မှားယွင်းသော ပြုပြင်မှုများအတွက် မဖြေရှင်းပါနှင့်။ | Don’t Settle for False Fixes

 Unicode Version

မှားယွင်းသော ပြုပြင်မှုများအတွက် မဖြေရှင်းပါနှင့်။

ယောနဝတ္တု ၂:၈ “မုသာအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ဂရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ၏။”

ကျွန်ုပ်တို့ ဒုက္ခရောက်နေချိန်၌ အမြန်ပြင်ဆင်မှုတွေ (သို့) စိတ်ဖိစီးမှုသက်သာအောင် အနည်းဆုံး တစ်ခုခုကို ရှာဖွေရန် မကြာခဏဆိုသလို သွေးဆောင်ခံရပါတယ်။

မိသားစုတွေ ပြိုကွဲနိုင်ပေသည်။ သူတို့၏ ငွေကြေးဆိုင်ရာ ၊ အသက်မွေးဝမ်းကျောင်း ၊ ကျန်းမာရေးတို့သည်လည်း ပြိုလဲနိုင်သည်။ သူတို၏ ခုခံမှုအနေဖြင့် ပြသနာတွေကိုဖြေရှင်းဖို့ရန် စိတ်ကူးနိုင်သမျှ အရာအားလုံးကို ကြိုးစားကြ ပါတယ်။ ဘုရားသခင်ထံ အကူအညီတောင်းခြင်းမှ လွှဲ၍ စိတ်ကူးမိသမျှအရာအားလုံးတို့ဖြင့် ကြိုးစားဖြေရှင်း ကြပါတယ်။

မှားယွင်းတဲ့ ပြင်ဆင်မှုတွေကို ငြင်းပယ်ဖို့လိုအပ်ပါတယ်။ အဲဒီအစား အကူအညီအတွက် ဘုရားသခင်ထံတော်သို့ တောင်းခံလိုက်ပါ။

ယောနသည်လည်း ၎င်းနှင့်ပတ်သက်ပြီး ငါးကြီးဗိုက်ထဲရှိနေခဲ့စဉ်မှာ စဉ်းစားဖို့ရန် အချိန်ရခဲ့ပါတယ်။ သူ၏ ဆုတောင်းမှာ ယောနဝတ္တု ၂:၈ “မုသာအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ၏။”

ယနေ့တွင် ကျွန်ုပ်တို့သည် ရုပ်ထု ၊ ဆင်းထုတို့ကို မထွင်းပါဘူး။ သို့ပေမဲ့ ၎င်းတို့ကို ကျွန်ုပ်တို့ ပိုင်ဆိုင်ထားစဲ ဖြစ်တယ်။ ကျွန်ုပ်တို့တွင် ရှိသော ၎င်းရုပ်ထု ၊ ဆင်းထု တစ်ချို့မှာ ကျွန်ုပ်တို့၏ ကားတွေ အိမ် (သို့) အဝတ်အစားတွေ ဖြစ်ကြပါတယ်။ တစ်ခါတစ်ရံ လူတို့သည် အခွင့်အလမ်း၊ ကံကြမ္မာ ၊ စည်းစိမ်ဉစ္စာ (သို့) ကျော်ဇောမှု တို့ကို ကိုးကွယ်ကြပါတယ်။ ဘုရားသခင်ထက် ပိုပြီး ကျွန်ုပ်တို့မြတ်နိုးတဲ့အရာမှန်သမျှသည် ကျွန်ုပ်တို့ ကိုးကွယ်သောအရာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ ပြသနာများအတွက် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်ပါတယ်။ တစ်စုံတစ်ခုထံ ကျွန်ုပ်တို့ အာရုံထားခြင်းသည် စွဲလမ်းကိုးကွယ်မှုဖြစ်ဖို့ရန် လှည့်နေခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်ုပ်တို့ မိသားစုတို့ အားလပ်ရက်ခရီးတွင် ရှိနေခဲ့ပြီး ကျောက်တုံးနှင့် သတ္တုတွေကို လေ့လာရတာကို ကျွန်ုပ်နှစ်သက်တဲ့အတွက်ကြောင့် လူတွေစုဆောင်းထားသော ကျောက်တုံးကျောက်ခဲများ ရောင်းသည့် အရောင်းဆိုင်တစ်ဆိုင်သို့ သွားခဲ့ကြပါတယ်။ ပြသနာအမျိုးမျိုးတို့ကို ဖြေရှင်းနိုင်တယ်လို့ ယူဆရတဲ့ သလင်းကျောက်တစ်ခု ရှိနေခဲ့ပါတယ်။ ဉပမာဖြင့်ဖော်ပြရလျှင် သလင်းကျောက်များသည် ရောင့်ရဲတင်းတိမ်ခြင်း၊ ယုံကြည်မှုရှိခြင်း (သို့) အကာအကွယ်ပေးသည့် ဒိုင်းလွှားတစ်ခု ဖန်တီးပေးနိုင်ခြင်း (သို့) သင့်အား စိတ်ပိုင်းဆိုင်ရာ စွမ်းအားတို့ကို ပေးစွမ်းနိုင်သည် ဟုပြောကြပါတယ်။

