ဆုတောင်းခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကို မျှော်လင့်ခြင်း | Expecting the Holy Spirit with prayer
Unicode Version
ဆုတောင်းခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကို မျှော်လင့်ခြင်း (By Grietje Commelin)
တမန်တော်ဝတ္တု ၁:၁၄ “ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊
ညီတော်တို့နှင့်၎င်း၊ တညီ တညွတ်တည်းကြိုးစား၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။”
သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းချိန်ထိ စောင့်ဆိုင်းဖို့ရန် သခင်ယေရှုသည် တပည့်တော်တို့ကို ပြောခဲ့ပါတယ်။ တပည့်တော်တို့သည်လည်း လုပ်ဆောင်ခဲ့ပါတယ်။ သို့ပေမဲ့ ဘာတွေဖြစ်ပျက်မလဲ ဆိုတာကို ထိုင်စောင့်ရုံ မပြုခဲ့ကြပါ။ သူတို့တွေ ဆုတောင်းပဌနာပြုလျက် ရှိနေခဲ့ကြပါတယ်။ တမန်တော်ဝတ္တု ၁:၁၄ “ထိုသူ အပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊ ညီတော်တို့နှင့်၎င်း၊ တညီ တညွတ်တည်း ကြိုးစား ၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။”
ဆုတောင်းခြင်းနှင့် ရောက်ရှိလာသော သန့်ရှင်းတော်ဝိညာဉ်တော်ကြားရှိ ဆက်စပ်မှုတို့ကို အရင်ချိန်က ပင်တေကုတ္တေပွဲ နေ့မတိုင်ခင်အချိန်ကာလ (ဣသရေလ ဘာသာရေးဆုတောင်းပွဲတော်တွင် ပထမဉီးဆုံး သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းခြင်း) နှင့် ဓမ္မသစ်ကျမ်းတွင် နေရာတော်တော်များများ တွေ့ရမှာ ဖြစ်ပါ တယ်။ ဉပမာအနေဖြင့် တမန်တော်ဝတ္တု ၄:၃၁ တွင် ကျွန်ုပ်တို့ ဖတ်ရှုခဲ့ရပါတယ်။ “ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟော ပြောကြ၏။”
ပြီးတော့ ဧဝံဂေလိတရားကို ရှမရိနယ်တွင် ပထမဉီးဆုံး ဟောပြောသောအခါ “ရှမာရိမြို့သားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သတင်းကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။ ထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံရုံ မျှသာရှိ သဖြင့်၊ တစုံတယောက်သောသူအပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော် မမူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော် ကိုခံရမည်အကြောင်း ထိုမြို့သူမြို့ သားတို့ အဘို့ ဆုတောင်း၍၊ ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် ကိုခံရကြ၏။” တမန်တော်ဝတ္တု ၈:၁၄-၁၇
ဘုရားသခင်၏ ဝိညာဉ်တော်သည် ခမည်းတော်နှင့် သားတော်အားဖြင့် စေလွှတ်ပါသည်။ ဤအရာကို ကျွန်ုပ်တို့ မထိန်းချုပ်နိုင်ပါ။ သို့မေပမဲ့ ကျွန်ုပ်တို့ ဆုတောင်းနိုင်ပါတယ်။ ဆုတောင်းခြင်းသည် ယုံကြည်သူတို့အတွက် တန်ခိုးကြီးသော “လက်နက်” တစ်ခုဖြစ်ပါတယ်။ သခင်ယေရှုက “ ကောင်းကင်ဘုံအဖသည် တောင်းလျှောက် သောသူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးလိမ့်မည်” ဟု အာမခံထားပါတယ်။
ရှင်လုကာခရစ်ဝင်ကျမ်း ၁၁:၁၃ “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။”
သန့်ရှင်းသောဝိညာဉ်တော်၏ လက္ခဏာများ
တမန်တော်ဝတ္တု ၂:၄ “ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊
ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏။”
တိုင်းနိုင်ငံ အနှံ့အပြားမှ လူများနှင့် ပင်တေကုတ္တေပွဲတော်အတွက် ယေရုရှလင်ကို ရောက်ရှိနေသူတို့အားလုံး မိန်းမောတွေဝေ ခဲ့ကြပါတယ်။ တမန်တော်ဝတ္တု ၂:၇-၈ “ထိုလူအပေါင်းတို့သည် အံ့ဩ မိန်းမောတွေဝေလျက်ရှိ၍၊ ယခုဟော ပြောသောသူအပေါင်းတို့သည် ဂါလိလဲလူဖြစ်ကြသည် မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီး မွေးဖွား ရာဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ် သို့နည်း။ ”
ဤနိမိတ်လက္ခဏာကို လူတိုင်းမြင်ရ ၊ ကြားခဲ့ရပါပြီး သူတို့၏ နှလုံးသားထဲမှာတော့ ဖြစ်ပျက်ခဲ့သော အံ့ဖွယ်မှုက ပို၍ ကြီးမားပါတယ်။ တမန်တော်များသည် ဘုရားသခင် နှုတ်ကပတ်တော်ကို ရဲရင့်စွာဟောပြော၍ လူ ၃၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ (တမန်တော်ဝတ္တု ၂:၄၀ ၊ ၄:၃၃)
၎င်းသည် သခင်ခရစ်တော် ကတိပေးထားသည့်အတိုင်း အတိအကျ ဖြစ်ပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော် သည် လူတို့အား အပြစ်တရားဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်ခြင်းပါရမီနှင့် တရားစီရင်ခြင်းတို့ကို ဖော်ပြပေးခဲ့ပါတယ်။ ပြီးတော့ ဤသန့်ရှင်းသော ဝိညာဉ်တော်သည် အားကြီးသော လေသံကဲ့သို့သော အသံနှင့် ခေါင်းထက်တွင် မီးလျှံကကဲ့သို့ သော လျှာရှိခြင်းသည် ယာယီမျှသာ မဟုတ်ပါ။ ဘုရားသခင်သည် ယုံကြည်သူတို့ကို နေ့စဉ်နှင့်အမျှ အဖွဲ့ထဲသို့ ထပ်မံထည့်သွင်းခဲ့ပါတယ်။ တမန်တော်တို့သည်လည်း ဧဝံဂေလိတရားကို သတ္တိရှိရှိ ဟောပြောခဲ့ ကြပါတယ်။ (တမန်တော်ဝတ္တု ၂:၄၇ ၊ ၄:၃၁)
ဟောပြောခြင်း နှင့် နောင်တရခြင်း၌ရှိသော ရဲရင့်ခြင်းသည် တခြားသော ဘာသာစကားကို ပြောဆိုခြင်း ကဲ့သို့သော သန့်ရှင်းသော ဝိညာဉ်တော်၏ အသီးတို့ဖြစ်ကြောင်းကို သင်နားလည်ပါသလား။
-----------------------------------------------------------------------------------
Zawgyi Version
![]() |
ဆုတောင်းခြင်းကို သင်နှစ်သက်မြတ်နိုးပါသလား။
ပင်တေကုတ္တေပွဲတော် ဧည့်ခံစဉ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်သောအခါ နိမတ်လက္ခဏာ အမျိုးမျိုး အားဖြင့် မြင်နိုင်ပါတယ်။ အားကြီးသော လေသံကဲ့သို့သော အသံသည် တမန်တော်တို့၏ ခေါင်းထက်တွင် မီးလျှံကဲ့သို့ သော လျှာရှိသည်ဖြစ်၍ သူတို့သည် တခြားသော ဘာသာစကားဖြင့် ပြောဆိုကြ၏။