ဘာကြောင့် သင်အမြဲတမ်း ခွင့်လွှတ်ခြင်းကို ရွေးချယ်သင့်သနည်း။ | Why You Should Always Choose Forgiveness

Unicode Version
ဘာကြောင့် သင်အမြဲတမ်း ခွင့်လွှတ်ခြင်းကို ရွေးချယ်သင့်သနည်း။
မဿဲ ၆:၁၅ “သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည်
သင်တို့၏အပြစ်ကို လွှတ်တော် မမူ။”
တစ်စုံတစ်ယောက်ကို သင်ခွင့်မလွှတ်ချင်ဘူး ၊ ဘုရားသူ့ကို ခွင့်လွှတ်တာလည်း သင်မလိုချင်ဘူးဆိုလျှင် ၎င်းသည် သင်၏အသက်တာ၌ ခါးသီးမှုနှင့် မကျေမချမ်းဖြစ်မှုတွေကိုသာ ဖြစ်ပေါ်စေပါမည်။
သင်ပြုသောအမှားအတွက် ခွင့်လွှတ်မှုကို သင်မျှော်လင့်ပြီး တစ်စုံတစ်ယောက်ကိုတော့ အပြစ်ပေးခံရဖို့ရန် အလိုရှိပါလျှင် သင့်ကိုယ်သင် စိတ်ဆင်းရဲအောင် ပြုနေခြင်းဖြစ်ပါတယ်။ သူတစ်ပါးကို နာကျင်စေတာမဟုတ်ပါ။ သင့်ကိုယ်သင်သာ နာကျင်အောင် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
သခင်ခရစ်တော် ပြောထားသည်မှာ “သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။” မဿဲ ၆:၁၅
ခွင့်လွှတ်ခြင်းတွင် သင်၏ အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ်တို့ ပါဝင်ပါတယ်။
-
ဘုရားသခင်သည် သင်၏အတိတ်ကာလတွင် သင့်အား အကြိမ်ပေါင်းများစွာ ခွင့်လွှတ်ခဲ့ပြီးဖြစ်တယ်။
-
ခွင့်လွှတ်ခြင်း ကင်းမဲ့ပါလျှင် ယနေ့တွင် သင့်ကို စိတ်ဆင်းရဲစေပါလိမ့်မည်။
-
ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို အနာဂတ်တွင် သင်လိုအပ်လာပါလိမ့်မည်။
ယောန အကြောင်းကို စဉ်းစားကြည့်ပါ။ ဘုရားသခင်၏ စီရင်ခြင်းနှင့် ပတ်သက်ပြီး နီနေဝေမြို့က လူတွေကို သူ သတိပေးပြီးနောက်တွင် ထိုလူတို့သည် နောင်တရခဲ့ပါတယ်။ ဒါကြောင့် ထိုသူတို့ကို ဘုရားသခင် ခွင့်လွှတ်ပေးခဲ့ပြီး မစီရင်တော့ပါ။ ထိုသူတို့ပေါ် ဘုရား၏ခွင့်လွှတ်ခြင်းက ယောနကို ခါးသီးစေပြီး စိတ်ပျက်သွားစေခဲ့ပါတယ်။