 သို့ပေမဲ့ ၎င်းအရာတို့ကို ဤကျောက်က အကူအညီမဖြစ်ဘူးဆိုတာကို ကျွန်ုပ်သိပါတယ်။

တကယ်တော့ ကျောက်တွေနဲ့ ပတ်သက်တဲ့ ကတိတော်ဆိုင်ရာတွေကို ရောမ ၁:၂၅ တွင် ကျွန်ုပ်ကို သတိပေးထား တာရှိပါတယ်။ “သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ၏။ အာမင်။

သင်၏ပြသနာတွေကို ဘုရားသခင်မှလွှဲ၍ တခြားသော တစ်စုံတစ်ရာက ဖြေရှင်းလိမ့်မည်ဟု ယုံကြည်ဖို့ရန် သင်ရွေးချယ်တဲ့အခါမှာ ဒြပ်မဲ့အရာဝတ္တုပေါ် သင်၏ ယုံကြည်မှုကို ထားလိုက်ခြင်းဖြစ်ပါတယ်။ ဖန်ဆင်းရှင်ထက် ကို ဖန်းဆင်းထားတဲ့အရာပေါ် သင်ကိုးစားခြင်းဖြစ်ပါတယ်။

ယောနသည် သမုဒ္ဒရာအောက်ခြေ ငါးကြီ၏ဝမ်းဗိုက်တွင်းရှိနေခဲ့စဉ်တွင် အကူအညီအတွက် ဘုရားသခင်ကို ယုံကြည်ခဲ့ပါတယ်။ ဘုရားသခင်သည်လည်း သူ့ကို ကူညီပေးခဲ့ပါတယ်။

သင်ကိုလည်း ဘုရားသခင် အလားတူကူညီပေးပါလိမ့်မည်။

ဆင်ခြင်ရန်

- သင်မျှော်လင့်ချက်မဲ့နေတဲ့အခါမှာ သင်ကိုးကွယ်ဖို့ရန် မည်သည့်အရာကို အများဆုံးရှာဖွေဆည်းကပ်ပါသနည်း။

- သင်၏ဆင်းတု (သို့) စွဲမက်ခြင်းဆိုင်ရာတွေကို လက်လျော့ဖို့ရန် မည်သည့်အပိုင်းက အခက်ခဲဆုံး ဖြစ်ပါသနည်း။

- သင်၏ လူမှုဝန်းကျင်တွင် အများဆုံးသော ကိုးကွယ်နေကြသည့်အရာကား မည်သို့နည်း။


----------------------------------------------------------------------------------


Zawgyi Version


မွားယြင္းေသာ ျပဳျပင္မႈမ်ားအတြက္ မေျဖရွင္းပါႏွင့္။

ေယာနဝတၱဳ ၂:၈ “မုသာအနတၱကို မွီဝဲေသာသူတို႔သည္ မိမိတို႔ ဂ႐ုဏာခံရာအေၾကာင္းကို စြန္႔ပစ္ၾကပါ၏။”

Add caption

ကြၽႏ္ုပ္တို႔ ဒုကၡေရာက္ေနခ်ိန္၌ အျမန္ျပင္ဆင္မႈေတြ (သို႔) စိတ္ဖိစီးမႈသက္သာေအာင္ အနည္းဆုံး တစ္ခုခုကို ရွာေဖြရန္ မၾကာခဏဆိုသလို ေသြးေဆာင္ခံရပါတယ္။ 

