သူတစ်ပါးကို သတိပေးနှိုးဆော်ဖို့ရန် ကျွန်ုပ်တို့တွင် သမ္မာတရားဆိုင်ရာ တာဝန်ယူမှုတွေ ရှိပါတယ်။ | We Have a Biblical Responsibility to Warn Others

Unicode Version

သူတစ်ပါးကို သတိပေးနှိုးဆော်ဖို့ရန် ကျွန်ုပ်တို့တွင် သမ္မာတရားဆိုင်ရာ တာဝန်ယူမှုတွေ ရှိပါတယ်။

ယောနဝတ္တု ၃:၃-၄ “ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့ သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီးကျယ်ဝန်းသော မြို့ဖြစ်သတည်း။ ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွား လျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက် စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။”

ဘုရားသခင်သည် ယေနအား နိနေဝေမြို့သို့ စေလွှတ်တဲ့အခါမှာ သူ၏ လုပ်ငန်းတာဝန်သည် ၎င်းမြို့မှာ ရှိတဲ့သူတွေကို သူတို့၏ မနာခံမှုအတွက် ပြင်းထန်သော အကျိုးဆက်များရှိမည်ကို သတိပေးဖို့ရန် ဖြစ်ပါတယ်။ ဘုရား၏ စီရင်ခြင်းက နီးကပ်နေကြောင်းကို ထိုသူတို့သိဖို့ရန် ဘုရားအလိုတော်ရှိပါတယ်။ သို့ပေမဲ့ သူတို့တွင် ဘုရားသခင်ထံ နာခံခြင်းနှင့်အတူ နောင်တရဖို့ အခွင့်အရေး ရှိနေဆဲဖြစ်တယ်။

ဘုရားသခင်သည် နိနေဝေမြို့က လူတွေကို  ဒုတိယအကြိမ် အခွင့်အရေးပေးဖို့ရန် အလိုတော်ရှိခဲ့ပါတယ်။

သို့ပေမဲ့ ယေနကိုလည်း ဒုတိယအခွင့်အရေး ပေးဖို့လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရောဖက်က ငါးကြီးအတွင်း၌ ထိုင်နေခဲ့လို့ဖြစ်ပါတယ်။ သူ့အား ဘုရားသခင် ကယ်တင်လိုက်တဲ့အခါတွင် သမ္မာကျမ်းစာက ဆိုထားသည်မှာ ယောနဝတ္တု ၃:၃-၄ “ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့ သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီးကျယ်ဝန်းသော မြို့ဖြစ်သ တည်း။ ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွား လျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက် စီးခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။

သတိပေးခြင်းဆိုသည်မှာ အန္တရာယ် ၊ ထောင်ချောက် (သို့) ပြသနာ တွေနှင့် ပတ်သက်ပြီး အကြံဉာဏ် ပေးခြင်းမျိုး ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့၏ အသက်တာထဲကို ဘုရားသခင်သည် လူတွေကို ပို့ဆောင်ခြင်းက ဘုရား၏ သတိပေးခြင်းတွေကို ကျွန်ုပ်တို့ နားမထောင်သောကြောင့် ဖြစ်ပါတယ်။

ဓမ္မသစ်ကျမ်းမှာရှိတဲ့ ကျမ်းပိုဒ် ၁၀၀ ထက်မကတွေသည် တခြားသောသူတို့ကို သတိပေးဖို့ရန် ကျွန်ုပ်တို့ကို ပြောဆိုနေခြင်းဖြစ်ပါတယ်။ ၎င်းသည် သခင်ခရစ်တော်နောက်လိုက်ဖြစ်တဲ့အလျောက် ကျွန်ုပ်တို့၏ တစ်စိတ်တစ် ဒေသ တာဝန်ဖြစ်ပါတယ်။

တမန်တော်ဝတ္တု ၂၀:၃၁ “ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ် လုံးနေ့ညမပြတ် လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြလော့။