သို့ပေမဲ့ ဘုရားသခင်ထံမှာ ထွက်ပြေးသွားသော ကနဉီး ယောနအကြောင်းကို သတိရလိုက်ပါ။ သူ၏ မနာခံခြင်း အတွက်ဖြစ်ပေါ်လာတဲ့ အပြစ်ကို ဘုရားသခင် ခွင့်လွှတ်ပေးဖို့ရန် အလိုတော်ရှိခဲ့တယ်။ သို့ပေမဲ့ နိနေဝေက သူတွေကို တော့ ဘုရားသခင် ခွင့်လွှတ်ပေးမှာကိုတော့ မလိုလားခဲ့ပါဘူး။
ဒါကြောင့် ယောန ဆုတောင်းခဲ့ပါတယ်။ ယေနဝတ္တု ၄:၂-၃ “ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ၏။”
ယောန၏ မကျေမချမ်းဖြစ်မှုက သူ့ကို နာကျင်စေခဲ့ပါတယ်။ ယောနသည် မိမိကိုယ်ကို သနားသောစိတ် ရှိနေစဉ် တွင် နီနေဝေမြို့သားတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ ဝမ်းမြောက်နေခဲ့ကြပါတယ်။
သင့်ကို အတိတ်တုန်းက နာကျင်အောင် လုပ်ခဲ့ဖူးတဲ့သူကို ခွင့်လွှတ်ခြင်းက အလွန်အရေးကြီးပါတယ်။ သင်၏အပြစ်တို့ကို ဘုရားသခင် ခွင့်လွှတ်တော်မူသည့်အတွက် သင့်အပေါ်မှားယွင်းမှုပြုသော သူတစ်ဉီးဉီးကို လည်း ခွင့်လွှတ်ပါ။ အနာဂတ်ကာလတွင်လည်း သင့်အား ခွင့်လွှတ်ပေးမည်ဟု ဘုရားကတိပြုခဲ့ပါတယ်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၁:၉ “ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။”
ဆင်ခြင်ရန်
-
ခွင့်မလွှတ်နိုင်ခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းတွေက သင့်အပေါ်မည်သို့ သက်ရောက်ပါသနည်း
(သို့) တခြားသူတွေဆီကိုလည်း ၎င်းအကျင့်စရိုက်တို့ သက်ရောက်မှုရှိတယ်လို့ သင်မည်သို့
မြင်ပါသနည်း။
-
သင့်အသက်တာတွင် သင့်အား အများဆုံး ထိခိုက်နာကျင်စေခဲ့သောသူ တစ်ဉီးကို ခွင့်လွှတ်ဖို့ရန်
အကြီးမားဆုံးသော အခက်အခဲ ၊ စိန်ခေါ်မှုက မည်သို့နည်း။
ထိုအတားအဆီးကို သင်မည်သို့ ကျော်လွှားနိုင်
ပါမည်နည်း။
-
ခဏလေးအချိန်ယူလျက် မည်သူ့ကို ယနေ့တွင် သင်ခွင့်လွှတ်ဖို့ရန် လိုအပ်နေသလဲဆိုတာကို စဉ်းစားကြည့်လိုက်ပါ။
ဒီလိုဆိုရင် သင်ဤအဆင့်ကို လုပ်ဆောင်ဖို့ ဆန္ဒရှိပါသလား။
------------------------------------------------------------------------------
Zawgyi Version
