ဒုတိယ အခွင့်အရေးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။ | Thank God for Second Chances

Unicode Version

ဒုတိယ အခွင့်အရေးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။

ဆာလံကျမ်း ၉၂:၁-၂ “ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊ အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှါ၎င်း ….. ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန်အစဉ်အတိုင်း ပြခြင်းငှါ၎င်း လျောက်ပတ်ပေ၏။”

ဒုတိယအခွင့်အရေးကို ပေးဖို့ရန် ဘုရားသခင်နှစ်သက်တော်မူသည်။ ယောန အကြောင်းကို စဉ်းစားကြည့်ပါ၊ နိနေဝေမြို့ရှိ လူတွေကို နောင်တရဖို့ရန် ပြောဆိုခြင်းတာဝန်ကို ဘုရားသခင် ယောနအား ပေးခဲ့ပါတယ်။ သို့ပေမဲ့ ယောနသည် နိနေဝေမြို့ကို မနှစ်သက်ပါ။ အဲဒီလူတွေကိုလည်း ဘုရားသခင်၏ စီရင်ခြင်းကို တွေ့ကြုံစေချင်သည်။

ဒါကြောင့် ယောနသည် ဘုရားသခင်ထံမှ ထွက်ပြေးပြီး ငါးကြီး၏ဝမ်းဗိုက်တွင် ရောက်ခဲ့ရပါတယ်။

သို့သော်လည်း ဘုရားသခင်သည် သူ့ကို ဒုတိယအကြိမ် အခွင့်အရေးပေးခဲ့ပါတယ်။

သင့်ကိုလည်းပဲ တစ်ခုပေးပါလိမ့်မည်။ ဘုရားပေးလာတဲ့အခါ သင်မည်သို့ လုပ်ဆောင်မည်နည်း။

ကျေးဇူးတင်ခြင်းအသက်တာဖြင့် အသက်ရှင်ပါ။

ဤနည်းဖြင့် ယောန တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ စင်စစ် ယောနသည် ကယ်မခြင်း မခံစားရမီ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ယောနဝတ္တု ၂:၉ “အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသော စကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာဂတိ ထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။ 

ဘုရားသခင် သင့်အား ဒုတိယအကြိမ် အခွင့်အရေးပေးတဲ့အခါမှာ ယောန လုပ်ဆောင်ခဲ့သလို လုပ်ဆောင်လိုက်ပါ။ ဘုရားသခင်ပေးတော်မူသော အခွင့်အလမ်း အတွက် ကျေးဇူးတင်ခြင်းအသက်တာဖြင့် နေ့ရက်တိုင်းတွင် နိုးထပါ။

သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ “ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊ အမြင့်ဆုံးသောဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုခြင်းငှါ၎င်း ….. ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန်အစဉ် အတိုင်း ပြခြင်းငှါ၎င်း လျောက်ပတ်ပေ၏။” ဆာလံကျမ်း ၉၂:၁-၂

၎င်းသည် တစ်ကြိမ်အတွက် ဆုတောင်းချက် မဟုတ်ပါဘူး။ ကျေးဇူးတင်ရှိခြင်း၏ လူနေမှုပုံစံဖြစ်ပါတယ်။ မနက်တိုင်းနှင့် ညတိုင်းတွင် ဘုရားသခင်ကို ချီးမွမ်းပါသည်ဟု ဆာလံဆရာဆိုထားပါသည်။

သင်က အသက်ရှင်နေပြီး သင်၏သွေးတွေက သွေးကြောတွင်းမှာ စီးဆင်းနေပါလျှင် သင်၏ သာသနာတာဝန်သည် သင့်ရှေ့တွင် ရှိနေဆဲဖြစ်သည်။ အရင်က ဘာတွေဖြစ်ခဲ့ပါစေ သင့်အသက်တာအတွက် ဘုရား၏ အလိုတော်ကို ဖြည့်ဆည်းဖို့ရန် ဒုတိယအကြိမ် အခွင့်အရေးပေးခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်နိုင်ပါတယ်။

