ယုံကြည်သူ အယောက်စီတိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးကို လက်ခံရရှိကြသည်။ | Every believer receives the gift of the Holy Spirit
 Unicode Version
The peaceful dove is a wonderful image of the Holy Spirit ...
ယုံကြည်သူ အယောက်စီတိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးကို လက်ခံရရှိကြသည်။
တမန်တော်ဝတ္တု ၂:၃၈ “ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူး တော်ကို ခံရကြ လိမ့်မည်။
 ပင်တေကုတ္တေပွဲတော် ပေါ်ပေတရုပေးသော သတင်းစကားမှာရှင်းလင်းပါတယ်။ ကြားနာသော သူတို့ကို နောင်တရပြီး အပြစ်ခွင့်လွှတ်ခြင်းအတွက် သခင်ခရစ်တော်၏ နာမတော်၌ ဗတ္တိဇံ ခံယူဖို့ရန် ခေါ်တော်မူသည်။ ၎င်းသည် လူတွေအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ဆင့်ဖြစ်ပြီး ကျွန်ုပ်တို့၏ ပြစ်မှားခြင်းများကို ဝန်ခံဖို့ရန်နှင့် အကူအညီမဲ့မှုများအတွက် လက်ခံမှုပြုဖို့အတွက် ဖြစ်ပါတယ်။ သို့ပေမဲ့ တစ်ချိန်တည်းမှာတွင် ရိုးစင်းစွာဖြင့် “ထိုအခါ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြ လတံ့ဟု ဘုရားဗျာဒိတ် တော်ရှိ၏။” တမန်တော်ဝတ္တု ၂:၂၁
ဤကဲ့သို့ လူတွေလုပ်ဆောင်ပါလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးကို ရရှိပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အလွန်တရာသန့်ရှင်းမြင့်မြတ်သော လူမျိုးများ ၊ ယေရှု၏ တပည့်တော်များ (သို့) ဣသရေလ လူမျိုးတို့အတွက် သီးသန့်ထားခြင်း မဟုတ်ပါ။ သခင်ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်သောသူတိုင်း ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြည့်ဝကြလိမ့်မည်။
၎င်းကို အစောပိုင်း ရာစုနှစ်များစွာက ပရောဖက် ယောလ ပြုခဲ့ပါတယ်။ ယောလဝတ္တု ၂:၂၈ “ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက် ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရ ကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ 
သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်ခြင်းအားဖြင့် ယုံကြည်သူအမျိုးမျိုးကို ဘုရားရှစ်ခိုးကျောင်း တစ်ခုအဖြစ် တစ်စုတစ်စည်းတည်း ဖြစ်စေပါတယ်။ ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၂:၁၃ “အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်းအားဖြင့် တကိုယ် တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။ 
သင်သည် အသင်းတော်တစ်ခုတွင် အသင်းဝင် ဖြစ်ပါသလား။
အသက်တာကို သန့်ရှင်းသော ဝိညာဉ်တော် ပြည့်ဝခြင်းက မည်သို့သောအရာနှင့် တူပါသနည်း။
တမန်တော်ဝတ္တု :၄၂ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။ 
 ပင်တေကုတ္တေပွဲတော်တွင် သန့်ရှင်းသော ဝိညာဉ်တော်သွန်းလောင်းခဲ့ပြီး လူတို့၏နှလုံးသားကို ပြည့်ဝစေခဲ့ ပါတယ်။ လူပေါင်းများစွာ ယုံကြည်သူတွေဖြစ်လာခဲပြီး အသင်းတော်ကို ပူးပေါင်းပါဝင်ကြပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြည့်ဝခြင်းဖြင့် လူတို့၏ အပြောအဆို နှင့် သူတို့၏ ဖြစ်တည်မှုတို့သည် မည်ကဲ့သို့ ဖြစ်သည်ကို ယနေ့စကားလုံးတွေက ဖော်ပြနေပါတယ်။
 တမန်တော်တို့၏ သွန်သင်ခြင်း တွေကိုသူတို့ လေ့လာခဲ့ကြပါတယ်။ တမန်တော်တို့၏ ဟောပြောချက်များ၏ တစ်ချို့သော ဉပမာတွေသည် တမန်တော်ဝတ္တုအခန်းကြီးတို့တွင် ရှင်းလင်းစွာ ရေးသေားထားပြီး ၊ တမန်တော် တို့၏ သွန်သင်ချက်များကိုလည်း ရှင်းလင်းထားပါတယ်။ သခင်ခရစ်တော်၏ သေခြင်း ၊ ရှင်ပြန် ထမြောက်ခြင်း အဓိပ္ပါယ်ကို လူတို့အား ပြောပြခဲ့ပုံ ၊ ဤအရာအားလုံးကို ဓမ္မဟောင်းကျမ်းတွင် ကြိုတင်ပြီး ဟောကိန်းထုတ် ထားပြီး ဖြစ်ပါတယ်။
 ယနေ့ခေတ်တွင် သခင်ယေရှု၏ ဓမ္မအမှုဆောင်ရွက်ခြင်းတွေကို မျက်မြင်သက်သေများ မရှိတော့ပါ။ သို့ပေမဲ့ မဿဲ ၊ မာကု ၊ လုကာ နှင့် ယောဟန်စသော ခရစ်ဝင်ကျမ်း (၄) စောင်တွင် ဂရုတစ်စိုက် မှတ်တမ်းတင်ထားမှုများ ရှိပါတယ်။ သခင်ယေရှု၏ သေခြင်းနှင့် ပတ်သက်သော ဘာသာရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ရှင်းပြချက်ကို ဓမ္မသစ်ကျမ်းများတွင် ဖော်ပြထားပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ “တမန်တော်တို့၏ သွန်သင်ခြင်း” တွေကို လေ့လာနိုင်တာ ဖြစ်ပါတယ်။
 ထို့အပြင် အသစ်သောယုံကြည်သူတို့သည် မိဿဟာရဖွဲ့ခြင်း ၊ ပွဲတော်ဝင်ခြင်းနှင့် ဆုတောင်းခြင်းတွေမှာ မိမိကိုယ်ကို မြှုပ်နှံခဲ့ကြပါတယ်။ ဤအရာအားလုံးတို့သည် ဝိညာဉ်တော်နှင့် ပြည့်ဝသောအသက်တာတွင် အရေးကြီးပါသည်။ ကျွန်ုပ်တို့ထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို ရရှိခြင်းက တခြားမလိုလားအပ်သောအရာ တို့ကို မလုပ်ဆောင်စေပါ။
 ဤအရာတွေက ခရစ်ယာန်တစ်ဉီးအဖြစ် သင်၏အသက်တာတွင် တစ်စိတ်တစ်ပိုင်းသောအရာ ဖြစ်ပါသလား။
-----------------------------------------------------------------------------
Zawgyi Version
Add caption
တမန်တော်ဝတ္တု ၂:၄၂ “ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။ ”