ဘာေၾကာင့္ သင္အၿမဲတမ္း ခြင့္လႊတ္ျခင္းကို ေ႐ြးခ်ယ္သင့္သနည္း။
မႆဲ ၆:၁၅ “သင္တို႔သည္ သူတပါးတို႔၏အျပစ္ကိုမလႊတ္လွ်င္၊ သင္တို႔အဘသည္ သင္တို႔၏အျပစ္ကို လႊတ္ေတာ္ မမူ။”
![]() |
| Add caption |
တစ္စုံတစ္ေယာက္ကို သင္ခြင့္မလႊတ္ခ်င္ဘူး ၊ ဘုရားသူ႔ကို ခြင့္လႊတ္တာလည္း သင္မလိုခ်င္ဘူးဆိုလွ်င္ ၎သည္ သင္၏အသက္တာ၌ ခါးသီးမႈႏွင့္ မေက်မခ်မ္းျဖစ္မႈေတြကိုသာ ျဖစ္ေပၚေစပါမည္။
သင္ျပဳေသာအမွားအတြက္ ခြင့္လႊတ္မႈကို သင္ေမွ်ာ္လင့္ၿပီး တစ္စုံတစ္ေယာက္ကိုေတာ့ အျပစ္ေပးခံရဖို႔ရန္ အလိုရွိပါလွ်င္ သင့္ကိုယ္သင္ စိတ္ဆင္းရဲေအာင္ ျပဳေနျခင္းျဖစ္ပါတယ္။ သူတစ္ပါးကို နာက်င္ေစတာမဟုတ္ပါ။ သင့္ကိုယ္သင္သာ နာက်င္ေအာင္ လုပ္ေဆာင္ေနျခင္း ျဖစ္ပါတယ္။
သခင္ခရစ္ေတာ္ ေျပာထားသည္မွာ “သင္တို႔သည္ သူတပါးတို႔၏အျပစ္ကိုမလႊတ္လွ်င္၊ သင္တို႔အဘသည္ သင္တို႔၏အျပစ္ကို လႊတ္ေတာ္ မမူ။” မႆဲ ၆:၁၅
ခြင့္လႊတ္ျခင္းတြင္ သင္၏ အတိတ္ ၊ ပစၥဳပၸန္ ၊ အနာဂတ္တို႔ ပါဝင္ပါတယ္။
- ဘုရားသခင္သည္ သင္၏အတိတ္ကာလတြင္ သင့္အား အႀကိမ္ေပါင္းမ်ားစြာ ခြင့္လႊတ္ခဲ့ၿပီးျဖစ္တယ္။
- ခြင့္လႊတ္ျခင္း ကင္းမဲ့ပါလွ်င္ ယေန႔တြင္ သင့္ကို စိတ္ဆင္းရဲေစပါလိမ့္မည္။
- ဘုရားသခင္၏ ခြင့္လႊတ္ျခင္းကို အနာဂတ္တြင္ သင္လိုအပ္လာပါလိမ့္မည္။
ေယာန အေၾကာင္းကို စဥ္းစားၾကည့္ပါ။ ဘုရားသခင္၏ စီရင္ျခင္းႏွင့္ ပတ္သက္ၿပီး နီေနေဝၿမိဳ႕က လူေတြကို သူ သတိေပးၿပီးေနာက္တြင္ ထိုလူတို႔သည္ ေနာင္တရခဲ့ပါတယ္။ ဒါေၾကာင့္ ထိုသူတို႔ကို ဘုရားသခင္ ခြင့္လႊတ္ေပးခဲ့ၿပီး မစီရင္ေတာ့ပါ။ ထိုသူတို႔ေပၚ ဘုရား၏ခြင့္လႊတ္ျခင္းက ေယာနကို ခါးသီးေစၿပီး စိတ္ပ်က္သြားေစခဲ့ပါတယ္။
သို႔ေပမဲ့ ဘုရားသခင္ထံမွာ ထြက္ေျပးသြားေသာ ကနဉီး ေယာနအေၾကာင္းကို သတိရလိုက္ပါ။ သူ၏ မနာခံျခင္း အတြက္ျဖစ္ေပၚလာတဲ့ အျပစ္ကို ဘုရားသခင္ ခြင့္လႊတ္ေပးဖို႔ရန္ အလိုေတာ္ရွိခဲ့တယ္။ သို႔ေပမဲ့ နိေနေဝက သူေတြကို ေတာ့ ဘုရားသခင္ ခြင့္လႊတ္ေပးမွာကိုေတာ့ မလိုလားခဲ့ပါဘူး။
