်ဝအောင် အနှောင့်အယှက် ဖြစ်စေခြင်းကြောင့် ဖြစ်ပါတယ်။ လူမှု အဖွဲ့အစည်းတွေမှ သွန်သင်ချက်တွေက “အရာရာကို ငါလိုချင်တယ်၊ ခုလိုချင်တယ်၊ အလွယ်တကူ ရယူချင်တယ်”။ ဘဝဆိုတာ အဲဒီလိုမျိုး ဖြစ်မနေပါဘူး။

ရွေးချယ်မှုတစ်ခုကို မောရှေ ပြုခဲ့ပါတယ်။ ဟေဗြဲဩဝါဒစာ ၁၁:၂၅ “အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖါရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်း အခွင့်ကိုပယ်၏။

 

ဤကျမ်းပိုဒ်အားဖြင့် မောရှေသည် မတရားမှုကို ရွေးချယ်ခဲ့ပါတယ်။ မှန်ကန်သော အရာလုပ်ဆောင်ခြင်း၏ ရည်ရှည်အကျိုးအတွက် ခဏတာ နာကျင်မှုကို သူကြံ့ကြံ့ခံခဲ့ပါတယ်။

 

သင်၏ အသက်တာတွင်လည်း နာကျင်မှုတွေကို တွေ့ကြုံရပေမည်။ သို့ပေမဲ့ ယခုအချိန်တွင် ခက်ခဲသောအရာကို လုပ်ဆောင်ဖို့ ရွေးချယ်ပြီး အားစိုက်ခြင်း ၊ ရင့်ကျက်ဖို့ ၊ ကြီးထွားဖို့ ၊ ခိုင်မာဖို့ရန် လေ့လာဖို့ရန် နာခံတဲ့အခါအမှာ လာမည့် အသက်တာတွင် ၎င်းအရာတွေအားလုံးတို့မှ အကျိုးရလဒ်ကို သင်ရရှိပါမည်။

မောရှေပြုသကဲ့သို့ ခဏတာနာကျင်မှုကို ရွေးချယ်တဲ့အခါမှာ သင့်အား ဘုရားသခင် ပို့ဆောင်လမ်းပြမှုကို မြင်ရမည်ဖြစ်ပြီး ထာဝရအကျိုး၏ အသီးအပွင့်တို့ကို ခံစားရနိုင်ပေမည်။

 

ဆင်ခြင်ရန်

- ထာဝရရှုဒေါင့်အမြင်အတွက် ယခုတွင် သင်မည်သို့သော ခဏတာနာကျင်မှုတွေကို ရင်ဆိုင်နေရသနည်း။

- သင်၏တာဝေးပြေးလမ်းတွင် ခက်ခဲသော ဆုံးဖြတ်ချက် (သို့) ခက်ခဲသော အလုပ်တွေက သင့်အား အကျိုးရှိတယ်လို့ မည်သို့မြင်ပါသနည်း။

- ခက်ခဲတဲ့အရာကို ယခုရွေးချယ်တဲ့အခါမှာ သခင်ခရစ်တော်နှင့် မည်ကဲ့သို့ ပိုတူလာပါသနည်း။

-------------------------------------------------------------------------------------------------------------


Zawgyi Version

ေဟၿဗဲဩဝါဒစာ ၁၁:၂၅ “အဲဂုတၱဳျပည္၏ စည္းစိမ္ထက္ ခရစ္ေတာ္ေၾကာင့္ ကဲ့ရဲ႕ျခင္းဒုကၡသည္ သာ၍ျမတ္ေသာ စည္းစိမ္ျဖစ္သည္ကို စိတ္ထင္သျဖင့္၎၊ ယုံၾကည္ျခင္းစိတ္ရွိ၍ ဖါေရာဘုရင္သမီး၏သားဟူ၍ ေခၚေဝၚျခင္း အခြင့္ကိုပယ္၏။”



အရာအားလုံး ဘုရားအလိုေတာ္အတိုင္း သင္ျဖစ္ေစခ်င္ပါလွ်င္ ခဏတာ နာက်င္မႈကို ထာဝရအက်ိဳးအတြက္ ေ႐ြးခ်ယ္ဖို႔ လိုအပ္ပါတယ္။

ဤအရာကို အားကစား လိုက္စားတဲ့ မည္သူမဆို သိရွိၾကပါတယ္။ ခ်န္ပီယံကစားပြဲတြင္ ကစားႏိုင္ဖို႔ရန္ အတြက္ ေလ့က်င့္ဖို႔လိုၿပီး ႀကိဳးစားအားထုတ္မႈ ျပဳဖို႔ ျဖစ္ပါတယ္။ ဘယ္ေခါင္းစဥ္ကိုမဆို အေပၚယံသေဘာနဲ႔ လုပ္ေဆာင္လို႔ မရပါဘူး။ တစ္စုံတစ္ခုကို ေကာင္းေသာအရာ ျဖစ္ေစခ်င္လွ်င္ ရည္ရွည္အက်ိဳးအတြက္ ခဏတာ နာက်င္မႈကို လက္ခံရပါမည္။


