သင်၏ သာသနာ့တာဝန်(ဘုရား ပေးအပ်သော တာဝန်) ကို ဖြည့်ဆည်းဖို့ရန် နေ့သစ် ၊ အခွင့်အရေးသစ် | New Day, New Opportunity to Fulfill Your Mission


 Unicode Version

သင်၏ သာသနာ့တာဝန်(ဘုရား ပေးအပ်သော တာဝန်) ကို ဖြည့်ဆည်းဖို့ရန် နေ့သစ် ၊ အခွင့်အရေးသစ်

ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် ၃:၉ “လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံတော်မူ၏။

မပြည့်စုံတဲ့သူတွေ ၊ ပျက်ပြားသော လူတို့ကိုသာ ဘုရားသခင် အသုံးပြုတော်မူသည်။ ပြီးပြည့်စုံတဲ့သူတွေကိုသာ ဘုရားအသုံးပြုပါလျှင် ဘယ်အရာမှ ပြီးမြောက်မှာ မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ပြီးပြည့်စုံတဲ့ သူတို့တွေ ဆိုတာ မတည်မြဲကြလို့ပါ။

သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းကို အလိုရှိပါလျှင် အရင်က သင်ဘာကိုဘဲ လုပ်ဆောင်ခဲ့ပါစေ အရေးမကြီး ပါဘူး။ ဘုရားအသုံးပြုပါလိမ့်မည်။ သင်အားပေးအပ်ထားသည့် တာဝန်က မပြောင်းလဲပါ။

ယောနသည် ဘုရားသခင် ပြောထားသောအရာကို မလုပ်ဆောင်ချင်သော သူဖြစ်ပါတယ်။ ဘုရားသခင် သူ့အား နောက်ထပ်တစ်ကြိမ် အခွင့်အရေးပေးခဲ့ပြီး သူ့အား ခေါ်တော်မူခြင်းရှိခဲ့သည့်အတိုင်း သူလုပ်ဆောင်ခဲ့ပါတယ်။

ယောနသည် ဘုရားသခင်အား နာခံခဲ့သည့်တိုင် သူ၏လုပ်ဆောင်ရမည့်တာဝန်ကို မကောင်းသော သဘောထား ဖြင့် ဖြစ်ပေါ်စေခဲ့ပါတယ်။ သို့ပေမဲ့ ဘုရားသခင် သူ့အား အသုံးပြုစဲဖြစ်ပါတယ်။

ဘုရားသခင်သည် ယောနအား ဒေသနာစကားပေးခဲ့ပါတယ်။ ယောနဝတ္တု ၃:၄ “အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်”။ ၎င်းရိုးစင်းသော စကားသည် သမိုင်းရာဇဝင်တွင် အကြီးမား ဆုံးသော ဝိညာဉ်ရေးရာ နိုးကြားမှု တစ်ခုဖြစ်စေခဲ့ပါတယ်။ ကြီးမားတဲ့မြို့ကြီးမှာ ဘုရားသခင်ထံ ကျိုးနွံစွာဖြင့် ပြန်လှည့်လာခဲ့ပါတယ်။ ၎င်းသည် ယေနာအား ငါးကြီးဝမ်းဗိုက်ထဲကနေ ထွက်စေခြင်းထက်ပိုသော တကယ့်ကို ကြီးမားတဲ့ အံ့ဩဖွယ်ရာဖြစ်ပါတယ်။

ဘုရားသခင်သည် မစုံလင်သော ၊ တွန့်ဆုတ်နေသော ဤပရောဖက်ကို မယုံနိုင်လောက်အောင် နိုးထမှုကို ဉီဆောင် ရန် အသုံးပြုခဲ့ပါတယ်။ ဘုရားသခင်သည် ယောနအား သည်းခံတော်မူပြီး သူ့အပေါ် လက်မလျော့ပါ။ ထိုနည်း၎င်းပင် သင့်အပေါ်တွင်လည်း ဘုရားသခင် လက်လျော့အရှုံးပေးလိမ့်မည် မဟုတ်ပါ။

သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် ၃:၉ “လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက် စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံ တော်မူ၏။

သင်မနက်ဖြန်မနက်တွင် နိုးထ ရပါလျှင် သင်၏ သာသနာ့တာဝန် (ဘုရားပေးအပ်ထားသော တာဝန်) ကိုဖြည့် ဆည်းဖို့ရန် ဘုရားသခင်သည် သင့်အား နေ့သစ်တရက် ၊ အခွင့်အရေး နောက်တစ်ခု ပေးနေခြင်းဖြစ်ပါတယ်။

