Unicode Version

ကျေးဇူးတင်တတ်သော ဆုတောင်းခြင်းသည်
ငြိမ်သက်ခြင်းကို ဖြစ်စေပါသည်။
ဖိလိပိ္ပ ၄:၆-၇ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ
ဆုတောင်းပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်း ပန်လိုသောအရာများတို့ကို ဘုရားသခင်အား
ကြားလျှောက်ကြလော့။ ၇ထိုသို့ပြုလျှင် အဘယ်သူမျှကြုံ၍ မမှီနိုင်သော ဘုရားသခင်၏
ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”
ကျွန်ုပ်တို့အသက်တာရှိ နေ့စဉ်
ယေဘုယျ ထိတ်လန့်စရာတွေနှင့် ပတ်သက်ပြီး စိုးရိမ်ခြင်းတွေကို ရပ်တန့်ပစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ “အရာအားလုံးအတွက် …ဆုတောင်းပါ။
လုပ်ဆောင်မူသမျှအားလုံးအတွက် ကျေးဇူးတင်ပါ။”
ကျေးဇူးတင်ခြင်းဆိုင်ရာ ဝတ်ပြုခြင်းသည် ငြိမ်းချမ်းခြင်းကို ယူဆောင်လာပါတယ်။ ကျွန်ုပ်တို့
စတင်စိုးရိမ်စရာ ရှိတဲ့အခါ ဆုတောင်းပါလို့ ဘုရားရှင်က ဆိုထားပါတယ်။
မိဘတွေက
ကျေးဇူးတင်ခြင်းဆိုင်ရာ ဆုတောင်းခြင်း၏တန်ခိုးကို နားလည်ကြပါတယ်။ သားသမီးတွေ လိုချင်တာရပြီး
“ကျေးဇူး”ပါလို့မပြောတာကိုတော့ မိဘတော်တော်များများ သဘောကျမှာ ၊ အသိအမှတ်ပြုမှာ မဟုတ်ပါ။
ဘုရားသခင်သည်လည်း ထိုနည်း၄င်းပင်ဖြစ်သည်။ ကျွန်ုပ်တို့ လိုအပ်တာတွေ ၊ အလိုရှိတာတွေကို
သူ့အားတောင်းဖို့ ဘုရားရှင်အလိုရှိတယ်။ ဓမ္မသစ်ကျမ်းတွင် အကြိမ်ပေါင်း ၂၀ ကျော် ကျွန်ုပ်တို့ကို
“တောင်းလျှောက်ပါ”လို့ ပြောထားပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်တတ်ခြင်းနှင့်အတူ
တောင်းလျှောက်ဖို့ အလိုတော်ရှိပါတယ်။
ကျွန်ုပ်တို့၏
ဆုတောင်းချက်တွေ ၊ ချီးမွမ်းခြင်းတွေကို တိကျမှုဖြစ်အောင်လုပ်ဆောင်ဖို့ သမ္မာကျမ်းစာက
တိုက်တွန်းထားပါတယ်။ “အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်”လို့
ရိုးရိုးလေးပြောမည့်အစား ကျွန်ုပ်တို့ မည်သို့သောအရာအတွက် ကျေးဇူးတင်တယ်ဆိုတာကို ပြောဖို့ရန်
ဘုရားရှင်အလိုတော်ရှိပါတယ်။ ကျွန်ုပ်၏ဇနီးကို ကျွန်ုပ်က “ငါနင့်ကို အရမ်းကျေးဇူးတင်တယ်”
လို့ဆိုပါလျှင် သူက အတိအကျ ပြောပါလို့ ဆိုပါတယ်။ ကျွန်ုပ်ဘာ အတွက် သူ့ကို ကျေးဇူးတင်တယ်ဆိုတာကို
သူနားဆင်ချင်တယ်။ ဘုရားရှင်လည်း ထိုနည်း၄င်းပင်ဖြစ်သည်။ ဒါကြောင့် ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ
ဘာအတွက် ကျေးဇူးတင်တယ်ဆိုတာကို ပြောဖို့လိုအပ်ပါတယ်။
