ဘုရားသခင်၏ သာသနာလုပ်ငန်းတို့ကို ဆောင်ရွက်ခြင်းသည် ယုံကြည်ခြင်း၏ ခြေလှမ်းကို ဖြစ်စေပါလိမ့်မည်။ Fulfilling God’s Mission Will Take a Step of Faith

Unicode Version

ဘုရားသခင်၏ သာသနာလုပ်ငန်းတို့ကို ဆောင်ရွက်ခြင်းသည် ယုံကြည်ခြင်း၏ ခြေလှမ်းကို ဖြစ်စေပါလိမ့်မည်။

ယောနဝတ္တု ၁:၂ “သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ၏။

ဘုရားသခင်သည် ယောနအား သူ၏ သာသနာပြုတာဝန်ကို ပထမဆုံး ပေးတဲ့အချိန်မှာ ၎င်းတွင် ကြီးမားသော ယုံကြည်ခြင်းခြေလှမ်းတွေ လိုအပ်ပါတယ်။ တကယ်တော့ ခြေလှမ်းက ယောန ကနဉီးတည်းက ထွက်ပြေးသွားရ အောင် အလွန်ကြီးမားနေခဲ့ပါတယ်။

အဲဒီအချိန်တုန်းက နိနေဝေမြို့သည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အရေးပါဆုံးသော မြို့ဖြစ်ခဲ့ပါတယ်။ ၎င်းသည် အာရှုရိမြို့တော်ဖြစ်ပြီး ထိုအချိန်က အင်အားအကြီးဆုံး အင်ပါယာဖြစ်ပါတယ်။ နိနေဝေမြို့သည် လှပသော ဉယျာဉ်များ ၊ ပန်းခြံများ ၊ တူးမြောင်းများ ၊ ဗိသုကာများ နှင့် နန်းတော်နှင့် ဗိမာန်တော်တို့ တည်ရှိရာ မြို့ဖြစ်ပါ တယ်။

ယောနအတွက်တော့ သူတို့တွေကို သွန်သင်ဟောပြောဖို့ရန် ယုံကြည်ခြင်း ခြေလှမ်း လိုအပ်ပါသည်။ ဘာကြောင့်လဲ။ ပထမဉီးစွာ ယောနသည် ရွာလေးတစ်ရွာမှာ ကြီးပြင်းလာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံး သော မြို့ကို သွားရောက် ဖို့ရန် သူ့အား ဘုရားသခင် ခေါ်တော်မူခဲ့ပါတယ်။ ၎င်းပြင် ထိုမြို့သည် မိုင်ပေါင်း ၅၅၀ ကွာဝေးပါတယ်။ အဲဒီကိုရောက်ဖို့တော့ လွယ်ကူလိမ့်မည် မဟုတ်ပေ။

အရေးကြီးဆုံးမှာ အာရှုရိတွင် ဂျူး (ဣသရေလ) လူမျိုးများ ကြိမ်ဖန်များစွာ ကျွန်ပြုခံခဲ့ရခြင်း ၊ ဖမ်းဆီးခြင်း နှင့် ကြီးစိုးခံရခြင်းတွေ ရှိခဲ့ပါတယ်။ အာရှုရိတွေက ဣသရေလလူမျိုးတို့ကို မုန်းခဲ့ကြသလို ဣသရေလ လူမျိုးတို့သည် လည်း အာရှုရိတို့ကို မုန်းခဲ့ကြပါတယ်။ သူတို့တွေသည် သေစေနိုင်လောက်သည့် ရန်သူ တွေဖြစ်လာကြတယ်။ နိုင်ငံရေး ၊ ဘာသာရေး နှင့် လူမျိုးရေးတို့တွင် ရန်သူတွေ ဖြစ်လာခဲ့ကြပါတယ်။

သို့ပေမဲ့ ဘုရားသခင်က ဤသူတွေကို ကယ်တင်ချင်တဲ့အတွက်ကြောင့် သူတို့တွေအတွက် ယောနကို နိနေဝေမြို့ သို့ သာသာနာပြုဖို့ စေလွှတ်ခဲ့ပါတယ်။ သို့ပေမဲ့လည်း နာခံခြင်းအစား ယောနသည် ဘုရားသခင်၏ အကြံအစည် ကနေ ထွက်ပြေးနေခဲ့ပါတယ်။ ဘုရား၏ ပေးအပ်သောတာဝန်ကို စတင်လုပ်ဆောင်ဖို့ရန် လိုအပ်သော ယုံကြည် ခြင်း ခြေလှမ်းကို မယူဆောင်ပါ။ တစ်ဉီးတစ်ယောက်ကို ဤအမှုအား ပြီးမြောက် စေချင်သည်။