သင့်အား အသုံးပြုဖို့ရန် ဘုရားသခင်အား မျှော်လင့်နေပါ။ သူပြုလာပါလိမ့်မည်။

ဆင်ခြင်ရန်

- ဘုရားသခင် သင့်အား အသုံးပြုလား ၊ မပြုဘူးလားဆိုတာကို သင်သံသယဖြစ်တဲ့အခါမှာ သင့်အသက်တာ၏ အသေးစိတ်အချိန်တွေနှင့် ပတ်သက်ပြီး ပြန်လည် စဉ်းစားလိုက်ပါ။ သင်ဘာကြောင့် သံသယရှိရတာလဲ။

- ကျွန်ုပ်တို့အသက်တာ ရှုပ်ထွေးပြီးနောက်တွင် ဘုရားသခင် ကျွန်ုပ်တို့ကို အသုံးပြုနိုင်တယ်ဆိုတာကို ယုံကြည်ဖို့ရန် ဘာကြောင့်များ အလွန်ခက်ခဲပါသနည်း။

- သင့်အား ဘုရားသခင် သည်းခံတော်မူခြင်းကြောင့် သင်သည်လည်း သင့်အသက်တာတွင် တခြားသော သူများကို မည်သို့သော နည်းလမ်းတွေဖြင့် ပိုပြီး သည်းခံနိုင်ပါသနည်း။



-------------------------------------------------------------------------------


Zawgyi Version

သင္၏ သာသနာ့တာဝန္(ဘုရား ေပးအပ္ေသာ တာဝန္) ကို ျဖည့္ဆည္းဖို႔ရန္ ေန႔သစ္ ၊ အခြင့္အေရးသစ္

ရွင္ေပတ႐ုဩဝါဒစာ ဒုတိယေစာင္ ၃:၉ “လူအခ်ိဳ႕တို႔သည္၊ ေႏွးျခင္းကိုမွတ္သည္အတိုင္း၊ ထာဝရဘုရားသည္ ဂတိေတာ္အရာမွာ ေႏွးေတာ္မမူ။ ငါတို႔တြင္အဘယ္သူမွ်မပ်က္စီးဘဲ၊ ရွိသမွ်တို႔သည္ ေနာင္တရေစျခင္းငွါ အလိုေတာ္ရွိ၍၊ ငါတို႔ကို သည္းခံေတာ္မူ၏။”

Add caption

မျပည့္စုံတဲ့သူေတြ ၊ ပ်က္ျပားေသာ လူတို႔ကိုသာ ဘုရားသခင္ အသုံးျပဳေတာ္မူသည္။ ၿပီးျပည့္စုံတဲ့သူေတြကိုသာ ဘုရားအသုံးျပဳပါလွ်င္ ဘယ္အရာမွ ၿပီးေျမာက္မွာ မဟုတ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ၿပီးျပည့္စုံတဲ့ သူတို႔ေတြ ဆိုတာ မတည္ၿမဲၾကလို႔ပါ။

သင္သည္ ဘုရားသခင္၏ အသုံးျပဳျခင္းကို အလိုရွိပါလွ်င္ အရင္က သင္ဘာကိုဘဲ လုပ္ေဆာင္ခဲ့ပါေစ အေရးမႀကီး ပါဘူး။ ဘုရားအသုံးျပဳပါလိမ့္မည္။ သင္အားေပးအပ္ထားသည့္ တာဝန္က မေျပာင္းလဲပါ။

ေယာနသည္ ဘုရားသခင္ ေျပာထားေသာအရာကို မလုပ္ေဆာင္ခ်င္ေသာ သူျဖစ္ပါတယ္။ ဘုရားသခင္ သူ႔အား ေနာက္ထပ္တစ္ႀကိမ္ အခြင့္အေရးေပးခဲ့ၿပီး သူ႔အား ေခၚေတာ္မူျခင္းရွိခဲ့သည့္အတိုင္း သူလုပ္ေဆာင္ခဲ့ပါတယ္။

ေယာနသည္ ဘုရားသခင္အား နာခံခဲ့သည့္တိုင္ သူ၏လုပ္ေဆာင္ရမည့္တာဝန္ကို မေကာင္းေသာ သေဘာထား ျဖင့္ ျဖစ္ေပၚေစခဲ့ပါတယ္။ သို႔ေပမဲ့ ဘုရားသခင္ သူ႔အား အသုံးျပဳစဲျဖစ္ပါတယ္။