မိသားစုေတြ ၿပိဳကြဲႏိုင္ေပသည္။ သူတို႔၏ ေငြေၾကးဆိုင္ရာ ၊ အသက္ေမြးဝမ္းေက်ာင္း ၊ က်န္းမာေရးတို႔သည္လည္း ၿပိဳလဲႏိုင္သည္။ သူတို၏ ခုခံမႈအေနျဖင့္ ျပသနာေတြကိုေျဖရွင္းဖို႔ရန္ စိတ္ကူးႏိုင္သမွ် အရာအားလုံးကို ႀကိဳးစားၾက ပါတယ္။ ဘုရားသခင္ထံ အကူအညီေတာင္းျခင္းမွ လႊဲ၍ စိတ္ကူးမိသမွ်အရာအားလုံးတို႔ျဖင့္ ႀကိဳးစားေျဖရွင္း ၾကပါတယ္။

မွားယြင္းတဲ့ ျပင္ဆင္မႈေတြကို ျငင္းပယ္ဖို႔လိုအပ္ပါတယ္။ အဲဒီအစား အကူအညီအတြက္ ဘုရားသခင္ထံေတာ္သို႔ ေတာင္းခံလိုက္ပါ။

ေယာနသည္လည္း ၎ႏွင့္ပတ္သက္ၿပီး ငါးႀကီးဗိုက္ထဲရွိေနခဲ့စဥ္မွာ စဥ္းစားဖို႔ရန္ အခ်ိန္ရခဲ့ပါတယ္။ သူ၏ ဆုေတာင္းမွာ ေယာနဝတၱဳ ၂:၈ “မုသာအနတၱကို မွီဝဲေသာသူတို႔သည္ မိမိတို႔ က႐ုဏာခံရာအေၾကာင္းကို စြန္႔ပစ္ၾကပါ၏။”

ယေန႔တြင္ ကြၽႏ္ုပ္တို႔သည္ ႐ုပ္ထု ၊ ဆင္းထုတို႔ကို မထြင္းပါဘူး။ သို႔ေပမဲ့ ၎တို႔ကို ကြၽႏ္ုပ္တို႔ ပိုင္ဆိုင္ထားစဲ ျဖစ္တယ္။ ကြၽႏ္ုပ္တို႔တြင္ ရွိေသာ ၎႐ုပ္ထု ၊ ဆင္းထု တစ္ခ်ိဳ႕မွာ ကြၽႏ္ုပ္တို႔၏ ကားေတြ ၊ အိမ္ (သို႔) အဝတ္အစားေတြ ျဖစ္ၾကပါတယ္။ တစ္ခါတစ္ရံ လူတို႔သည္ အခြင့္အလမ္း၊ ကံၾကမၼာ ၊ စည္းစိမ္ဉစၥာ (သို႔) ေက်ာ္ေဇာမႈ တို႔ကို ကိုးကြယ္ၾကပါတယ္။ ဘုရားသခင္ထက္ ပိုၿပီး ကြၽႏ္ုပ္တို႔ျမတ္ႏိုးတဲ့အရာမွန္သမွ်သည္ ကြၽႏ္ုပ္တို႔ ကိုးကြယ္ေသာအရာ ျဖစ္ပါတယ္။

ကြၽႏ္ုပ္တို႔၏ ျပသနာမ်ားအတြက္ တစ္ခုတည္းေသာ ေျဖရွင္းခ်က္မွာ ဘုရားသခင္၏ ေက်းဇူးေတာ္ ျဖစ္ပါတယ္။ တစ္စုံတစ္ခုထံ ကြၽႏ္ုပ္တို႔ အာ႐ုံထားျခင္းသည္ စြဲလမ္းကိုးကြယ္မႈျဖစ္ဖို႔ရန္ လွည့္ေနျခင္း ျဖစ္ပါတယ္။ 

