Unicode Version
ဘုရားသခင်အား ကြိုတင်ကျေးဇူးတင်ရှိခြင်း
ယောနဝတ္တု ၂:၉ “အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့်
ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရဘုရား၏
ကျေးဇူးတော်ကြောင့် ချမ်းသာရပါ သည်ဟု ဆုတောင်းလေ၏။”
သင် မျှော်လင့်ချက်ကင်းမဲ့သည်ဟု ခံစားရတဲ့အခါ ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ရန် အကျိုးမရှိပုံ ပေါ်ပါတယ်။ ကျောက်ဆောင်အောက်ခြေကို ထိခိုက်မိတဲ့အခါမှာ ဘာကြောင့် ကျေးဇူးတင်ခြင်းကို သင်ခံစားမည်နည်း။
ယောနကို ကြည့်ပါ။ ငါးကြီးဝမ်းဗိုက်ထဲမှ သူ၏ဆုတောင်းချက်အဆုံးပိုင်း ဘုရားသခင် သူ့အား မကယ်မခင်မှာ ဆု တောင်းခြင်း အဖြေအတွက် ဘုရားသခင်ကို မည်သို့ကြိုတင်ကျေးဇူးတင်ရမည်ကို ဖော်ပြခဲ့ပါတယ်။ ယောနဝတ္တု ၂:၉ “အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။”
နောက်မှ ကျေးဇူးတင်ရှိခြင်း နှင့် မတိုင်ခင် ကျေးဇူးတင်ရှိခြင်း ကြားတွင် ခြားနားချက်က ဘာဖြစ်မည်နည်း။ ကျွန်ုပ်ဆုတောင်းချက်၏ အဖြေကို ဘုရားသခင် ဖြေကြားသည့်အချိန်ထိ စောင့်ဆိုင်းပြီးမှ ကျေးဇူးတင်ခြင်းသည် ကျေးဇူးတရား ဖြစ်ပါတယ်။ သို့ပေမဲ့ ကျွန်ုပ်၏ ဆုတောင်းကို ဘုရားသခင်မဖြေခင်အချိန်တွင် ကျွန်ုပ်ကြိုတင်ပြီး ကျေးဇူးတင်ပါလျှင် ၎င်းသည် ယုံကြည်ခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ ဆုတောင်းချက်တို့ကို ဘုရားအဖြေပေးတဲ့ အခါမှာ ကျွန်ုပ်တို့ အမြဲကျေးဇူးတင်ချင်ပါသည်။ သို့ပေမဲ့ ကြိုတင်ပြီး ကျေးဇူးတင်ရှိခြင်းက ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းကို ဖော်ပြပါတယ်။
ဘုရားသခင်ကို သင်မည်ကဲသို့ ကြိုတင်ပြီး ကျေးဇူးတင်ပါသနည်း။ ယောန ကတော့ (၃) မျိုးဖော်ပြထားပါတယ်။
(၁) ချီးမွမ်းခြင်းအားဖြင့် ဘုရားသခင်အား ယောန ကျေးဇူးတင်ခဲ့ပါသည်။
ဟေဗြဲ ၁၃:၁၅ “ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊
နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌
အစဉ်ပူဇော်ကြကုန်အံ့။”
(၂) သူ၏ လုပ်ဆောင်ရမည့်တာဝန်ဆီ ပြန်လှည့်လာခြင်းအားဖြင့် ဘုရားသခင်အား ယေန ကျေးဇူးတင်ခဲ့ပါသည်။
ယေန
သည် သူရှုပ်ထွေးနေကြောင်းကို သူသိခဲ့ပါတယ်။ ကျွန်ုပ်တို့သည်လည်း ထိုနည်း၎င်းပင် ဖြစ်ခဲ့ဖူးပါမည်။
၎င်းကြောင့်လည်း ကျွန်ုပ်တို့ပေါ် ထားရှိသော ဘုရားပေးသာသနာ့တာဝန်က မပြောင်းလဲစေပါ။
ယေန ၏ အသက် တာ လုပ်ဆောင်ရန် သာသနာ့တာဝန်သည်လည်း မပြောင်းလဲခဲ့ပါ။ သင် ရှုပ်ထွေးနေသည့်တိုင်
သင့်အသက်တာ၏ လုပ်ငန်းတာဝန်က မပြောင်းလဲပါ။
(၃) အောင်မြင်ဖို့အတွက် ယုံကြည်ခြင်းအဖြင့် ဘုရားသခင်အား ယေန ကျေးဇူးတင်ခဲ့ပါတယ်။
သုတ္တံ ၃:၅-၆ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့
ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌
ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ”
ယောနဝတ္တု အခန်းကြီး (၁) တွင် ယေန ဘုရားသခင်ထံကနေ ထွက်ပြေးသွားတာကို မြင်ရပါမည်။ အခန်းကြီး (၂) မှာတော့ ဘုရားသခင်၏ကျေးဇူးတရား၌ ယောန ဘုရားထံပြန်ပြေးတာကို တွေ့ရမည်။ နောက်ထပ် အခန်းတွင် ဘုရားနှင့်အတူ ယောန ပြေးတာကို မြင်ရပါလိမ့်မည်။
ဘုရားသခင်၏ အလိုတော်ကို သင်နာမခံသည့်တိုင် ဘုရားသခင်သည် သင့်အား ဘယ်တော့မှ မစွန့်ပစ်ပါ။ ဒါကြောင့် သင်၏ဆုတောင်းချက် ဖြေကြားခြင်းမခံရမီပင် ဘုရားသခင်အား ကြိုတင်ကျေးဇူးတင်နိုင်ပါတယ်။
ဆင်ခြင်ရန်
-
ဆုတောင်းချက်ကို ဖြေကြားခံရခြင်း အချိန်မတိုင်မီတွင် ဘုရားသခင်အား ကျေးဇူးတင်ရှိခြင်းက
သင်၏ ဆုတောင်းချက်ကို မည်သည့်အရာနှင့် တူနိုင်ပါသနည်း။
- ဘုရားသခင် သင့်အား
ဒုတိယအကြိမ်အခွင့်အရေးကို
ဘယ်အချိန်က ပေးခဲ့ပါသနည်း။ ၎င်းက သင့်ကို မည်ကဲ့သို့ သက်ရောက်မှု ဖြစ်စေပါသနည်း။
- နောက်မှ ကျေးဇူးတင်ရှိခြင်း နှင့် မတိုင်ခင် ကျေးဇူးတင်ရှိခြင်း ကြားတွင် ခြားနားချက်က ဘာဖြစ်မည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
![]() |
| Add caption |
ဆင်ခြင်ရန်