သင် ကောင်းကင်နိုင်ငံ ဝင်ရလိမ့်မယ်လို့ သာမျှော်လင့်မထားပါနှင့်။ | Don’t Just Hope You’ll Go to Heaven

Unicode Version

သင် ကောင်းကင်နိုင်ငံ ဝင်ရလိမ့်မယ်လို့သာ မျှော်လင့်မထားပါနှင့်။

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၅:၁၁-၁၂ “ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော် ကို မရသောသူမူကား အသက်ကိုမရ။”

လူတွေကို “သင်ကောင်းကင်ဘုံသွားရမည်လား ၊ ငရဲသို့သွားရမည်လား” လို့ မေးလိုက်တဲ့အခါမှာ သင်ရရှိမည့် အများစုသော အဖြေက “ကောင်းကင်ဘုံရောက်မည်လို့ မျှော်လင့်ပါတယ်”။ ဒါပေမဲ့ “မျှော်လင့်တယ်” ဆိုတဲ့ အဖြေက မလုံလောက်ပါဘူး။ သင့်၏ အဖြေသည်လည်း အဲဒီလို မဟုတ်ဖို့ ကျွန်ုပ်ဆုတောင်းပါတယ်။ သင်၏ နစ္စထာဝရအတွက် သေချာစွာ သိမြင်ခြင်းက အရမ်းကို အရေးကြီးပါတယ်။ ကျွန်ုပ်တို့အားလုံး သိထားတဲ့ ရှောင်လွဲလို့မရ ၊ ဧကန် ဖြစ်လာမည့် သေခြင်းတရားအတွက် ပြင်ဆင်မှုမရှိခြင်းက ရူးမိုက်ခြင်း ဖြစ်ပါတယ်။ လတ်တလော ဖြစ်နေတဲ့ စာရင်းဇယားအရ ကမ္ဘာပေါ်မှာ သေဆုံးမှုက ၁၀၀% ညွှန်ပြနေပါတယ်။

သင်သည်လည်း ဤဂြိုလ်ပေါ်တွင် နောက်ထပ် မိနစ်များစွာ ၊ နောက်ထပ် တစ်နာရီ (သို့) အနည်းငယ်သော အချိန်တွေမှာ နေနိုင်ဖို့ အာမခံချက်မရှိပါဘူး။ ဒါကြောင့် အရေးကြီးသော သင်ရွေးချယ်လုပ်ဆောင်ဖို့ရန် ရှိသော အမှုများကို မချိန်ထားလိုက်ပါနှင့်။

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၅:၁၁-၁၂ “ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော် ကို မရသောသူမူကား အသက်ကိုမရ။”

ဆိုလိုသည်မှာ သင်ရရှိနိုင်သည်များကို ရှင်းလင်းစွာ ဖော်ပြထားပါတယ်။ သင် ခရစ်တော်ကို ရပြီဆိုလျှင် အသက်ကို ရပြီဖြစ်သည်။ ခရစ်တော်ကို မရသေးပါလျှင် အသက်ကို မရပါ။ သင့်၌ ရွေးချယ်စရာ ရှိပါသည်။

တစ်စုံတစ်ဉီး၏ ယုံကြည်မှုဖြင့် သင်ကောင်းကင်ဘုံ သွားရမည်မဟုတ်ပါ။ တစ်စုံတစ်ဉီး၏ ရွေးချယ်မှုအတွက် လည်း သင်ငရဲဘုံသို့ ဘယ်တော့မှ သွားရမည် မဟုတ်ပါ။

သင်၏ ရွေးချယ်မှုပါဘဲ။ နိစ္စထာဝရကို ရောက်ရှိခံစားနိုင်ဖို့ရန် သင်ဆုံးဖြတ်ရပါလိမ့်မည်။

ဒါကြောင့် ဘာကြောင့် Christmas and Easter ဖြစ်လာရခြင်းက အရေးကြီးကြောင်းကို ဖော်ပြပါသည်။ Christmas မှာ ခရစ်တော်မရောက်လာလျှင် Easter မှာ အသေခံပြီး ရှင်ပြန်ထမြောက်မှု မရှိခဲ့ပါလျှင် ၊ ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်မဲ့ခြင်း ဖြစ်ပါတယ်။ ဘာလုပ်လုပ် အရာမထင် ဖြစ်ပေလိမ့်မည်။ ရွေချယ်မှု လည်း ရှိမည် မဟုတ်ပါ။

ကားတိုင်သည် အနက်ရှိုင်းဆုံးသော ပြသနာ (ဘုရားသခင် နှင့် ကွဲကွာခြင်း) ၏ အဖြေဖြစ်သည်။

ကောလောသဲ ၂:၁၂-၁၄ “ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေ တော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင် နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။ ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌၎င်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှ

တို့ကို လွှတ်တော်မူ၏။ ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော လက်မှတ်ကို ချေ၍၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။

