ဘုရားသခင်ထံမှ ထွက်ပြေးတဲ့အခါ ဘာတွေဖြစ်မလဲ။ | What Happens When You Run from God
Unicode Version
ဘုရားသခင်ထံမှ ထွက်ပြေးတဲ့အခါ ဘာတွေဖြစ်မလဲ။
ယောန ၁:၃ “သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံတော်မှ တာရှုမြို့သို့ပြေးမည့် အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကို ပေးပြီးလျှင်၊ ထာဝရ ဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ သင်္ဘောကို စီးလေ၏။ ”
ကျွန်ုပ်တို့တစ်ယောက်စီတိုင်းကို ထူးခြားတဲ့ သာသနာပြုမှုအတွက် ဘုရားသခင်ပေးထားပါတယ်။ ၎င်းကို သင်ဖြည့် ဆည်းနိုင်သည်ဖြစ်စေ ၊ မဖြည့်ဆည်းနိုင်သည်ဖြစ်စေ ရွေးချယ်မှုကိုတော့ ပေးထားပါတယ်။
ယောနသည် သူ၏ ဆုံးဖြတ်ချက်အတွက် အကျိုးဆက်တွေကို ရင်ဆိုင်ရပါတယ်။ သင့်အသက်တာတွင်လည်း ဘုရားသခင်၏ သာသနာတော်အတွက် တိမ်းရှောင်ပါက ထိုကဲ့သို့သော နောက်ဆက်တွဲ အကျိုးဆက်တွေကို ကြုံတွေ့နိုင်ပါမည်။
ယောနဝတ္တု ၁:၄ “ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီး စွာသော မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက်လုသောလက္ခဏာရှိ၏။ 
ဘုရားသခင် ဘာကြောင့် ဤသို့ ပြုရတာလဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်သည် ယောနကို ချစ်ပြီး သူ၏အသက်တာ ရည်ရွယ်ချက်ဖြင့် ပြည့်စုံစေမည့် ကောင်းမွန်သော ဆုံးဖြတ်ချက်ကို ပြုစေလိုသောကြောင့် ဖြစ်ပါတယ်။ မတူညီဆန့်ကျင်သော နည်းလမ်းတွေဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပိုကောင်းသော ဆုံးဖြတ်ချက်တို့ကို ပြုဖို့ရန် အားပေးတိုက်တွန်းမှုတွေ လုပ်ဆောင်ပါတယ်။
ယောန၏ နာမခံခြင်းသည် တာရှုမြိုသို့သွားရန် လှေပေါ်တွင် ပါလာသော လူအားလုံးတို့၏အသက်ကို ခြိမ်းခြောက် စေပါတယ်။ ဘုရားသခင်ထံကနေ သင်ထွက်ပြေးတဲ့အခါ သင်အလေးထားသော လူတွေနှင့် အပြစ်မဲ့သော သူတွေ နာကျင်မှုရရှိနိုင်ပါတယ်။ သင်၏ ဇနီး/ခင်ပွန်းဖြစ်ကောင်းဖြစ်မည် ၊ သင်၏ သားသမီး ၊ မြေးမြစ် (သို့) မိတ်ဆွေသူငယ်ချင်းတွေလည်း ဖြစ်ကောင်းဖြစ်မည်။ တစ်ခါတစ်ရံတွင် သင်မသိသော သူတွေပင် လျှင် သင်၏ နာမခံခြင်းအတွက် နာကျင်မှု ခံစားရနိုင်ပါသည်။
ဘုရားသခင်ထံမှ သင်ပြေးသောအခါ သင်၏အနာဂတ်အသက်တာ ကျဆင်းခြင်းတွေ စတင်မည်ကို ယောနအားဖြင့် ဖော်ပြထားပါတယ်။ သင်၏ နာမခံခြင်းက သင်၏ ငွေကြေးကဏ္ဍဆိုင်ရာ ၊ ခန္ဓာပိုင်းဆိုင်ရာ နှင့် ပေါင်းသင်း ဆက်ဆံရေးတွေကိုပါ အဖိုးအခ ဖြစ်စေပါတယ်။
နိနေဝေမြို့သည် မိုင်းပေါင်း ၅၅၀ မက ကွာဝေးသော်လည်း ယောနသည် တာရှုမြို့သို့ ထွက်ပေးဖို့ရန် ကြိုးစားခဲ့ပါတယ်။ တာရှုမြိုသည့် ဆန့်ကျင်ဘက်အရပ် သို့ မိုင်ပေါင်း ၂၅၀၀ ကွာဝေးပါတယ်။ အမှန်တရားက သင်၏ လက်ကျန်အသက်တာအတွက်လည်း ဘုရားသခင်ထံကနေ ထွက်ပြေးလို့မရပါဘူး။ ဘုရားသခင်သည် နေရာတိုင်းတွင်ရှိပြီး အရာရာကို သိရှိသူဖြစ်ပါတယ်။ သို့ပေမဲ့ သူ၏နောက်သို့ ဆန္ဒအလျောက် လိုက်လျောက်ပြီး သူ့အား ချစ်ဖို့ရန် အလိုတော်ရှိသောကြောင့် သင့်အား ရွေးချယ်မှု ပေးပါတယ်။
 ဘုရားသခင်သည် သင်၏စိတ်နှလုံးကို အကောင်းဆုံးစိတ်ဝင်စားသောကြောင့် ကိုယ်တော်ထံမှ အဘယ်ကြောင့် ထွက်ပြေးပါသနည်း။
ဆင်ခြင်ရန်
- ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ့အား ချစ်ပြီး နောက်တော်လိုက်ဖို့ရန် ရွေးချယ်မှုကို ဘာကြောင့်များ ရှိဖို့ရန် အလိုတော်ရှိပါသနည်း။
- ဘုရားသခင် သင့်အား မိန့်ကြားထားသော အရာကနေ သင်ထွက်ပြေးနေပါသလား။ သင်ခုခံနေသည်ဟု ဘာကြောင့်များ ထင်မြင်ပါသနည်း။
- သင်ကိုယ်တိုင် ဘုရားသခင်ကို ဆန့်ကျင်သည့်အခါ မည်သည့်အကျိုးဆက်ကို ခံစားခဲ့ရပါသနည်း။
- ဘုရားသခင်ကို သိခြင်းက သင့်အတွက် မည်မျှ အကျိုးရှိပါသနည်း။ ဘုရားသခင်အား နာခံဖို့ရန် သင်၏ စိတ်ဆန္ဒကို မည်သို့ ပြောင်းလဲစေနိုင်ပါသနည်း။
--------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်