ျှော်လင့်ချက်မဲ့စေသော အကြောင်းရင်းတို့ကို ရှာဖွေဖော်ထုတ်ခြင်း | Identifying the Causes of Hopelessness
 Unicode Version
မျှော်လင့်ချက်မဲ့စေသော အကြောင်းရင်းတို့ကို ရှာဖွေဖော်ထုတ်ခြင်း
ယောနဝတ္တု ၂:၇ “အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရား ကို အောက်မေ့၍၊ အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။”
မျှော်လင့်ချက်မဲ့နေခြင်းကို သင်ရင်ဆိုင်တွေ့ကြုံရတဲ့အခါမှာ သင်လုပ်ဆောင်နိုင်တဲ့ အရေးကြီးသော အဆင့်တစ် ခုမှာ အကြောင်းရင်း ကို ဖော်ထုတ်ဖို့ရန် ဖြစ်ပါတယ်။
တစ်နည်းပြောရလျှင် မျှော်လင့်ချက်မဲ့မှုနှင့် ပတ်သက်ပြီး ရုန်းကန်နေဖို့မဟုတ်ဘဲ သင်၏ပြသနာသည် ဘယ်ကနေ ဖြစ်လာသလဲဆိုတာကို ရှာဖွေစစ်ဆေးဖို့ရန် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်၏ပြသနာသည် မျှော်လင့် ချက်မဲ့ခြင်းကို ဖြစ်စေသောအရာ မဟုတ်ပါ။ တကယ့်ပြသနာအစစ်က သင့်ကို မျှော်လင့်ချက်မဲ့စေသော အရာဖြစ် တယ်။
ယောနဝတ္တု ၂:၃ -၆ တွင် မျှော်လင့်ချက်မဲ့သော အကြောင်းတရား (၈) မျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ ထိုအရာတို့သည် သင်နှင့်ရင်းနှီးမှု ရှိသလားဆိုတာကို ဆန်းစစ်ကြည့်ပါ။
(၁) သင်၏ခေါင်းပေါ် ရောက်နေသကဲ့သို့ သင်ခံစားရခြင်း
ယောနဝတ္တု ၂:၃ “ကိုယ်တော်သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊ ပင်လယ် ရေသည် ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်း ကြပါ၏။
(၂) အဆုံးစွန်ထိ ထိခိုက်မိခြင်း “အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ ချပစ်တော်မူသဖြင့်၊” ယောနဝတ္တု ၂:၃
(၃) စွမ်းအားနှင့် ထိန်းချုပ်မှုကနေ လွှတ်ထွက်ပြီလို့ ခံစားရခြင်း “ပင်လယ် ရေသည် ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်း ကြပါ၏။” ယောနဝတ္တု ၂:၃
(၄) လွမ်းမိုးခံရတယ်လို့ ခံစားရခြင်း “လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်း ကြပါ၏။
(၅) ငြင်းပယ်ခံရပြီးလို့ ခံစားရခြင်း “ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရ သော်လည်း” ယောနဝတ္တု ၂:၄
(၆) သနားခြင်းကင်းမဲ့သော ၊ နောင်တရသော ခံစားချက်များ ခံစားရခြင်း “သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။” ယောနဝတ္တု ၂:၄
(၇) ကြောက်ရွံ့ခြင်းက သင့်အား ထုနှက်နေပြီလို့ ခံစားရခြင်း “ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်းသဖြင့်၊ အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရ ပါ၏။ ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ၏။” ယောနဝတ္တု ၂:၅
(၈) ထောင်ချောက်မိသလို ခံစားရခြင်း “တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ်ဆင်း၍၊ မြေ ကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း၊ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ ကယ်ဆယ်တော်မူလိမ့် မည်။ ” ယောနဝတ္တု ၂:၆
ယောနသည် သူ၏ မျှော်လင့်ချက်မဲ့ခြင်းနှင့် ပတ်သက်ပြီး ဘုရားသခင်ထံ စတင်ပြောဆိုသောအခါတွင် သူ့အား ဘုရားသခင်စတင် ကုသပါသည်။ “အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရား ကို အောက်မေ့၍၊ အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။” ယောနဝတ္တု ၂:၇
သင်၏ မျှော်လင့်ချက်မဲ့မှုနှင့် ပတ်သက်၍ ဘုရားသခင်အား ပြောဆိုပါ။ မျှော်လင့်ခြင်း၏ ဘုရားရှင်ဖြစ်ပြီး သခင်ခရစ်တော်အားဖြင့် ရရှိနိုင်သည့် စစ်မှန်မှုတစ်ခုဖြစ်ပြီး တည်မြဲသော မျှော်လင့်ခြင်းကို သင်ရှာတွေ့ နိုင်ပါတယ်။
ဆင်ခြင်ရန်
- ယနေ့ devotional မှရှာဖွေဖော်ထုတ်နိုင်သည့် မျှော်လင့်ခဲ့ကင်းမဲ့မှု၏ အကြောင်းရင်းများမှ မည်သည့်တစ်ခုက သင့်အား ယခုအချိန်တွင် လိုက်လျှောက်ဖို့ရန် ဖြစ်ပေါ်စေပါသနည်း။ (သို့) အတိတ်က မျှော်လင့်ချက် ကင်းမဲ့မှုမှ သင်အများဆုံး ကျွမ်းဝင်သော ခံစားမှုမျိုးက မည်သို့နည်း။
- မျှော်လင့်ချက်ကင်းမဲ့နေတယ်ဆိုလျှင် ၎င်းနှင့် ပတ်သက်ပြီး ဘုရားသခင် သင့်အား ဘာပြောသနည်း။
- အတိတ်က မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်က သင့်အား သခင်ခရစ်တော်နှင့် မည်သို့ ပိုမိုနီးကပ် စေခဲ့ပါသနည်း။
------------------------------------------------------------------------------------
Zawgyi Version
Add caption
(၅) ငြင်းပယ်ခံရပြီးလို့ ခံစားရခြင်း “ထိုသို့ မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကို ခံရ သော်လည်း” ယောနဝတ္တု ၂:၎
ဆင်ခြင်ရန်