ဘုရား၏ အကြံအစည်နှင့် သင်၏ အကြံအစည်တို့ မကိုက်ညီသည့်အခါ | When Your Plans and God’s Plans Don’t Match
ဘုရား၏ အကြံအစည်နှင့်
သင်၏ အကြံအစည်တို့ မကိုက်ညီသည့်အခါ
ဟေရှယအနာဂတ္တိကျမ်း ၅၅:၈ “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံ အစည်သည်
သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။”
အသက်တာသည် နှောင့်ယှက်မှုတွေများစွာဖြင့် ပြည့်နှက်နေပါတယ်။ တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့တွင် အသက်မွေး ဝမ်းကျောင်းတစ်ခုအတွက် ၊ မိသားစု (သို့) သာသာနာအတွက် ကြီးမားတဲ့ အကြံအစည် ရှိကြပါတယ်။ သို့ပေမဲ့ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အသက်တာကို ကွဲပြားခြားနားသော လမ်းညွှန်ချက်တွေဖြင့် ပို့ဆောင်ပါတယ်။
ကျွန်ုပ်တို့၏ အကြံအစည်နှင့် ဘုရားသခင်၏ အကြံအစည်တို့ မတူညီသည့်အခါတွင် ကျွန်ုပ်တို့သည် မကြာခဏ ဆိုသလို တံခါးချပ်တွေကို ပြိုလဲဖို့ရန် ကန်ထုတ်ခြင်းကို ကြိုးစားကြပါတယ်။ အဲဒီနောက် အရာရာကို အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။
ယောနကို ကြည့်လိုက်ပါ။ သူ၏အကြံအစည်နှင့် ဘုရား၏ အကြံအစည်တို့ မကိုက်ညီတဲ့အခါမှာ သူဘယ်လို ခက်ခဲတဲ့ နည်းလမ်းတွေဖြင့် တုံ့ပြန်ဖို့ရန် လေ့လာခဲ့ပါသနည်း။ နိနေဝေက လူတွေ သူတို့၏ ဆိုးယုတ်သော နည်းလမ်းတွေကနေ နောင်တရဖို့ရန် လိုအပ်ကြောင်းကို သတိပေးဖို့ရန် ယောနအား ဘုရားသခင် ပြောခဲ့ပါတယ်။ သို့ပေမဲ့ ယောနသည် ဘုရားသခင်ထံမှ ထွက်ပြေးခဲ့ပြီး ငါးကြီး၏ ဗိုက်ထဲတွင် ပြီးဆုံးစေခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်က သူ့အား ကယ်မပေးခဲ့ရပါတယ်။
ပြီးနောက် ယောနသည် ဘုရားသခင် ပြောသောအရာတို့ကို လုပ်ဆောင်ပါတော့တယ်။ သို့ပေမဲ့ နိနေဝေက လူတွေ နောင်တရတဲ့အခါမှာ သူတို့ကို ဘုရားသခင် မစီရင်တဲ့အတွက် ပရောဖက်ယောနသည် အင်မတန် စိတ်ပျက်ခဲ့ ပါတယ်။
ဒါကြောင့် ယောနအား ဘုရားသခင်က ကန့်ကွက်သော
သင်ခန်းစာ ပေးခဲ့ပါတယ်။ ယောနအား အရိပ်အာဝါသ ပေးနိုင်တဲ့ အပင်ကို ဘုရားသခင် ကြီးထွားစေခဲ့ပါတယ်။
ပြီးတော့ ပိုးကောင်းအား ၎င်းအပင်ကို ကိုက်ဖြတ် ပျက်စီးဖို့ စေလွှတ်ခဲ့တယ်။ နောက်နေ့တွင်
ယောန၏ ခေါင်းထက်သို့ နေရောင်ခြည် ကျရောက်တဲ့အခါမှာ ယောနသည် သူ၏ မကျေမချမ်းဖြစ်မှုတွေကို
ဘုရားသခင်ထံ ဖော်ပြပါတော့သည်။
ဘုရားသခင်၏ အစီအစဉ်များသည် ကျွန်ုပ်တို့နှင့် ကွဲပြားခြားနားသည့်အခါ ယောနအား သတိပေးဖို့ရန် ဖော်ပြသော သမ္မာတရား ၄ မျိုးနည်းတူ ကျွန်ုပ်တို့လည်း မှတ်သားဖို့ရန် ဖြစ်ပါတယ်။
(၁) ဘုရားသခင်သည် သင်မမြင်နိုင်သော အရာတို့ကို မြင်နိုင်ပါသည်။
တစ်ချိန်တည်းတွင်