ဘုရားရှင်အား ကြိုတင်ကျေးဇူးတင်ရှိခြင်းသည် ယုံကြည်ခြင်း၏ ကြီးမားတဲ့ ခြေလှမ်းပင်ဖြစ်ပါတယ်။ ၊ ဘုရားရှင်ကို အချိန်မတိုင်မှီ ကြိုတင်ကျေးဇူးတင်ရှိခြင်းသည်
အံ့ဩဖွယ်ရာဖြစ်ပေါ်ဖို့ရှိပါသည်။ ပိုပြီး ကျေးဇူးတင်လေ ကျွန်ုပ်တို့ အသက်တာမှာ ဘုရားရှင်ပိုပြီး
လုပ်ဆောင်လေဖြစ်ပါတယ်။ သမ္မာကျမ်းစာကပြောထားသည်မှာ ဘုရားရှင်သည် သူ့အား ချီးမွမ်းသောလူတွေပေါ်မှာ
တည်ရှိပါတယ်။ ကျွန်ုပ်တို့၏ကျေးဇူးတင်ရှိခြင်းကို ကျွန်ုပ်တို့အသက်တာရှိ တန်ခိုးဆိုင်ရာ
(သို့) တတ်နိုင်ခြင်းဆိုင်ရာ တန်ဆာပလာအဖြစ် ဘုရားရှင် အသုံးပြုပါတယ်။
ဆင်ခြင်ရန်
-
ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အသက်တာအတွက် ကျေးဇူးတင်ရှိခြင်းက ဘာကြောင့်လို့ အရေးကြီးပါသနည်း။
-ဘုရားရှင်ထံ
ကျေးဇူးတင်ရခြင်း၏ တစ်ချို့သောတိကျသောအကြောင်းရင်းက ဘာဖြစ်မည်နည်း။ သင်၏ဆုတောင်း ခြင်းတွင်
အဲဒီအရာတွေအတွက် ကျေးဇူးတင်ဖို့ရန် အချိန်ယူလိုက်ပါ။
-သင့်အနာဂတ်အတွက်
ဘုရားရှင် ကောင်းချီးပေးမည်ဆိုတာကို မည်သို့သောနည်းလမ်းတွေဖြင့် သင်ယုံကြည် ပါသနည်း။
အဲဒီအရာတွေအတွက် (မဖြစ်လာသည့်တိုင်) ဘုရားကို ကျေးဇူးတင်လိုက်ပါ။
-------------------------------------------------------------------------------
Zawgyi Version
ေက်းဇူးတင္တတ္ေသာ ဆုေတာင္းျခင္းသည္ ၿငိမ္သက္ျခင္းကို ျဖစ္ေစပါသည္။
ဖိလိပိၸ ၄:၆-၇ “အဘယ္အမႈကိုမွ် စိုးရိမ္ျခင္းမရွိဘဲ အရာရာ၌ ေက်းဇူးေတာ္ကို ခ်ီးမြမ္းျခင္းႏွင့္တကြ ဆုေတာင္းပဌနာ ျပဳေသာအားျဖင့္၊ သင္တို႔ေတာင္း ပန္လိုေသာအရာမ်ားတို႔ကို ဘုရားသခင္အား ၾကားေလွ်ာက္ၾကေလာ့။ ၇ထိုသို႔ျပဳလွ်င္ အဘယ္သူမွ်ႀကဳံ၍ မမွီႏိုင္ေသာ ဘုရားသခင္၏ ၿငိမ္သက္ျခင္းသည္ ေယရႈခရစ္အားျဖင့္ သင္တို႔၏စိတ္ႏွလုံးတို႔ကို ေစာင့္မလိမ့္မည္။”
ကြၽႏ္ုပ္တို႔အသက္တာရွိ ေန႔စဥ္ ေယဘုယ် ထိတ္လန႔္စရာေတြႏွင့္ ပတ္သက္ၿပီး စိုးရိမ္ျခင္းေတြကို ရပ္တန႔္ပစ္ဖို႔ဆိုတာ မလြယ္ကူပါဘူး။ “အရာအားလုံးအတြက္ …ဆုေတာင္းပါ။ လုပ္ေဆာင္မူသမွ်အားလုံးအတြက္ ေက်းဇူးတင္ပါ။” ေက်းဇူးတင္ျခင္းဆိုင္ရာ ဝတ္ျပဳျခင္းသည္ ၿငိမ္းခ်မ္းျခင္းကို ယူေဆာင္လာပါတယ္။ ကြၽႏ္ုပ္တို႔ စတင္စိုးရိမ္စရာ ရွိတဲ့အခါ ဆုေတာင္းပါလို႔ ဘုရားရွင္က ဆိုထားပါတယ္။
