နားထောင်ပြီး ဘုရားသခင်အား ပြောခွင့်ပြုပါ။ | Listen and Let God Speak

 Unicode Version

ကပ်ဘေးကာလအတွင်း ပထမခြေလှမ်း - နားထောင်ပြီး ဘုရားသခင်အား ပြောခွင့်ပြုပါ။

ဒံယေလအနာဂတ္တိကျမ်း ၉:၁-၂ “ယေရုရှလင်မြို့ပျက်စီး၍ အနှစ်ခုနစ်ဆယ် လွန် စေမည်ဟု၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသား ဒါရိနန်းစံပဌမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာအားဖြင့် သိရသောကြောင့်၊ အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ် လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။”

ဒံယေလနှင့် သူ၏ ဆုတောင်းခြင်းအသက်တာကနေ ကျွန်ုပ်တို့ များစွာ လေ့လာသင်ယူနိုင်ပါတယ်။ ဣသရေလ လူမျိုးတို့၏ နေရပ်ပြည်သို့ ပြန်ရန် အချိန်နီးကပ်လာချိန်တွင် လူကြီးတစ်ဉီးအနေဖြင့် ဒံယေလသည် မိမိလူမျိုးတို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာကို သိထားခဲ့ပါတယ်။ ဣသရေလ လူမျိုးတို့သည် ဘုရားသခင်နှင့် ကောင်းသော ဆက်ဆံရေး မရှိကြသေးပါ။ ဤအရာက ဒံယေလကို ဝမ်းနည်းကြေကွဲစေပါတယ်။ ဒါကြောင့် သူဆုတောင်း ခဲ့ပါတယ်။

ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး (၉) တွင် အရေးကြီးသော ဆုတောင်းချက် (၆) ချက်ကို ဖော်ပြထားပါတယ်။ ၎င်းသည် ကပ်ဘေးကာလအတွင်း ဘုရားသခင်ဖြေကြားသည့်နည်းဖြင့် မည်ကဲ့သို့ဆုတောင်းခြင်း အကြောင်း ဖြစ်ပါတယ်။ လာမည့်ရက်အနည်းငယ်တွင်       ၎င်းဆုတောင်းချက် (၆) ချက်ဆိုင်ရာ အဆင့်တစ်ခုစီကို ကြည့်ရပါ လိမ့်မည်။

ပထမဉီးစွာ ဘုရားသခင်အား သင်စကားမပြောခင်မှာ သူ့အား၏အရင် ပြောခွင့်ပေးပါ။

ဘုရားသခင်၏ အသံတော်ကို သင်ကြားဖို့ လိုအပ်ပါတယ်။ ဘုရားသခင်သည် သင့်၏အသက်တာတွင် ပထမဆုံး သော လုပ်ဆောင်ချက်တွေကို အမြဲတမ်း ပြုပါလိမ့်မည်။ ဘုရား ဉီးဆုံးမလုပ်တဲ့ တစ်စုံတစ်ခုကို သင်လုပ်ဆောင်ဖို့ သူဘယ်တော့မှ မမျှော်လင့်ပါဘူး။ သမ္မာကျမ်းစာတွင် ဆိုထားသည်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဉီးဆုံး ချစ်သောကြောင့် ကျွန်ုပ်တို့ကသူ့အား ချစ်ခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် ဉီးစွာ ထမ်းရွက်ပေးလို့ ကျွန်ုပ်တို့ သည်လည်း ဘုရားအတွက် ထမ်းရွက်ခြင်း ဖြစ်ပါတယ်။

ဘုရားသခင်မှ အစပြုပါတယ်။ ပြီးနောက် ကျွန်ုပ်တို့ တုံ့ပြန်ပါတယ်။

ဒါကြောင့် သင်မည်ကဲ့သို့ ဘုရားကို နားထောင်ပါသလဲ။ သင် သမ္မာကျမ်းစာ ဖတ်ခြင်းကနေပေါ့။ နှုတ်ကပတ် တော်အားဖြင့် ကျွန်ုပ်တို့ကို ဘုရားစကားပြောတဲ့အတွက်ကြောင့် ကျွန်ုပ်တို့သည်လည်း ဘုရားသခင်ထံ စကားပြော ကြပါတယ်။

ဤအရာကို ဒံယေလ ပြုခဲ့ပါတယ်။

ဒံယေလအနာဂတ္တိကျမ်း ၉:၁-၂ “ယေရုရှလင်မြို့ပျက်စီး၍ အနှစ်ခုနစ်ဆယ် လွန် စေမည်ဟု၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသား ဒါရိနန်းစံပဌမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာ အားဖြင့် သိရသောကြောင့်၊ အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ် လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။”

