သင်က ဘုရားမဟုတ်ပါ။ ဘုရားလို ပြုမူတာတွေကို ရပ်တန့်လိုက်ပါ။ | You’re Not God—Stop Acting Like It!

 Unicode Version

သင်က ဘုရားမဟုတ်ပါ။ ဘုရားလို ပြုမူတာတွေကို ရပ်တန့်လိုက်ပါ။

ဒေသနာကျမ်း ၁၀:၁၅ “မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သောသူသည် ကြိုးစားအားထုတ် သော်လည်း၊ သူတပါးတို့ကို ပင်ပန်းစေတတ်၏။

 သင်သည် ဘုရားမဟုတ်သည့်အတွက်ကြောင့် သင်၌ ဆုတောင်းချက်အဖြေတွေ မရှိပါ။ အရာရာတိုင်းကိုလည်း မလုပ်ဆောင်နိုင်ပါ။ သင့်အသက်တာတွင် ဟန်ချက်ညီဖို့အတွက် ရှာဖွေရန် ကြိုးစားအားထုတ်နေရပါလျှင် ၎င်းခွင့်ပြုချက်များသည် အရာရာကို ပြောင်းလဲစေနိုင်သည်။

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ဒေသနာကျမ်း ၁၀:၁၅ “မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သော သူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတပါးတို့ကို ပင်ပန်းစေတတ်၏။

အလုပ်နှင့်အတူ မိမိကိုယ်ကို လုံးပါးပါးခြင်းက မိုက်မဲပါတယ်။ သင်အလုပ်ရှုပ်နေတဲ့အခါ ၊ အလုပ်များနေတဲ့ အခါတွေသည် ဘုရားသခင်နှင့် ဆော့ကစားနေခြင်းဖြစ်တယ်ဆိုတာကို သင်နားလည်ပါသလား။ ၎င်းသည် အရာအားလုံး သင့်ပေါ်မှာ မူတည်သည်ဟုပြောနေခြင်းမျိုး ဖြစ်ပါတယ်။  သင်က ကမ္ဘာကြီးကို မလည်ထားဘူး ဆိုလျှင် အရာအားလုံး ပြိုလဲသွားလိမ့်မည်ဟု ပြောနေခြင်းလည်း ဖြစ်ပါတယ်။

၎င်းသည် အမှန်တရား ဖြစ်ရုံမကပါ သင်သည် ဤကမ္ဘာလောကတစ်ခုလုံး၏ မန်နေဂျာမဟုတ်ပါဘူး။ သင် အနားယူဖို့ အချိန်ယူလျှင်သော်လည်းကောင်း ၊ အသက်တာ ဟန်ချက်ညီဖို့ အချိန်ယူလျှင်သော်လည်းကောင်း စကြာဝဌာကြီးက မပျက်စီးသွားပါဘူး။ ဘုရားသခင်၏ ထိန်းချုပ်မှု အောက်မှာ ရှိပါတယ်။

လူတိုင်းနှင့် သင့်မြတ်ဖို့ရန် ၊ စိတ်ကျေနပ်ဖို့ ကျွန်ုပ်တို့ မကြာခဏဆိုသလို ကြိုးစားနေကြပါတယ်။ ယနေ့တွင် ဤသင်ခန်းစာကို လေ့လာပါ။ လူတိုင်းကို သင် စိတ်မကျေနပ်စေနိုင်ပါ။ ဘုရားသခင်တောင် လူတိုင်းအပေါ် စိတ်ကျေနပ်အောင် မလုပ်ဆောင်နိုင်ပါ။ တစ်ယောက်က မိုးရွာစေချင်တယ်။ နောက်တစ်ယောက်က နေသာ စေချင်တယ်။ ဘုရားသခင်တောင် မလုပ်ဆောင်နိုင်တဲ့အရာက လုပ်ဆောင်ဖို့ ကြိုးစားခြင်းက အဓိပ္ပါယ်မရှိပါ။

သင်သည် သူတစ်ပါးမျှော်လင့်ချက်နှင့်အညီ အသက်ရှင်နေထိုင်တဲ့အခါ သင်၏ပခုံးထက်တွင် တန်ချိန်များစွာသော “သင့်သည်” ဆိုတဲ့အရာကို ပုံထားလိုက်ခြင်းဖြစ်ပါတယ်။ “ငါ အချိန်ပို ထပ်လုပ်သင့်တယ်” ၊ “တခြား မိဘတွေလို မျိုး နိုးကြားသွက်လက်သင့်တယ်” ၊ ဤစီမံကိန်းအတွက် စေတနာ့ဝန်ထမ်း လုပ်သင့်တယ်” လို့ သင်သင်စဉ်းစား ကောင်း စဉ်းစားပါမည်။ သို့ပေမဲ့ သင်သဘောပေါက် နားလည်ထားရမှာက - ၎င်းအရာတို့ကို လုပ်ဆောင်ဖို့ သင့်ကို ဘယ်သူမှ မတိုက်တွန်းနေပါ။  အလုပ်ဝန်ပိခြင်း တွေက သင်၏ရွေးချယ်မှုသာ ဖြစ်ပါတယ်။ အလုပ်ပို လုပ်ဆောင် ခြင်း (သို့) မလုပ်ဆောင်ခြင်းက သင်ရွေးချယ်ရမှာဖြစ်ပါတယ်။ သင်၏ရွေးချယ်မှုနှင့်အတူ အကျိုးဆက်တွေကိုပါ သင်ရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။