၎င်းနှင့်ပတ်သက်ပြီး သီဆိုရကျိုး ၊ လုပ်ဆောင်ရကျိုး နပ်ပါသည်။

ဆင်ခြင်ရန်

- ယနေ့အတွက် သင်ကျေးဇူးတင်နိုင်မည့် သေချာသော ဒုတိယအခွင့်အရေးကား မည်သို့နည်း။

- ကျေးဇူးတင်ခြင်းအသက်တာဖြင့် ပိုပြီး အသက်ရှင်နိုင်တဲ့အခါမှာ မည်သို့ဖြစ်နိုင်မည်နည်း။ သင်မည်ကဲ့သို့ ထူးခြားသွားမည်နည်း။ မည်သို့သော အလေ့အထက သင့်အသက်တာအတွက် တစ်စိတ်တစ်ပိုင်း ဖြစ်လာမည် နည်း။



------------------------------------------------------------------------------

Zawgyi Version

ဒုတိယ အခြင့္အေရးအတြက္ ဘုရားသခင္ကို ေက်းဇူးတင္ပါ။
ဆာလံက်မ္း ၉၂:၁-၂ “ထာဝရဘုရား၏ ေက်းဇူးေတာ္ကို ခ်ီးမြမ္း၍၊ အျမင့္ဆုံးေသာဘုရား၏ နာမေတာ္ကို ေထာမနာသီခ်င္းဆိုျခင္းငွါ၎ ….. က႐ုဏာေတာ္ႏွင့္ သစၥာေတာ္ကို နံနက္အခ်ိန္၊ ညအခ်ိန္အစဥ္အတိုင္း ျပျခင္းငွါ၎ ေလ်ာက္ပတ္ေပ၏။”

ဒုတိယအခြင့္အေရးကို ေပးဖို႔ရန္ ဘုရားသခင္ႏွစ္သက္ေတာ္မူသည္။ ေယာန အေၾကာင္းကို စဥ္းစားၾကည့္ပါ၊ နိေနေဝၿမိဳ႕ရွိ လူေတြကို ေနာင္တရဖို႔ရန္ ေျပာဆိုျခင္းတာဝန္ကို ဘုရားသခင္ ေယာနအား ေပးခဲ့ပါတယ္။ သို႔ေပမဲ့ ေယာနသည္ နိေနေဝၿမိဳ႕ကို မႏွစ္သက္ပါ။ အဲဒီလူေတြကိုလည္း ဘုရားသခင္၏ စီရင္ျခင္းကို ေတြ႕ႀကဳံေစခ်င္သည္။ 

ဒါေၾကာင့္ ေယာနသည္ ဘုရားသခင္ထံမွ ထြက္ေျပးၿပီး ငါးႀကီး၏ဝမ္းဗိုက္တြင္ ေရာက္ခဲ့ရပါတယ္။ 
သို႔ေသာ္လည္း ဘုရားသခင္သည္ သူ႔ကို ဒုတိယအႀကိမ္ အခြင့္အေရးေပးခဲ့ပါတယ္။
သင့္ကိုလည္းပဲ တစ္ခုေပးပါလိမ့္မည္။ ဘုရားေပးလာတဲ့အခါ သင္မည္သို႔ လုပ္ေဆာင္မည္နည္း။

