သင်မျှော်လင့်ချက်ကင်းမဲ့တယ်လို့ ခံစားရတဲ့အခါ စတင်ဆုတောင်းပါ။ | When You Feel Hopeless, Start with Prayer

Unicode Version

သင်မျှော်လင့်ချက်ကင်းမဲ့တယ်လို့ ခံစားရတဲ့အခါ စတင်ဆုတောင်းပါ။

ယေနဝတ္တု ၂:၁ “ငါး၏ဝမ်းထဲမှာနေစဉ်တွင်၊ ယောနသည် မိမိဘုရားသခင် ထာဝရဘုရားကို ဆုတောင်း သောစကားဟူမူကား၊ ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရ ဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြား တော်မူ၏။ မရဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နား ထောင်တော်မူ၏။”

အသက်တာအားဖြင့် ဝါးမျိုခြင်းမျိုး သင်ခံစားခဲ့ရဖူးပါသလား။ စိတ်ဓါတ်ကျခြင်း ၊ မကျေမချမ်းဖြစ်ခြင်း ၊ စိုးရိမ်ခြင်း (သို့) မိမိကိုယ်ကို အပြစ်ရှိခြင်း စတဲ့အရာတွေအားဖြင့်လည်ကောင်း ၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း ခံစားမှုများဖြင့် သင်ဝန်းရံခံနေရနိုင်သည်။

၎င်းပုံစံမျိုးယခု သင်ခံစားမနေရဘူးလို့ ကျွန်ုပ်မျှော်လင့်ပေမဲ့ သင်၌ တစ်စုံတစ်ရာခံစားမှုကတော့ ရှိပါလိမ့်မည်။ သင်ချစ်ရသောသူ ၊ အလုပ် (သို့) ကျန်းမာရေးကို ဆုံးရှုံးရခြင်း တွေ ဖြစ်ကောင်းဖြစ်မည်။

မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကို သင်ရင်ဆိုင်တွေ့ကြုံရတဲ့အချိန်မှာ ယောန မည်ကဲ့သို့ ပြုခဲ့သည်ကို သင်စဉ်းစားကြည့်ပါ။

ယောနသည် သူ၏အသက်တာရှိ ဘုရားသခင်ပေးသောတာဝန်ကနေ ထွက်ပြေးခဲ့ပြီးနောက်တွင် သူ့အား မျိုဖို့ရန် ငါးကြီးတစ်ကောင်းကို ဘုရားသခင် ပြင်ဆင်ခဲ့ပါတယ်။ ၎င်းငါးကြီးကို ပါဝင်စေတဲ့အခါမှာ ယောနသည် ဘုရားသခင်ထံ မျှော်ကြည့်ပါတော့သည်။

တကယ်တော့ ယောနဝတ္တု၏ ဒုတိယအခန်းကြီးတစ်ခုလုံးသည် ပင်လယ်ထဲ နှစ်မြှုပ်ကာ ငါးကြီးဝမ်းဗိုက်ထဲတွင် ရောက်ရှိချိန်တွင် ယောန ဆုတောင်းနေကြောင်းကိုဖော်ပြထားပါတယ်။ ၎င်းသည် စိတ်ဖိစီးမှု ခံစားရချိန်တွေမှာ ဘုရားသခင်ကို မျှော်ကြည့်ရန်လိုအပ်ကြောင်းကို ကျွန်ုပ်တို့အား ပေးသော သင်ခန်းစာဖြစ်ပါတယ်။

ပထမပိုင်းကျမ်းပိုဒ်တွင် ယောန ဘုရားသခင်ထံ ပြန်လှည့်ကြောင်းကို သင်တွေ့မြင်ပါလိမ့်မည်။ ယေနဝတ္တု ၂:၁ “ငါး၏ဝမ်းထဲမှာနေစဉ်တွင်၊ ယောနသည် မိမိဘုရားသခင် ထာဝရဘုရားကို ဆုတောင်း သောစကားဟူမူကား၊ …”

