Unicode Version
အသက်တာကို ဟန်ချက်ညီစေသည့် သော့ချက် - သခင်ယေရှု
ရှင်မဿဲခရစ်ဝင် ၆:၃၃ “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို
ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။”
အမှန်တကယ် ဟန်ချက်ညီသော အသက်တာ၌ အသက်ရှင်နေထိုင်လိုပါလျှင် သမိုင်းတစ်လျှောက်ရှိ ပုဂ္ဂိုလ်တစ်ဉီးကိုသာ သင်၏ စံပြပုဂိ္ဂုလ်အဖြစ် သင်ရှုမြင်နိုင်ပါတယ်။ ထိုသူသည် ယေရှုဖြစ်ပါတယ်။ သူ့အား သင့်အသက်တာ၏ အလယ်ဗဟိုတွင် ထားရှိတဲ့အခါမှာ သင်၏အသက်တာပိုပြီး ဟန်ချက်ညီပါလိမ့်မည်။
သင်၏အသက်တာကို လှည်းဘီးအနေဖြင့် သဘောထားကြည့်ပါ။ ဘီး၏ အလယ်ဗဟိုတွင် ဗဟိုချက် မဏ္ဍိုင် ရှိပါတယ်။ ဘီးခွေနှင့် မဏ္ဍိုင်ကို ဆက်သွယ်ထားသော ဒေါင့်တိုင် တွေသည် သင်၏အသက်တာတွင် ရှိသော ပေါင်းသင်းဆက်ဆံရေး ၊ အသက်မွေးဝမ်းကျောင်း ၊ ပန်းတိုင်… စသဖြင့်သော အရာတို့ကို ပုံဆောင်ပြီး ၎င်းတို့သည် မဏ္ဍိုင်ဆီမှဖြစ်တည်လာပါသည်။ ကျွန်ုပ်တို့အားလုံး မဏ္ဍိုင်- ဗဟိုအချက်အချာဖြစ်သော နေရာများ ဆီကနေ့ အသက်တာကို တည်ဆောက်ကြပါတယ်။ မေးခွန်းက … သင်၏မဏ္ဍိုင်က မည်သို့နည်း။ သင်၏ မိသားစုတွေလား။ သင်၏ အသက်မွေးဝမ်းကျောင်းလား။ သင်၏ ငွေကြေးတွေလား။
သင်၏ အသက်တာကို မည်သည့်အရာပေါ် တည်ဆောက်နေခြင်းကို မည်သို့ သိနိုင်သနည်း။ သင်စဉ်းစားနိုင် သမျှတို့ကို စဉ်းစားကြည့် ပါ။ ၎င်းတို့သည် သင်ကို မောင်းနှင်နေခြင်းဖြစ်သည်။
ဟန်ချက်ညီသော အသက်တာကို ဖွံ့ဖြိုးကြီးထွားစေဖို့ရန် သင်၏အသက်တာရှိ မဏ္ဍိုင် (ဗဟိုအချက်အချာ)က အရေးကြီးပါတယ်။ ခိုင်မာသော မဏ္ဍိုင်သည် ခိုင်မာသော အသက်တာကို ဉီးဆောင်မှုပြုပါတယ်။ အားနည်းသော အသက်တာရှိ မဏ္ဍိုင်သည်လည်း အားနည်းသော အသက်တာကို ဖြစ်ပေါ်စေပါတယ်။ လူတွေသည် သူတို့အသက်တာမှာ အမှားမကင်းဘူးဆိုပြီး ကျွန်ုပ်အား ပြောဆိုတာကို ကြားရတဲ့အခါမှာ တစ်ခုသောအရာကို အမြဲတမ်း အဓိပ္ပါယ် ပေါ်စေပါတယ်။ သူတို့တွင် မှားယွင်းသော မဏ္ဍိုင်ကို ပိုင်ဆိုင်ထားကြတယ်။ ဘုရားသခင် ထက် တခြားသော အရာတစ်ချို့ကို သူတို့၏အသက်တာတွင် ဉီးစားပေးကြပါတယ်။
မဏ္ဍိုင်သည် တည်ငြိမ်မှုကို ဖန်တီးပေးရုံမကပါ သင့်အသက်တာရှိ လွှမ်းမိုးနေတဲ့ အရာမှန်သမျှကိုပါ ထိန်းချုပ်ပေး ပါတယ်။ သင်၏ အသက်တာဗဟိုတွင် ထားရှိသော မည်သည့်မဏ္ဍိုင်မဆို သင်၏စွမ်းအားအရင်းအမြစ် ဖြစ်လာ ပါလိမ့်မည်။ ဘီး၏ စွမ်းအားသည် အမြဲတမ်း ဗဟိုကနေ ထုတ်လွှတ်ပါတယ်။
သခင်ယေရှုကို သင့်အသက်တာ၏ မဏ္ဍိုင်အဖြစ် ထားရှိပါ။ သင်လိုအပ်သော တည်ငြိမ်မှု ၊ ထိန်းချုပ်မှု နှင့် စွမ်းအားတွေကို ပေးပါလိမ့်မည်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ ရှင်မဿဲခရစ်ဝင် ၆:၃၃ “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော် မူလတံ့။”
သခင်ယေရှုကို သင့်အသက်တာ၏ မဏ္ဍိုင်အဖြစ်လည်းကောင်း ၊ တခြားသော အရာတွေအားလုံး (သင်၏ပန်းတိုင် ၊ အသက်မွေးဝမ်းကျောင်း) တို့တွင်လည်း မဏ္ဍိုင်အဖြစ်လည်းကောင်း ထားရှိဖို့ ရွေးချယ်တဲ့အခါ သခင်ယေရှု အားဖြင့် ဟန်ချက်ညီမှုတွေကို သင်ရှာတွေ့ပါလိမ့်မည်။ သူသည် သင်၏အသက်တာကို ညွှန်ကြားပေးလိမ့်မည်။ လုပ်ဆောင်နိုင်စွမ်းနှင့် တည်ငြိမ်မှုကိုပါ ပေးပါလိမ့်မည်။
-
သင်၏အသက်တာကို ဘီးတစ်ခုအဖြစ် မြင်ကြည့်လျှင် အလယ်ဗဟို မဏ္ဍိုင်သည် ဘာဖြစ်မည်နည်း။
-
ဟန်ချက်ညီသော အသက်တာကို ပိုင်ဆိုင်ဖို့ရန် မည်သို့သောကြီးမားတဲ့ အနှောင့်အယှက်က တားဆီးနေ
ပါသနည်း။
-
သခင်ယေရှုကို အသက်တာ၏ အလယ်ဗဟို မဏ္ဍိုင်အဖြစ် ထားရှိခြင်းသည်အကြီးမားဆုံး အတားအဆီးဖြစ်
သည်ဟု မည်သည့်အရာက သင့်အားထင်မြင်စေပါသနည်း။
------------------------------------------------------------------------------
Zawgyi Version
![]() |
| Add caption |
(သို့) သခင်ယေရှုလား
ဆင်ခြင်ရန်