၎သည္ အားကစား အမ်ိဴးအစားအတြက္ မွန္ကန္႐ုံမကပါဘူး။ ဘ႑ာေရးႏွင့္ ေပါင္းသင္းဆက္ဆံေရး၌လည္း မွန္ကန္ပါတယ္။ ကြၽႏ္ုပ္တြင္ ေကာင္းေသာ အိမ္ေထာင္ေရးရွိပါတယ္။ သို႔ေပမဲ့ ဇနီးႏွင့္ ကြၽႏ္ုပ္တို႔ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားလုပ္ေဆာင္မႈေတြ ျပဳခဲ့ရပါတယ္။ အလြယ္တကူ ျဖစ္လာတာ မဟုတ္ပါဘူး။ အသက္တာရွိ တျခားေသာ အရာမ်ားကဲ့သို႔ပင္ သင္၏ အိမ္ေထာင္ေရး ခိုင္ၿမဲေစရန္ သင္ႀကိဳးစားရေပမည္


ဤရလဒ္ေတြသည္ သင့္အသက္တာတြင္ ဘာေၾကာင့္ အေရးႀကီးပါသနည္း။


ဘာျဖစ္လို႔လဲဆိုေတာ့ အသက္တာမွာ ျပသနာေတြသည္ ဆႏၵ မျပည့္ဝေအာင္ အေႏွာင့္အယွက္ ျဖစ္ေစျခင္းေၾကာင့္ ျဖစ္ပါတယ္။ လူမႈ အဖြဲ႕အစည္းေတြမွ သြန္သင္ခ်က္ေတြက “အရာရာကို ငါလိုခ်င္တယ္၊ ခုလိုခ်င္တယ္၊ အလြယ္တကူ ရယူခ်င္တယ္”။ ဘဝဆိုတာ အဲဒီလိုမ်ိဳး ျဖစ္မေနပါဘူး။

ေ႐ြးခ်ယ္မႈတစ္ခုကို ေမာေရွ ျပဳခဲ့ပါတယ္။ ေဟၿဗဲဩဝါဒစာ ၁၁:၂၅ “အဲဂုတၱဳျပည္၏ စည္းစိမ္ထက္ ခရစ္ေတာ္ေၾကာင့္ ကဲ့ရဲ႕ျခင္းဒုကၡသည္ သာ၍ျမတ္ေသာ စည္းစိမ္ျဖစ္သည္ကို စိတ္ထင္သျဖင့္၎၊ ယုံၾကည္ျခင္းစိတ္ရွိ၍ ဖါေရာဘုရင္သမီး၏သားဟူ၍ ေခၚေဝၚျခင္း အခြင့္ကိုပယ္၏။”


ဤက်မ္းပိုဒ္အားျဖင့္ ေမာေရွသည္ မတရားမႈကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ မွန္ကန္ေသာ အရာလုပ္ေဆာင္ျခင္း၏ ရည္ရွည္အက်ိဳးအတြက္ ခဏတာ နာက်င္မႈကို သူႀကံ့ႀကံ့ခံခဲ့ပါတယ္။


သင္၏ အသက္တာတြင္လည္း နာက်င္မႈေတြကို ေတြ႕ႀကဳံရေပမည္။ သို႔ေပမဲ့ ယခုအခ်ိန္တြင္ ခက္ခဲေသာအရာကို လုပ္ေဆာင္ဖို႔ ေ႐ြးခ်ယ္ၿပီး အားစိုက္ျခင္း ၊ ရင့္က်က္ဖို႔ ၊ ႀကီးထြားဖို႔ ၊ ခိုင္မာဖို႔ရန္ ေလ့လာဖို႔ရန္ နာခံတဲ့အခါအမွာ လာမည့္ အသက္တာတြင္ ၎အရာေတြအားလုံးတို႔မွ အက်ိဳးရလဒ္ကို သင္ရရွိပါမည္။

ေမာေရွျပဳသကဲ့သို႔ ခဏတာနာက်င္မႈကို ေ႐ြးခ်ယ္တဲ့အခါမွာ သင့္အား ဘုရားသခင္ ပို႔ေဆာင္လမ္းျပမႈကို ျမင္ရမည္ျဖစ္ၿပီး ထာဝရအက်ိဳး၏ အသီးအပြင့္တို႔ကို ခံစားရႏိုင္ေပမည္။


ဆင္ျခင္ရန္

- ထာဝရရႈေဒါင့္အျမင္အတြက္ ယခုတြင္ သင္မည္သို႔ေသာ ခဏတာနာက်င္မႈေတြကို ရင္ဆိုင္ေနရသနည္း။

- သင္၏တာေဝးေျပးလမ္းတြင္ ခက္ခဲေသာ ဆုံးျဖတ္ခ်က္ (သို႔) ခက္ခဲေသာ အလုပ္ေတြက သင့္အား အက်ိဳးရွိတယ္လို႔ မည္သို႔ျမင္ပါသနည္း။

- ခက္ခဲတဲ့အရာကို ယခုေ႐ြးခ်ယ္တဲ့အခါမွာ သခင္ခရစ္ေတာ္ႏွင့္ မည္ကဲ့သို႔ ပိုတူလာပါသနည္း။