ဘုရားသခင်ပေးသောတာဝန်အတွက် သင်ယုံကြည်လက်ခံတဲ့အခါမှာ (၃) မျိုးသော အံ့ဩဖွယ်ရာကို သင် မျှော်လင့်နိုင်ပါတယ်။ | Three Miracles You Can Expect When You Embrace God’s Mission

Unicode Version

ဘုရားသခင်ပေးသောတာဝန်အတွက် သင်ယုံကြည်လက်ခံတဲ့အခါမှာ (၃) မျိုးသော အံ့ဩဖွယ်ရာကို သင် မျှော်လင့်နိုင်ပါတယ်။

ယောန ၁:၁၆ “သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာဂတိ ထားကြ၏။

သင့်အသက်တာကို ဘုရားသခင်၏ သာသနာတော်အဖို့ ယုံကြည်လက်ခံတဲ့အခါမှာ အံ့ဩဖွယ်ရာတွေ ဖြစ်စေပါတယ်။

ယောန၏ အသက်တာအားဖြင့်လည်း ထိုအရာကို သင်တွေ့မြင်နိုင်ပါတယ်။ စီရင်ခြင်းနီးလာပြီးဖြစ်ကြောင်းကို နိနေဝေမြို့သားတို့ကို သတိပေးဖို့ရန် ယောနအား ဘုရားသခင် ပြောခဲ့ပါတယ်။ သို့ပေမဲ့ ယောနက ထိုကဲ့သို့ မလုပ်ချင်ခဲ့ပါ။ ဒါကြောင့် ဘုရားသခင် သူ့အား ရှိစေချင်သောအရပ်ကနေ  အလွန်ဝေးသော ဆန့်ကျင်ဘက် အရပ် ဖြစ်တဲ့ တာရှုမြို့ကို သင်္ဘောစီးထွက်ခဲ့ပါတယ်။

ပေးတော်မူသော တာဝန်အတွက် ယောနအား  ပြန်လည်ရယူဖို့ရန် ဘုရားသခင်သည် သင်္ဘောကို ရပ်တန့်စေဖို့ရန် ပြင်းထန် သော မုန်တိုင်းကို ပို့ဆောင်ခဲ့ပါတယ်။ ယောနဝတ္တု ၁:၁၂ “ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ပြုလျှင်၊ လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာသော မိုဃ်းသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့ အပေါ်သို့ ရောက်သည်ကို ငါသိ၏”

နောက်ဆုံးမှာ ယောနက ဘုရားသခင်ကို နာခံလိုက်တဲ့အခါမှာ အံ့ဩဖွယ် (၃) မျိုးဖြစ်ပေါ်ပါတယ်။ သင့်အသက် တာတွင်လည်း ဘုရားသခင်၏ သာသနာကို ယုံကြည်လက်ခံတဲ့အခါမှာ တူညီသော အံ့ဩဖွယ်ရာတို့ ဖြစ်လာပါ လိမ့်မည်။

အသက်တာ ငြိမ်သက်ခြင်းရှိတယ်။

ယခင်က ရှိခဲ့ဖူးတဲ့ မုန်တိုင်းတွေသည် ချက်ချင်းပင် ငြိမ်သက်သွားပါလိမ့်မည်။ မုန်တိုင်းဆိုတာ ချက်ချင်း ရပ်တန့်လေ့မရှိပေမဲ့ ဤတစ်ခေါက်မှာတော့ ရပ်တန့်ခဲ့ပါတယ်။

ပင်လယ်ထဲသို့ ယောန ပစ်ချခံရတဲ့အချိန်မှာ မုန်တိုင်းသည် ရပ်တန့်သွားခဲ့ပါတယ်။ သင့်အသက်တာ တွင် တွေ့ကြုံနေတဲ့မုန်တိုင်းအတွက် ဘုရားသခင်မှာ ရည်ရွယ်ချက်ရှိပါတယ်။ ဘုရားသခင်သည် သူ့အား သင်အာရုံစိုက် စေဖို့ရန် လည်းဖြစ်ကောင်းမည်။ သူ၏ ရည်ရွယ်ချက်က သင်၏ပြသနာထက် အမြဲတမ်း ကြီးမားပါတယ်။ ဘုရားသခင်ပေးသော တာဝန်ကို သင်လက်ခံလိုက်တဲ့အခါမှာ သင်၏အာရုံစိုက်မှုကို ရရှိဖို့ရန် မုန်တိုင်းကို သူငြိမ်သက်စေပါလိမ့်မည်။

