ဘုရားသခင်အား ထိန်းချုပ်ဖို့ရန် ကျွန်ုပ်ဘာကြောင့် ခွင့်မပြုရနိုင်မှာလဲ။ | Why Won’t I Let God Take Control?
ဘုရားသခင်အား ထိန်းချုပ်ဖို့ရန် ကျွန်ုပ်ဘာကြောင့် ခွင့်မပြုရနိုင်မှာလဲ။
ရောမ ၆:၁၂-၁၃ “ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့
လိုက်ရသည် တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။ သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက်
ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား
ကိုယ်ကိုကိုယ်ဆက်ကြလော့။”

နေ့စဉ်နေ့တိုင်း တစ်စုံတစ်ခုအားဖြင့် ထိန်းချုပ်ခံနေရပါတယ်။ သင်၏ အတ္တမာန (သို့)တခြားသူတွေ၏ မျှော်လင့်ချက်တွေက သင့်ကို ထိန်းချုပ်ကောင်း ထိန်းချုပ်ပေမည်။ ကြောက်ရွံ့ခြင်း ၊ မိမိကိုယ်ကို အပြစ်ရှိခြင်း ၊ မကျေမနပ်ဖြစ်ခြင်း (သို့) မုန်းတီးခြင်းတွေဖြင့် ထိန်းချုပ်ခံနေရပါလိမ့်မည်။ အကျင့်တစ်ခု (သို့) အရာဝတ္တုတစ် ခုခုဖြင့် သင်ထိန်းချုပ်ခံရနိုင်သည်။ နေ့စဉ်နေ့တိုင်း တစ်စုံတစ်ခုအားဖြင့် သင်ထိန်းချုပ်ခံ နေရပါတယ်။
မည်သည့်အရာက သင့်ကို ထိန်းချုပ်ဖို့ သင်ရွေးချယ်တဲ့အခါမှာ လွတ်လပ်မှုကို ရရှိစေပါတယ်။ သင်၏အသက် တာတွင် ဘုရားသခင်က နံပါတ် (၁) နေရာတွင် မရှိပဲ တခြားသော အရာတစ်ခုခုရှိနေပါလျှင် ၎င်းသည် သင့်ကို အပျက်သဘောဖြင့် ထိန်းချုပ်သွားပါလိမ့်မည်။ သခင်ခရစ်တော် သင်၏အသက်တာကို ထိန်းချုပ်မှု ရရှိတဲ့အချိန် မှာ သင့်အား မှန်ကန်သော လမ်းညွှန်မှုကို အမြဲတမ်းလှုံ့ဆော်ပေးနေမည်။
ရောမ ၆:၁၂-၁၃ “ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့ လိုက်ရသည် တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။ ၁၃သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။”
သခင်ခရစ်တော်အား ထိန်းချုပ်ခွင့်ပြုဖို့ရန် ဤရွေးချယ်မှုများ၏ အဆင့်များက မည်သို့ဖြစ်မည်နည်း။
- ဘုရားသခင်အား သင် ကစားဖို့ရန်
ကြိုးစားနေသည်ကို
ဝန်ခံပါ။
- သင့်ကိုယ်သင် မပြောင်းလဲနိုင်ကြောင်း ဝန်ခံပါ။
- သင့်အား ပြောင်းလဲဖို့ရန် ဘုရားသခင်အား နှိမ့်ချစွာ တောင်းခံပါ။
- သင့်အသက်တာတွင် ပြောင်းလဲဖို့ရန် လိုအပ်သောအရာနှင့် ပတ်သက်ပြီး
တစ်စုံတစ်ယောက်အား ရိုးသားပါ။
- သခင်ခရစ်တော်အား သင့်အသက်တာ၏ ပိုင်ရှင်အဖြစ် အပ်နှံပါ။
သင် အမှန်တကယ် ပြောင်းလဲချင်ပါသလား။ “ကျရှုံးခြင်း နှင့် ကြိုးစားခြင်းတွေအတွက် ငါပင်ပန်းနေပြီ” လို့ သင်ပြောကောင်းပြောပါမည်။ ကြိုးစားနေရတာတွေကို ရပ်တန့်ပစ်လိုက်ပါ။ အဲဒီအစား စတင်ပြီး ယုံကြည်လိုက်ပါ။ ဘုရားသခင်သည် သူ့အား သင်မှီခိုအားထားခြင်း (သို့) သင့်ကိုယ်သင် မှီခိုခြင်းတို့ကို ရွေးချယ်ခွင့် ပေးထားပါတယ်။ ရလဒ်ကတော့ လွတ်လပ်မှု (သို့) စိတ်ပျက်ဖွယ်ရာ တစ်ခုခုဖြစ်ပါတယ်။
သခင်ခရစ်တော်ထံ ဘာကြောင့် အားလုံး မပေးအပ်သနည်း။ သင်ဘာကို ဆုံးရှုံးဖို့ ရှိပါသနည်း။
ဆင်ခြင်ရန်
-
သင်၏ အသက်တာကို ဘုရားသခင်ထံ အပ်နှံလိုစိတ် ရှိခြင်းက မည်သည့် စရိုက်လက္ခဏာ (သို့) အခြေအနေပေါ်
သက်ရောက်စေပါသနည်း။
-
မည်သည့် နည်းလမ်းဖြင့် ဘုရားသခင်အား ဆော့ကစားဖို့ရန် သင်ကြိုးစားနေပါသနည်း။
-
သင့်ကိုယ်သင် ဘုရားသခင်ထံ အလုံးစုံ အပ်နှံခြင်းက မည်သို့သော အဓိပ္ပါယ်လို့ သင်ထင်မြင်ပါသနည်း။