ယောန၏ သာသာနာပြုနည်းတူ သင်၏ သာသာနပြုခြင်း (ဘုရားသခင် ပေးအပ်သောတာဝန်)သည်လည်း သင်၏ ယုံကြည်ခြင်းကို စစ်ဆေးပါလိမ့်မည်။ ၎င်းသည် သင်၏ သက်တောင့်သက်သာ ဖြစ်နေသော အခြေအနေကို စိန်ခေါ်နိုင်ပါသည်။ သင်၏ စွဲလမ်းမှု တွေ နှင့် သင်၏လိမ္မာပါးနပ်မှုတွေကို စိန်ခေါ်နိုင်ပါသည်။

သို့ပေမဲ့ ယုံကြည်ခြင်း မရှိပဲနဲ့ ဘုရားသခင်သင့်အား ပြုစေလိုသောအရာကို သင်မပြီးမြောက်နိုင်ပါ။ ဟေဗြဲ ၁၁:၆ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည် ကို၎င်း၊ ယုံကြည်ရမည်။

နောက်ဆုံးတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အား လမ်းညွှန်ရန်၊ ထောက်ပံ့ရန် နှင့် အတူလုပ်ဆောင်ရန် ကျွန်ုပ်တို့နှင့်အတူ ခြေလှမ်းတိုင်းတွင် ရှိလိမ့်မည်ကို ယောနသိရှိခဲ့သည်။ ကြီးမြတ်တဲ့ တာဝန်တွေကို ပေးအပ်စဉ်တွင် သခင်ခရစ်တော် ၎င်းတို့ကို ကတိပေးခဲ့ပါတယ်။

 ရှင်မဿဲခရစ်ဝင် ၂၈: ၁၉-၂၀ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော် တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။”

ဆင်ခြင်ရန်

- သင့်အသက်တာတွင် ဘုရားသခင်၏ လုပ်ငန်းပေးအပ်မှုတာဝန်ကို လိုက်လျှောက်တဲ့အခါမှာ မည်သည့်အရာက သင့်အား အကြောက်မက်ဆုံး ဖြစ်စေပါသနည်း။

- ယုံကြည်ခြင်း ခြေလှမ်းများ လှမ်းစဉ် ဘုရား၏ မျက်မှောက်တော်သို့ရောက်ရှိခြင်းကို သတိရရန် မည်သို့သော အရာတစ်ချို့ကို လုပ်ဆောင်နိုင်မည်နည်း။

- သင်၏ နောက်ယုံကြည်ခြင်း ခြေလှမ်းကို လှမ်းစဉ် တခြားသူများက သင့်အတွက် ဆုတောင်းပေးရန် မည်သို့ ပါဝင်နိုင်ပါသနည်း။


------------------------------------------------------------------------------------------

Zawgyi Version

ဘုရားသခင္၏ သာသနာလုပ္ငန္းတို႔ကို ေဆာင္႐ြက္ျခင္းသည္ ယုံၾကည္ျခင္း၏ ေျခလွမ္းကို ျဖစ္ေစပါလိမ့္မည္။

ေယာနဝတၱဳ ၁:၂ “သင္ထ၍ နိေနေဝၿမိဳ႕ႀကီးသို႔ သြားၿပီးလွ်င္၊ ၿခိမ္း ေခ်ာက္ေသာစကားႏွင့္ ေႂကြးေၾကာ္ေလာ့။ ထိုၿမိဳ႕ျပဳေသာ ဒုစ႐ိုက္အျပစ္သည္ ငါ့ေရွ႕သို႔ တက္လာၿပီဟု မိန္႔ေတာ္မူ၏။”

ဘုရားသခင္သည္ ေယာနအား သူ၏ သာသနာျပဳတာဝန္ကို ပထမဆုံး ေပးတဲ့အခ်ိန္မွာ ၎တြင္ ႀကီးမားေသာ ယုံၾကည္ျခင္းေျခလွမ္းေတြ လိုအပ္ပါတယ္။ တကယ္ေတာ့ ေျခလွမ္းက ေယာန ကနဉီးတည္းက ထြက္ေျပးသြားရ ေအာင္ အလြန္ႀကီးမားေနခဲ့ပါတယ္။ 

