Unicode Version
သင်၏ စကားလုံးများကို အမြော်အမြင်ရှိစေပါ။
ရှင်ယာကုပ်ဩဝါဒစာ ၃:၅-၆ “ထိုနည်းတူ၊ လျှာသည်ငယ်သော အင်္ဂါဖြစ်သော်လည်း
အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သာ မီးသည်ညှိနိုင်သည်ကို
ကြည့်ပါလော့။ လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။
ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်းရှို့တတ်၏။
မိမိသည်လည်း ငရဲမီးရှို့ ခြင်းကိုခံလျက်ရှိ၏။”
မိမိကိုယ်ကို
ချုပ်တီးလို့ မရတဲ့အချိန်မှာ ပြသနာအမျိုးမျိုးကြုံတွေ့ရတတ်ပါတယ်။ သင်၏ အသက်တာ၌ ထိန်းချုပ်မရသော
အရာမှန်သမျှတို့သည် သင့်အသက်တာရှိ တခြားသူများကို ထိခိုက်စေနိုင်သလို ရင်းနှီးသော သူတို့နှင့်
ပေါင်းသင်းဆက်ဆံရေး ပျက်ပြယ်သွားစေနိုင်ပါသည်။ ထိန်းချုပ်မရတဲ့ ဒေါသ ၊ တပ်မက်မှု
၊ စွဲလမ်းမှု ၊ သုံးစွဲခြင်း ၊ အရက်သေစာ သောက်သုံးခြင်း (သို့) ရည်မှန်းချုက်တို့သည်
ကြီးမားသော ပြသနာတွေကို ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ပေမဲ့ ပေါင်းသင်းဆက်ဆံရေးကို
အကြီးမားဆုံး ပျက်စီးသွားစေတာက ထိန်းချုပ်မှု မရှိတဲ့ လျှာဖြစ်ပါတယ်။
လူတစ်ယောက်သည်
ပျမ်းမျှအားဖြင့် တစ်ရက်တွင် စကား အခွန်း ၃၀ လောက်ပြောဆိုသည်ဟု ဖတ်ခဲ့ရဖူး ပါတယ်။ ၎င်းသည်
ကူးစက်ရောဂါ မဖြစ်ခင်ကအချိန်ဖြစ်ပါတယ်။ အကယ်၍ ၎င်းသည် မှန်ကန်ပါလျှင် ကျွန်ုပ်တို့
အသက်တာ၏ ငါးပုံတစ်ပုံသည် စကားပြောခြင်းဖြင့် ကုန်ဆုံးပါသည်ဟု ဆိုလိုပါသည်။
တစ်ချိန်ချိန်တွင်
သင်၏နှုတ်အားဖြင့် ပြသနာဖြစ်လာနိုင်စရာ ရှိပါလိမ့်မည်။ မထင်မှတ်တဲ့အရာတွေက သင့်ကို
ဆန့်ကျင်နေပါတယ်။
ကြီးမားသော တောမီးလောင်ကျွမ်းမှုကို ဖြစ်စေဖို့ရန် သေးငယ်သော မီးပွားအဖြစ်
လျှာကို ရှင်ယာကုပ်က နှိုင်းယှဉ်ထားပါတယ်။ သတိမမူမိတဲ့ စကားလုံးက သင်၏ ပေါင်းသင်းဆက်ဆံရေးကို
လောင်ကျွမ်းနိုင်သလို အခိုးအငွေ့အဖြစ်သို့ ရောက်ရှိစေနိုင်ပါသည်။
နှုတ်ကြောင့် မီးရှို့မှု ဖြစ်သည်ကို သင်တွေ့ကြုံဖူးပါသလား။
သူတို့၏
စကားလုံးတွေက အန္တရာယ်ရှိပါတယ်။ စိတ်ပျက်ခြင်း ၊ စိတ်ဓါတ်ကျခြင်း ၊ စွပ်စွဲခံရခြင်း
၊ ဝေဖန်ခြင်း ၊ ထေ့ငေါ့ခြင်း ၊ ပြစ်တင်ရှုတ်ချခြင်း (သို့) တိုက်ခိုက်ခြင်း စသော စကားလုံးတို့ကို
သူတို့အသုံးပြုကြပါတယ်။
အတင်းအဖျင်းပြောခြင်းသည်
အထူးသဖြင့် ပျက်စီးစေသောကြောင့် လေထဲတွင် ပျံ့နှံ့သော ဗိုင်းရပ်စ်ကဲ့သို့ ဖြစ်ပါတယ်။
မဆင်မခြင် ပြောဆိုသော စကားလုံးတွေသည် သင်၏ အသက်မွေးဝမ်းကျောင်း ၊ မိတ်ဆွေသူ ငယ်ချင်း
နှင့် မိသားစုတွေကိုပါ ပြိုလဲပျက်စီးစေပါတယ်။
ပျက်စီးစေသော လမ်းကြောင်းကို ဉီးတည်နေမည့်အစား တခြားသူတွေအတွက် တည်ဆောက်စရာ ဖြစ်စေသော
စကားလုံးတို့ကို သင်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ တစ်ချို့အရာတွင် ဖြောင့်မတ်စွာ လုပ်ဆောင်သောသူ
တို့ကို ရှာဖွေပြီး ထိုအကြောင်းနှင့် ပတ်သက်ပြီး ပြောဆိုပါ။ ခက်ခဲသော ဆုံးဖြတ်ချက်ကို
သူတို့ပြုတဲ့အခါမှာ သူတို့၏ စရိုက်လက္ခဏာတို့ကို ရပ်တည်ပေးပါ။ အားတက်စေမည့် စကားလုံးတို့ဖြင့်
သူတို့အား ဖေးမကူညီပါ။
သင်၏
စကားလုံးများဖြင့် သူတစ်ပါးအား တည်ဆောက်စရာဖြစ်စေဖို့က မလွယ်ကူပါ။ သို့သော် ဤအရာသည်
အဆန်းမဟုတ်ပါ။
သင်၏ နှုတ်တို့ကို ထိန်းချုပ်ခြင်းဖြင့် တခြားသူတွေအတွက် တည်ဆောက်စရာဖြစ်စေခြင်းသည်
ဘုရားသခင်၏ တန်ခိုးတော်ကို မှောင်မိုက်သော ဤကမ္ဘာကြီးတွင် သင် ထင်ဟပ်လိုက်ခြင်း ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
မည်သို့သော စကားလုံးတစ်ချို့တို့ဖြင့် သူတစ်ပါးကို တည်ဆာက်စရာ ဖြစ်စေနိုင်မည်နည်း။
-
အပြစ်တင်ဝေဖန်ဖို့ သွေးဆောင်ခံရတဲ့အခါမှာ အားပေးမှု ဖြစ်စေဖို့ရန် မိမိုကိုယ်ကို သတိပေးနှိုးဆော်နိုင်မည့်
နည်းလမ်းတစ်ခုကား မည်သို့နည်း။
- အတင်းအဖျင်းပြောခြင်းသည် ဘာကြောင့်များ အစွမ်းကြီးပါသနည်း။ ၎င်းကို ရှောင်ရှားနိုင်မည့် “ထွက်ပေါက်” အစီအစဉ်တစ်ခုကို လုပ်ဆောင်လိုက်ပါ။
---------------------------------------------------------------------------
Zawgyi Version
![]() |
| Add caption |
ဆင်ခြင်ရန်