ေက်းဇူးတင္ျခင္းအသက္တာျဖင့္ အသက္ရွင္ပါ။
ဤနည္းျဖင့္ ေယာန တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ စင္စစ္ ေယာနသည္ ကယ္မျခင္း မခံစားရမီ ဘုရားသခင္ကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။ ေယာနဝတၱဳ ၂:၉ “အကြၽႏ္ုပ္မူကား၊ ေက်းဇူးေတာ္ကို ခ်ီးမြမ္းေသာ စကားႏွင့္ ကိုယ္ေတာ္အား ယဇ္ပူေဇာ္ပါမည္။ သစၥာဂတိ ထားသည္အတိုင္း သစၥာဝတ္ကို ျပဳပါမည္။ ထာဝရဘုရား၏ ေက်းဇူးေတာ္ေၾကာင့္ ခ်မ္းသာရပါသည္ဟု ဆုေတာင္းေလ၏။ ”

ဘုရားသခင္ သင့္အား ဒုတိယအႀကိမ္ အခြင့္အေရးေပးတဲ့အခါမွာ ေယာန လုပ္ေဆာင္ခဲ့သလို လုပ္ေဆာင္လိုက္ပါ။ ဘုရားသခင္ေပးေတာ္မူေသာ အခြင့္အလမ္း အတြက္ ေက်းဇူးတင္ျခင္းအသက္တာျဖင့္ ေန႔ရက္တိုင္းတြင္ ႏိုးထပါ။

သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ “ထာဝရဘုရား၏ ေက်းဇူးေတာ္ကို ခ်ီးမြမ္း၍၊ အျမင့္ဆုံးေသာဘုရား၏ နာမေတာ္ကို ေထာမနာသီခ်င္းဆိုျခင္းငွါ၎ ….. က႐ုဏာေတာ္ႏွင့္ သစၥာေတာ္ကို နံနက္အခ်ိန္၊ ညအခ်ိန္အစဥ္ အတိုင္း ျပျခင္းငွါ၎ ေလ်ာက္ပတ္ေပ၏။” ဆာလံက်မ္း ၉၂:၁-၂

၎သည္ တစ္ႀကိမ္အတြက္ ဆုေတာင္းခ်က္ မဟုတ္ပါဘူး။ ေက်းဇူးတင္ရွိျခင္း၏ လူေနမႈပုံစံျဖစ္ပါတယ္။ မနက္တိုင္းႏွင့္ ညတိုင္းတြင္ ဘုရားသခင္ကို ခ်ီးမြမ္းပါသည္ဟု ဆာလံဆရာဆိုထားပါသည္။ 

သင္က အသက္ရွင္ေနၿပီး သင္၏ေသြးေတြက ေသြးေၾကာတြင္းမွာ စီးဆင္းေနပါလွ်င္ သင္၏ သာသနာတာဝန္သည္ သင့္ေရွ႕တြင္ ရွိေနဆဲျဖစ္သည္။ အရင္က ဘာေတြျဖစ္ခဲ့ပါေစ သင့္အသက္တာအတြက္ ဘုရား၏ အလိုေတာ္ကို ျဖည့္ဆည္းဖို႔ရန္ ဒုတိယအႀကိမ္ အခြင့္အေရးေပးျခင္းအတြက္ ဘုရားသခင္ကို ေက်းဇူးတင္ႏိုင္ပါတယ္။

၎ႏွင့္ပတ္သက္ၿပီး သီဆိုရက်ိဳး ၊ လုပ္ေဆာင္ရက်ိဳး နပ္ပါသည္။

ဆင္ျခင္ရန္
- ယေန႔အတြက္ သင္ေက်းဇူးတင္ႏိုင္မည့္ ေသခ်ာေသာ ဒုတိယအခြင့္အေရးကား မည္သို႔နည္း။
- ေက်းဇူးတင္ျခင္းအသက္တာျဖင့္ ပိုၿပီး အသက္ရွင္ႏိုင္တဲ့အခါမွာ မည္သို႔ျဖစ္ႏိုင္မည္နည္း။ သင္မည္ကဲ့သို႔ ထူးျခားသြားမည္နည္း။ မည္သို႔ေသာ အေလ့အထက သင့္အသက္တာအတြက္ တစ္စိတ္တစ္ပိုင္း ျဖစ္လာမည္ နည္း။