ဘုရားသခင်ထံ မမျှော်ကြည့်သရွေ့ အသက်တာရှိ ပြသနာတို့သည် ဘယ်တော့မှာ ပျောက်ကွယ်သွားမှာ မဟုတ်ပါ။ မာကု အခန်းကြီး ၉ တွင် သခင်ခရစ်တော်တို့၏ တပည့်တော်တို့သည် တစ်စုံတစ်ယောက်ထဲမှ နတ်ဆိုးအား နှင်ဖို့ရန် ကြိုးစားခဲ့ကြပေမဲ့ သူတို့ မနှင်နိုင်ခဲ့ပါ။ သခင်ခရစ်တော်အား ဘာကြောင့်လဲလို့ မေးမြန်းခဲ့ပါတယ်။

သခင်ခရစ်တောက ရှင်မာကုခရစ်ဝင် ၉:၂၉ “ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့ သောအားဖြင့် ထိုနတ်မျိုးသည် မထွက်နိုင်ဟု မိန့်တော်မူ၏။”

တစ်ချို့သော ပြသနာတွေက နက်ရှိုင်းစွာ အမြစ်တွယ်နေခြင်းကြောင့် အဆက်မပြတ်ဆုတောင်းခြင်းကသာ ၎င်းတို့ကို ဖြေရှင်းနိုင်ပါလိမ့်မည်။ တစ်ကြိမ်သာ ဆုတောင်းခြင်းမဟုတ်ပါ။ တစ်ကြိမ်သာ ဆုတောင်းသောအရာ သည် သင်အမှန်တကယ် ဂရုမစိုက်အလေးမထားသောအရာ ဖြစ်ပါတယ်။ သင့်အသက်တာတွင် တစ်စုံတစ်ခုကို အမှန်တကယ် တွေ့မြင်ချင်တယ်ဆိုလျှင် ထပ်ခါထပ်ခါ သင်ဆုတောင်းပါလိမ့်မည်။

ဘုရားသခင်သည်လည်း သင်အမှန်တကယ်ပင် နက်ရှိုင်းမှုဖြင့် ဆုတောင်းနေသလားဆိုတာကို မြင်ချင်ပါသည်။ သင်၏ဆုတောင်းတွေကို အဖြေပေးခြင်းထက် သင်၏ယုံကြည်မှုကို တည်ဆောက်ခြင်းအရာအား ဘုရားသခင် ပိုပြီး စိတ်ဝင်စားပါတယ်။

ယနေ့တွင် သင်မျှော်လင့်ချက် ကင်းမဲ့တယ်လို့ ခံစားနေရပါလျှင် ဘုရားသခင်ထံ မျှော်ကြည့်ပြီး ဆုတောင်းနေပါ။ ဘယ်တော့မှ အရှုံးမပေးပါနှင့်။

ဆင်ခြင်ရန်

- မျှော်လင့်ချက် ကင်းမဲ့တဲ့အခါမှာ ဆုတောင်းခြင်းကို ကျွန်ုပ်တို့၏ နောက်ဆုံး အားကိုးရာအဖြစ် ဘာကြောင့် မကြာခဏ မှတ်ယူကြပါသနည်း။

- သင်၏ အသက်တာတွင် မည်သို့သောအရာကို စိတ်အားထက်သန်စွာ ဆုတောင်းခဲ့ပါသနည်း။

- သင်မျှော်လင့်ချက်ကင်းမဲ့တဲ့အခါမှာ သင်၏အသက်တာအတွက် ဆုတောင်းခြင်းလိုအပ်နေမှုတွေ ရှိပါသလား။ ၎င်းနှင့် ပတ်သက်ပြီး အမြဲတမ်းဆုတောင်းပေးဖို့ ဘယ်သူ့ကို သင်တောင်းဆိုနိုင်ပါသနည်း။



----------------------------------------------------------------------------

Zawgyi Version

သင္ေမွ်ာ္လင့္ခ်က္ကင္းမဲ့တယ္လို႔ ခံစားရတဲ့အခါ စတင္ဆုေတာင္းပါ။
ေယနဝတၱဳ ၂:၁ “ငါး၏ဝမ္းထဲမွာေနစဥ္တြင္၊ ေယာနသည္ မိမိဘုရားသခင္ ထာဝရဘုရားကို ဆုေတာင္း ေသာစကားဟူမူကား၊ ငါသည္ ဒုကၡဆင္းရဲကို ခံရေသာေၾကာင့္၊ ထာဝရ ဘုရားကို ဟစ္ေခၚ၍ ငါ့စကားကို ၾကား ေတာ္မူ၏။ မရဏာႏိုင္ငံ၏ဝမ္းထဲက ဟစ္ေခၚေသာ စကားသံကို နား ေထာင္ေတာ္မူ၏။”