မယုံကြည်သူတို့ ယုံကြည်လာပါလိမ့်မည်။

ယောနစီးသော သင်္ဘောပေါ်မှာ မယုံကြည်သော သူတွေ များစွာ ပါဝင်ခဲ့ပါတယ်။ ယောနကို သူတို့ ပင်လယ်ထဲ ပစ်ချလိုက်တဲ့အချိန်မှာ ဘုရားသခင် မုန်တိုင်းကို ရပ်တန့်စေခဲ့ခြင်းက သူတို့ကို အံ့ဩမှင်သက်စေခဲ့ပါတယ်။ ယောန ၁:၁၆ “သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာဂတိ ထားကြ၏။ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ကို ယုံကြည်သောသူတစ်ဉီးက မှားယွင်းသော လမ်းကနေ ဖြောင့်မတ်သောလမ်းသို့ ရုတ်တရက်ပြောင်းလဲတဲ့အခါမှာ ဘုရားသခင်ကို မယုံကြည်သောသူတွေကိုပင် ယုံကြည် လာစေပါတယ်။

သင်၌ သခင်ခရစ်တော်နောက်သို့ မလိုက်လျှောက်သော မိတ်ဆွေသူငယ်ချင်း (သို့) အိမ်နီးချင်း တို့ရှိနေနိုင်သည်။ သခင်ခရစ်တော်အား သူတို့ယုံကြည်ကိုးစားရန် သူတို့၏ လိုအင်ဆန္ဒပေါ် အကျိုးသက်ရောက် စေနိုင်တယ်ဆိုတာ ကို သင်တွေးထင်ဖူးပါသလား။ သင်၏ အသက်တာနှင့် ရွေးချယ်မှုတွေက သူတို့တွေကို သခင်ခရစ်တော်ထံ ရောက်ရှိစေဖို့ ဝေးကွာစေခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဘုရားသခင်ကို သင် ၁၀၀ ရာနှုန်းအပြည့် ပေးတဲ့အခါမှာ သင်၌ရှိသောအရာကို သင်ချစ်သောသူတွေသည်လည်း အလိုရှိလာပါလိမ့်မည်။

ဘုရားသခင် သင့်အား သနားခြင်းဂရုဏာ ပြပါသည်။

သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ ယောနဝတ္တု ၁:၁၇ “ယောနကို မျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်းထဲ မှာ သုံးရက်ပတ်လုံးနေရ၏။ ဤအမှုသည် စာနာမှု မရှိဘူးလို့ ထင်ရပေမဲ့ တကယ့်ကို စာနာသနားခြင်းဖြစ်ပါတယ်။ ပင်လယ်ထဲသို့ ပစ်ချခံရပြီး နောက်တွင် ယောနသည် ငါးကြီးမျိုချခြင်းကြောင့် အသက်ရှင်ခဲ့ပါတယ်။

တစ်ချို့သောလူတွေက ဘုရားသခင်၏ သာသနာတော်ကို ယုံကြည်လက်ခံဖို့ရန် ပြန်လှည့်လာတဲ့အခါမှာ သူတို့ဖြုန်းတီးခဲ့တဲ့အချိန်တွေအတွက် အပြစ်ပေးခံရမည် ထင်မြင်ကြပါတယ်။ ဤအရာသည် မမှန်ကန်ပါဘူး။

သင်၏အသက်တာအတွက် ဘုရားသခင်၏ သာသာနာပြုခြင်းကို လက်ခံခြင်းသည် သင်ဆုံးဖြတ်သမျှသော အရာများတွင် အကောင်းဆုံးသောအရာ ဖြစ်ပေမည်။ ဘုရားသခင်သည် သင့်အား သာသနာတော်ကို ဖြည့်ဆည်းဖို့ရန် အလိုတော်ရှိပါတယ်။ ဒါကြောင့် သင့်အား ပွင့်လင်းစွာ လက်ကမ်းကြိုဆိုပါလိမ့်မည်။

အံ့ဩဖွယ်ရာတို့သည် လိုက်လာပါလိမ့်မည်။

 ဆင်ခြင်ရန်

- ဘုရားသခင် ပြောဆိုထားတဲ့အရာတွေကို သင်နာခံလိုက်တဲ့အခါတွင် ဘုရားသခင်သည် မုန်တိုင်းကို ရပ်တန့်စေခဲ့ကြောင်းကို သင်မည်သို့သောအချိန်တွင် တွေ့မြင်ခဲ့ဖူးပါသနည်း။