သင်၏ လူ့သဘောသဘာဝကို ငြင်းပယ်ပြီး အရာအားလုံးကို လုပ်ဆောင်ဖို့ ကြိုးစားတဲ့အခါ ဘုရားသခင်၏ ဘုန်းတော်ကို လုယူခြင်းပင် ဖြစ်ပါတယ်။ ၎င်းကို သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ ကောရိန္သုဒုတိယစောင် ၄ :၇ “သို့သော်လည်း တန်ခိုးတော်၏ဂုဏ်သရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာ သည်မြေအိုးထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ၏။

ကျွန်ုပ်တို့သည် လူသားများဖြစ်ကြောင်းကို တမန်တော်ရှင်ပေါလုက သတိပေးထားပါတယ်။ ကျွန်ုပ်တို့သည် အားနည်းကြပြီး ကျိုးပဲ့လွယ်ပါတယ်။ ရွံ့စေးအိုးတို့ အလွယ်တကူ ကျိုးပဲ့သလိုမျိုးပေါ့။ ၎င်းတို့ကို လွှတ်ချ လိုက်လျှင် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပါတယ်။ ရွံ့စေးအိုးတို့ကို ဂရုတစိုက်ဖြင့် သင့်လျော်သလို ကိုင်တွယ်ဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ရင်တော့ ပျက်စီးသွားပါလိမ့်မည်။

သို့ပေမဲ့ ကျွန်ုပ်တို့၏ အားနည်းချက်တွေကနေ သတင်းကောင်းတွေ ရှိပါတယ်။ ၎င်းအားနည်းချက် တို့မှတစ်ဆင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားပါတယ်။ သင်၏ သဘော သဘာဝတွေက ပုန်းကွယ်ဖို့ရန် တစ်စုံတစ်ရာ မဟုတ်ပါ။ အဲဒီအစား သင်၏ အားနည်းချက်များမှတစ်ဆင့် လုပ်ဆောင်သော ဘုရား၏ တန်းခိုးတော်ကို သင်ဂုဏ်ပြုနိုင်ပါတယ်။

ဒါကြောင့် ဤအရာကို ဝန်ခံပါ။ သင်က လူသားဖြစ်တယ်။ ၎င်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။

 ဆင်ခြင်ရန်

- မည်သည့်အရာက သင့်ကို အလုပ်ပိအောင် သွေးဆောင်လေ့ရှိပါသနည်း။

- “အရာရာတိုင်းကို သင်ကိုယ်တိုင်လုပ်ရန် ကြိုးစားသောအခါ ဘုရား၏ ဘုန်းတန်ခိုးအာနုဘော်ကို လုယူခြင်း ဖြစ်တယ်” ဤအဆိုနှင့် ပတ်သက်၍ သင်၏တုံ့ပြန်မှုကို သုံးသပ်ကြည့်ပါ။

- အလွန်အကျွံ လုပ်ဆောင်ခြင်းသည် ဆိုးဝါးတဲ့ အလုပ်ကျင့်ဝတ်ကို မည်ကဲ့သို့ ဉီးတည်စေနိုင်ပါသနည်း။

 

-------------------------------------------------------------------------


Zawgyi Version

သင္က ဘုရားမဟုတ္ပါ။ ဘုရားလို ျပဳမူတာေတြကို ရပ္တန႔္လိုက္ပါ။

ေဒသနာက်မ္း ၁၀:၁၅ “ၿမိဳ႕သို႔သြာေသာလမ္းကို မသိေသာသူကဲ့သို႔ မိုက္ေသာသူသည္ ႀကိဳးစားအားထုတ္ ေသာ္လည္း၊ သူတပါးတို႔ကို ပင္ပန္းေစတတ္၏။”