အသက္တာအားျဖင့္ ဝါးမ်ိဳျခင္းမ်ိဳး သင္ခံစားခဲ့ရဖူးပါသလား။ စိတ္ဓါတ္က်ျခင္း ၊ မေက်မခ်မ္းျဖစ္ျခင္း ၊ စိုးရိမ္ျခင္း (သို႔) မိမိကိုယ္ကို အျပစ္ရွိျခင္း စတဲ့အရာေတြအားျဖင့္လည္ေကာင္း ၊ ေမွ်ာ္လင့္ခ်က္ကင္းမဲ့ျခင္း ခံစားမႈမ်ားျဖင့္ သင္ဝန္းရံခံေနရႏိုင္သည္။ 

၎ပုံစံမ်ိဳးယခု သင္ခံစားမေနရဘူးလို႔ ကြၽႏ္ုပ္ေမွ်ာ္လင့္ေပမဲ့ သင္၌ တစ္စုံတစ္ရာခံစားမႈကေတာ့ ရွိပါလိမ့္မည္။ သင္ခ်စ္ရေသာသူ ၊ အလုပ္ (သို႔) က်န္းမာေရးကို ဆုံးရႈံးရျခင္း ေတြ ျဖစ္ေကာင္းျဖစ္မည္။
ေမွ်ာ္လင့္ခ်က္မဲ့တဲ့ အေျခအေနကို သင္ရင္ဆိုင္ေတြ႕ႀကဳံရတဲ့အခ်ိန္မွာ ေယာန မည္ကဲ့သို႔ ျပဳခဲ့သည္ကို သင္စဥ္းစားၾကည့္ပါ။

ေယာနသည္ သူ၏အသက္တာရွိ ဘုရားသခင္ေပးေသာတာဝန္ကေန ထြက္ေျပးခဲ့ၿပီးေနာက္တြင္ သူ႔အား မ်ိဳဖို႔ရန္ ငါးႀကီးတစ္ေကာင္းကို ဘုရားသခင္ ျပင္ဆင္ခဲ့ပါတယ္။ ၎ငါးႀကီးကို ပါဝင္ေစတဲ့အခါမွာ ေယာနသည္ ဘုရားသခင္ထံ ေမွ်ာ္ၾကည့္ပါေတာ့သည္။

တကယ္ေတာ့ ေယာနဝတၱဳ၏ ဒုတိယအခန္းႀကီးတစ္ခုလုံးသည္ ပင္လယ္ထဲ ႏွစ္ျမႇဳပ္ကာ ငါးႀကီးဝမ္းဗိုက္ထဲတြင္ ေရာက္ရွိခ်ိန္တြင္ ေယာန ဆုေတာင္းေနေၾကာင္းကိုေဖာ္ျပထားပါတယ္။ ၎သည္ စိတ္ဖိစီးမႈ ခံစားရခ်ိန္ေတြမွာ ဘုရားသခင္ကို ေမွ်ာ္ၾကည့္ရန္လိုအပ္ေၾကာင္းကို ကြၽႏ္ုပ္တို႔အား ေပးေသာ သင္ခန္းစာျဖစ္ပါတယ္။