- ယောနအား ငါးကြီးမျိုလိုက်တဲ့အချိန်မှာ ဘုရားသခင်၏ သနားကြင်နာမှုလုပ်ရပ်ကို ဖြစ်စေပါတယ်။ တစ်စုံတစ်ရာကနေ သင့်အား ဘုရားသခင် ကယ်တင်ခဲ့ပေမဲ့လည်း သင်၏အသက်တာ အနုတ်သဘောဆောင် သော အခြေအနေဖြစ်တယ်လို့ သင်ယူဆတဲ့ သာဓကတွေ ရှိပါသလား။

- သင့်အသက်တာတွင် သခင်ခရစ်တော်နောက် မလိုက်သော သူတို့၏ အကြောင်းကို စဉ်းစားကြည့်ပါ။ သူတို့အတွက် သင်မည်သို့ ဆုတောင်းပေးနိုင်ပါမည်နည်း။ သင့်အသက်တာအတွက် ဘုရားသခင်၏ သာသနာတော်ကို မည်ကဲ့သို့ လေးနက်စွာ ယုံကြည်လက်ခံပါမည်နည်း။



----------------------------------------------------------------------------------

Zawgyi Version

ဘုရားသခင္ေပးေသာတာဝန္အတြက္ သင္ယုံၾကည္လက္ခံတဲ့အခါမွာ (၃) မ်ိဳးေသာ အံ့ဩဖြယ္ရာကို သင္ ေမွ်ာ္လင့္ႏိုင္ပါတယ္။ 

ေယာန ၁:၁၆ “သေဘၤာသားတို႔သည္လည္း ထာဝရဘုရားကို အလြန္ေၾကာက္႐ြံ႕သျဖင့္ ယဇ္ပူေဇာ္၍ သစၥာဂတိ ထားၾက၏။”

သင့္အသက္တာကို ဘုရားသခင္၏ သာသနာေတာ္အဖို႔ ယုံၾကည္လက္ခံတဲ့အခါမွာ အံ့ဩဖြယ္ရာေတြ ျဖစ္ေစပါတယ္။ 

ေယာန၏ အသက္တာအားျဖင့္လည္း ထိုအရာကို သင္ေတြ႕ျမင္ႏိုင္ပါတယ္။ စီရင္ျခင္းနီးလာၿပီးျဖစ္ေၾကာင္းကို နိေနေဝၿမိဳ႕သားတို႔ကို သတိေပးဖို႔ရန္ ေယာနအား ဘုရားသခင္ ေျပာခဲ့ပါတယ္။ သို႔ေပမဲ့ ေယာနက ထိုကဲ့သို႔ မလုပ္ခ်င္ခဲ့ပါ။ ဒါေၾကာင့္ ဘုရားသခင္ သူ႔အား ရွိေစခ်င္ေသာအရပ္ကေန  အလြန္ေဝးေသာ ဆန႔္က်င္ဘက္ အရပ္ ျဖစ္တဲ့ တာရႈၿမိဳ႕ကို သေဘၤာစီးထြက္ခဲ့ပါတယ္။ 

ေပးေတာ္မူေသာ တာဝန္အတြက္ ေယာနအား  ျပန္လည္ရယူဖို႔ရန္ ဘုရားသခင္သည္ သေဘၤာကို ရပ္တန႔္ေစဖို႔ရန္ ျပင္းထန္ ေသာ မုန္တိုင္းကို ပို႔ေဆာင္ခဲ့ပါတယ္။ ေယာနဝတၱဳ ၁:၁၂ “ငါ့ကိုခ်ီ၍ ပင္လယ္ထဲသို႔ ခ်ပစ္ၾကေလာ့။ သို႔ျပဳလွ်င္၊ လႈိင္းတံပိုးသည္ သင္တို႔၌ ၿငိမ္းလိမ့္မည္။ ဤျပင္းစြာေသာ မိုဃ္းသက္မုန္တိုင္းသည္ ငါ့ေၾကာင့္သာ သင္တို႔ အေပၚသို႔ ေရာက္သည္ကို ငါသိ၏” 