ဖိလိပ္ပိ လူတို့ကို “မျက်ရည်ဖြင့်” ရှင်ပေါလု သတိပေးခဲ့တာတွေကို သတိပြုပါ။ ဘာကြောင့်ဤသို့ ပြုရသနည်း။ ဘာကြောင့်လဲဆိုတော့ ထိုလူတွေကို သူချစ်သောကြောင့် ဖြစ်ပါတယ်။

သူတစ်ပါးကို သတိပေးနှိုးဆော်ခြင်း အမှုကို ယုံကြည်သူအားလုံးဆီ ဘုရားသခင် ပေးထားပါတယ်။ တစ်စုံတစ် ယောက်ကို သင် သတိပေးတဲ့အခါမှာ သင်သူ့အား မေတ္တာရှိတယ်။ ဘုရားသခင်အား သင်မေတ္တာရှိတယ် ဆိုတာကို ဖော်ပြပါတယ်။ ဉပမာအားဖြင့် သင်က တံတားတစ်စင်းကျိုးနေတာကို သိရှိထားပြီး တစ်ယောက်ယောက်က ၎င်းတံတားဆီသို့ တစ်နာရီ မိုင်၅၀ နှုန်းဖြင့် မောင်းနှင်နေတယ်ဆိုတာကို သင်မြင်ပါလျှင် စေတနာမေတ္တာဖြင့် လုပ်ဆောင်ဖို့က သူတို့ကို သတိပေးဖို့ ဖြစ်ပါတယ်။

သင့်အသက်တာမှာ လူတွေကို သင်ချစ်ပါလျှင် သူတို့၏ ဉာဏ်အမြော်အမြင် မဲ့သော ပြုမူမှုတွေ၏ အကျိုးဆက် (သို့) ဆုံးဖြတ်ချက်တို့ကို သင်သတိပေးပါလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ချစ်ခြင်းမေတ္တာ ပုံဆောင်ခြင်းဖြစ်ပါတယ်။

 ဆင်ခြင်ရန်

- တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး တစ်စုံတစ်ဉီးက သင့်အား သတိပေးလိုက်တဲ့ အခါတွင် သင့်အား မကောင်းသော ဆုံးဖြတ်ချက်မချခြင်းကနေ ကယ်တင်လိုက်နိုင်ခဲ့သည့် အချိန်ကာလကို ဖော်ပြပါ။

- သူတစ်ပါး၏ အကြံပေး ၊ သတိပေး နှိုးဆော်ချက်တွေကို သင်လိုလိုလားလား လက်ခံပါသလား။ ဘာကြောင့်လဲ ၊ (သို့) ဘာကြောင့် လက်မခံသလဲ။

- တခြားသူများအား သတိပေးခြင်းနှင့် ပတ်သက်ပြီး အခက်ခဲဆုံးအပိုင်းက မည်သို့နည်း။



--------------------------------------------------------------------------------------


Zawgyi Version

သူတစ္ပါးကို သတိေပးႏႈိးေဆာ္ဖို႔ရန္ ကြၽႏ္ုပ္တို႔တြင္ သမၼာတရားဆိုင္ရာ တာဝန္ယူမႈေတြ ရွိပါတယ္။
ေယာနဝတၱဳ ၃:၃-၄ “ထိုအခါ ထာဝရဘုရား၏ အမိန္႔ေတာ္အတိုင္း ေယာနသည္ ထ၍ နိေနေဝၿမိဳ႕သို႔ သြား၏။ နိေနေဝၿမိဳ႕ သည္ အလြန္ႀကီးေသာၿမိဳ႕၊ သုံးရက္ခရီးက်ယ္ဝန္းေသာ ၿမိဳ႕ျဖစ္သတည္း။ ေယာနသည္ ၿမိဳ႕ထဲသို႔ဝင္၍ တေန႔ခရီးသြား လ်က္၊ အရက္ေလးဆယ္လြန္ေသာ္၊ နိေနေဝၿမိဳ႕သည္ ပ်က္ စီးျခင္းသို႔ေရာက္လိမ့္မည္ဟု ေႂကြးေၾကာ္ေလ၏။”

