သင် သိအပ်သောအရာ နှင့် သွားသင့်သော နေရာ | What You Need to Know and Where You Need to Go
 Unicode Version
သင် သိအပ်သောအရာ နှင့် သွားသင့်သော နေရာ
ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၃ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာ တရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြော မည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြ လိမ့်မည်။
သခင်ယေရှု ကောင်းကင်ပေါ် ပြန်မတက်ကြွမှီ သူ၏တပည့်တော်နှင့် နောက်လိုက်တို့အား ကူညီမစမည့်သူ သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်မည်ဟု ကတိပေးခဲ့ပါတယ်။ ၎င်းကူညီမစမည့် ဝိညာဉ်တော်သည် ဘုရားသခင်၏ လူတွေနှင့်အတူ အမြဲတမ်းရှိနေမည်။ သင်နှင့် ကျွန်ုပ်လည်း ပါဝင်ပါသည်။
သန့်ရှင်းသော ဝိညာဉ်တော်သည် အခန်းကဏ္ဍများစွာတွင် ပါဝင်ပြီး သင်သိအပ်သောအရာတို့နှင့် သင်သွား သင့်သည့် နေရာတို့ကို ဖော်ပြပေးပါသည်။ အသက်တာတွင် သင်သိဖို့ လိုအပ်သော ကြီးမားသောအရာ များစွာ အပါအဝင်  မှန်ကန်သောအရာ နှင့် အမှန်တရား မဟုတ်သောအရာတို့ကို သိစေပါတယ်။ ထိုးထွင်းသိမြင်မှု အခိုက် အတန့်များကိုလည်း ပေးပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို သင်ခွင့်ပြုသည်အတိုင်း သင်လို အပ်သည့်အရာကို သင်သိရှိဖို့ရန် ပြောပြပါသည်။
တစ်မနက်ခင်းတွင် ကျမ်းချက်တစ်ချက်ကို သင်ဖတ်ပြီး နာရီအနည်းငယ်အကြာတွင် သင်အမှန်တကယ် လိုအပ်တဲ့ အချိန်မှာ ၎င်းကျမ်းပိုဒ်ကိုသင်ပြန်ပြီး အမှတ်ရပါသလား။ ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပါတယ်။
သမ္မာကျမ်းစာတွင် ပြောထားသည်မှာ ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၃ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော် သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။
တစ်ခါတစ်ရံတွင် သင်၏အကျိုးအတွက် ၎င်းကို ဘုရားသခင်ပြုတော်မူသည်။ သို့ပေမဲ့ တခြားတစ်ယောက်၏ အကျိုးအတွက် တစ်ခါတစ်ရံ ဖြစ်စေပါတယ်။ သင့်အားဖော်ပြသော သမ္မာတရားကိုလည်း သူတစ်ပါးတို့အား ဝေငှဖို့ရန် ဘုရားသခင် ခွင့်ပြုထားပါတယ်။
သင်သွားအပ်သော နေရာတွေကို ရောက်ရှိဖို့ရန် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်သည် ကူညီပေးပါ လိမ့်မည်။သင်ကိုယ်တိုင် သင့်အကြံအစည်ဖြင့် ဘယ်တော့မှ မစွမ်းဆောင်နိုင်သောအရာကို ဘုရားသခင်သည် သင်၏ နှလုံးသားထဲသို့ အိမ်မက်ကို ထည့်သွင်းပေးခဲ့ပါသလား။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို သင်ခွင့်ပြုပါ လျှင် သင်စိတ်ကူးထဲတောင် တစ်ခါမှ မမျှော်မှန်းဖူးတဲ့နေရာဆီသို့ သင်သွားရပါလိမ့်မည်။
သမ္မာကျမ်းစာတွင် ဘုရားသခင်၏ လမ်းပြမှုနောက်ကို လိုက်လျှောက်သော လူတို့၏ အသက်တာ ဉပမာများဖြင့် ပြည့်နှက်နေပါတယ်။
