သင်မျှော်လင့်ချက် ကင်းမဲ့တယ်လို့ ခံစားရတဲ့အချိန်မှာ စိတ်အားထက်သန်စွာ ဆုတောင်းပါ။ | When You Feel Hopeless, Pray Passionately
Unicode Version
သင်မျှော်လင့်ချက် ကင်းမဲ့တယ်လို့ ခံစားရတဲ့အချိန်မှာ စိတ်အားထက်သန်စွာ ဆုတောင်းပါ။
ယောနဝတ္တု ၂:၂ “ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နား ထောင်တော်မူ၏။
သင်ဆုတောင်းတဲ့အခါမှာ ဘုရားသခင် ကြားချင်တဲ့စကားဆိုပြီး သင်ထင်တဲ့အရာကိုသာ ပြောပါသလား။ “ အဖဘု ရား ဘယ်လိုလဲ…၊ သခင်၌ ကောင်းသောနေ့ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်” လို့ ရိုးစင်းစွာ သင်စတင်ကောင်း စတင်ပါမည်။ ပြီးတော့ သင်နောက်ဆုံးဆုတောင်းထားခဲ့သလိုမျိုး အသံတစ်သံတည်း ထွက်ပေါ် လာနိုင်စရာ ကြိုတင်ခန့်မှန်းနိုင်တဲ့ ဆုတောင်းချက်တွေနဲ့ ရှေ့ဆက်သွားပါလိမ့်မည်။
သို့ပေမဲ့ ဘုရားသခင်သည် စကားရပ်တစ်ခု ၊ မှတ်သားထားသောစာသား ၊ ယန္တရားလို ဆုတောင်းမျိုးကို ရှာဖွေနေတာ မဟုတ်ပါဘူး။ ထိုကဲ့သို့ ဆုတောင်းမျိုးကလည်း ဘုရားအား ပျင်းစရာ ဖြစ်စေမှာပါ။
အဲဒီအစား စိတ်အားထက်သန်စွာ ဆုတောင်းဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။
မည်ကဲ့သို့ စိတ်အားထက်သန်စွာ ဆုတောင်းခြင်းနှင့် ပတ်သက်ပြီး ယောနက များစွာ သင်ကြားပေးပါတယ်။ ပင်လယ်ထဲ ကျသွားပြီး ငါးကြီးမျိုချခြင်းခံရတဲ့အခါမှာ “ငါသည် ဒုက္ခဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရားကို ဟစ်ခေါ်၍ ငါ့စကားကို ကြားတော်မူ၏။ မရ ဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သော စကားသံကို နား ထောင်တော်မူ၏။” ယောနဝတ္တု ၂:၂
မိဘအနေနဲ့ ကျွန်ုပ်၏သားသမီးတို့ တစ်စုံတစ်ခုကို မဆိုလိုခဲ့သည့်တိုင် အမြဲတမ်း ကျွန်ုပ်သိနေခဲ့ပါတယ်။ ဘုရားသခင်သည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်။ ငါးကြီး ဝမ်းဗိုက်ထဲတွင် ယောနဆုတောင်းခြင်းကို ကျွန်ုပ် ပုံဖော်လို့မရပါ။ “ယခုကျွန်ုပ် အိပ်ဖို့ရန် လဲလျောင်းနေပါသည်”  လို့ မဆုတောင်းပါ။ အဲဒီအစား ဘုရားသခင်ထံ ဟစ်အော်ဆုတောင်းခဲ့ပါတယ်။ “ကူညီပါ။ ယခု ကျွန်ုပ် အကူအညီလိုနေသည်”
ဘုရားသခင်သည် ဗျာများသောဆုတောင်း ၊ စိတ်လှုပ်ရှားမှုရှိသော ဆုတောင်းချက်တွေကို အဖြေပေးပါတယ်။ သင်၏ စိတ်နှလုံးထဲရှိအရာဖြင့် ဆုတောင်းဖို့ရန် အလိုတော်ရှိပါသည်။ သမ္မာကျမ်းစာတွင် ၎င်းကို ဝမ်းနည်းပူးဆွေးမှုလို့ ခေါ်ပါတယ်။ ၎င်းသည် တိုင်တန်းခြင်း အတွက် စကားပရိယာယ်ဖြစ်ပါတယ်။
သင်၏ တိုင်တန်းခြင်းတွေကို ကြားရဖို့ရန် ဘုရားအလိုရှိတယ်ဆိုတာကို သင်သိပါသလား။ သင့်အသက်တာရှိ သင်မပျော်ရွှင်တဲ့အချိန်အခါဖြစ်စေ ၊ အသေးစိတ်သောအရာတို့ကို စိတ်ဝင်စားပါတယ်။
 ဆာလံကျမ်းအများစုတွေသည် ကြေကွဲဝမ်းနည်းခြင်းနှင့် ဘုရားသခင်ထံ တိုင်တန်းခြင်းဆိုင်ရာ ဆုတောင်းချက် တွေဖြစ်ပါတယ်။ ယေရမိအားဖြင့်လည်း သမ္မာကျမ်းစာကို မြည်တမ်းစကား ၊ တိုင်တန်းခြင်းဆိုင်ရာ တစ်ခုလုံးအဖြစ် ခေါ်ဆိုထားပါတယ်။
 သင်၏ နာကျင်မှုတွေနှင့် ပတ်သက်ပြီး ဘုရားသခင် ဂရုစိုက်ပါတယ်။ သင်၏ နှလုံးသားဆီက အရာကို သူကြားချင်ပါတယ်။ သင်စိတ်နှလုံးသားထဲက မလာဘဲ နှုတ်ထွက်ပျူငှာသော ဆုတောင်းချက်တွေထက်ကို ဘုရားသခင်သည် သင်၏တိုင်တန်းချက်တွေကို ကြားချင်လိမ့်မည်။
ထင်ရာစိုင်းနေသော အခြေအနေတွင် သင့်ကိုယ်သင် ရှိနေတယ်လို့ တွေ့မြင်ပါလျှင် သင်ပြုနေတဲ့ အလွှတ်ကျက် ဆုတောင်းတွေကို ကျော်လိုက်ပါ။ သင်၏စိတ်နှလုံးသားကို ဘုရားသခင်ထံအပ်နှံပါ။
၎င်းကို ဘုရားသခင် ကြားချင်ပါတယ်။
ဆင်ခြင်ရန်
- ကြိုတင်ခန့်မှန်းနိုင်သော ဆုတောင်းချက် တွေကို မကြာခဏ (သို့) အလွယ်တကူ ကျွန်ုပ်တို့ ဘာကြောင့်များ ပြုဖို့ အလေးထားပါသနည်း။
- သင်စိတ်အားထက်သန်စွာ ဆုတောင်းသော အရာတစ်ချို့ကား မည်သို့နည်း။
- သင်၏စိတ်နှလုံးသားက အရာဖြင့် ဆုတောင်းဖို့ရန် ဘုရားသခင် အလိုတော်ရှိပါတယ်။ ဤအမှန်တရားပေါ် အာရုံစိုက်တဲ့အခါမှာ သင်၏ဆုတောင်းခြင်းက မည်သို့ ပြောင်းလဲစေနိုင်ပါသနည်း။
--------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်