သင်၏ ပြင်းပြခြင်းတို့ကို ဘုရားသခင်အား ဖော်ပြပါ။ | Show God You’re Serious

 Unicode Version

သင်၏ ပြင်းပြခြင်းတို့ကို ဘုရားသခင်အား ဖော်ပြပါ။

ဒံယေလအနာဂတ္တိကျမ်း ၉:၃ အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ပြာနှင့်လူးလျက်၊ အရှင် ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။

ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး (၉) တွင် အကျပ်အတည်းကာလအတွင်း မည်ကဲ့သို့ ဆုတောင်းခြင်းအတွက် ဒံယေလက ကျွန်ုပ်တို့ကို ကြီးမြတ်တဲ့ စံပြတစ်ယောက်အဖြစ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ Devotional တုန်းက ဘုရားသခင်အား စကားမပြောခင် သူ့အား ပြောခွင့်ပြုဖို့ရန် လေ့လာခဲ့ပြီးဖြစ်ပါတယ်။ ပြီးတော့ ဘုရားသခင် ပေါ်မှာ အာရုံစိုက်ပြီး ရှာဖွေခဲ့ကြပါတယ်။ နောက် ကျွန်ုပ်တို့၏ ဆန္ဒများကို စိတ်လှုပ်ရှားစွာဖြင့် ဖော်ပြကြပါတယ်။

နောက်တစ်ခုက အကျပ်အတည်းကာလတွင် ဘုရားအဖြေပေးသော ဆုတောင်းခြင်းအမျိုးအစားသည် ကျွန်ုပ်တို့၏ အလေးအနက်ထားမှုပေါ် ဖော်ပြပါတယ်။ သင်၏ လိုအပ်ချက်နှင့် ပတ်သက်၍ သင်ဆုံးဖြတ်ထားကြောင်း ဘုရားသခင်အား အချက်ပြရန် လိုအပ်ပါတယ်။ ၎င်းသည် စိတ်ကူးတစ်ခု (သို့) ပေါ့ပေါ့တန်တန်အတွေး မဟုတ်ပါဘူး။ သင့်အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ဘုရားသခင်အား မြင်စေရန် လိုအပ်ပါတယ်။

ဘုရားသခင်အား လေးနက်ကြောင်းပြသခဲ့သည့် နည်းလမ်း (၃) ခုကို ဒံယေလက ဤသို့ဖော်ပြခဲ့ပါတယ်။ ဒံယေလအနာဂတ္တိကျမ်း ၉:၃ အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ပြာနှင့်လူးလျက်၊ အရှင် ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။

ဒံယေလ ပြုခဲ့သော ပထမဆုံးသောအရာကို ကျွန်ုပ်တို့ အာရုံစိုက်ကြည့်ရအောင်။ သူအစာရှောင်ခဲ့ပါတယ်။ အစာရှောင်ခြင်းသည် ရာစုနှစ်များစွာ လူတို့၏ အကျိုးပြုသော ဝိညာဉ်ရေးစည်းကမ်းတစ်ခု ဖြစ်သည်။

တချို့သော အံ့ဩဖွယ်ဖြစ်ရပ်တို့သည် ဆုတောင်းခြင်းတစ်မျိုးတည်းမဟုတ် သင်၏ဆုတောင်းခြင်းနှင့် အစာရှောင် ခြင်း အားဖြင့်သာ ဖြစ်ပေါ်လာစေသည်ဟု သခင်ခရစ်တော် ပြောခဲ့ပါတယ်။ ဘာကြောင့်လဲ။ အစာရှောင်ခြင်းက သင်၏ ဆုတောင်းနှင့်ပတ်သက်ပြီး သင်ပြင်းပြတယ်ဆိုတာကို ပြောနေခြင်းဖြစ်ပါတယ်။

ပညတ်တော် (၁၀)ပါး မရခင်အချိန်တွင် မောရှေ အစာရှောင်ခဲ့ပါတယ်။ ဣသရေလလူမျိုးတို့ သူတို့၏ အဓိက ရင်ဆိုင်တိုက်ရတဲ့ပွဲတွေကို မသွားခင်မှာ သူတို့ အစာရှောင်ခဲ့ကြပါတယ်။ ဘုရားသခင်ထံမှ လမ်းညွှန်မှုကို လက်ခံရရှိဖို့ရန် ဒံယေလ အစာရှောင်ခဲ့ပါတယ်။ နေဟမိသည် အဓိက ဆောက်လုပ်ရေး စီမံကိန်း မစတင်မီ အစာရှောင်ခဲ့ပါတယ်။ သခင်ယေရှုသည် စုံစမ်းနှောင့်ယှက်ခြင်းများကို အောင်မြင်ခဲ့ပါတယ်။