ေနာက္ဆုံးမွာ ေယာနက ဘုရားသခင္ကို နာခံလိုက္တဲ့အခါမွာ အံ့ဩဖြယ္ (၃) မ်ိဳးျဖစ္ေပၚပါတယ္။ သင့္အသက္ တာတြင္လည္း ဘုရားသခင္၏ သာသနာကို ယုံၾကည္လက္ခံတဲ့အခါမွာ တူညီေသာ အံ့ဩဖြယ္ရာတို႔ ျဖစ္လာပါ လိမ့္မည္။

အသက္တာ ၿငိမ္သက္ျခင္းရွိတယ္။ 
ယခင္က ရွိခဲ့ဖူးတဲ့ မုန္တိုင္းေတြသည္ ခ်က္ခ်င္းပင္ ၿငိမ္သက္သြားပါလိမ့္မည္။ မုန္တိုင္းဆိုတာ ခ်က္ခ်င္း ရပ္တန႔္ေလ့မရွိေပမဲ့ ဤတစ္ေခါက္မွာေတာ့ ရပ္တန႔္ခဲ့ပါတယ္။
ပင္လယ္ထဲသို႔ ေယာန ပစ္ခ်ခံရတဲ့အခ်ိန္မွာ မုန္တိုင္းသည္ ရပ္တန႔္သြားခဲ့ပါတယ္။ သင့္အသက္တာ တြင္ ေတြ႕ႀကဳံေနတဲ့မုန္တိုင္းအတြက္ ဘုရားသခင္မွာ ရည္႐ြယ္ခ်က္ရွိပါတယ္။ ဘုရားသခင္သည္ သူ႔အား သင္အာ႐ုံစိုက္ ေစဖို႔ရန္ လည္းျဖစ္ေကာင္းမည္။ သူ၏ ရည္႐ြယ္ခ်က္က သင္၏ျပသနာထက္ အၿမဲတမ္း ႀကီးမားပါတယ္။ ဘုရားသခင္ေပးေသာ တာဝန္ကို သင္လက္ခံလိုက္တဲ့အခါမွာ သင္၏အာ႐ုံစိုက္မႈကို ရရွိဖို႔ရန္ မုန္တိုင္းကို သူၿငိမ္သက္ေစပါလိမ့္မည္။

မယုံၾကည္သူတို႔ ယုံၾကည္လာပါလိမ့္မည္။
ေယာနစီးေသာ သေဘၤာေပၚမွာ မယုံၾကည္ေသာ သူေတြ မ်ားစြာ ပါဝင္ခဲ့ပါတယ္။ ေယာနကို သူတို႔ ပင္လယ္ထဲ ပစ္ခ်လိုက္တဲ့အခ်ိန္မွာ ဘုရားသခင္ မုန္တိုင္းကို ရပ္တန႔္ေစခဲ့ျခင္းက သူတို႔ကို အံ့ဩမွင္သက္ေစခဲ့ပါတယ္။ယာန ၁:၁၆ “သေဘၤာသားတို႔သည္လည္း ထာဝရဘုရားကို အလြန္ေၾကာက္႐ြံ႕သျဖင့္ ယဇ္ပူေဇာ္၍ သစၥာဂတိ ထားၾက၏။” ဘာေၾကာင့္လဲဆိုေတာ့ ဘုရားသခင္ကို ယုံၾကည္ေသာသူတစ္ဉီးက မွားယြင္းေသာ လမ္းကေန ေျဖာင့္မတ္ေသာလမ္းသို႔ ႐ုတ္တရက္ေျပာင္းလဲတဲ့အခါမွာ ဘုရားသခင္ကို မယုံၾကည္ေသာသူေတြကိုပင္ ယုံၾကည္ လာေစပါတယ္။
သင္၌ သခင္ခရစ္ေတာ္ေနာက္သို႔ မလိုက္ေလွ်ာက္ေသာ မိတ္ေဆြသူငယ္ခ်င္း (သို႔) အိမ္နီးခ်င္း တို႔ရွိေနႏိုင္သည္။ သခင္ခရစ္ေတာ္အား သူတို႔ယုံၾကည္ကိုးစားရန္ သူတို႔၏ လိုအင္ဆႏၵေပၚ အက်ိဳးသက္ေရာက္ ေစႏိုင္တယ္ဆိုတာ ကို သင္ေတြးထင္ဖူးပါသလား။ သင္၏ အသက္တာႏွင့္ ေ႐ြးခ်ယ္မႈေတြက သူတို႔ေတြကို သခင္ခရစ္ေတာ္ထံ ေရာက္ရွိေစဖို႔ ေဝးကြာေစျခင္းလည္း ျဖစ္ႏိုင္ပါတယ္။ ဘုရားသခင္ကို သင္ ၁၀၀ ရာႏႈန္းအျပည့္ ေပးတဲ့အခါမွာ သင္၌ရွိေသာအရာကို သင္ခ်စ္ေသာသူေတြသည္လည္း အလိုရွိလာပါလိမ့္မည္။