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ကြၽႏ္ုပ္တို႔ မိသားစုတို႔ အားလပ္ရက္ခရီးတြင္ ရွိေနခဲ့ၿပီး ေက်ာက္တုံးႏွင့္ သတၱဳေတြကို ေလ့လာရတာကို ကြၽႏ္ုပ္ႏွစ္သက္တဲ့အတြက္ေၾကာင့္ လူေတြစုေဆာင္းထားေသာ ေက်ာက္တုံးေက်ာက္ခဲမ်ား ေရာင္းသည့္ အေရာင္းဆိုင္တစ္ဆိုင္သို႔ သြားခဲ့ၾကပါတယ္။ ျပသနာအမ်ိဳးမ်ိဳးတို႔ကို ေျဖရွင္းႏိုင္တယ္လို႔ ယူဆရတဲ့ သလင္းေက်ာက္တစ္ခု ရွိေနခဲ့ပါတယ္။ ဉပမာျဖင့္ေဖာ္ျပရလွ်င္ သလင္းေက်ာက္မ်ားသည္ ေရာင့္ရဲတင္းတိမ္ျခင္း၊ ယုံၾကည္မႈရွိျခင္း (သို႔) အကာအကြယ္ေပးသည့္ ဒိုင္းလႊားတစ္ခု ဖန္တီးေပးႏိုင္ျခင္း (သို႔) သင့္အား စိတ္ပိုင္းဆိုင္ရာ စြမ္းအားတို႔ကို ေပးစြမ္းႏိုင္သည္ ဟုေျပာၾကပါတယ္။

သို႔ေပမဲ့ ၎အရာတို႔ကို ဤေက်ာက္က အကူအညီမျဖစ္ဘူးဆိုတာကို ကြၽႏ္ုပ္သိပါတယ္။

တကယ္ေတာ့ ေက်ာက္ေတြနဲ႔ ပတ္သက္တဲ့ ကတိေတာ္ဆိုင္ရာေတြကို ေရာမ ၁:၂၅ တြင္ ကြၽႏ္ုပ္ကို သတိေပးထား တာရွိပါတယ္။ “သူတို႔သည္ မွန္ေသာဘုရားသခင့္အရာ၌ အမွားကိုထားလ်က္၊ ဖန္ဆင္းတတ္ေသာ သခင္ကိုပယ္၍ ဖန္ဆင္းအပ္ေသာအရာကို ဝတ္ျပဳကိုးကြယ္ေသာသူ ျဖစ္ၾက၏။ ထိုသခင္သည္ ထာဝရမဂၤလာ ရွိေတာ္မူ၏။ အာမင္။”

သင္၏ျပသနာေတြကို ဘုရားသခင္မွလႊဲ၍ တျခားေသာ တစ္စုံတစ္ရာက ေျဖရွင္းလိမ့္မည္ဟု ယုံၾကည္ဖို႔ရန္ သင္ေ႐ြးခ်ယ္တဲ့အခါမွာ ျဒပ္မဲ့အရာဝတၱဳေပၚ သင္၏ ယုံၾကည္မႈကို ထားလိုက္ျခင္းျဖစ္ပါတယ္။ ဖန္ဆင္းရွင္ထက္ ကို ဖန္းဆင္းထားတဲ့အရာေပၚ သင္ကိုးစားျခင္းျဖစ္ပါတယ္။

ေယာနသည္ သမုဒၵရာေအာက္ေျခ ငါးႀကီ၏ဝမ္းဗိုက္တြင္းရွိေနခဲ့စဥ္တြင္ အကူအညီအတြက္ ဘုရားသခင္ကို ယုံၾကည္ခဲ့ပါတယ္။ ဘုရားသခင္သည္လည္း သူ႔ကို ကူညီေပးခဲ့ပါတယ္။

သင္ကိုလည္း ဘုရားသခင္ အလားတူကူညီေပးပါလိမ့္မည္။

ဆင္ျခင္ရန္

- သင္ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့အခါမွာ သင္ကိုးကြယ္ဖို႔ရန္ မည္သည့္အရာကို အမ်ားဆုံးရွာေဖြဆည္းကပ္ပါသနည္း။

- သင္၏ဆင္းတု (သို႔) စြဲမက္ျခင္းဆိုင္ရာေတြကို လက္ေလ်ာ့ဖို႔ရန္ မည္သည့္အပိုင္းက အခက္ခဲဆုံး ျဖစ္ပါသနည္း။

- သင္၏ လူမႈဝန္းက်င္တြင္ အမ်ားဆုံးေသာ ကိုးကြယ္ေနၾကသည့္အရာကား မည္သို႔နည္း။