ဘုရားသခင္သည္ ေယာနအား ေဒသနာစကားေပးခဲ့ပါတယ္။ ေယာနဝတၱဳ ၃:၄ “အရက္ေလးဆယ္လြန္ေသာ္၊ နိေနေဝၿမိဳ႕သည္ ပ်က္စီးျခင္းသို႔ ေရာက္လိမ့္မည္”။ ၎႐ိုးစင္းေသာ စကားသည္ သမိုင္းရာဇဝင္တြင္ အႀကီးမား ဆုံးေသာ ဝိညာဥ္ေရးရာ ႏိုးၾကားမႈ တစ္ခုျဖစ္ေစခဲ့ပါတယ္။ ႀကီးမားတဲ့ၿမိဳ႕ႀကီးမွာ ဘုရားသခင္ထံ က်ိဳးႏြံစြာျဖင့္ ျပန္လွည့္လာခဲ့ပါတယ္။ ၎သည္ ေယနာအား ငါးႀကီးဝမ္းဗိုက္ထဲကေန ထြက္ေစျခင္းထက္ပိုေသာ တကယ့္ကို ႀကီးမားတဲ့ အံ့ဩဖြယ္ရာျဖစ္ပါတယ္။

ဘုရားသခင္သည္ မစုံလင္ေသာ ၊ တြန႔္ဆုတ္ေနေသာ ဤပေရာဖက္ကို မယုံႏိုင္ေလာက္ေအာင္ ႏိုးထမႈကို ဉီေဆာင္ ရန္ အသုံးျပဳခဲ့ပါတယ္။ ဘုရားသခင္သည္ ေယာနအား သည္းခံေတာ္မူၿပီး သူ႔အေပၚ လက္မေလ်ာ့ပါ။ ထိုနည္း၎ပင္ သင့္အေပၚတြင္လည္း ဘုရားသခင္ လက္ေလ်ာ့အရႈံးေပးလိမ့္မည္ မဟုတ္ပါ။

သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ ရွင္ေပတ႐ုဩဝါဒစာ ဒုတိယေစာင္ ၃:၉ “လူအခ်ိဳ႕တို႔သည္၊ ေႏွးျခင္းကို မွတ္သည္အတိုင္း၊ ထာဝရဘုရားသည္ ဂတိေတာ္အရာမွာ ေႏွးေတာ္မမူ။ ငါတို႔တြင္အဘယ္သူမွ်မပ်က္ စီးဘဲ၊ ရွိသမွ်တို႔သည္ ေနာင္တရေစျခင္းငွါ အလိုေတာ္ရွိ၍၊ ငါတို႔ကို သည္းခံ ေတာ္မူ၏။”

သင္မနက္ျဖန္မနက္တြင္ ႏိုးထ ရပါလွ်င္ သင္၏ သာသနာ့တာဝန္ (ဘုရားေပးအပ္ထားေသာ တာဝန္) ကိုျဖည့္ ဆည္းဖို႔ရန္ ဘုရားသခင္သည္ သင့္အား ေန႔သစ္တရက္ ၊ အခြင့္အေရး ေနာက္တစ္ခု ေပးေနျခင္းျဖစ္ပါတယ္။

သင့္အား အသုံးျပဳဖို႔ရန္ ဘုရားသခင္အား ေမွ်ာ္လင့္ေနပါ။ သူျပဳလာပါလိမ့္မည္။

ဆင္ျခင္ရန္

- ဘုရားသခင္ သင့္အား အသုံးျပဳလား ၊ မျပဳဘူးလားဆိုတာကို သင္သံသယျဖစ္တဲ့အခါမွာ သင့္အသက္တာ၏ အေသးစိတ္အခ်ိန္ေတြႏွင့္ ပတ္သက္ၿပီး ျပန္လည္ စဥ္းစားလိုက္ပါ။ သင္ဘာေၾကာင့္ သံသယရွိရတာလဲ။

- ကြၽႏ္ုပ္တို႔အသက္တာ ရႈပ္ေထြးၿပီးေနာက္တြင္ ဘုရားသခင္ ကြၽႏ္ုပ္တို႔ကို အသုံးျပဳႏိုင္တယ္ဆိုတာကို ယုံၾကည္ဖို႔ရန္ ဘာေၾကာင့္မ်ား အလြန္ခက္ခဲပါသနည္း။

- သင့္အား ဘုရားသခင္ သည္းခံေတာ္မူျခင္းေၾကာင့္ သင္သည္လည္း သင့္အသက္တာတြင္ တျခားေသာ သူမ်ားကို မည္သို႔ေသာ နည္းလမ္းေတြျဖင့္ ပိုၿပီး သည္းခံႏိုင္ပါသနည္း။