ဘုရားသခင္ သင့္အား သနားျခင္းဂ႐ုဏာ ျပပါသည္။ 
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ ေယာနဝတၱဳ ၁:၁၇ “ေယာနကို မ်ိဳေစျခင္းငွါ ငါးႀကီးကို ထာဝရဘုရား ခန္႔ထားေတာ္မူသည္ႏွင့္အညီ၊ ေယာနသည္ ငါး၏ဝမ္းထဲ မွာ သုံးရက္ပတ္လုံးေနရ၏။” ဤအမႈသည္ စာနာမႈ မရွိဘူးလို႔ ထင္ရေပမဲ့ တကယ့္ကို စာနာသနားျခင္းျဖစ္ပါတယ္။ ပင္လယ္ထဲသို႔ ပစ္ခ်ခံရၿပီး ေနာက္တြင္ ေယာနသည္ ငါးႀကီးမ်ိဳခ်ျခင္းေၾကာင့္ အသက္ရွင္ခဲ့ပါတယ္။ 

တစ္ခ်ိဳ႕ေသာလူေတြက ဘုရားသခင္၏ သာသနာေတာ္ကို ယုံၾကည္လက္ခံဖို႔ရန္ ျပန္လွည့္လာတဲ့အခါမွာ သူတို႔ျဖဳန္းတီးခဲ့တဲ့အခ်ိန္ေတြအတြက္ အျပစ္ေပးခံရမည္ ထင္ျမင္ၾကပါတယ္။ ဤအရာသည္ မမွန္ကန္ပါဘူး။

သင္၏အသက္တာအတြက္ ဘုရားသခင္၏ သာသာနာျပဳျခင္းကို လက္ခံျခင္းသည္ သင္ဆုံးျဖတ္သမွ်ေသာ အရာမ်ားတြင္ အေကာင္းဆုံးေသာအရာ ျဖစ္ေပမည္။ ဘုရားသခင္သည္ သင့္အား သာသနာေတာ္ကို ျဖည့္ဆည္းဖို႔ရန္ အလိုေတာ္ရွိပါတယ္။ ဒါေၾကာင့္ သင့္အား ပြင့္လင္းစြာ လက္ကမ္းႀကိဳဆိုပါလိမ့္မည္။

အံ့ဩဖြယ္ရာတို႔သည္ လိုက္လာပါလိမ့္မည္။

ဆင္ျခင္ရန္
- ဘုရားသခင္ ေျပာဆိုထားတဲ့အရာေတြကို သင္နာခံလိုက္တဲ့အခါတြင္ ဘုရားသခင္သည္ မုန္တိုင္းကို ရပ္တန႔္ေစခဲ့ေၾကာင္းကို သင္မည္သို႔ေသာအခ်ိန္တြင္ ေတြ႕ျမင္ခဲ့ဖူးပါသနည္း။
- ေယာနအား ငါးႀကီးမ်ိဳလိုက္တဲ့အခ်ိန္မွာ ဘုရားသခင္၏ သနားၾကင္နာမႈလုပ္ရပ္ကို ျဖစ္ေစပါတယ္။ တစ္စုံတစ္ရာကေန သင့္အား ဘုရားသခင္ ကယ္တင္ခဲ့ေပမဲ့လည္း သင္၏အသက္တာ အႏုတ္သေဘာေဆာင္ ေသာ အေျခအေနျဖစ္တယ္လို႔ သင္ယူဆတဲ့ သာဓကေတြ ရွိပါသလား။
- သင့္အသက္တာတြင္ သခင္ခရစ္ေတာ္ေနာက္ မလိုက္ေသာ သူတို႔၏ အေၾကာင္းကို စဥ္းစားၾကည့္ပါ။ သူတို႔အတြက္ သင္မည္သို႔ ဆုေတာင္းေပးႏိုင္ပါမည္နည္း။ သင့္အသက္တာအတြက္ ဘုရားသခင္၏ သာသနာေတာ္ကို မည္ကဲ့သို႔ ေလးနက္စြာ ယုံၾကည္လက္ခံပါမည္နည္း။