Add caption

သင္သည္ ဘုရားမဟုတ္သည့္အတြက္ေၾကာင့္ သင္၌ ဆုေတာင္းခ်က္အေျဖေတြ မရွိပါ။ အရာရာတိုင္းကိုလည္း မလုပ္ေဆာင္ႏိုင္ပါ။ သင့္အသက္တာတြင္ ဟန္ခ်က္ညီဖို႔အတြက္ ရွာေဖြရန္ ႀကိဳးစားအားထုတ္ေနရပါလွ်င္ ၎ခြင့္ျပဳခ်က္မ်ားသည္ အရာရာကို ေျပာင္းလဲေစႏိုင္သည္။ 

သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ ေဒသနာက်မ္း ၁၀:၁၅ “ၿမိဳ႕သို႔သြာေသာလမ္းကို မသိေသာသူကဲ့သို႔ မိုက္ေသာ သူသည္ ႀကိဳးစားအားထုတ္ေသာ္လည္း၊ သူတပါးတို႔ကို ပင္ပန္းေစတတ္၏။”

အလုပ္ႏွင့္အတူ မိမိကိုယ္ကို လုံးပါးပါးျခင္းက မိုက္မဲပါတယ္။ သင္အလုပ္ရႈပ္ေနတဲ့အခါ ၊ အလုပ္မ်ားေနတဲ့ အခါေတြသည္ ဘုရားသခင္ႏွင့္ ေဆာ့ကစားေနျခင္းျဖစ္တယ္ဆိုတာကို သင္နားလည္ပါသလား။ ၎သည္ အရာအားလုံး သင့္ေပၚမွာ မူတည္သည္ဟုေျပာေနျခင္းမ်ိဳး ျဖစ္ပါတယ္။  သင္က ကမာၻႀကီးကို မလည္ထားဘူး ဆိုလွ်င္ အရာအားလုံး ၿပိဳလဲသြားလိမ့္မည္ဟု ေျပာေနျခင္းလည္း ျဖစ္ပါတယ္။

၎သည္ အမွန္တရား ျဖစ္႐ုံမကပါ သင္သည္ ဤကမာၻေလာကတစ္ခုလုံး၏ မန္ေနဂ်ာမဟုတ္ပါဘူး။ သင္ အနားယူဖို႔ အခ်ိန္ယူလွ်င္ေသာ္လည္းေကာင္း ၊ အသက္တာ ဟန္ခ်က္ညီဖို႔ အခ်ိန္ယူလွ်င္ေသာ္လည္းေကာင္း စၾကာဝဌာႀကီးက မပ်က္စီးသြားပါဘူး။ ဘုရားသခင္၏ ထိန္းခ်ဳပ္မႈ ေအာက္မွာ ရွိပါတယ္။ 

လူတိုင္းႏွင့္ သင့္ျမတ္ဖို႔ရန္ ၊ စိတ္ေက်နပ္ဖို႔ ကြၽႏ္ုပ္တို႔ မၾကာခဏဆိုသလို ႀကိဳးစားေနၾကပါတယ္။ ယေန႔တြင္ ဤသင္ခန္းစာကို ေလ့လာပါ။ လူတိုင္းကို သင္ စိတ္မေက်နပ္ေစႏိုင္ပါ။ ဘုရားသခင္ေတာင္ လူတိုင္းအေပၚ စိတ္ေက်နပ္ေအာင္ မလုပ္ေဆာင္ႏိုင္ပါ။ တစ္ေယာက္က မိုး႐ြာေစခ်င္တယ္။ ေနာက္တစ္ေယာက္က ေနသာ ေစခ်င္တယ္။ ဘုရားသခင္ေတာင္ မလုပ္ေဆာင္ႏိုင္တဲ့အရာက လုပ္ေဆာင္ဖို႔ ႀကိဳးစားျခင္းက အဓိပၸါယ္မရွိပါ။ 

သင္သည္ သူတစ္ပါးေမွ်ာ္လင့္ခ်က္ႏွင့္အညီ အသက္ရွင္ေနထိုင္တဲ့အခါ သင္၏ပခုံးထက္တြင္ တန္ခ်ိန္မ်ားစြာေသာ “သင့္သည္” ဆိုတဲ့အရာကို ပုံထားလိုက္ျခင္းျဖစ္ပါတယ္။ “ငါ အခ်ိန္ပို ထပ္လုပ္သင့္တယ္” ၊ “တျခား မိဘေတြလို မ်ိဳး ႏိုးၾကားသြက္လက္သင့္တယ္” ၊ ဤစီမံကိန္းအတြက္ ေစတနာ့ဝန္ထမ္း လုပ္သင့္တယ္” လို႔ သင္သင္စဥ္းစား ေကာင္း စဥ္းစားပါမည္။ သို႔ေပမဲ့ သင္သေဘာေပါက္ နားလည္ထားရမွာက - ၎အရာတို႔ကို လုပ္ေဆာင္ဖို႔ သင့္ကို ဘယ္သူမွ မတိုက္တြန္းေနပါ။  အလုပ္ဝန္ပိျခင္း ေတြက သင္၏ေ႐ြးခ်ယ္မႈသာ ျဖစ္ပါတယ္။ အလုပ္ပို လုပ္ေဆာင္ ျခင္း (သို႔) မလုပ္ေဆာင္ျခင္းက သင္ေ႐ြးခ်ယ္ရမွာျဖစ္ပါတယ္။ သင္၏ေ႐ြးခ်ယ္မႈႏွင့္အတူ အက်ိဳးဆက္ေတြကိုပါ သင္ေ႐ြးခ်ယ္လိုက္ျခင္း ျဖစ္ပါတယ္။

