သင် မျှော်လင့်ချက် မဲ့နေတယ်လို့ ခံစားရတဲ့အခါ အထူး ဆုတောင်းပါ။ | When You Feel Hopeless, Pray Specifically

သင် မျှော်လင့်ချက် မဲ့နေတယ်လို့ ခံစားရတဲ့အခါ အထူး ဆုတောင်းပါ။
ယေနဝတ္တု ၂:၂ “ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရားကို ဟစ်ခေါ်၍
ငါ့စကားကို ကြားတော် မူ၏။ မရဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နားထောင်တော်မူ၏။”
မည်သည့်အရာက သင့်ကို မျှော်လင့်ချက်မဲ့စေသလဲဆိုတာကို သိပါလျှင် သင်လိုအပ်သောအရာအတွက် စတင်ပြီး အထူးဆုတောင်းနိုင်ပါတယ်။ ဘုရားသခင်သည် ဤကဲ့သို့သောနည်းဖြင့် သင် သူ့အား စကားပြောဖို့ရန် အလိုတော် ရှိပါသည်။
သင် အထူးဆုတောင်းတဲ့အလျောက် သမ္မာကျမ်းစာကိုပါယူဆောင်ပြီး ဘုရားသခင်ထံ ဆုတောင်းဖို့ရန် ကျွန်ုပ် တိုက်တွန်းပါတယ်။
၎င်းသည် ယောန ပင်လယ်ထဲသို့ နှစ်မြှုပ်သွားပြီး
ငါးကြီး၏ မျိုခြင်းကို ခံခဲ့ရသော အချိန်တွင် လုပ်ဆောင်ခဲ့သော အရာဖြစ်ပါတယ်။ ယောနဝတ္တု
အခန်းကြီး ၂ ရှိသူ၏ ဆုတောင်းချက်တွင် မတူညီသော ကျမ်း (၈) မျိုးဖြင့် ဆုတောင်းခဲ့ပါတယ်။
သူပြောသမျှသော ကိုးကားချက်တွေသည် ဆာလံကျမ်းတွင် ရှိပါသည်။ ယောနသည် သမ္မာကျမ်းစာကို
ကောင်းမွန်ကျွမ်းကျင်စွာ သိရှိသူဖြစ်ပါတယ်။
သင်ကော ဘုရားသခင်ထံ မည်သည့် ကျမ်းပိုဒ်တွေဖြင့် ဆုတောင်းပါသနည်း။
(၁) ဘုရားသခင်ထံ မြည်တမ်းခြင်းဖြင့် ဆုတောင်းခြင်း
သင်အမျက်ဒေါသထွက်တဲ့အခါ ဆာလံကျမ်းရှိတမ်းချင်းတစ်ခု (သို့) မြည်တမ်းစကား
တို့ကိုဖွင့်ပြီး ၎င်းတမ်းချင်း တွေအတိုင်း ဘုရားသခင်ထံ ဆုတောင်းလိုက်ပါ။
(၂) ဘုရားသခင်ထံ သမ္မာတရားဖြင့် ဆုတောင်းခြင်း
ဘုရားသခင်နှင့်ပတ်သက်ပြီး
သမ္မာကျမ်းစာတွင် ပြောထားတဲ့အရာတွေဖြစ်တဲ့ ဘုရားသခင်၏ ကောင်းမြတ်ခြင်း ၊ တရားမျှတခြင်း
နှင့် ဖြောင့်မတ်ခြင်း များဖြင့်..ဆုတောင်းပါ။ ၎င်းတို့ အကြောင်းအရာအားလုံးတို့သည်
သမ္မာကျမ်း စာတွင် ရှိပါသည်။
ကျွန်ုပ်
ဘယ်နှစ်ကြိမ် ဆုတောင်းသလဲဆိုတာကို မပြောနိုင်ပါ။ “အဖဘုရားသခင်
… အဖဘုရား၏ နှုတ်ကပတ်တော်တို့ကို တည်စေဖို့ရန် ကျွန်ုပ်အလိုရှိပါ၏။ ပေးထားသော ကတိတော်တို့ကိုလည်း
အဖဘုရား လုပ်ဆောင်ဖို့ရန် ကျွန်ုပ်အလိုရှိပါ၏၊” ပြီးနောက် ကျွန်ုပ်မှတ်မိနေတဲ့
တစ်ခုသော ဘုရားသခင်၏ ကတိတော်ဖြင့် ဆုတောင်းပါမည်။
နေ့ရက်တိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လေ့လာဖို့ရန် ယောနလိုမျိုး အဓိကအချက်တစ်ခု ပြုလုပ်ပါ။ သို့မှသာ ဘုရားသခင်ထံ နှုတ်ကပတ်စကားတော်တို့ဖြင့် ပြန်လည်ဆုတောင်းနိုင်ပါမည်။ ဤသို့ သင်ပြုပါလျှင် ဘုရားသခင်သည် သင်၏အသက်တာကို မျှော်လင့်ခြင်းများ ယူဆောင်ပေးလာပါလိမ့်မည်။
ဆင်ခြင်ရန်
-
ဘုရားသခင်ထံ နှုတ်ကပတ်တော်များအားဖြင့် သင်ပြန်လည်ဆုတောင်းခြင်းများ ပိုပြီးပြုနိုင်ခြင်းတွင်
သမ္မာတရားကို ပိုမိုသိကျွမ်းခြင်း ဖြစ်လာဖို့ရန် သင်မည်သို့ လုပ်ဆောင်နိုင်မည်နည်း။
-
သင်စိတ်ဓါတ်ကျနေတဲ့အချိန်မှာ မည်သည် ကျမ်းပိုဒ်တွေက သင့်အား အထူးနှစ်သိမ့်မှု ရစေပါသနည်း။
-
ယနေ့ ဖော်ပြထားသော ဆုတောင်းခြင်း (၃) မျိုးဖြစ်တဲ့ မြည်တမ်းခြင်းဆုတောင်း ၊ သမ္မာတရားဆုတောင်း
၊ ကတိတော်ဆုတောင်းတို့တွင် မည်သည့် ဆုတောင်းမျိုးက ယနေ့သင်၏ဆုတောင်းအတွက် အထောက်အကူ
ဖြစ်စေလိမ့်မည်ဟု သင်ယုံကြည်ပါသနည်း။ ဘာကြောင့်နည်း။
