သင်၏ မှောင်မိုက်သော နေ့ရက်တို့တွင် ဘုရားသခင်၏ ကောင်းမြတ်ခြင်းတို့ကို အာရုံစိုက်ပါ။ | Focus on God’s Goodness in Your Darkest Days

သင်၏ မှောင်မိုက်သော နေ့ရက်တို့တွင် ဘုရားသခင်၏ ကောင်းမြတ်ခြင်းတို့ကို
အာရုံစိုက်ပါ။
ယောနဝတ္တု ၂:၇ “အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရား ကို အောက်မေ့၍၊
အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏။”
သင်မျှော်လင့်ချက်မဲ့နေတဲ့အခါမှာ သင်၏စိတ်ဝိညာဉ်အား ဖေးမကယ်တင်နိုင်မည့် တစ်ခုသော အရာဖြစ်တဲ့ “ဘုရားသခင်၏ ကောင်းမြတ်ခြင်း” ကို တွေးမြင်ဖို့ရန် ရွေးချယ်ပါ။
၎င်းကို
ယောန မည်ကဲ့သို့ လုပ်ဆောင်ခဲ့သနည်း။ “အကျွန်ုပ်သည် စိတ်ပျက်သောအခါ
ထာဝရဘုရား ကို အောက်မေ့၍၊ အကျွန်ုပ်၏ပဌနာသည် သန့်ရှင်းသော ဗိမာန်တော်၌ ကိုယ်တော်ထံသို့
ဝင်ပါ၏။ ” ယောနဝတ္တု ၂:၇
၎င်းအဖြေသည် မျှော်လင့်ချက် ကင်းမဲ့ခြင်းတွေ အတွက်ဖြစ်ပါတယ်။ ဘုရားသခင်ထံ သင်၏အတွေးတွေကို ပြန်လှည့်လိုက်ပါ။ ဘုရား၏ ကောင်းမြတ်ခြင်း ၊ ကျေးဇူးပြုခြင်း ၊ ချစ်ခြင်း ၊ တရားမျှတခြင်း နှင့် သနား ကြင်နာခြင်းတွေနှင့် ပတ်သက်ပြီး တွေးမြင်လိုက်ပါ။
ဓမ္မသစ်ကျမ်းထဲတွင် “metanoia” (သို့) နောင်တရခြင်းသည် ဂရိစကားမှ ဆင်းသက်လာပါတယ်။ နောင်တရခြင်း သည် မကောင်းမှုတွေကို ရပ်တန့်လိုက်ခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဆိုလိုသည်မှာ သင်၏ အတွေးတွေကို ပြောင်းလဲခြင်းဖြစ်ပြီး အသက်တာကို သင်၏ အမြင်အစား ဘုရားသခင်၏ အမြင်အားဖြင့် ကြည့်ရှုခြင်း ဖြစ်ပါ တယ်။
နာဇီစခန်းမှ လွှတ်မြောက်လာသူ Corrie Ten Boom ပြောခဲ့တာက “သင်လောကကြီးက ကြည့်တဲ့အခါ သင် စိတ်သောက ရောက်ပါလိမ့်မည်။ လောကထဲကို မြင်ကြည့်ပါလျှင် ဝမ်းနည်းကြေကွဲရပါလိမ့်မည်။ ဘုရားသခင်ထံ သင်မျှော်ကြည့်ပါလျှင် သင်ငြိမ်းချမ်းပါလိမ့်မည်။”
အရာရာတိုင်းက သင်ကြည့်သောအရာပေါ်မှာ မူတည်ပါတယ်။
ဘုရား၏ကောင်းမြတ်ခြင်းတို့ပေါ် သင်အာရုံစိုက်ထားတဲ့အခါမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း သင် ကြည့်ပါ။ ကျွန်ုပ်၏ မှောင်မိုက်သော နေ့ရက်အချိန်ကာလတွေမှာ လေ့လာဆည်းပူးခဲ့သော တစ်ခုသော ကျမ်းပိုဒ်ကား ဆာလံ ၂၇:၁၃ “အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ ကျေးဇူး တော်ကို ငါတွေ့မြင် ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။” သင့်အသက်တာအတွက် ဘုရား၏ရည်ရွယ်ထားမှုတွေက သင်တွေ့ကြုံရင်ဆိုင်နေရတဲ့ ပြသနာတွေထက်ကို ကြီးမြတ်သာလွန်ကြောင်းကို သတိပေးထားခြင်း ဖြစ်ပါတယ်။
ဘယ်လောက်ပင် ခက်ခဲနေသော်ငြားလည်း သင်၏စိုးရိမ်ခြင်းတွေပေါ် အာရုံစိုက်နေမည့်အစား သင်၏အတွေးတွေ ၊ ထင်မြင်ချက်တွေကို ဘုရားထံ နော က်ထပ်တစ်ကြိမ် လှည့်ပြန်ဖို့ရန် ရွေးချယ်မှုပြုပါ။
ဆင်ခြင်ရန်
-
သင် ပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ ဘုရား၏ ကောင်းမြတ်ခြင်းတွေကို စိတ်ထဲထည့်ထားခြင်းသည်
တစ်ခါတစ်ရံတွင် ဘာကြောင့်များ ခက်ခဲပါသနည်း။
-
သင် စိတ်ဓါတ်ကျနေချိန်တွေမှာ မည်သည့်ကျမ်းပိုဒ်က သင့်ကို မျှော်လင့်ချက်ပေးပါသနည်း။
-
နောက်တစ်ကြိမ်အခက်အခဲ ကြုံတွေ့ချိန်မှာ ဘုရားကိုသာ အာရုံစိုက်နိုင်မည့် နည်းလမ်းတစ်ချို့ကား
မည်သို့နည်း။
