Unicode Version
ဘုရားသခင်ထံ သင်၏စိတ်နှလုံးကို သွန်းလောင်းပါ။
ဒံယေလအနာဂတ္တိကျမ်း ၉:၃ “အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊
ပြာနှင့်လူးလျက်၊ အရှင် ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။”
ပြီးခဲ့တဲ့ Devoitonal တွေတုန်းက ဒံယေလအကြောင်းနှင့်ပတ်သက်ပြီး သူ၏အသက်တာရှိ အခက်အခဲဖြစ် တဲ့အချိန် ကာလတွေမှာ မည်ကဲ့သို့ ဆုတောင်းခြင်းနှင့် ဣသရေလအဖြစ်နေထိုင်စဉ် အသက်တာ ကာလ အကြောင်းတွေကို ကျွန်ုပ်တို့ လေ့လာခဲ့ကြပါတယ်။ သူ၏ တုံ့ပြန်မှုတွေက ဘုရားသခင်အဖြေပေးမည့် ဆုတောင်း နည်းတွေက ဘယ်လိုလဲဆိုတာ ကျွန်ုပ်တို့အားဖော်ပြပါတယ်။
ဒါ့ပြင်
ဘုရားသခင်နှင့် စကားမပြောမှီ ဘုရားသခင်အား ပြောခွင့်ပေးသင့်ကြောင်းနှင့် သူ့အား အာရုံစိုက်ပြီး
ရှာဖွေသင့်ကြောင်းကို ကျွန်ုပ်တို့ လေ့လာခဲ့ပါတယ်။
ပြီးတော့ ကျွန်ုပ်တို့၏ ဆန္ဒများကို စိတ်အားထက်သန်စွာ ဖော်ပြသင့်ပါသည်။
ကျွန်ုပ်တို့၏ ဆုတောင်းချက်တော်တော်များများတို့သည် ရိုးစင်း ပြီးခြောက်ကပ်ပါတယ်။ ကျွန်ုပ်တို့ ပြောဆိုနေတာ တွေနှင့် ပတ်သက်ပြီး စစ်မှန်စွာ မစဉ်းစားဘဲ ပြောဆိုကြပါတယ်။ ကျွန်ုပ်တို့မှာ အလွတ်မှတ်တဲ့ စကားလုံးတွေ ရှိကြပါတယ်။ စိတ်အားထက်သန်မှု (သို့) စစ်မှန်မှု မရှိကြပါဘူး။
အမှန်တရားက ဘုရားသခင်သည် သင်အသုံးပြုနေသော စကားလုံးထက် သင်၏ဆုတောင်းချက်များ၏ စိတ်အားထက်သန်မှုကို ပိုပြီးဂရုစိုက်ပါတယ်။ မှားယွင်းသော စိတ်ခံစားမှုဖြင့် မှန်ကန်သော စကားလုံးတို့သည် သင်နှင့် သင်၏ဇနီး/ ခင်ပွန်းတို့နှင့် မည်သို့လက်တွဲနိုင်မည်နည်း။ ထိုနည်း၎င်းပင် ဘုရားသခင်နှင့်လည်း အလုပ်မဖြစ် ၊ လက်တွဲမဖြစ်စေပါ။
လူသားတို့သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် အညီဖန်ဆင်းခံရပါတယ်။ စိတ်ခံစားမှုတွေ ၊ ဒေါသတွေ ၊ ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်းတွေ ကို ဖော်ပြပါတယ်။
ဘုရားသခင်သည်
သင့်ကို ချစ်ရုံလေး မဟုတ်ပါ။ စိတ်၏ စိတ်ခံစားချက် စိတ်အားထက်သန်မှု တွေကိုပါ နှစ်သက်မြတ်နိုးပါသည်။
ဒံယေလ အနာဂတ္တိကျမ်း တွင် ဒံယေလက သူ၏ စိတ်လှုံ့ရှားပြီး ပြင်းပြသော ဆုတောင်းချက်ကို ဖော်ပြထား ပါတယ်။ ဒံယေလအနာဂတ္တိကျမ်း ၉:၃ “အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ် လျက်၊ ပြာနှင့်လူးလျက်၊ အရှင် ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။”
ဟီဘရူးစကားအားဖြင့် “အသနားခံခြင်း”ဟူသော စကားလုံးသည် “စိတ်လှုံ့ရှားမှုဖြင့် မေးမြန်းခြင်း” ကိုဆိုလိုပါသည်။ ၎င်းသည် အလေးအနက် ရှာဖွေမှုပါဘဲ။ သင်၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေခြင်းဖြစ်သည်။ တောင်းပန်ခြင်းလည်းဖြစ်သည်။
၎င်းဆုတောင်းချက်တွေကို ဘုရားသခင် နားညောင်းပြီး အဖြေပေးပါလိမ့်မည်။
ကျွန်ုပ် ဤကျမ်းပိုဒ်ကို သဘောကျပါတယ်။ ဒံယေလအနာဂတ္တိကျမ်း ၉:၃ “အစာကိုရှောင်လျက်၊
လျှော်တေ အဝတ်ကို ဝတ်လျက်၊ ပြာနှင့်လူးလျက်၊ အရှင် ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍
ဆုတောင်းပဌနာပြု၏။” Daniel
9:3: “I poured out my heart, baring my soul to GOD”.
သင်၏မိသားစုအတွက် ထိုကဲ့သို့ သင်ဆုတောင်းဖို့ရန် လိုကောင်းလိုပါမည်။ သင်၏စိတ်နှလုံးကို ဖွင့်ဟပြီး ဘုရားသခင်ထံ oင်၏ဝိညာဉ်ကို ဖော်ပြရန်လိုအပ်သည်။ သင်၏အိမ်ထောင်ရေး (သို့) သင်၏ငွေရေးကြေးရေးတို့နှင့် ပတ်သက်ပြီး သင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ကျွန်ုပ်တို့အားလုံး ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးနှင့်ပတ်သက်ပြီး ထိုသို့ လုပ်ဆောင်ရန် လိုအပ်ပါသည်။ ကမ္ဘာတစ်ခုလုံးသည် အကျပ်အတည်းနှင့် ကြုံတွေ့နေရသည်။ coronavirus ကူးစက်ပြန့်နှံ့မှု နောက်ကွယ်မှ ကျွန်ုပ်တို့၏ ကမ္ဘာကြီးတွင် စစ်ပွဲ ၊ အစာခေါင်းပါးခြင်းနှင့် မကောင်းမှုများကဲ့သို့သော အရာများကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။
ကျွန်ုပ်တို့ စိတ်နှလုံးသားကို ဘုရားသခင်ထံ သွန်းလောင်းဖို့ လိုအပ်ပါသည်။
ဆင်ခြင်ရန်
- သင်ဆုတောင်းသည့်အခါ မည်သည့်အရာက သင်အား
အနက်ရှိုင်းဆုံး စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးပါ သနည်း။
-
ကျွန်ုပ်တို့ အဘယ်ကြောင့်ပုံသေ (သို့) ပြန်လည် လေ့ကျင့်ထားသော ဆုတောင်းချက်များကို
မကြာခဏ အသုံးပြုလေ့ရှိပါသနည်း။
-
သင်၏ ဆုတောင်းခြင်းအသက်တာ၌ စိတ်အားထက်သန်မှုကို မည်ကဲ့သို့ ပို၍ ဆောင်ကျဉ်းပေးနိုင်ပါသနည်း။
---------------------------------------------------------------------
Zawgyi Version
![]() |
| Add caption |
ဆင်ခြင်ရန်