သင်၏ နာကျင်မှုများ၌ ဘုရားသခင်၏ အချိန်ကိုက်မှုကို မည်သို့ ယုံကြည်မည်နည်း။ | How to Trust God’s Timing in Your Pain

Unicode Version
သင်၏ နာကျင်မှုများ၌ ဘုရားသခင်၏ အချိန်ကိုက်မှုကို မည်သို့
ယုံကြည်မည်နည်း။
ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈-၉ “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံ အစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ မိုဃ်းကောင်းကင်သည် မြေကြီးထက် သာ၍ မြင့် သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည် ထက်၎င်း သာ၍ မြင့်၏။”
နာကျင်မှုဝေဒနာခံစားရချိန်တွင် ဆုတောင်းပေမဲ့ အဖြေမတွေ့တဲ့အခါမှာ သင် လက်လျော့သင့်ပါသလား။ မလျော့ သင့်ပါ။ သင်၏အလုပ်က ဆုတောင်းချက်အဖြေအတွက် ဘုရားသခင်ကို ယုံကြည်ပြီးဆက်လက် ဆုတောင်းဖို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်အသက်တာတွင် ဘုရားပြုသောအရာတွေ နှင့် ဘုရားခွင့်ပြုသော အရာ တို့သည် သင်၏ကောင်းကျိုးအတွက် အသုံးပြုပါလိမ့်မည်။
အကယ်၍
ဆရာဝန်က သင့်ကိုခွဲစိတ်ကုသမှု လုပ်ဆောင်တဲ့အခါမှာ နာကျင်မှုတစ်ချို့ ဖြစ်စေပါမည်။ သို့ပေမဲ့
၎င်းခွဲစိတ်မှုက သင့်အသက်ကို ကယ်တင်ပါလျှင် ထိုဆရာဝန်ကို သင်က ဆိုးသောဆရာဝန်လို့ သင်ပြောမလား။
မပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်၏အသက်ကို ကယ်တင်လို့ဖြစ်ပါတယ်။
ဘုရားသခင်သည်
သင်၏နာကျင်မှုကို ချက်ချင်းအဆုံးမသတ်သေးတဲ့အခါ ၎င်းအခိုက်အတန့်ကာလတွင် ဘုရားသ ခင်က
သင့်အား “ငါ၏ကျေးဇူးကသင့်အတွက် လုံလောက်တယ် ၊ သင်၏ အသက်တာတွင်
နာကျင်မှု အနည်းငယ် နှင့် များစွာသော ဝေဒနာတွေထိတိုင်
သင်ကိုင်တွယ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငါသည် သင်နှင့်အတူ ရှိပြီး ၎င်းတို့ကို
သင်၏အကျိုးအတွက် သုံးသွားမည်” လို့ပြောနေပါသည်။
ကျွန်ုပ်အသက်တာတွင်
နာကျင်မှုများစွာ ရရှိခဲ့ပါတယ်။ တကယ်တော့ အသက်တာတွင် အရာအားလုံးနီးပါး လေ့လာသင်ယူခဲ့ရပါတယ်။
နာကျင်မှုတွေမှတစ်ဆင့် လေ့လာမှုတွေ ရခဲ့ပါတယ်။ အပျော်အပါးတွေကနေ ဘာမှ သင်ယူစရာ မရပါ။
အောင်မြင်ခြင်းကနေ အနည်းငယ်သောအရာကို လေ့လာခဲ့ရပါတယ်။ သို့ပေမဲ့ နာကျင်မှုများ ကနေ
များစွာသောအရာကို လေ့လာသင်ယူခဲ့ရပါတယ်။ မိမိအဆင်ပြေမှုအတွက်
၊ သက်တောင့်သက်တာလေး ဖြစ်နေဖို့အတွက် လုပ်ဆောင်ခြင်းထက် ဘုရား၏ လူအဖြစ် လုပ်ဆောင်နေခြင်းကို
ဘုရားသခင်ပိုပြီး စိတ်ဝင်စား ပါတယ်။ နိစ္စထာဝရ
