ဘုရားသခင် ဒုတိယအကြိမ်အခွင့်အရေးပေးတဲ့အခါမှာ အမိအရ ဖမ်းယူပါ။ | When God Gives You a Second Chance, Seize It
Unicode Version
ဘုရားသခင် ဒုတိယအကြိမ်အခွင့်အရေးပေးတဲ့အခါမှာ အမိအရ ဖမ်းယူပါ။
ကောရိန္တုဩဝါဒစာ ဒုတိယစောင် ၆:၁ “သင်တို့သည် ဘုရားသခင်၏ကျေးဇူတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကို ဆောင် ရွတ်သောသူချင်းဖြစ်၍ သင်တို့ကို့ နှိုးဆော် သွေးဆောင်ကြ၏။
သင်၏အသက်တာ၌ ပေးအပ်သောတာဝန်ကို ဖြည့်ဆည်းဖို့ရန် ဘုရားသခင်သင့်အား နောက်ထပ် အခွင့်အရေး ပေးပါလျှင် ၎င်းကို ဖမ်းယူပါ။ အချည်းနှီး မဖြစ်ပါစေနှင့်။ သင့်အသက်တာအတွက် ဘုရားသခင်၏ ထူးခြားသော ခေါ်တော်မူခြင်းကို အာရုံစိုက်ဖို့ရန် အချိန်ဖြစ်ပါတယ်။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၆:၁ တွင် တမန်တော် ရှင်ပေါလု ဆိုထားသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကို ဆောင် ရွတ်သောသူချင်းဖြစ်၍ သင်တို့ကို့ နှိုးဆော် သွေးဆောင်ကြ၏။
ဘုရားသခင်အား ဝန်ဆောင်မှုပြုစေသော နောက်ထပ်အခွင့်အရေးကို သင့်အား ပေးပါလိမ့်မည်။
တမန်တော်ရှင်ပေါလုကို ကြည့်ပါ။ သူသည် ခရစ်ယာန်များကို သတ်ခဲ့ခြင်းသည် အသေကောင်နှင့် အကျိုးနည်း သော ခေါင်းဆောင် နောက်လိုက်များဟု ထင်မြင်ယူဆခဲ့သောကြောင့် ဖြစ်သည်။
သို့ပေမဲ့ ဒမာသက်မြို့သို့ သွားသောလမ်းတွင် သခင်ခရစ်တော်သည် ရှင်ပေါလု (ယခင်-ရှောလု) ရှေ့တွင် ပေါ်ထွက်ခဲ့ပါတယ်။ ပြီးတော့ သူ့အား ဤလောကရှိ စစ်မှန်သော သာသနာအမှုကို ဖြည့်ဆည်းဖို့ရန် ဒုတိယအကြိမ် အခွင့်အရေး ပေးခဲ့ပါတယ်။ ရှောလုသည်လည်း ပေးအပ်သော တာဝန်ကို လက်ခံခဲ့ပြီး ၁၈၀ဒီဂရီ ပြောင်းလဲခြင်းပြုခဲ့ပြီး ဘုရားသခင် ပေးသော ဒုတိယအခွင့်အရေးကို သူဘယ်တော့မှ မမေ့ပါ။
သူ၏ သာသနာပြုခြင်း နောက်ပိုင်းတွင် ရှင်ပေါလု ဆိုထားသည်မှာ တမန်တော်ဝတ္တု ၂၀:၂၄ “သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊”
ဘာကြောင့်လဲဆိုတော့ ရှင်ပေါလုအတွက် ဘယ်အရာကမျှ အရေးမကြီးတော့ပါ။ ဘုရားသခင်သူ့အား အသုံးပြုခြင်းအတွက် သူအလွန်ဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်ခြင်းအသက်တာ ဖြစ်ခဲ့ပါတယ်။
သင့်အသက်တာ ဘယ်လေက်ပင် ဆိုးရွားရှုပ်ထွေးနေပါစေ ဘုရားသခင်သည် သင်အတွက် ပေးနေသော သာသနာ့ တာဝန်ကို မပြောင်းလဲပါ။ အနည်းငယ်သော ရွေ့လျားခြင်းတွေတောင် သင်စတင်ကောင်း စတင်နေပါမည်။
ဒါကြောင့် ၎င်းကို ရရှိစေပါ။ ယနေ့တွင် စတင်ပါ။ ဘုရားသခင် သင့်အား နောက်ထပ် အခွင့်အရေး ပေးတဲ့အခါ မကြန့်ကြာစေပါနှင့်။ နာခံလိုက်ပါ။
ဘုရားသခင်၏ ဒုတိယအကြိမ်ပေးသော အခွင့်အရေးသည် သင့်အတွက် သူ၏ ကျေးဇူးတော်နှင့် ချစ်ခြင်း မေတ္တာကို ရောင်ပြန်ဟပ်စေပါသည်။
ဆင်ခြင်ရန်
- ဘုရားသခင်ကို နာခံခြင်းအရာ၌ သင် နှောင့်နှေးခဲ့ပါသလား။ ဘာကြောင့်လဲဆိုတာကို သင်ရှင်းပြနိုင်ပါသလား။
- ဘုရားသခင် ပေးအပ်သော တာဝန်ကေို လုပ်ဖို့ရန်ပေးလာသော အခွင့်အရေးကို ဖမ်းယူဖို့ရန် မည်သည့်အရာကို သင့်အား တားဆီးနေပါသနည်း။
- ဘုရားသခင် သင့်အားခေါ်တော်မူခြင်းကို လက်ကိုင်ပြုခြင်းအတွက် မည်သူက သင့်အတွက် တာဝန်ရှိခြင်း နှင့် ဆုတောင်းပေးခြင်းမျိုး ပြုပေးနိုင်ပါမည်နည်း။
--------------------------------------------------------------------------------
Zawgyi Version
ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၆:၁ တွင် တမန်တော် ရှင်ပေါလု ဆိုထားသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကို ဆောင် ရွတ်သောသူချင်းဖြစ်၍ သင်တို့ကို့ နှိုးဆော် သွေးဆောင်ကြ၏။”
ဆင်ခြင်ရန်