ဘုရားသခင္သည္ ေယနအား နိေနေဝၿမိဳ႕သို႔ ေစလႊတ္တဲ့အခါမွာ သူ၏ လုပ္ငန္းတာဝန္သည္ ၎ၿမိဳ႕မွာ ရွိတဲ့သူေတြကို သူတို႔၏ မနာခံမႈအတြက္ ျပင္းထန္ေသာ အက်ိဳးဆက္မ်ားရွိမည္ကို သတိေပးဖို႔ရန္ ျဖစ္ပါတယ္။ ဘုရား၏ စီရင္ျခင္းက နီးကပ္ေနေၾကာင္းကို ထိုသူတို႔သိဖို႔ရန္ ဘုရားအလိုေတာ္ရွိပါတယ္။ သို႔ေပမဲ့ သူတို႔တြင္ ဘုရားသခင္ထံ နာခံျခင္းႏွင့္အတူ ေနာင္တရဖို႔ အခြင့္အေရး ရွိေနဆဲျဖစ္တယ္။

ဘုရားသခင္သည္ နိေနေဝၿမိဳ႕က လူေတြကို  ဒုတိယအႀကိမ္ အခြင့္အေရးေပးဖို႔ရန္ အလိုေတာ္ရွိခဲ့ပါတယ္။
သို႔ေပမဲ့ ေယနကိုလည္း ဒုတိယအခြင့္အေရး ေပးဖို႔လည္း ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပေရာဖက္က ငါးႀကီးအတြင္း၌ ထိုင္ေနခဲ့လို႔ျဖစ္ပါတယ္။ သူ႔အား ဘုရားသခင္ ကယ္တင္လိုက္တဲ့အခါတြင္ သမၼာက်မ္းစာက ဆိုထားသည္မွာ ေယာနဝတၱဳ ၃:၃-၄ “ထိုအခါ ထာဝရဘုရား၏ အမိန္႔ေတာ္အတိုင္း ေယာနသည္ ထ၍ နိေနေဝၿမိဳ႕သို႔ သြား၏။ နိေနေဝၿမိဳ႕ သည္ အလြန္ႀကီးေသာၿမိဳ႕၊ သုံးရက္ခရီးက်ယ္ဝန္းေသာ ၿမိဳ႕ျဖစ္သ တည္း။ ေယာနသည္ ၿမိဳ႕ထဲသို႔ဝင္၍ တေန႔ခရီးသြား လ်က္၊ အရက္ေလးဆယ္လြန္ေသာ္၊ နိေနေဝၿမိဳ႕သည္ ပ်က္ စီးျခင္းသို႔ေရာက္လိမ့္မည္ဟု ေႂကြးေၾကာ္ေလ၏။”

သတိေပးျခင္းဆိုသည္မွာ အႏၲရာယ္ ၊ ေထာင္ေခ်ာက္ (သို႔) ျပသနာ ေတြႏွင့္ ပတ္သက္ၿပီး အႀကံဉာဏ္ ေပးျခင္းမ်ိဳး ျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာ ကြၽႏ္ုပ္တို႔၏ အသက္တာထဲကို ဘုရားသခင္သည္ လူေတြကို ပို႔ေဆာင္ျခင္းက ဘုရား၏ သတိေပးျခင္းေတြကို ကြၽႏ္ုပ္တို႔ နားမေထာင္ေသာေၾကာင့္ ျဖစ္ပါတယ္။ 