အစာ‌ရှောင်ခြင်းသည် အစားအသောက်နှင့် မသက်ဆိုင်ပါ။ ဆုတောင်းချက်ကို အာရုံစူးစိုက်နိုင်ဖို့ရန် အသက်တာရှိ တခြားသောအရာတို့ကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။

 ဆင်ခြင်ရန်

- အစာရှောင်ခြင်းသည် သင်၏ဆုတောင်းချက်များကို ဘုရားသခင် အလေးအနက်ထားကြောင်း မည်သို့ပြပါသနည်း။

- အစာရှောင်ခြင်းသည် အစာနှင့် မသက်ဆိုင်ပါ။ ဆုတောင်းခြင်းပေါ် အာရုံစူးစိုက်နိုင်အောင် အသက်တာရှိ တခြားသော အရာတို့ကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။ ဉပမာ သင် အင်တာနက်အသုံးပြုခြင်းကို လက်လျော့ခြင်း (သို့) တီဗွီ အစီအစဉ်တို့ကို အချိန်ကန့်သတ် ကြည့်ရှုခြင်း နှင့် အဲဒီအချိန်တွေကို ဆုတောင်းခြင်းအတွက် အသုံးပြုခြင်းတွေဖြစ်တယ်။ အစာရှောင်ခြင်းမှ မည်သည့်အရာကို သင်ဆင်ခြင်နိုင်ပါသနည်။

- အစာရှောင်ခြင်းသည် သင်၏ဝိညာဉ်ရေးအသက်တာ၏ တသမတ်တည်းကျသော (သို့) ပို၍ တသမတ်တည်းကျသော အစိတ်အပိုင်း မည်သို့ ဖြစ်နိုင်ပါသနည်း။


------------------------------------------------------------------------

Zawgyi Version
သင္၏ ျပင္းျပျခင္းတို႔ကို ဘုရားသခင္အား ေဖာ္ျပပါ။

ဒံေယလအနာဂတၱိက်မ္း ၉:၃ အစာကိုေရွာင္လ်က္၊ ေလွ်ာ္ေတအဝတ္ကို ဝတ္လ်က္၊ ျပာႏွင့္လူးလ်က္၊ အရွင္ ဘုရားသခင့္ထံေတာ္သို႔ ခ်ဥ္းကပ္၍ ဆုေတာင္းပဌနာျပဳ၏။
Add caption

ဒံေယလအနာဂတၱိက်မ္း အခန္းႀကီး (၉) တြင္ အက်ပ္အတည္းကာလအတြင္း မည္ကဲ့သို႔ ဆုေတာင္းျခင္းအတြက္ ဒံေယလက ကြၽႏ္ုပ္တို႔ကို ႀကီးျမတ္တဲ့ စံျပတစ္ေယာက္အျဖစ္ ရွိေနပါတယ္။ လြန္ခဲ့တဲ့ Devotional တုန္းက ဘုရားသခင္အား စကားမေျပာခင္ သူ႔အား ေျပာခြင့္ျပဳဖို႔ရန္ ေလ့လာခဲ့ၿပီးျဖစ္ပါတယ္။ ၿပီးေတာ့ ဘုရားသခင္ ေပၚမွာ အာ႐ုံစိုက္ၿပီး ရွာေဖြခဲ့ၾကပါတယ္။ ေနာက္ ကြၽႏ္ုပ္တို႔၏ ဆႏၵမ်ားကို စိတ္လႈပ္ရွားစြာျဖင့္ ေဖာ္ျပၾကပါတယ္။ 

ေနာက္တစ္ခုက အက်ပ္အတည္းကာလတြင္ ဘုရားအေျဖေပးေသာ ဆုေတာင္းျခင္းအမ်ိဳးအစားသည္ ကြၽႏ္ုပ္တို႔၏ အေလးအနက္ထားမႈေပၚ ေဖာ္ျပပါတယ္။ သင္၏ လိုအပ္ခ်က္ႏွင့္ ပတ္သက္၍ သင္ဆုံးျဖတ္ထားေၾကာင္း ဘုရားသခင္အား အခ်က္ျပရန္ လိုအပ္ပါတယ္။ ၎သည္ စိတ္ကူးတစ္ခု (သို႔) ေပါ့ေပါ့တန္တန္အေတြး မဟုတ္ပါဘူး။ သင့္အတြက္ ဘယ္ေလာက္ အေရးႀကီးတယ္ဆိုတာကို ဘုရားသခင္အား ျမင္ေစရန္ လိုအပ္ပါတယ္။