သင်သည် ကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏စကားတော်ကို နားမထောင်မှီတိုင် ထိရောက်စွာ ဆုတောင်းမည် မဟုတ်ပါ။ သမ္မာတရားကို သင်များများသိလေလေ သင်၏ဆုတောင်းချက်များသည် ပိုမိုထိရောက်လေ ဖြစ်ပါ လိမ့်မည်။

 ဆင်ခြင်ရန်

- သင်၏ အသက်တာ၌ ဘုရားသခင်၏ အစပြုခြင်းကို မည်သည့်အချိန်က မြင်တွေ့ခဲ့ပါသနည်း။

- ဘုရားသခင်၏ နှုတ်မြွက်စကားတော်ကို လေ့လာသည့်အခါ ဘုရားသခင့်စကား နားထောင်ရန် မည်သည့် အရာက ခက်ခဲစေပါသနည်း။

- အကျပ်အတည်း ကာလအတွင်း ဆုတောင်းရန် ဘာကြောင့် အရေးကြီးပါသနည်း။


---------------------------------------------------------------------------------


Zawgyi Version

ကပ္ေဘးကာလအတြင္း ပထမေျခလွမ္း - နားေထာင္ၿပီး ဘုရားသခင္အား ေျပာခြင့္ျပဳပါ။

ဒံေယလအနာဂတၱိက်မ္း ၉:၁-၂ “ေယ႐ုရွလင္ၿမိဳ႕ပ်က္စီး၍ အႏွစ္ခုနစ္ဆယ္ လြန္ ေစမည္ဟု၊ ထာဝရဘုရား၏ ဗ်ာဒိတ္ေတာ္ကို ပေရာဖက္ ေယရမိ ခံဘူးသည္ျဖစ္၍၊ ခါလာဒဲႏိုင္ငံကို အစိုးရေသာ ေမဒိအမ်ိဳး၊ အာေ႐ႊ႐ုသား ဒါရိနန္းစံပဌမႏွစ္တြင္၊ ငါ ဒံေယလသည္ ထိုႏွစ္ေပါင္းအေရအတြက္ကို က်မ္းစာအားျဖင့္ သိရေသာေၾကာင့္၊ အစာကိုေရွာင္လ်က္၊ ေလွ်ာ္ေတအဝတ္ကို ဝတ္ လ်က္၊ ျပာႏွင့္လူးလ်က္၊ အရွင္ဘုရားသခင့္ထံေတာ္သို႔ ခ်ဥ္းကပ္၍ ဆုေတာင္းပဌနာျပဳ၏။”

Add caption

ဒံေယလႏွင့္ သူ၏ ဆုေတာင္းျခင္းအသက္တာကေန ကြၽႏ္ုပ္တို႔ မ်ားစြာ ေလ့လာသင္ယူႏိုင္ပါတယ္။ ဣသေရလ လူမ်ိဳးတို႔၏ ေနရပ္ျပည္သို႔ ျပန္ရန္ အခ်ိန္နီးကပ္လာခ်ိန္တြင္ လူႀကီးတစ္ဉီးအေနျဖင့္ ဒံေယလသည္ မိမိလူမ်ိဳးတို႔ အဆင္သင့္ မျဖစ္ေသးဘူးဆိုတာကို သိထားခဲ့ပါတယ္။ ဣသေရလ လူမ်ိဳးတို႔သည္ ဘုရားသခင္ႏွင့္ ေကာင္းေသာ ဆက္ဆံေရး မရွိၾကေသးပါ။ ဤအရာက ဒံေယလကို ဝမ္းနည္းေၾကကြဲေစပါတယ္။ ဒါေၾကာင့္ သူဆုေတာင္း ခဲ့ပါတယ္။

ဒံေယလအနာဂတၱိက်မ္း အခန္းႀကီး (၉) တြင္ အေရးႀကီးေသာ ဆုေတာင္းခ်က္ (၆) ခ်က္ကို ေဖာ္ျပထားပါတယ္။ ၎သည္ ကပ္ေဘးကာလအတြင္း ဘုရားသခင္ေျဖၾကားသည့္နည္းျဖင့္ မည္ကဲ့သို႔ဆုေတာင္းျခင္း အေၾကာင္း ျဖစ္ပါတယ္။ လာမည့္ရက္အနည္းငယ္တြင္ ၎ဆုေတာင္းခ်က္ (၆) ခ်က္ဆိုင္ရာ အဆင့္တစ္ခုစီကို ၾကည့္ရပါ လိမ့္မည္။ 