ဓမၼသစ္က်မ္းမွာရွိတဲ့ က်မ္းပိုဒ္ ၁၀၀ ထက္မကေတြသည္ တျခားေသာသူတို႔ကို သတိေပးဖို႔ရန္ ကြၽႏ္ုပ္တို႔ကို ေျပာဆိုေနျခင္းျဖစ္ပါတယ္။ ၎သည္ သခင္ခရစ္ေတာ္ေနာက္လိုက္ျဖစ္တဲ့အေလ်ာက္ ကြၽႏ္ုပ္တို႔၏ တစ္စိတ္တစ္ ေဒသ တာဝန္ျဖစ္ပါတယ္။ 
တမန္ေတာ္ဝတၱဳ ၂၀:၃၁ “ထိုေၾကာင့္ ေစာင့္ေရွာက္၍ေနၾကေလာ့။ ငါသည္သုံးႏွစ္ပတ္ လုံးေန႔ညမျပတ္ လူအေပါင္းတို႔ကို မ်က္ရည္ႏွင့္တကြ ဆုံးမ၍ ေနေၾကာင္းကို ေအာက္ေမ့ၾကေလာ့။”
ဖိလိပၸိ လူတို႔ကို “မ်က္ရည္ျဖင့္” ရွင္ေပါလု သတိေပးခဲ့တာေတြကို သတိျပဳပါ။ ဘာေၾကာင့္ဤသို႔ ျပဳရသနည္း။ ဘာေၾကာင့္လဲဆိုေတာ့ ထိုလူေတြကို သူခ်စ္ေသာေၾကာင့္ ျဖစ္ပါတယ္။ 

သူတစ္ပါးကို သတိေပးႏႈိးေဆာ္ျခင္း အမႈကို ယုံၾကည္သူအားလုံးဆီ ဘုရားသခင္ ေပးထားပါတယ္။ တစ္စုံတစ္ ေယာက္ကို သင္ သတိေပးတဲ့အခါမွာ သင္သူ႔အား ေမတၱာရွိတယ္။ ဘုရားသခင္အား သင္ေမတၱာရွိတယ္ ဆိုတာကို ေဖာ္ျပပါတယ္။ ဉပမာအားျဖင့္ သင္က တံတားတစ္စင္းက်ိဳးေနတာကို သိရွိထားၿပီး တစ္ေယာက္ေယာက္က ၎တံတားဆီသို႔ တစ္နာရီ မိုင္၅၀ ႏႈန္းျဖင့္ ေမာင္းႏွင္ေနတယ္ဆိုတာကို သင္ျမင္ပါလွ်င္ ေစတနာေမတၱာျဖင့္ လုပ္ေဆာင္ဖို႔က သူတို႔ကို သတိေပးဖို႔ ျဖစ္ပါတယ္။

သင့္အသက္တာမွာ လူေတြကို သင္ခ်စ္ပါလွ်င္ သူတို႔၏ ဉာဏ္အေျမာ္အျမင္ မဲ့ေသာ ျပဳမူမႈေတြ၏ အက်ိဳးဆက္ (သို႔) ဆုံးျဖတ္ခ်က္တို႔ကို သင္သတိေပးပါလိမ့္မည္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားဝတ္၌ေမြ႕ေလ်ာ္ျခင္းသည္ ခ်စ္ျခင္းေမတၱာ ပုံေဆာင္ျခင္းျဖစ္ပါတယ္။

ဆင္ျခင္ရန္
- တစ္စုံတစ္ခုႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ဉီးက သင့္အား သတိေပးလိုက္တဲ့ အခါတြင္ သင့္အား မေကာင္းေသာ ဆုံးျဖတ္ခ်က္မခ်ျခင္းကေန ကယ္တင္လိုက္ႏိုင္ခဲ့သည့္ အခ်ိန္ကာလကို ေဖာ္ျပပါ။
- သူတစ္ပါး၏ အႀကံေပး ၊ သတိေပး ႏႈိးေဆာ္ခ်က္ေတြကို သင္လိုလိုလားလား လက္ခံပါသလား။ ဘာေၾကာင့္လဲ ၊ (သို႔) ဘာေၾကာင့္ လက္မခံသလဲ။
- တျခားသူမ်ားအား သတိေပးျခင္းႏွင့္ ပတ္သက္ၿပီး အခက္ခဲဆုံးအပိုင္းက မည္သို႔နည္း။