ကောင်းကင်ဘုံတွင် သင်အား သက်တောင့်သက်သာ အဆင်ပြေမှုတွေ ဖြစ်စေပါလိမ့်မည်။
ဟေရှာယအနာဂတ္တိကျမ်းတွင် ကျွန်ုပ်တို့ ဖတ်ရှုရပါတယ်။ “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏ အကြံ အစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ မိုဃ်းကောင်းကင် သည် မြေကြီးထက် သာ၍ မြင့် သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်၎င်း၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည် ထက်၎င်း သာ၍ မြင့်၏။” ဟေရှာယအနာဂတ္တိကျမ်း ၅၅:၈-၉
သင်ဆုတောင်းနေစဉ်တွင် ဘုရားသခင်သည် သင်၏အသက်တာကို အများကြီး ပိုပြီးမြင့်မားသော ရှုတောင့်အမြင် ဖြင့် စဉ်းစားနေပါတယ်။ ဘုရားသခင်သည် သင်လုပ်ဆောင်နေတာတွေထက်ကို သင့်အသက်တာကို ပိုပြီးကောင်း မွန်တဲ့အရာတွေ ဖြစ်စေချင်ပါတယ်။
ဆင်ခြင်ရန်
-
သင့်အသက်တာရှိ နာကျင်မှုများမှ မည်သို့သောအရာကို သင်လေ့လာသင်ယူခဲ့ရပါသနည်း။
-
သခင်ခရစ်တော် နောက်လိုက်ဖြစ်တဲ့အလျောက် သခင်ခရစ်တော်နည်းတူ ပိုပြီးသဏ္ဍာန်တူလာခြင်းနှင့်
ဆက်လက်ကြီးထွားဖို့ရန် ဘာကြောင့် အရေးကြီးပါသနည်း။
-
ယခုတွင် ဘဝ၌ နာကျင်မှုများကို ခံစားနေရသောသူ နှင့် ဆုတောင်းချက်ကို အဖြေရရန် စောင့်ဆိုင်းနေသူ
တစ်ယောက်ကို သင်မည်ကဲ့သို့ အားပေး တိုက်တွန်းနိုင်မည်နည်း။
--------------------------------------------------------------------------------
Zawgyi Version
သင္၏ နာက်င္မႈမ်ား၌ ဘုရားသခင္၏ အခ်ိန္ကိုက္မႈကို မည္သို႔ ယုံၾကည္မည္နည္း။
ေဟရွာယအနာဂတၱိက်မ္း ၅၅:၈-၉ “ထာဝရဘုရားမိန္႔ေတာ္မူသည္ကား၊ ငါ၏ အႀကံ အစည္သည္ သင္တို႔၏ အႀကံအစည္ႏွင့္မတူ။ ငါ၏ အက်င့္သည္လည္း သင္တို႔၏ အက်င့္ႏွင့္မတူ။ မိုဃ္းေကာင္းကင္သည္ ေျမႀကီးထက္ သာ၍ ျမင့္ သကဲ့သို႔၊ ငါ၏အက်င့္သည္ သင္တို႔၏အက်င့္ထက္၎၊ ငါ၏အႀကံအစည္သည္ သင္တို႔၏ အႀကံအစည္ ထက္၎ သာ၍ ျမင့္၏။”
![]() |
| Add caption |
နာက်င္မႈေဝဒနာခံစားရခ်ိန္တြင္ ဆုေတာင္းေပမဲ့ အေျဖမေတြ႕တဲ့အခါမွာ သင္ လက္ေလ်ာ့သင့္ပါသလား။ မေလ်ာ့ သင့္ပါ။ သင္၏အလုပ္က ဆုေတာင္းခ်က္အေျဖအတြက္ ဘုရားသခင္ကို ယုံၾကည္ၿပီးဆက္လက္ ဆုေတာင္းဖို႔ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္အသက္တာတြင္ ဘုရားျပဳေသာအရာေတြ ႏွင့္ ဘုရားခြင့္ျပဳေသာ အရာ တို႔သည္ သင္၏ေကာင္းက်ိဳးအတြက္ အသုံးျပဳပါလိမ့္မည္။
