ဘုရားသခင်အား အာရုံပြုပါ။ ရှာဖွေပါ။ | Focus and Seek God
 Unicode Version
ကပ်ဘေးကာလအတွင်း ဘုရားသခင်အား အာရုံပြုပါ။ ရှာဖွေပါ။
သုတ္တံကျမ်း ၈:၁၇ “ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။”
ခက်ခဲသော အချိန်ကာလတွေမှာ ဆုတောင်းခြင်းအတွက် ကောင်းမြတ်တဲ့ အသေးစိတ် အစီအစဉ်တွေကို ကျွန်ုပ်တို့အား ဒံယေလ ပေးခဲ့ပါတယ်။ ဒံယေလ အခန်းကြီး (၉) တွင် အရေးကြီးသော နိယာမ (၆) မျိုးကို ကျွန်ုပ်တို့ တွေ့နိုင်ပါတယ်။ ပြီးခဲ့တဲ့ daily devotional မှာ ထိုနိယာမထဲမှ ပထမတစ်ခုဖြစ်တဲ့ “နားထောင်ပြီး ဘုရားသခင်အား ပြောခွင့်ပြုပါ” အကြောင်းကို ကြည့်ခဲ့ပြီး ဖြစ်ပါတယ်။
ကပ်ဘေးကာလတွင် ဘုရားသခင် အဖြေပေးမည့် ဆုတောင်းခြင်းနည်းလမ်းများ၏ ဒုတိယအဆင့်က ကျွန်ုပ်တို့၏ အာရုံစိုက်ခြင်းတွေကို ဘုရားသခင်ထံ ထားရှိပြီး သူ့အား ရှာဖွေဖို့ ဖြစ်ပါတယ်။
ဤအရာကို ဒံယေလ ပြုခဲ့ပါတယ်။ ဒံယေလအနာဂတ္တိကျမ်း ၉:၃ “အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။
၎င်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးထက် ကျော်လွန်သော အခြေခံဆက်ဆံရေး အကြံပြုချက် ဖြစ်ပါ တယ်။ အကယ်၍ သင်သည် တခြားသူတစ်ဉီးဉီးနှင့် စကားပြောဆိုသည့်အခါ ထိုသူပြောသောအရာတို့ကို အာရုံ စိုက်နားထောင်ခြင်းသည် သင်၏အသက်တာရှိ မည်သည့် ဆက်ဆံရေးကိုမဆို တိုးတက်စေပါလိမ့်မည်။ ကျွန်ုပ်၏ ဇနီးသည် ကျွန်ုပ်နှင့် စကားပြောချိန်တွေမှာ သူ့မထံ ကျွန်ုပ် မျက်နှာမူထားပါတယ်။ ကျွန်ုပ်တို့ လက်ထပ်ထားတာ နှစ်ပေါင်း ၄၀ ကျော်ပါပြီ။ ကျွန်ုပ်၏ ထူးခြားသော အာရုံစိုက်မှု ရရှိခြင်းကို သိတဲ့အတွက်ကြောင့် ဤသို့ပြုခြင်း အရာကို သူမ ချစ်ပါတယ်။
တစ်စုံတစ်ဉီးထံ သင်၏ မျက်နှာကို မူထားသည့်အခါတွင် အာရုံစိုက်ခြင်းကို ဖော်ပြပါတယ်။ ဘုရားသခင်ထံ သို့လည်း ထိုနည်း၎င်း ပြုနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ ကောင်းကင်ကို မော့ကြည့်လိုက်ပါ။ ဖြစ်နိုင်မယ်ဆိုလျှင် သင်ဆုတောင်းသကဲ့သို့ အပြင်ထွက်ပြီး ကောင်းကင်ကို မျှော်ကြည့်လိုက်ပါ။
ဘုရားသခင်ထံ ခန္ဓာပိုင်းဆိုင်ရာ လှည့်ပြန်ခြင်းသည် သူ့အား အာရုံစိုက်ခြင်းနှင့် ရှာဖွေခြင်း၌ ပထမအဆင့် ဖြစ်ပါတယ်။ ၎င်းသည် ဤကပ်ဘေးကာနှင့် အသက်တာရှိ တခြားသော အခိုက်အတန့်အရာတွေတိုင်းတွင် အရေးကြီးသော အခရာတစ်ခု ဖြစ်ပါတယ်။
အာမုတ်အနာဂတ္တိကျမ်း ၅:၄ “ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင်အသက် ချမ်းသာရကြလိမ့်မည်။
သုတ္တံကျမ်း ၈:၁၇ “ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။ 
 ဆင်ခြင်ရန်
- သင်၏ အသက်တာ အခန်းကဏ္ဍအားလုံးတွင် ဘုရားသခင်ကို ရှာဖွေဖို့ရန် ဖြစ်လာတဲ့အချိန်တွေမှာ မည်ကဲ့သို့ အာရုံပြုနိုင်သည်ကို သင်ပြောနိုင်မည်နည်း။ သက်ရောက်မှုရှိဖို့နှင့် ဆုံးဖြတ်ချက်ချဖို့ရန် အချိန်ခဏယူပါ။
- ဘုရားသခင်ကို ရှာဖွေခြင်းအရာ၌ ပိုပြီး အပြောင်းအလဲမရှိ တည်ကြည်ဖို့ရန် နှင့် သစ္စာရှိဖို့ရန် မည်သို့သော အရာတစ်ချို့ကို သင်ပြုနိုင်ပါ မည်နည်း။
----------------------------------------------------------------------------
Zawgyi Version
Add caption
ဆင်ခြင်ရန်