အဲဒီအခ်ိန္တုန္းက နိေနေဝၿမိဳ႕သည္ ကမာၻေပၚတြင္ အႀကီးဆုံးႏွင့္ အေရးပါဆုံးေသာ ၿမိဳ႕ျဖစ္ခဲ့ပါတယ္။ ၎သည္ အာရႈရိၿမိဳ႕ေတာ္ျဖစ္ၿပီး ထိုအခ်ိန္က အင္အားအႀကီးဆုံး အင္ပါယာျဖစ္ပါတယ္။ နိေနေဝၿမိဳ႕သည္ လွပေသာ ဉယ်ာဥ္မ်ား ၊ ပန္းၿခံမ်ား ၊ တူးေျမာင္းမ်ား ၊ ဗိသုကာမ်ား ႏွင့္ နန္းေတာ္ႏွင့္ ဗိမာန္ေတာ္တို႔ တည္ရွိရာ ၿမိဳ႕ျဖစ္ပါ တယ္။

ေယာနအတြက္ေတာ့ သူတို႔ေတြကို သြန္သင္ေဟာေျပာဖို႔ရန္ ယုံၾကည္ျခင္း ေျခလွမ္း လိုအပ္ပါသည္။ ဘာေၾကာင့္လဲ။ ပထမဉီးစြာ ေယာနသည္ ႐ြာေလးတစ္႐ြာမွာ ႀကီးျပင္းလာခဲ့ပါတယ္။ ကမာၻေပၚမွာရွိတဲ့ အႀကီးဆုံး ေသာ ၿမိဳ႕ကို သြားေရာက္ ဖို႔ရန္ သူ႔အား ဘုရားသခင္ ေခၚေတာ္မူခဲ့ပါတယ္။ ၎ျပင္ ထိုၿမိဳ႕သည္ မိုင္ေပါင္း ၅၅၀ ကြာေဝးပါတယ္။ အဲဒီကိုေရာက္ဖို႔ေတာ့ လြယ္ကူလိမ့္မည္ မဟုတ္ေပ။

အေရးႀကီးဆုံးမွာ အာရႈရိတြင္ ဂ်ဴး (ဣသေရလ) လူမ်ိဳးမ်ား ႀကိမ္ဖန္မ်ားစြာ ကြၽန္ျပဳခံခဲ့ရျခင္း ၊ ဖမ္းဆီးျခင္း ႏွင့္ ႀကီးစိုးခံရျခင္းေတြ ရွိခဲ့ပါတယ္။ အာရႈရိေတြက ဣသေရလလူမ်ိဳးတို႔ကို မုန္းခဲ့ၾကသလို ဣသေရလ လူမ်ိဳးတို႔သည္ လည္း အာရႈရိတို႔ကို မုန္းခဲ့ၾကပါတယ္။ သူတို႔ေတြသည္ ေသေစႏိုင္ေလာက္သည့္ ရန္သူ ေတြျဖစ္လာၾကတယ္။ ႏိုင္ငံေရး ၊ ဘာသာေရး ႏွင့္ လူမ်ိဳးေရးတို႔တြင္ ရန္သူေတြ ျဖစ္လာခဲ့ၾကပါတယ္။

သို႔ေပမဲ့ ဘုရားသခင္က ဤသူေတြကို ကယ္တင္ခ်င္တဲ့အတြက္ေၾကာင့္ သူတို႔ေတြအတြက္ ေယာနကို နိေနေဝၿမိဳ႕ သို႔ သာသာနာျပဳဖို႔ ေစလႊတ္ခဲ့ပါတယ္။ သို႔ေပမဲ့လည္း နာခံျခင္းအစား ေယာနသည္ ဘုရားသခင္၏ အႀကံအစည္ ကေန ထြက္ေျပးေနခဲ့ပါတယ္။ ဘုရား၏ ေပးအပ္ေသာတာဝန္ကို စတင္လုပ္ေဆာင္ဖို႔ရန္ လိုအပ္ေသာ ယုံၾကည္ ျခင္း ေျခလွမ္းကို မယူေဆာင္ပါ။ တစ္ဉီးတစ္ေယာက္ကို ဤအမႈအား ၿပီးေျမာက္ ေစခ်င္သည္။