ဆင်ခြင်ရန်

- ကမ္ဘာပေါ်မှာ ဘယ်သူမှ နောက်ထပ်တစ်မိနစ်အတွက် အာမခံချက် မရှိပါဘူး။ ၎င်းသည် သခင်ခရစ်တော် နောက် လိုက်လျှောက်ရန် သင်၏ဆုံးဖြတ်ချက်ကို မည်သို့ အရေးတကြီး ဖြစ်စေပါသနည်း။ သင်၏ မိသားစုနှင့် သူငယ်ချင်းတို့ကော။

- ကယ်တင်ခြင်းမရသော လူအတွက် သင်က ကယ်တင်ခြင်းအတွက် ဆုတောင်းပေးခြင်းသည် ဘုရားသခင်ကို ကျေနပ်စေပါတယ်။ သင်၏ ဆုတောင်းသံတို့သည် မကြားရခြင်း မရှိပါ။ ဆက်လက်ဆုတောင်းပါ။ ဘုရားသခင်၏ တန်ခိုးတော်သည် အတိုင်းအဆမဲ့ဖြစ်ပြီး သူ၏ခွင့်လွှတ်ခြင်းသည် အဆုံးမဲ့ ဖြစ်ပါတယ်။


------------------------------------------------------------------------------

Zawgyi Version

သင္ ေကာင္းကင္ႏိုင္ငံ ဝင္ရလိမ့္မယ္လို႔ သာေမွ်ာ္လင့္မထားပါႏွင့္။ 
ရွင္ေယာဟန္ဩဝါဒစာ ပဌမေစာင္ ၅:၁၁-၁၂ “ဘုရားသခင္သည္ ငါတို႔အား ထာဝရအသက္ကိုေပးေတာ္မူ၍၊ ထိုအသက္သည္လည္း သားေတာ္၌ပါ၏။ သားေတာ္ကိုရေသာသူသည္ အသက္ကိုရ၏။ ဘုရားသခင္၏ သားေတာ္ ကို မရေသာသူမူကား အသက္ကိုမရ။” 

လူေတြကို “သင္ေကာင္းကင္ဘုံသြားရမည္လား ၊ ငရဲသို႔သြားရမည္လား” လို႔ ေမးလိုက္တဲ့အခါမွာ သင္ရရွိမည့္ အမ်ားစုေသာ အေျဖက “ေကာင္းကင္ဘုံေရာက္မည္လို႔ ေမွ်ာ္လင့္ပါတယ္”။  ဒါေပမဲ့ “ေမွ်ာ္လင့္တယ္” ဆိုတဲ့ အေျဖက မလုံေလာက္ပါဘူး။ သင့္၏ အေျဖသည္လည္း အဲဒီလို မဟုတ္ဖို႔ ကြၽႏ္ုပ္ဆုေတာင္းပါတယ္။ သင္၏ နစၥထာဝရအတြက္ ေသခ်ာစြာ သိျမင္ျခင္းက အရမ္းကို အေရးႀကီးပါတယ္။ ကြၽႏ္ုပ္တို႔အားလုံး သိထားတဲ့ ေရွာင္လြဲလို႔မရ ၊ ဧကန္ ျဖစ္လာမည့္ ေသျခင္းတရားအတြက္ ျပင္ဆင္မႈမရွိျခင္းက ႐ူးမိုက္ျခင္း ျဖစ္ပါတယ္။ လတ္တေလာ ျဖစ္ေနတဲ့ စာရင္းဇယားအရ ကမာၻေပၚမွာ ေသဆုံးမႈက ၁၀၀% ၫႊန္ျပေနပါတယ္။

သင္သည္လည္း ဤၿဂိဳလ္ေပၚတြင္ ေနာက္ထပ္ မိနစ္မ်ားစြာ ၊ ေနာက္ထပ္ တစ္နာရီ (သို႔) အနည္းငယ္ေသာ အခ်ိန္ေတြမွာ ေနႏိုင္ဖို႔ အာမခံခ်က္မရွိပါဘူး။ ဒါေၾကာင့္ အေရးႀကီးေသာ သင္ေ႐ြးခ်ယ္လုပ္ေဆာင္ဖို႔ရန္ ရွိေသာ အမႈမ်ားကို မခ်ိန္ထားလိုက္ပါႏွင့္။

ရွင္ေယာဟန္ဩဝါဒစာ ပဌမေစာင္ ၅:၁၁-၁၂ “ဘုရားသခင္သည္ ငါတို႔အား ထာဝရအသက္ကိုေပးေတာ္မူ၍၊ ထိုအသက္သည္လည္း သားေတာ္၌ပါ၏။ သားေတာ္ကိုရေသာသူသည္ အသက္ကိုရ၏။ ဘုရားသခင္၏သားေတာ္ ကို မရေသာသူမူကား အသက္ကိုမရ။” 
ဆိုလိုသည္မွာ သင္ရရွိႏိုင္သည္မ်ားကို ရွင္းလင္းစြာ ေဖာ္ျပထားပါတယ္။ သင္ ခရစ္ေတာ္ကို ရၿပီဆိုလွ်င္ အသက္ကို ရၿပီျဖစ္သည္။ ခရစ္ေတာ္ကို မရေသးပါလွ်င္ အသက္ကို မရပါ။ သင့္၌ ေ႐ြးခ်ယ္စရာ ရွိပါသည္။
တစ္စုံတစ္ဉီး၏ ယုံၾကည္မႈျဖင့္ သင္ေကာင္းကင္ဘုံ သြားရမည္မဟုတ္ပါ။ တစ္စုံတစ္ဉီး၏ ေ႐ြးခ်ယ္မႈအတြက္ လည္း သင္ငရဲဘုံသို႔ ဘယ္ေတာ့မွ သြားရမည္ မဟုတ္ပါ။