သင္၏ လူ႔သေဘာသဘာဝကို ျငင္းပယ္ၿပီး အရာအားလုံးကို လုပ္ေဆာင္ဖို႔ ႀကိဳးစားတဲ့အခါ ဘုရားသခင္၏ ဘုန္းေတာ္ကို လုယူျခင္းပင္ ျဖစ္ပါတယ္။ ၎ကို သမၼာက်မ္းစာက ေဖာ္ျပထားသည္မွာ ေကာရိႏ္သဳဒုတိယေစာင္ ၄ :၇ “သို႔ေသာ္လည္း တန္ခိုးေတာ္၏ဂုဏ္သေရသည္ ငါတို႔ႏွင့္မဆိုင္၊ ဘုရားသခင္ႏွင့္ဆိုင္မည္အေၾကာင္း၊ ထိုဘ႑ာ သည္ေျမအိုးထဲမွာ ထည့္ထားလ်က္ငါတို႔၌ရွိ၏။”

ကြၽႏ္ုပ္တို႔သည္ လူသားမ်ားျဖစ္ေၾကာင္းကို တမန္ေတာ္ရွင္ေပါလုက သတိေပးထားပါတယ္။ ကြၽႏ္ုပ္တို႔သည္ အားနည္းၾကၿပီး က်ိဳးပဲ့လြယ္ပါတယ္။ ႐ြံ႕ေစးအိုးတို႔ အလြယ္တကူ က်ိဳးပဲ့သလိုမ်ိဳးေပါ့။ ၎တို႔ကို လႊတ္ခ် လိုက္လွ်င္ အစိတ္စိတ္အႁမႊာႁမႊာ ကြဲသြားပါတယ္။ ႐ြံ႕ေစးအိုးတို႔ကို ဂ႐ုတစိုက္ျဖင့္ သင့္ေလ်ာ္သလို ကိုင္တြယ္ဖို႔ လိုပါတယ္။ အဲဒီလို မဟုတ္ရင္ေတာ့ ပ်က္စီးသြားပါလိမ့္မည္။ 

သို႔ေပမဲ့ ကြၽႏ္ုပ္တို႔၏ အားနည္းခ်က္ေတြကေန သတင္းေကာင္းေတြ ရွိပါတယ္။ ၎အားနည္းခ်က္ တို႔မွတစ္ဆင့္ ဘုရားသခင္၏ ဘုန္းေတာ္ထင္ရွားပါတယ္။ သင္၏ သေဘာ သဘာဝေတြက ပုန္းကြယ္ဖို႔ရန္ တစ္စုံတစ္ရာ မဟုတ္ပါ။ အဲဒီအစား သင္၏ အားနည္းခ်က္မ်ားမွတစ္ဆင့္ လုပ္ေဆာင္ေသာ ဘုရား၏ တန္းခိုးေတာ္ကို သင္ဂုဏ္ျပဳႏိုင္ပါတယ္။

ဒါေၾကာင့္ ဤအရာကို ဝန္ခံပါ။ သင္က လူသားျဖစ္တယ္။ ၎အတြက္ ဘုရားသခင္ကို ေက်းဇူးတင္ပါ။

ဆင္ျခင္ရန္

- မည္သည့္အရာက သင့္ကို အလုပ္ပိေအာင္ ေသြးေဆာင္ေလ့ရွိပါသနည္း။

- “အရာရာတိုင္းကို သင္ကိုယ္တိုင္လုပ္ရန္ ႀကိဳးစားေသာအခါ ဘုရား၏ ဘုန္းတန္ခိုးအာႏုေဘာ္ကို လုယူျခင္း ျဖစ္တယ္” ဤအဆိုႏွင့္ ပတ္သက္၍ သင္၏တုံ႔ျပန္မႈကို သုံးသပ္ၾကည့္ပါ။

- အလြန္အကြၽံ လုပ္ေဆာင္ျခင္းသည္ ဆိုးဝါးတဲ့ အလုပ္က်င့္ဝတ္ကို မည္ကဲ့သို႔ ဉီးတည္ေစႏိုင္ပါသနည္း။