ေယာန၏ သာသာနာျပဳနည္းတူ သင္၏ သာသာနျပဳျခင္း (ဘုရားသခင္ ေပးအပ္ေသာတာဝန္)သည္လည္း သင္၏ ယုံၾကည္ျခင္းကို စစ္ေဆးပါလိမ့္မည္။ ၎သည္ သင္၏ သက္ေတာင့္သက္သာ ျဖစ္ေနေသာ အေျခအေနကို စိန္ေခၚႏိုင္ပါသည္။ သင္၏ စြဲလမ္းမႈ ေတြ ႏွင့္ သင္၏လိမၼာပါးနပ္မႈေတြကို စိန္ေခၚႏိုင္ပါသည္။

သို႔ေပမဲ့ ယုံၾကည္ျခင္း မရွိပဲနဲ႔ ဘုရားသခင္သင့္အား ျပဳေစလိုေသာအရာကို သင္မၿပီးေျမာက္ႏိုင္ပါ။ ေဟၿဗဲ ၁၁:၆ “ယုံၾကည္ျခင္းမရွိလွ်င္၊ ဘုရားသခင္၏ စိတ္ေတာ္ႏွင့္မေတြ႕ႏိုင္။ အေၾကာင္းမူကား၊ ဘုရားသခင့္ အထံေတာ္သို႔ ခ်ဥ္းကပ္ေသာသူသည္၊ ဘုရားသခင္ရွိေတာ္မူသည္ကို၎၊ ကိုယ္ေတာ္ကို ရွာေသာသူအား အက်ိဳးေပးေတာ္မူသည္ ကို၎၊ ယုံၾကည္ရမည္။”

ေနာက္ဆုံးတြင္ ဘုရားသခင္သည္ ကြၽႏ္ုပ္တို႔အား လမ္းၫႊန္ရန္၊ ေထာက္ပံ့ရန္ ႏွင့္ အတူလုပ္ေဆာင္ရန္ ကြၽႏ္ုပ္တို႔ႏွင့္အတူ ေျခလွမ္းတိုင္းတြင္ ရွိလိမ့္မည္ကို ေယာနသိရွိခဲ့သည္။ ႀကီးျမတ္တဲ့ တာဝန္ေတြကို ေပးအပ္စဥ္တြင္ သခင္ခရစ္ေတာ္ ၎တို႔ကို ကတိေပးခဲ့ပါတယ္။

ရွင္မႆဲခရစ္ဝင္ ၂၈: ၁၉-၂၀ “သင္တို႔သြား၍ လူမ်ိဳးတကာတို႔ကို ငါ့တပည့္ ျဖစ္ေစလ်က္၊ ခမည္းေတာ္၊ သားေတာ္၊ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္၏နာမ၌ ဗတၱိဇံကို ေပးၾကေလာ့။ ငါသည္ သင္တို႔အား ေပးသမွ်ေသာ ပညတ္ေတာ္ တို႔ကို ေစာင့္ေရွာက္ေစျခင္းငွါ ဆုံးမဩဝါဒေပးၾက ေလာ့။ ငါသည္လည္း ကပ္ကမာၻကုန္သည္ တိုင္ေအာင္ သင္တို႔ႏွင့္အတူ အစဥ္မျပတ္ ရွိသည္ဟု တပည့္ေတာ္တို႔ အား မိန္႔ေတာ္မူ၏။”

ဆင္ျခင္ရန္
- သင့္အသက္တာတြင္ ဘုရားသခင္၏ လုပ္ငန္းေပးအပ္မႈတာဝန္ကို လိုက္ေလွ်ာက္တဲ့အခါမွာ မည္သည့္အရာက သင့္အား အေၾကာက္မက္ဆုံး ျဖစ္ေစပါသနည္း။
- ယုံၾကည္ျခင္း ေျခလွမ္းမ်ား လွမ္းစဥ္ ဘုရား၏ မ်က္ေမွာက္ေတာ္သို႔ေရာက္ရွိျခင္းကို သတိရရန္ မည္သို႔ေသာ အရာတစ္ခ်ိဳ႕ကို လုပ္ေဆာင္ႏိုင္မည္နည္း။
- သင္၏ ေနာက္ယုံၾကည္ျခင္း ေျခလွမ္းကို လွမ္းစဥ္ တျခားသူမ်ားက သင့္အတြက္ ဆုေတာင္းေပးရန္ မည္သို႔ ပါဝင္ႏိုင္ပါသနည္း။