Unicode Version
ဉပုသ်နေ့တွင်
မည်သည့်အရာကို သင်လုပ်ဆောင်သင့်ပါသနည်း။
ထွက်မြောက်ရာကျမ်း ၂၀: ၉-၁၀ “ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍
လုပ်ဆောင်လော့။ သတ္တမနေ့ ရက်သည် သင်၏ဘုရားသခင်
ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန် ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊
သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။”
ကျွန်ုပ်တို့သည် တခြားသော အလုပ်ထက် တစ်ခုခုကို ပြုလုပ်ဖို့ရန် သတိရှိစွာဖြင့် အချိန်ပေးဆုံးဖြတ်မှု ပြုသင့်ပါတယ်။ ထိုကဲ့သို့ မပြုပါလျှင် ဘယ်တော့မှ အနားယူရမည် မဟုတ်ပါ။ တစ်ပတ်မှာ နာရီပေါင်း မည်မျှ အလုပ်လုပ် ဆောင်မလဲဆိုတာကို တမင်သက်သက် ဆုံးဖြတ်ပြီး ၎င်းအတိုင်း ကျွန်ုပ်လုပ်ဆောင်ပါတယ်။ လူတိုင်း ကိုလည်း ထိုနည်းအတိုင်း လုပ်ဆောင်ဖို့ ကျွန်ုပ် တိုက်တွန်းပါတယ်။ ဒီလိုမှ မဟုတ်လျှင် ကျွန်ုပ်တို့ လျင်မြန်စွာ လောင်ကျွမ်း ကုန်ပါတော့မည်။
၎င်းသည် လေးနှင့် မြှားကဲ့သို့ ဖြစ်ပါတယ်။ လေးကို အဆက်မပြတ် တင်းတင်းကျပ်ကျပ်ထားတဲ့အခါ အင်အား ဆုံးရှုံးစေပါတယ်။ အခါအားလျှော်စွာ မတင်းထားဖို့ လိုအပ်ပါတယ်။ လက်တွေ့ကျမည့်အချိန်နာရီကို သတ်မှတ် ဖို့ရန် သင့်ကိုယ်သင် တွန်းအားပေးဖို့လိုပြီး တာဝန်ယူမှုကိုပါ ပြုဖို့လိုအပ်တယ်။ ပြီးတော့ ဤဖြစ်စဉ် အတွက်လည်း တစ်ဉီးဉီးကို စစ်ဆေးပေးဖို့ရန် တောင်းဆိုပါ။
သင့်တော်သော အနားယူခြင်းတွေသည် ခဏတဖြုတ် ဖြစ်သောစိတ်သဘော (သို့) ကောင်းသော အကြံပေး သဘော မဟုတ်ပါ။ “လူ့အသက် မသတ်ရ” ၊ “ မုသာ မပြောရ” ၊ “သူတစ်ပါး ဉစ္စာ မခိုးရ” ၊ “ဉပုသ်နေ့ကို အထွတ် အမြတ် ထားရန်” စသော ပညတ်တော်တွေတို့သည် ဘုရားသခင်၏ နှလုံးသားအတွက် အရေးကြီး သောကြောင့် ၎င်းတို့ကို ဘုရားသခင်၏ ဉပဒေသ အဖြစ် ရွေးချယ်မှုပြုပါ။ ကျွန်ုပ်တို့ အကြံအစည်ဖြင့် မပြုသင့်ပါ။
သမ္မာကျမ်းစာက ဆိုထားသည်မှာ ထွက်မြောက်ရာကျမ်း ၂၀: ၉-၁၀ “ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန် ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။” ၎င်းကို ကျွန်ုပ်တို့ ဉပုဿ်နေ့လို့ခေါ်ပြီး “ငြိမ်သက်စွာ နေသောရက်” လို့ရိုးစင်းစွာ အဓိပ္ပါယ်ရပါတယ်။ ဉပုသ်နေ့တွင် သင်ဘာကို လုပ်ဆောင်သင့်ပါသနည်း။
(၁) သင်၏ခန္ဓာကို အနားပေးပါ။
သင်၏
ခန္ဓာကို အချိန်မပေးလျှင် သင်၏ခန္ဓာသည်လည်း သင်၏ အချိန်ကို ဆွဲယူသွားပါလိမ့်မည်။ ၎င်းက