ပထမပိုင္းက်မ္းပိုဒ္တြင္ ေယာန ဘုရားသခင္ထံ ျပန္လွည့္ေၾကာင္းကို သင္ေတြ႕ျမင္ပါလိမ့္မည္။ ေယနဝတၱဳ ၂:၁ “ငါး၏ဝမ္းထဲမွာေနစဥ္တြင္၊ ေယာနသည္ မိမိဘုရားသခင္ ထာဝရဘုရားကို ဆုေတာင္း ေသာစကားဟူမူကား၊ …”
ဘုရားသခင္ထံ မေမွ်ာ္ၾကည့္သေ႐ြ႕ အသက္တာရွိ ျပသနာတို႔သည္ ဘယ္ေတာ့မွာ ေပ်ာက္ကြယ္သြားမွာ မဟုတ္ပါ။ မာကု အခန္းႀကီး ၉ တြင္ သခင္ခရစ္ေတာ္တို႔၏ တပည့္ေတာ္တို႔သည္ တစ္စုံတစ္ေယာက္ထဲမွ နတ္ဆိုးအား ႏွင္ဖို႔ရန္ ႀကိဳးစားခဲ့ၾကေပမဲ့ သူတို႔ မႏွင္ႏိုင္ခဲ့ပါ။ သခင္ခရစ္ေတာ္အား ဘာေၾကာင့္လဲလို႔ ေမးျမန္းခဲ့ပါတယ္။
သခင္ခရစ္ေတာက ရွင္မာကုခရစ္ဝင္ ၉:၂၉ “ကိုယ္ေတာ္က၊ ဆုေတာင္းျခင္း၊ အစာေရွာင္ျခင္းမွတပါး အဘယ္သို႔ ေသာအားျဖင့္ ထိုနတ္မ်ိဳးသည္ မထြက္ႏိုင္ဟု မိန္႔ေတာ္မူ၏။”

တစ္ခ်ိဳ႕ေသာ ျပသနာေတြက နက္ရႈိင္းစြာ အျမစ္တြယ္ေနျခင္းေၾကာင့္ အဆက္မျပတ္ဆုေတာင္းျခင္းကသာ ၎တို႔ကို ေျဖရွင္းႏိုင္ပါလိမ့္မည္။ တစ္ႀကိမ္သာ ဆုေတာင္းျခင္းမဟုတ္ပါ။ တစ္ႀကိမ္သာ ဆုေတာင္းေသာအရာ သည္ သင္အမွန္တကယ္ ဂ႐ုမစိုက္အေလးမထားေသာအရာ ျဖစ္ပါတယ္။ သင့္အသက္တာတြင္ တစ္စုံတစ္ခုကို အမွန္တကယ္ ေတြ႕ျမင္ခ်င္တယ္ဆိုလွ်င္ ထပ္ခါထပ္ခါ သင္ဆုေတာင္းပါလိမ့္မည္။

ဘုရားသခင္သည္လည္း သင္အမွန္တကယ္ပင္ နက္ရႈိင္းမႈျဖင့္ ဆုေတာင္းေနသလားဆိုတာကို ျမင္ခ်င္ပါသည္။ သင္၏ဆုေတာင္းေတြကို အေျဖေပးျခင္းထက္ သင္၏ယုံၾကည္မႈကို တည္ေဆာက္ျခင္းအရာအား ဘုရားသခင္ ပိုၿပီး စိတ္ဝင္စားပါတယ္။

ယေန႔တြင္ သင္ေမွ်ာ္လင့္ခ်က္ ကင္းမဲ့တယ္လို႔ ခံစားေနရပါလွ်င္ ဘုရားသခင္ထံ ေမွ်ာ္ၾကည့္ၿပီး ဆုေတာင္းေနပါ။ ဘယ္ေတာ့မွ အရႈံးမေပးပါႏွင့္

ဆင္ျခင္ရန္
- ေမွ်ာ္လင့္ခ်က္ ကင္းမဲ့တဲ့အခါမွာ ဆုေတာင္းျခင္းကို ကြၽႏ္ုပ္တို႔၏ ေနာက္ဆုံး အားကိုးရာအျဖစ္ ဘာေၾကာင့္ မၾကာခဏ မွတ္ယူၾကပါသနည္း။
- သင္၏ အသက္တာတြင္ မည္သို႔ေသာအရာကို စိတ္အားထက္သန္စြာ ဆုေတာင္းခဲ့ပါသနည္း။
- သင္ေမွ်ာ္လင့္ခ်က္ကင္းမဲ့တဲ့အခါမွာ သင္၏အသက္တာအတြက္ ဆုေတာင္းျခင္းလိုအပ္ေနမႈေတြ ရွိပါသလား။ ၎ႏွင့္ ပတ္သက္ၿပီး အၿမဲတမ္းဆုေတာင္းေပးဖို႔ ဘယ္သူ႔ကို သင္ေတာင္းဆိုႏိုင္ပါသနည္း။