Unicode Version
ကြီးစွာသော ခေါ်တော်မူခြင်း (By
လုကာ
၂၄:၄၇-၄၈ “ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်
မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။ ၄၈သင်တို့သည်လည်း ဤအကြောင်းအရာတို့၏
သက်သေ ဖြစ်ကြ၏။”
တပည့်တော်တို့တွင် သခင်ခရစ်တော်၏ သွန်သင်ခြင်းများနှင့် အံ့ဩဖွယ်အမှုအရာ ၊ သေခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ သက်သေတို့ရှိကြပါတယ်။ ဒါကြောင့်လည်း သူတို့တွေသည် တခြားသူတို့ထံ ဧဝံဂေလိတရားကို ဖော်ပြဖို့ရန် အကောင်းဆုံးသော ကိုယ်စားလှယ်တွေ ဖြစ်ခဲ့ကြပါတယ်။ ဖြစ်ပျက်ခဲ့သမျှတွေကို မျက်မြင်ကြုံတွေ့ရုံသာမက သခင်ခရစ်တော်အားဖြင့် ရရှိသော အသစ်ပြုပြင်ခြင်း နှင့် ခွင့်လွှတ်ခြင်းဆိုရာ အသက်တာ ပြောင်းလဲခြင်းတန်ခိုးတို့ကို ကိုယ်တိုင် တွေ့ကြုံခဲ့ရပါတယ်။
၎င်းသည် သခင်ခရစ်တော် ဖော်ပြခဲ့သော ဧဝံဂေလိတရား၏ ကျမ်းပိုဒ်ဖြစ်တဲ့ “အပြစ်လွှတ်ခြင်းအတွက် နောင်တ”သည် အဓိကအချက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ နောင်တရပါလျှင် ကျွန်ုပ်တို့၏ အပြစ်အားလုံးတို့ကို သခင်ခရစ်တော်သည် နက်ရှိုင်းသော သမုဒ္ဒရာတွင်းသို့ ပယ်ရှင်းလိုပါသည်။ ဒါကြောင့် ထိုအပြစ်တို့သည် ကျွန်ုပ်တို့နှင့် ဘုရားသခင်ကြားတွင် ရပ်တည်မှာ မဟုတ်တော့ပါ။ ထိုသို့ သခင်ခရစ်တော် ပြုနိုင်ခြင်းသည် ကျွန်ုပ်တို့နေရာတွင် တရားစီရင်ခြင်းကို ခံခဲ့သောကြောင့် ဖြစ်ပါတယ်။ သူ၏အပြစ်ဖြေရာ သေခြင်းအတွက် လူသားတွေသည် ဘုရားသခင်ပြန်လည် ရင်ကြားစေ့သွားနိုင်စေခဲ့ပါတယ်။
ဤသတင်းကောင်းကို တစ်ကမ္ဘာလုံးကို ဖော်ထုတ်သင့်ပါသည်။ ယေရုရှလင်မှ တစ်ဆင့် ဧဝံဂေလိတရားကို တခြားသောတိုင်းနိုင်ငံတို့ဆီ တပည့်တော်တို့ ဖြန့်ဝေသင့်ပါသည်။ သို့ပေမဲ့ သူတို့၏ စွမ်းအားဖြင့် လုပ်ဆောင်ဖို့ မလိုအပ်ပါ။ သခင်ခရစ်တော် ဆက်ပြောထားသည်မှာ လုကာ ၂၄:၄၉ “ငါ့ခမည်းတော်၏ ဂတိရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်။ သို့ဖြစ်၍ သင်တို့သည် ကောင်းကင်က တန်ခိုးကို မခံမှီတိုင်အောင် ယေရုရှလင်မြို့၌ နေကြဦးလော့ဟု မိန့်တော်မူ၏။” လာမည့် နေ့ရက်တွေမှာ တပည့်တော်တို့ သူတို့၏ လုပ်ဆောင်ချက်တွေကို ဘယ်လောက် စွမ်းဆောင်နိုင်ခဲ့သလဲဆိုတာကို ကျွန်တော်တို့ တွေ့ရပါလိမ့်မည်။
သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် လုပ်ပိုင်ခွင့်အာဏာ
တမန်တော်ဝတ္တု
၁:၈ “ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည်
တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင်
ငါ၏ သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။”