သင့်အား ပံ့ပိုးမှုတွေ ဆုံးရှုံးစေပြီး ခေါင်းကိုက်စေပါလိမ့်မည်။ တုပ်ကွေးပါ ရရှိစေပါလိမ့်မည်။
ကျွန်ုပ်တို့၏ ခန္ဓာကို ရပ်နား ခြင်းမရှိဘဲ အသက်ဆက်ဖို့ ဘုရားသခင်က ဖန်ဆင်းထားတာမဟုတ်ပါ။
ဒါကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာ အများစု သော လုပ်ဆောင်ချက်က တစ်ခါတစ်ရံ ဉပုသ်နေ့တွင်
တစ်မှေးအိပ်စက်နိုင်ပါတယ်။
ဤအရာကို လူတိုင်း ကွဲပြားခြားနားစွာ လုပ်ဆောင်ကြပါတယ်။ တစ်ချို့က အားသွင်းခြင်းကို
တိတ်ဆိတ်ငြိမ် သက်ခြင်းမှ တစ်ဆင့်ဖြစ်ပေါ်စေပါတယ်။ တခြားသူတွေက အပန်းဖြေခြင်းမှ အားသစ်လောင်း
စေပါတယ်။ တစ်ချို့ကတော့ တခြားသူတွေနှင့် ဆက်ဆံရေးမှတဆင့် အားစိုက်ကြပါတယ်။ သင်၏ စိတ်လှုပ်ရှားမှုကို
အားဖြည့်ရန်နှင့် သင်၏ ဉပုသ်နေ့ကို ပုံမှန်ဖြစ်စေရန် လိုအပ်သည့်အရာများကို ရှာဖွေပါ။
သင်၏
ဉပုသ်နေ့တွင် သင် ဝတ်ပြုကိုးကွယ်ဖို့ လိုအပ်ပါတယ်။ သင်၏ပြသနာတွေအားလုံးအစား ဘုရားသခင်
ကိုသာ အာရုံပြုဖို့ရန် အချိန်ယူပါ။ ဝတ်ပြုကိုးကွယ်ခြင်းသည် အရာအားလုံးကို ရှုဒေါင့်အမြင်
ရှိစေပါတယ်။ သင်၏ ပြသနာတို့ကိုလည်း ကျုံ့သွားစေပါတယ်။ ဘုရားသခင်သည် ပလ္လင်ထက်တွင် ရှိနေပြီး
သင်ရင်ဆိုင် တွေ့ကြုံရသမျှ တွေမှ သင့်အား ကူညီပေးပါလိမ့်မည် ဆိုတဲ့အကြောင်းအရာကိုပါ
သတိပေးနိုးဆော်စေပါတယ်။ သင့်အား တစ်ပတ်တာလုံး စိတ်ဖိစီးစေခဲ့သော ရုတ်ခြည်းပြသနာတွေသည်လည်း
ကြီးမားသော ပြသနာမဖြစ်စေတော့ ပါဘူး။
ကျွန်ုပ်တို့အသက်တာတွင် ဉပုသ်နေ့ကို လိုအပ်ပါတယ်။ တနင်္ဂနွေ နေ့မှ မဟုတ်ပါဘူး။ ရက်တစ်သတ္တပတ် အတွင်း တရက်ရက်တော့ ဖြစ်လို့ရပါတယ်။ သို့ပေမဲ့ သင်၏ခန္ဓာကို အနားပေးဖို့ရန် ၊ သင်၏ စိတ်ခံစားချက်ကို အားသွင်း ရန်နှင့် သင်၏စိတ်ဝိညာဉ်ကို ဆန်းစစ်ဖို့ရန် အပတ်စဉ်တိုင်းတွင် တစ်ရက်ကိုတော့သတ်မှတ်ဖို့ရန် လိုအပ်ပါ တယ်။
-
အနားယူချိန် မလုံလောက်တဲ့အချိန်တွေမှာ စိတ် ၊ စိတ်ခံစားမှု ၊ ဝိညာဉ်ရေးရာ နှင့် ခန္ဓာပိုင်ဆိုင်ရာ
လက္ခဏာ တွေကို သင်မည်ကဲ့သို့ဖြစ်သည်ကို သတိပြုမိပါသနည်း။
-
အပတ်စဉ် ဉပုဿ်စောင့်ရန် မည်သည့်အရာက သင့်အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်စေပါသနည်း။
-
သင်၏ စိတ်ခံစားချက်တွေကို အားသွင်းဖို့ရန် မည်သည့်နည်းလမ်းက အကောင်းဆုံး ဖြစ်သနည်း။
---------------------------------------------------------------------------
Zawgyi Version
![]() |
| Add caption |
(၂) သင်၏ စိတ်ခံစားချက်ကို အားသွင်းပါ။
(၃) သင်၏ စိတ်ဓါတ်ကို ပြန်လည် ဆန်းစစ်ပါ။
ဆင်ခြင်ရန်