သင္၏ ေ႐ြးခ်ယ္မႈပါဘဲ။ နိစၥထာဝရကို ေရာက္ရွိခံစားႏိုင္ဖို႔ရန္ သင္ဆုံးျဖတ္ရပါလိမ့္မည္။
ဒါေၾကာင့္ ဘာေၾကာင့္ Christmas and Easter ျဖစ္လာရျခင္းက အေရးႀကီးေၾကာင္းကို ေဖာ္ျပပါသည္။ Christmas မွာ ခရစ္ေတာ္မေရာက္လာလွ်င္ Easter မွာ အေသခံၿပီး ရွင္ျပန္ထေျမာက္မႈ မရွိခဲ့ပါလွ်င္ ၊ ကြၽႏ္ုပ္တို႔အတြက္ ေမွ်ာ္လင့္ခ်က္မဲ့ျခင္း ျဖစ္ပါတယ္။ ဘာလုပ္လုပ္ အရာမထင္ ျဖစ္ေပလိမ့္မည္။ ေ႐ြခ်ယ္မႈ လည္း ရွိမည္ မဟုတ္ပါ။

ကားတိုင္သည္ အနက္ရႈိင္းဆုံးေသာ ျပသနာ (ဘုရားသခင္ ႏွင့္ ကြဲကြာျခင္း) ၏ အေျဖျဖစ္သည္။

ေကာေလာသဲ ၂:၁၂-၁၄ “ဗတၱိဇံအားျဖင့္ ထိုသခင္ႏွင့္အတူ သၿဂႋဳဟ္ျခင္းကို ခံၾက၏။ ခရစ္ေတာ္ကို ေသျခင္းမွ ထေျမာက္ေစ ေတာ္မူေသာ ဘုရားသခင္၏ ျပဳျပင္အားထုတ္ေတာ္မူျခင္းကို ယုံၾကည္ေသာအားျဖင့္၊ ဗတၱိဇံကိုခံ၍ ထိုသခင္ ႏွင့္အတူ ထေျမာက္ျခင္းသို႔ ေရာက္ၾက၏။ ဒုစ႐ိုက္အျပစ္၌၎၊ ဇာတိပကတိ၏ အေရဖ်ားလွီးျခင္းကို မခံေသာအျဖစ္၌၎ ေသလ်က္ရွိေနေသာ သင္တို႔ကို ခရစ္ေတာ္ႏွင့္အတူ အသက္ရွင္ေစ၍၊ သင္တို႔ အျပစ္ရွိသမွ် 
တို႔ကို လႊတ္ေတာ္မူ၏။ ငါတို႔ႏွင့္ဆန္႔က်င္ဘက္ျဖစ္ေသာ ဝိနည္းအထုံးအဖြဲ႕ႏွင့္ စပ္ဆိုင္ေသာ လက္မွတ္ကို ေခ်၍၊ လက္ဝါး ကပ္တိုင္မွာ ႐ိုက္ထားလ်က္၊ ငါတို႔စပ္ၾကားထဲက ပယ္ရွင္းေတာ္မူၿပီ။

ဆင္ျခင္ရန္
- ကမာၻေပၚမွာ ဘယ္သူမွ ေနာက္ထပ္တစ္မိနစ္အတြက္ အာမခံခ်က္ မရွိပါဘူး။ ၎သည္ သခင္ခရစ္ေတာ္ ေနာက္ လိုက္ေလွ်ာက္ရန္ သင္၏ဆုံးျဖတ္ခ်က္ကို မည္သို႔ အေရးတႀကီး ျဖစ္ေစပါသနည္း။ သင္၏ မိသားစုႏွင့္ သူငယ္ခ်င္းတို႔ေကာ။
- ကယ္တင္ျခင္းမရေသာ လူအတြက္ သင္က ကယ္တင္ျခင္းအတြက္ ဆုေတာင္းေပးျခင္းသည္ ဘုရားသခင္ကို ေက်နပ္ေစပါတယ္။ သင္၏ ဆုေတာင္းသံတို႔သည္ မၾကားရျခင္း မရွိပါ။ ဆက္လက္ဆုေတာင္းပါ။ ဘုရားသခင္၏ တန္ခိုးေတာ္သည္ အတိုင္းအဆမဲ့ျဖစ္ၿပီး သူ၏ခြင့္လႊတ္ျခင္းသည္ အဆုံးမဲ့ ျဖစ္ပါတယ္။