အကယ္၍ ဆရာဝန္က သင့္ကိုခြဲစိတ္ကုသမႈ လုပ္ေဆာင္တဲ့အခါမွာ နာက်င္မႈတစ္ခ်ိဳ႕ ျဖစ္ေစပါမည္။ သို႔ေပမဲ့ ၎ခြဲစိတ္မႈက သင့္အသက္ကို ကယ္တင္ပါလွ်င္ ထိုဆရာဝန္ကို သင္က ဆိုးေသာဆရာဝန္လို႔ သင္ေျပာမလား။ မေျပာပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သင္၏အသက္ကို ကယ္တင္လို႔ျဖစ္ပါတယ္။
ဘုရားသခင္သည္ သင္၏နာက်င္မႈကို ခ်က္ခ်င္းအဆုံးမသတ္ေသးတဲ့အခါ ၎အခိုက္အတန႔္ကာလတြင္ ဘုရားသ ခင္က သင့္အား “ငါ၏ေက်းဇူးကသင့္အတြက္ လုံေလာက္တယ္ ၊ သင္၏ အသက္တာတြင္ နာက်င္မႈ အနည္းငယ္ ႏွင့္ မ်ားစြာေသာ ေဝဒနာေတြထိတိုင္ သင္ကိုင္တြယ္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ငါသည္ သင္ႏွင့္အတူ ရွိၿပီး ၎တို႔ကို သင္၏အက်ိဳးအတြက္ သုံးသြားမည္” လို႔ေျပာေနပါသည္။
ကြၽႏ္ုပ္အသက္တာတြင္ နာက်င္မႈမ်ားစြာ ရရွိခဲ့ပါတယ္။ တကယ္ေတာ့ အသက္တာတြင္ အရာအားလုံးနီးပါး ေလ့လာသင္ယူခဲ့ရပါတယ္။ နာက်င္မႈေတြမွတစ္ဆင့္ ေလ့လာမႈေတြ ရခဲ့ပါတယ္။ အေပ်ာ္အပါးေတြကေန ဘာမွ သင္ယူစရာ မရပါ။ ေအာင္ျမင္ျခင္းကေန အနည္းငယ္ေသာအရာကို ေလ့လာခဲ့ရပါတယ္။ သို႔ေပမဲ့ နာက်င္မႈမ်ား ကေန မ်ားစြာေသာအရာကို ေလ့လာသင္ယူခဲ့ရပါတယ္။ မိမိအဆင္ေျပမႈအတြက္ ၊ သက္ေတာင့္သက္တာေလး ျဖစ္ေနဖို႔အတြက္ လုပ္ေဆာင္ျခင္းထက္ ဘုရား၏ လူအျဖစ္ လုပ္ေဆာင္ေနျခင္းကို ဘုရားသခင္ပိုၿပီး စိတ္ဝင္စား ပါတယ္။ နိစၥထာဝရ ေကာင္းကင္ဘုံတြင္ သင္အား သက္ေတာင့္သက္သာ အဆင္ေျပမႈေတြ ျဖစ္ေစပါလိမ့္မည္။
ေဟရွာယအနာဂတၱိက်မ္းတြင္ ကြၽႏ္ုပ္တို႔ ဖတ္ရႈရပါတယ္။ “ထာဝရဘုရားမိန္႔ေတာ္မူသည္ကား၊ ငါ၏ အႀကံ အစည္သည္ သင္တို႔၏ အႀကံအစည္ႏွင့္မတူ။ ငါ၏ အက်င့္သည္လည္း သင္တို႔၏ အက်င့္ႏွင့္မတူ။ မိုဃ္းေကာင္းကင္ သည္ ေျမႀကီးထက္ သာ၍ ျမင့္ သကဲ့သို႔၊ ငါ၏အက်င့္သည္ သင္တို႔၏အက်င့္ထက္၎၊ ငါ၏ အႀကံအစည္သည္ သင္တို႔၏ အႀကံအစည္ ထက္၎ သာ၍ ျမင့္၏။” ေဟရွာယအနာဂတၱိက်မ္း ၅၅:၈-၉
သင္ဆုေတာင္းေနစဥ္တြင္ ဘုရားသခင္သည္ သင္၏အသက္တာကို အမ်ားႀကီး ပိုၿပီးျမင့္မားေသာ ရႈေတာင့္အျမင္ ျဖင့္ စဥ္းစားေနပါတယ္။ ဘုရားသခင္သည္ သင္လုပ္ေဆာင္ေနတာေတြထက္ကို သင့္အသက္တာကို ပိုၿပီးေကာင္း မြန္တဲ့အရာေတြ ျဖစ္ေစခ်င္ပါတယ္။
ဆင္ျခင္ရန္
- သင့္အသက္တာရွိ နာက်င္မႈမ်ားမွ မည္သို႔ေသာအရာကို သင္ေလ့လာသင္ယူခဲ့ရပါသနည္း။
- သခင္ခရစ္ေတာ္ ေနာက္လိုက္ျဖစ္တဲ့အေလ်ာက္ သခင္ခရစ္ေတာ္နည္းတူ ပိုၿပီးသ႑ာန္တူလာျခင္းႏွင့္ ဆက္လက္ႀကီးထြားဖို႔ရန္ ဘာေၾကာင့္ အေရးႀကီးပါသနည္း။
- ယခုတြင္ ဘဝ၌ နာက်င္မႈမ်ားကို ခံစားေနရေသာသူ ႏွင့္ ဆုေတာင္းခ်က္ကို အေျဖရရန္ ေစာင့္ဆိုင္းေနသူ တစ္ေယာက္ကို သင္မည္ကဲ့သို႔ အားေပး တိုက္တြန္းႏိုင္မည္နည္း။