ဘုရားသခင်သည် ပစ္စုပ္ပန် ၊ အတိတ် နှင့်အနာဂတ်တို့ကို မြင်နိုင်ပါသည်။ သူအချိန်ကို ဖန်ဆင်းတဲ့အတွက်ကြောင့်
အချိန်သည် ဘုရားအတွက် အကြောင်းကိစ္စမဟုတ်ပါ။
(၂) သင် စိတ်ဖောက်ပြန်နိုင်သော ၊ စိတ်မချရနိုင်သော အချိန်တွင်ပင်လျှင် ဘုရားသခင် သင့်အပေါ် ကောင်းမြတ် ပါတယ်။
သင်သည်
ဘုရားသခင်နှင့် ဆန့်ကျင်ဘက်လားရာတွင် ရှိကောင်းရှိနေနိုင်ပေမဲ့လည်း ဘုရားသခင်သည် သင့်အား
သူ၏အရိပ်ဖြင့် ဖုံးအုပ်စဲဖြစ်ပါတယ်။ သင့်အား နှစ်သိမ့်မှုဆိုင်ရာတို့ကို ဂရုစိုက်ပေးသော
ဘုရားဖြစ်တယ်။ သင်ချစ်ခြင်းမေတ္တာ မခံစားရတဲ့အခါမှာတောင် သူချစ်နေပါတယ်။
(၃) သင့်အသက်တာ၏ အသေးစိတ်တိုင်းကို ဘုရားသခင် ထိန်းချုပ်ထားပါတယ်။
သင်၏
အကြံအစည်တို့သည် မကျရှုံးပါ။ သင့်အသက်တာရှိ အရာရာတိုင်းအတွက် ရည်ရွယ်ချက်တွေ ဘုရားမှာ
ရှိပါတယ်။ ငါးကြီးတစ်ကောင်း နှင့် ပိုးကောင် တို့ကို အသက်တာ လမ်းညွှန်မှုပြုဖို့ရန်အတွက်
ဘုရားသခင် အသုံးပြုခဲ့ခြင်းကို ယောနအားဖြင့် ဖော်ပြခဲ့ပါတယ်။ ၎င်းအရာအားလုံးကို ဘုရားထိန်းချုပ်ပါတယ်။
(၄) တည်မြဲတဲ့အရာတွေပေါ်တွင် သင်အာရုံပြုဖို့ရန် ဘုရားအလိုတော်ရှိပါတယ်။
သင်စိုးရိမ်ရသော
အရာအများစုတို့သည် မနက်ဖြန်တိုင်အောင် ရှိမနေနိုင်ပါ။ နိနေဝေမြို့ကလူတွေကို ကယ်တင်ဖို့
ရန်နှင့် ပတ်သက်ပြီး ယောနအား ဘုရားပြုစေချင်သည်။ နောက်နေ့မှာ ပျက်စီးသွားမဲ့အပင်ကို
အသုံးပြုချင်တာ မဟုတ်ပါ။ ယောနကို အသုံးပြုချင်တာဖြစ်တယ်။ အဲဒီအရာထက် ဘုရားသခင်၏ နှုတ်ကပတ်
တော်တို့ကို သင်၏ စိတ်နှလုံးထဲတွင် သိုမှီးဖို့ရန် အာရုံစိုက်ပြီး လူတွေကို ဘုရားသခင်၏
မိသားစုဝင်အဖြစ် ခေါ်ဆောင်ပါ။
သင်ဖြစ်စေလိုတဲ့ နည်းလမ်းတွေအတိုင်း သင်၏အကြံအစည် မဖြစ်မြောက်ခြင်းသည် အဆင့်တိုင်းတို့တွင် ဘုရား သခင် အတွင်းကျကျ မပါဝင်ခြင်းဟု မဆိုလိုပါ။ သင်၏ ပျက်စီးသွားသော အကြံအစည်တွင် ဘုရားသခင် ကူညီဖို့ရန် တောင်းလျှောက်ပါ။ ပြီးတော့ သင့်အား ဖော်ပြသော ဘုရား၏ ကောင်းမြတ်ခြင်းတို့ကို ယုံကြည်လိုက် ပါ။
ဆင်ခြင်ရန်
-
ဘုရားသခင်၏ အကြံအစည်နှင့် သင်၏ အကြံအစည်တို့ မကိုက်ညီတဲ့ အချိန်ကို ဖော်ပြပါ။ မည်ကဲ့သို့
ဖြစ်လာခဲ့ပါသနည်း။
-
ယနေ့ဖော်ပြသော သမ္မာတရား (၄) မျိုးကို ကြည့်တဲ့အခါ ဘုရားလုပ်ဆောင်နေတဲ့အရာတွေနဲ့ သင်ကြုံတွေ့ရချိန်
တွင် သတိရဖို့ရန် လိုအပ်သည့်အရာကား အဘယ်နည်း။ ဘာကြောင့်နည်း။
-
နိစ္စထာဝရ အရာကိုသာ စဉ်းစားနိုင်မည့် မည်သို့သော နည်းလမ်းဖြင့် သင်၏အကြံအစည်ပေါ် ဘုရား၏
အကြံအစည်ကို မည်ကဲ့သို့ အလိုက်သင့် ပြုမူနေထိုင်နိုင်ပါမည်နည်း။
-----------------------------------------------------------------------------------
Zawgyi Version
![]() |
ဆင်ခြင်ရန်