ရှင်လုကာခရစ်ဝင်ကျမ်း ၂:၂၅- ၂၉ “ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ် သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊ သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီ သေရဟုဗျာဒိတ်တော်ကိုရ၏။ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ် တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊  ရှုမောင်သည် ယေရှုကို လက်နှင့်ချီပိုက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ် တော်အတိုင်း ကိုယ် တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ ၏။ ”
တမန်တော်ဝတ္တုတွင် ဘုရားသခင်၏ ဝိညာဉ်တော်ကို နာခံသော တခြားသောသူတစ်ဉီးအကြောင်းကို လေ့လာ တွေ့ရှိရပါမည်။ တစ်နေ့တွင် အဲသယောပိပြည်သားတစ်ဉီး ယေရုရှလင်မြို့သို့သွားရန် ရထားပေါ်ထိုင်လျက် ပြန်စဉ်တွင် ဖိလိပ္ပု အမည်ရှိသောသူသည် ဖုန်ထူသောလမ်းတွင် လမ်းလျှောက်နေခဲ့ပါတယ်။ တမန်တော်ဝတ္တု ၈ :၂၉ “ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော် မူသဖြင့်၊ ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သော အရာကို နားလည်ပါ၏ လောဟု မေးမြန်း၏။ 
ဖိလိပ္ပုသည် ဝိညာဉ်တော်ကို နာခံပြီးလျှင် မေရှိယနှင့် ပတ်သက်သော ဟေရှာယကျမ်းကို ဖတ်နေသည်ကို တွေ့မြင်ခဲ့ရပါတယ်။ ဖိလိပ္ပုက ထိုသူအား မေရှိယကြွလာတော်မူသည့်အကြောင်းကို ပြေပြခဲ့ပါတယ်။ ထိုသူသည် နှစ်ခြင်းခံရန် ချက်ချင်းတောင်းဆိုခဲ့ပြီး ခရစ်ယာန်ဘာသာကို အဲသယောပိနိုင်ငံသို့ ယူဆောင်သွားခဲ့ပါတယ်။
ဖိလိပ္ပုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တွန်းအားကို နားထောင်တဲ့ အတွက်ကြောင့် ဘုရားသခင်၏ လုပ်ဆောင်ချက် အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ကို သင်နားထောင်တဲ့အခါမှာ သင့်ကိုလည်း သူ၏ လုပ်ဆောင်မှုတွေပေါ် ခွင့်ပြုပါလိမ့်မည်။
သန့်ရှင်းသော ဝိညာဉ်တော်ကို နားထောင်ပြီး လမ်းပြမှုကို လိုက်လျှောက်တဲ့အခါ အသက်တာတွင် ဘုရားသခင်၏ လုပ်ဆောင်မှုတွေကို အပြောင်းအလဲမရှိ မြင်တွေ့ရသည့်အတွက်ကြောင့် သင်၏ ယုံကြည်ခြင်းတွေ တိုးပွားလာ ပါလိမ့်မည်။ သင်သိရန် လိုအပ်သည်များကို ပြောပြရန်နှင့် သင်သွားရမည့်နေရာကို ပြသရန် သူ့ကို အားကိုးနိုင်တယ်ဆိုတာကို သင်လေ့လာ သင်ယူရပါလိမ့်မည်။
 ဆင်ခြင်ရန်
- သင်သိသင့်သောအရာ (ကြီးမားသော သင်ခန်းစာ (သို့) မှန်ကန်သော အခိုက်အတန့်တစ်ခုတွင် ထိုးထွင်း သိမြင်မှု) ကို သန့်ရှင်းသော ဝိညာဉ်တော် မည်သည့်အချိန်တွင် ပြောခဲ့ပါသနည်။
- သင်သွားသင့်သောနေရာကို သန့်ရှင်းသော ဝိညာဉ်တော် မည်သည့်အချိန်တွင် ပြောခဲ့ပါသနည်း။ သင့်အား တစ်နေရာရာသို့ သွားပြီး သူ့နောက်လိုက်ရန် လှုံ့ဆော်မှု ပြုပါသလား။
- ဘုရားသခင်၏ အသံတော်ကို မှတ်မိဖို့ရန် သင်လေ့လာပါသလား။ သင့်၏ အသက်တာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့သောအသံနှင့် တူသနည်း။
---------------------------------------------------------------------------
Zawgyi Version
Add caption
ဆင်ခြင်ရန်