ဒါေၾကာင့္ ေယာန ဆုေတာင္းခဲ့ပါတယ္။ ေယနဝတၱဳ ၄:၂-၃ “ကိုယ္ေတာ္သည္ သနားစုံမက္တတ္ေသာ ဘုရား ျဖစ္၍ စိတ္ရွည္ေသာသေဘာ၊ ေက်းဇူးျပဳခ်င္ေသာသေဘာ၊ အျပစ္ဒဏ္ေပးမည့္အမႈကို ေနာင္တရတတ္ေသာ သေဘာရွိေတာ္မူေၾကာင္းကို အကြၽႏ္ုပ္သိပါ၏။ သို႔ျဖစ္၍၊ အိုထာဝရဘုရား၊ အကြၽႏ္ုပ္အသက္ကို ႏႈတ္ယူေတာ္မူပါ။ အကြၽႏ္ုပ္အသက္ရွင္ျခင္းထက္ ေသျခင္းသည္ သာ၍ေကာင္းပါသည္ဟု ေတာင္းေလွ်ာက္ေလ၏။”
ေယာန၏ မေက်မခ်မ္းျဖစ္မႈက သူ႔ကို နာက်င္ေစခဲ့ပါတယ္။ ေယာနသည္ မိမိကိုယ္ကို သနားေသာစိတ္ ရွိေနစဥ္ တြင္ နီေနေဝၿမိဳ႕သားတို႔သည္ ဘုရားသခင္၏ ေက်းဇူးေတာ္၌ ဝမ္းေျမာက္ေနခဲ့ၾကပါတယ္။
သင့္ကို အတိတ္တုန္းက နာက်င္ေအာင္ လုပ္ခဲ့ဖူးတဲ့သူကို ခြင့္လႊတ္ျခင္းက အလြန္အေရးႀကီးပါတယ္။ သင္၏အျပစ္တို႔ကို ဘုရားသခင္ ခြင့္လႊတ္ေတာ္မူသည့္အတြက္ သင့္အေပၚမွားယြင္းမႈျပဳေသာ သူတစ္ဉီးဉီးကို လည္း ခြင့္လႊတ္ပါ။ အနာဂတ္ကာလတြင္လည္း သင့္အား ခြင့္လႊတ္ေပးမည္ဟု ဘုရားကတိျပဳခဲ့ပါတယ္။
ရွင္ေယာဟန္ဩဝါဒစာ ပဌမေစာင္ ၁:၉ “ကိုယ္အျပစ္တို႔ကို ေဘာ္ျပေတာင္းပန္လွ်င္၊ ငါတို႔အျပစ္မ်ားကိုလႊတ္၍ ဒုစ႐ိုက္ရွိသမွ်ႏွင့္ ကင္းစင္ေစျခင္းငွါ ဘုရားသခင္သည္ သစၥာတရားႏွင့္၎၊ ေျဖာင့္မတ္ျခင္းတရားႏွင့္၎ ျပည့္စုံေတာ္မူ၏။”
ဆင္ျခင္ရန္
- ခြင့္မလႊတ္ႏိုင္ျခင္းႏွင့္ မေက်မနပ္ျဖစ္ျခင္းေတြက သင့္အေပၚမည္သို႔ သက္ေရာက္ပါသနည္း (သို႔) တျခားသူေတြဆီကိုလည္း ၎အက်င့္စ႐ိုက္တို႔ သက္ေရာက္မႈရွိတယ္လို႔ သင္မည္သို႔ ျမင္ပါသနည္း။
- သင့္အသက္တာတြင္ သင့္အား အမ်ားဆုံး ထိခိုက္နာက်င္ေစခဲ့ေသာသူ တစ္ဉီးကို ခြင့္လႊတ္ဖို႔ရန္ အႀကီးမားဆုံးေသာ အခက္အခဲ ၊ စိန္ေခၚမႈက မည္သို႔နည္း။ ထိုအတားအဆီးကို သင္မည္သို႔ ေက်ာ္လႊားႏိုင္ ပါမည္နည္း။
- ခဏေလးအခ်ိန္ယူလ်က္ မည္သူ႔ကို ယေန႔တြင္ သင္ခြင့္လႊတ္ဖို႔ရန္ လိုအပ္ေနသလဲဆိုတာကို စဥ္းစားၾကည့္လိုက္ပါ။ ဒီလိုဆိုရင္ သင္ဤအဆင့္ကို လုပ္ေဆာင္ဖို႔ ဆႏၵရွိပါသလား။