ဘုရားသခင္အား ေလးနက္ေၾကာင္းျပသခဲ့သည့္ နည္းလမ္း (၃) ခုကို ဒံေယလက ဤသို႔ေဖာ္ျပခဲ့ပါတယ္။ ဒံေယလအနာဂတၱိက်မ္း ၉:၃ အစာကိုေရွာင္လ်က္၊ ေလွ်ာ္ေတအဝတ္ကို ဝတ္လ်က္၊ ျပာႏွင့္လူးလ်က္၊ အရွင္ ဘုရားသခင့္ထံေတာ္သို႔ ခ်ဥ္းကပ္၍ ဆုေတာင္းပဌနာျပဳ၏။
ဒံေယလ ျပဳခဲ့ေသာ ပထမဆုံးေသာအရာကို ကြၽႏ္ုပ္တို႔ အာ႐ုံစိုက္ၾကည့္ရေအာင္။ သူအစာေရွာင္ခဲ့ပါတယ္။ အစာေရွာင္ျခင္းသည္ ရာစုႏွစ္မ်ားစြာ လူတို႔၏ အက်ိဳးျပဳေသာ ဝိညာဥ္ေရးစည္းကမ္းတစ္ခု ျဖစ္သည္။

တခ်ိဳ႕ေသာ အံ့ဩဖြယ္ျဖစ္ရပ္တို႔သည္ ဆုေတာင္းျခင္းတစ္မ်ိဳးတည္းမဟုတ္ သင္၏ဆုေတာင္းျခင္းႏွင့္ အစာေရွာင္ ျခင္း အားျဖင့္သာ ျဖစ္ေပၚလာေစသည္ဟု သခင္ခရစ္ေတာ္ ေျပာခဲ့ပါတယ္။ ဘာေၾကာင့္လဲ။ အစာေရွာင္ျခင္းက သင္၏ ဆုေတာင္းႏွင့္ပတ္သက္ၿပီး သင္ျပင္းျပတယ္ဆိုတာကို ေျပာေနျခင္းျဖစ္ပါတယ္။

ပညတ္ေတာ္ (၁၀)ပါး မရခင္အခ်ိန္တြင္ ေမာေရွ အစာေရွာင္ခဲ့ပါတယ္။ ဣသေရလလူမ်ိဳးတို႔ သူတို႔၏ အဓိက ရင္ဆိုင္တိုက္ရတဲ့ပြဲေတြကို မသြားခင္မွာ သူတို႔ အစာေရွာင္ခဲ့ၾကပါတယ္။ ဘုရားသခင္ထံမွ လမ္းၫႊန္မႈကို လက္ခံရရွိဖို႔ရန္ ဒံေယလ အစာေရွာင္ခဲ့ပါတယ္။ ေနဟမိသည္ အဓိက ေဆာက္လုပ္ေရး စီမံကိန္း မစတင္မီ အစာေရွာင္ခဲ့ပါတယ္။ သခင္ေယရႈသည္ စုံစမ္းေႏွာင့္ယွက္ျခင္းမ်ားကို ေအာင္ျမင္ခဲ့ပါတယ္။

အစာ‌ေရွာင္ျခင္းသည္ အစားအေသာက္ႏွင့္ မသက္ဆိုင္ပါ။ ဆုေတာင္းခ်က္ကို အာ႐ုံစူးစိုက္ႏိုင္ဖို႔ရန္ အသက္တာရွိ တျခားေသာအရာတို႔ကို ဖယ္ရွားျခင္း ျဖစ္ပါတယ္။

ဆင္ျခင္ရန္
- အစာေရွာင္ျခင္းသည္ သင္၏ဆုေတာင္းခ်က္မ်ားကို ဘုရားသခင္ အေလးအနက္ထားေၾကာင္း မည္သို႔ျပပါသနည္း။
- အစာေရွာင္ျခင္းသည္ အစာႏွင့္ မသက္ဆိုင္ပါ။ ဆုေတာင္းျခင္းေပၚ အာ႐ုံစူးစိုက္ႏိုင္ေအာင္ အသက္တာရွိ တျခားေသာ အရာတို႔ကို ဖယ္ရွားျခင္း ျဖစ္ပါတယ္။ ဉပမာ သင္ အင္တာနက္အသုံးျပဳျခင္းကို လက္ေလ်ာ့ျခင္း (သို႔) တီဗြီ အစီအစဥ္တို႔ကို အခ်ိန္ကန႔္သတ္ ၾကည့္ရႈျခင္း ႏွင့္ အဲဒီအခ်ိန္ေတြကို ဆုေတာင္းျခင္းအတြက္ အသုံးျပဳျခင္းေတြျဖစ္တယ္။ အစာေရွာင္ျခင္းမွ မည္သည့္အရာကို သင္ဆင္ျခင္ႏိုင္ပါသနည္။ 
- အစာေရွာင္ျခင္းသည္ သင္၏ဝိညာဥ္ေရးအသက္တာ၏ တသမတ္တည္းက်ေသာ (သို႔) ပို၍ တသမတ္တည္းက်ေသာ အစိတ္အပိုင္း မည္သို႔ ျဖစ္ႏိုင္ပါသနည္း။