ပထမဉီးစြာ ဘုရားသခင္အား သင္စကားမေျပာခင္မွာ သူ႔အား၏အရင္ ေျပာခြင့္ေပးပါ။

ဘုရားသခင္၏ အသံေတာ္ကို သင္ၾကားဖို႔ လိုအပ္ပါတယ္။ ဘုရားသခင္သည္ သင့္၏အသက္တာတြင္ ပထမဆုံး ေသာ လုပ္ေဆာင္ခ်က္ေတြကို အၿမဲတမ္း ျပဳပါလိမ့္မည္။ ဘုရား ဉီးဆုံးမလုပ္တဲ့ တစ္စုံတစ္ခုကို သင္လုပ္ေဆာင္ဖို႔ သူဘယ္ေတာ့မွ မေမွ်ာ္လင့္ပါဘူး။ သမၼာက်မ္းစာတြင္ ဆိုထားသည္မွာ ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔ကို ဉီးဆုံး ခ်စ္ေသာေၾကာင့္ ကြၽႏ္ုပ္တို႔ကသူ႔အား ခ်စ္ျခင္းျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔အတြက္ ဉီးစြာ ထမ္း႐ြက္ေပးလို႔ ကြၽႏ္ုပ္တို႔ သည္လည္း ဘုရားအတြက္ ထမ္း႐ြက္ျခင္း ျဖစ္ပါတယ္။ 

ဘုရားသခင္မွ အစျပဳပါတယ္။ ၿပီးေနာက္ ကြၽႏ္ုပ္တို႔ တုံ႔ျပန္ပါတယ္။

ဒါေၾကာင့္ သင္မည္ကဲ့သို႔ ဘုရားကို နားေထာင္ပါသလဲ။ သင္ သမၼာက်မ္းစာ ဖတ္ျခင္းကေနေပါ့။ ႏႈတ္ကပတ္ ေတာ္အားျဖင့္ ကြၽႏ္ုပ္တို႔ကို ဘုရားစကားေျပာတဲ့အတြက္ေၾကာင့္ ကြၽႏ္ုပ္တို႔သည္လည္း ဘုရားသခင္ထံ စကားေျပာ ၾကပါတယ္။

ဤအရာကို ဒံေယလ ျပဳခဲ့ပါတယ္။ 

ဒံေယလအနာဂတၱိက်မ္း ၉:၁-၂ “ေယ႐ုရွလင္ၿမိဳ႕ပ်က္စီး၍ အႏွစ္ခုနစ္ဆယ္ လြန္ ေစမည္ဟု၊ ထာဝရဘုရား၏ ဗ်ာဒိတ္ေတာ္ကို ပေရာဖက္ ေယရမိ ခံဘူးသည္ျဖစ္၍၊ ခါလာဒဲႏိုင္ငံကို အစိုးရေသာ ေမဒိအမ်ိဳး၊ အာေ႐ႊ႐ုသား ဒါရိနန္းစံပဌမႏွစ္တြင္၊ ငါ ဒံေယလသည္ ထိုႏွစ္ေပါင္းအေရအတြက္ကို က်မ္းစာ အားျဖင့္ သိရေသာေၾကာင့္၊ အစာကိုေရွာင္လ်က္၊ ေလွ်ာ္ေတအဝတ္ကို ဝတ္ လ်က္၊ ျပာႏွင့္လူးလ်က္၊ အရွင္ဘုရားသခင့္ထံေတာ္သို႔ ခ်ဥ္းကပ္၍ ဆုေတာင္းပဌနာျပဳ၏။”

သင္သည္ က်မ္းစာကို ေလ့လာၿပီး ဘုရားသခင္၏စကားေတာ္ကို နားမေထာင္မွီတိုင္ ထိေရာက္စြာ ဆုေတာင္းမည္ မဟုတ္ပါ။ သမၼာတရားကို သင္မ်ားမ်ားသိေလေလ သင္၏ဆုေတာင္းခ်က္မ်ားသည္ ပိုမိုထိေရာက္ေလ ျဖစ္ပါ လိမ့္မည္။

ဆင္ျခင္ရန္

- သင္၏ အသက္တာ၌ ဘုရားသခင္၏ အစျပဳျခင္းကို မည္သည့္အခ်ိန္က ျမင္ေတြ႕ခဲ့ပါသနည္း။ 

- ဘုရားသခင္၏ ႏႈတ္ႁမြက္စကားေတာ္ကို ေလ့လာသည့္အခါ ဘုရားသခင့္စကား နားေထာင္ရန္ မည္သည့္ အရာက ခက္ခဲေစပါသနည္း။

- အက်ပ္အတည္း ကာလအတြင္း ဆုေတာင္းရန္ ဘာေၾကာင့္ အေရးႀကီးပါသနည္း။