ဤကမ္ဘာလောကတွင် သခင်ခရစ်တော်၏ သာသနာလုပ်ငန်းမပြုခင်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့သည် ကြီးမားသော အတိုင်းအတာ မရှိခဲ့ပါ။ သခင်ခရစ်တော်က သူ၏ တပည့်တော်တို့ကို ပြောကြားခဲ့သည်မှာ ရှင်ယောဟန်ခရစ်ဝင် ၁၆:၇-၁၃ “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အ ကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။ ငါ့ကို မယုံကြည် ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။ ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့ မမြင်ရသော ကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။ ဤလောကကို အစိုးရသော မင်းသည် အပြစ်စီရင်ခြင်းကို ခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်။
သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ် တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။”
၎င်းသည် သန့်ရှင်းသောဝိညာဉ်တော် ပြုမူတော်စဲအရာ ဖြစ်ပါတယ်။ သဘာဝလွန် နိမိတ်လက္ခဏာများသည် အထူးအခါသမယများအားဖြင့် ကန့်သတ်ထားပုံဖြစ်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ အပြစ် တို့ကို ပြစ်မှုထင်ရှားစီရင်ခြင်းနှင့် သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်းတွေကို လက်ခံရရှိနိုင်ခြင်း၏ လုပ်ဆောင်မှု တွေကို ကမ္ဘာအနှံ့တွင် တွေ့ရှိရပါသည်။ လူသန်းပေါင်းများစွာ ကယ်တင်ခြင်းလက်ခံရရှိကြပါပြီ။ ယုံကြည်သူများ စွာတို့သည်လည်း ပြောင်းလဲခြင်း တန်ခိုးနှင့် အသက်တာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြသွန်သင်မှု တွေကို သက်သေခံနိုင်ကြပြီဖြစ်သည်။
Zawgyi Version
ကြီးစွာသော ခေါ်တော်မူခြင်း (By Grietje Commelin)
“နောင်တရသောသူသည် အပြစ်ခွင့်လွှတ်ခြင်းကို ရရှိလိမ့်မည်” ဆိုတဲ့ ဧဝံဂေလိဆိုင်ရာ အကျဉ်းချုပ်ကလေးကို သင်ယုံကြည်ပါသလား။ သင်၏ အပြစ်တွေ ခွင့်လွှတ်ခံရပြီလား။”
ဝံဂေလိတရားကို တိုင်းပြည်နယ်အသီးသီးတို့ဆီ ပြန့်နှံ့ဖို့ရန် တပည့်တော်တို့သည် ကြီးစွာသော ခေါ်တော်မူခြင်းကို ရရှိခဲ့ကြပါတယ်။ သို့ပေမဲ့လည်း ထိုသို့မလုပ်ဆောင်ခင်မှာ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံ ရရှိဖို့ ဖြစ်ပါတယ်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူတို့အား ဧဝံဂေလိတရားကို ဟောပြောခြင်း ၊ လူတို့အား ဤသတင်းစကားကို လက်ခံရရှိရန်နှင့် စိတ်နှလုံးကို ပြောင်းလဲဖို့ရန် လုပ်ဆောင်နိုင်စေမည်။ သဘာဝလွန် လက္ခဏာများနှင့် အံ့ဩဖွယ်ရာများ အားဖြင့် ဒေသနာ ဟောပြောခြင်းတို့ကို ဝိညာဉ်တော်သည် သူတို့အား အထောက်အမ ဖြစ်စေမည်။
ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်၏အထဲ၌ ကျိန်းဝပ်ပြီလား။