မိဘေတြက ေက်းဇူးတင္ျခင္းဆိုင္ရာ ဆုေတာင္းျခင္း၏တန္ခိုးကို နားလည္ၾကပါတယ္။ သားသမီးေတြ လိုခ်င္တာရၿပီး “ေက်းဇူး”ပါလို႔မေျပာတာကိုေတာ့ မိဘေတာ္ေတာ္မ်ားမ်ား သေဘာက်မွာ ၊ အသိအမွတ္ျပဳမွာ မဟုတ္ပါ။ ဘုရားသခင္သည္လည္း ထိုနည္း၄င္းပင္ျဖစ္သည္။ ကြၽႏ္ုပ္တို႔ လိုအပ္တာေတြ ၊ အလိုရွိတာေတြကို သူ႔အားေတာင္းဖို႔ ဘုရားရွင္အလိုရွိတယ္။ ဓမၼသစ္က်မ္းတြင္ အႀကိမ္ေပါင္း ၂၀ ေက်ာ္ ကြၽႏ္ုပ္တို႔ကို “ေတာင္းေလွ်ာက္ပါ”လို႔ ေျပာထားပါတယ္။ ဒါေပမဲ့ ေက်းဇူးတင္တတ္ျခင္းႏွင့္အတူ ေတာင္းေလွ်ာက္ဖို႔ အလိုေတာ္ရွိပါတယ္။
ကြၽႏ္ုပ္တို႔၏ ဆုေတာင္းခ်က္ေတြ ၊ ခ်ီးမြမ္းျခင္းေတြကို တိက်မႈျဖစ္ေအာင္လုပ္ေဆာင္ဖို႔ သမၼာက်မ္းစာက တိုက္တြန္းထားပါတယ္။ “အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္”လို႔ ႐ိုး႐ိုးေလးေျပာမည့္အစား ကြၽႏ္ုပ္တို႔ မည္သို႔ေသာအရာအတြက္ ေက်းဇူးတင္တယ္ဆိုတာကို ေျပာဖို႔ရန္ ဘုရားရွင္အလိုေတာ္ရွိပါတယ္။ ကြၽႏ္ုပ္၏ဇနီးကို ကြၽႏ္ုပ္က “ငါနင့္ကို အရမ္းေက်းဇူးတင္တယ္” လို႔ဆိုပါလွ်င္ သူက အတိအက် ေျပာပါလို႔ ဆိုပါတယ္။ ကြၽႏ္ုပ္ဘာ အတြက္ သူ႔ကို ေက်းဇူးတင္တယ္ဆိုတာကို သူနားဆင္ခ်င္တယ္။ ဘုရားရွင္လည္း ထိုနည္း၄င္းပင္ျဖစ္သည္။ ဒါေၾကာင့္ ကြၽႏ္ုပ္တို႔ ဆုေတာင္းတဲ့အခါ ဘာအတြက္ ေက်းဇူးတင္တယ္ဆိုတာကို ေျပာဖို႔လိုအပ္ပါတယ္။
ဘုရားရွင္အား ႀကိဳတင္ေက်းဇူးတင္ရွိျခင္းသည္ ယုံၾကည္ျခင္း၏ ႀကီးမားတဲ့ ေျခလွမ္းပင္ျဖစ္ပါတယ္။ ၊ ဘုရားရွင္ကို အခ်ိန္မတိုင္မွီ ႀကိဳတင္ေက်းဇူးတင္ရွိျခင္းသည္ အံ့ဩဖြယ္ရာျဖစ္ေပၚဖို႔ရွိပါသည္။ ပိုၿပီး ေက်းဇူးတင္ေလ ကြၽႏ္ုပ္တို႔ အသက္တာမွာ ဘုရားရွင္ပိုၿပီး လုပ္ေဆာင္ေလျဖစ္ပါတယ္။ သမၼာက်မ္းစာကေျပာထားသည္မွာ ဘုရားရွင္သည္ သူ႔အား ခ်ီးမြမ္းေသာလူေတြေပၚမွာ တည္ရွိပါတယ္။ ကြၽႏ္ုပ္တို႔၏ေက်းဇူးတင္ရွိျခင္းကို ကြၽႏ္ုပ္တို႔အသက္တာရွိ တန္ခိုးဆိုင္ရာ (သို႔) တတ္ႏိုင္ျခင္းဆိုင္ရာ တန္ဆာပလာအျဖစ္ ဘုရားရွင္ အသုံးျပဳပါတယ္။
ဆင္ျခင္ရန္
- ကြၽႏ္ုပ္တို႔၏ ဝိညာဥ္ေရးရာ အသက္တာအတြက္ ေက်းဇူးတင္ရွိျခင္းက ဘာေၾကာင့္လို႔ အေရးႀကီးပါသနည္း။
-ဘုရားရွင္ထံ ေက်းဇူးတင္ရျခင္း၏ တစ္ခ်ိဳ႕ေသာတိက်ေသာအေၾကာင္းရင္းက ဘာျဖစ္မည္နည္း။ သင္၏ဆုေတာင္း ျခင္းတြင္ အဲဒီအရာေတြအတြက္ ေက်းဇူးတင္ဖို႔ရန္ အခ်ိန္ယူလိုက္ပါ။
-သင့္အနာဂတ္အတြက္ ဘုရားရွင္ ေကာင္းခ်ီးေပးမည္ဆိုတာကို မည္သို႔ေသာနည္းလမ္းေတြျဖင့္ သင္ယုံၾကည္ ပါသနည္း။ အဲဒီအရာေတြအတြက္ (မျဖစ္လာသည့္တိုင္) ဘုရားကို ေက်းဇူးတင္လိုက္ပါ။