Unicode Version
အနာဂတ်ကို သင်တစ်ဉီးတည်း ဘယ်တော့မှ ရင်မဆိုင်ရပါ။
ဟေရှာယအနာဂတ္တိကျမ်း ၄၃:၂ “သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ
ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။
မီးလျှံလည်း မညိရ။”

ဤအချိန်သည်
စိတ်ဖိစီးမှု နှင့် မတည်မငြိမ်ဖြစ်တဲ့ အချိန်ကာလဖြစ်ပါတယ်။ သင်တစ်ဉီးတည်း ဖြတ်ကျော်နေရ
တယ်လို့လည်း သင်ခံစားကောင်း ခံစားနိုင်သည်။
သို့ပေမဲ့
သင်တစ်ဉီးတည်းမဟုတ်ပါ။ သင်ဖြတ်သန်းရင်ဆိုင်ရနေတာတွေကို ဘုရားသခင်သိပါတယ်။ အနာဂတ်မှာ
ဘယ်လိုအရာပင် ရင်ဆိုင်ရပါစေ သင်တစ်ဉီးတည်း မရင်ဆိုင်ရပါ။ တရားဟောရာကျမ်း
၃၁:၆ “အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။
ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို
စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟော ပြော၏။”
“အကယ်၍များ ငါနေမကောင်းဖြစ်လာရင်” (သို့) “စီးပွားရေးကဏ္ဍတွေဘယ်လိုဖြစ်မလဲ” (သို့) “ကျွန်ုပ်၏ အလုပ်ဆုံးရှုံးရပါလျှင် ဘာဖြစ်မလဲ” ဆိုတဲ့
ကြောက်စရာတွေ ၊ စိတ်မချစရာ မျိုးစေ့တွေကို စာတန်က သင်၏ အတွေးထဲသို့ စိုက်ပျိုးပါလိမ့်မည်။
တခြားသော အကြောင်းကနေလည်း သေချာပေါက် စိတ်သောက ပူပန်မှုတွေကို ရင်ဆိုင်ရပါလိမ့်မည်။
၎င်းကြောက်ရွံ့မှုတွေကို
ဘုရားသခင်ထံ အပ်နှံလိုက်ပြီး သင့်အား ဘုရားသခင် ဘယ်တော့မှ ပစ်မထားဘူးဆိုတဲ့ ကတိကို
သတိရလိုက်ပါ။ အနာဂတ်မှာ ဘာတွေက ထိန်းချုပ်နေမလဲဆိုတာကို သင်သိဖို့မလိုပါဘူး။ ဘာကြောင့်လဲ
ဆိုတော့ အနာဂတ်ကို ဘုရားပိုင်ဆိုင်တယ် ၊ ထိန်းချုပ်တယ် ဆိုတာ သင်သိပါတယ်။ ဘုရားသခင်
ကတိပေးထား တာက ဟေရှာယအနာဂတ္တိကျမ်း ၄၃:၂ “သင်သည် ရေကို လျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ …. ”
ဆင်ခြင်ရန်
-
မည်သို့သော ကြောက်ရွံ့စရာခံစားမှုကို သင် ယခုရင်ဆိုင်နေရပါသနည်း။ ဘုရားသခင်ကို ယုံကြည်ဖို့ရန်
နှင့် ၎င်းကြောက်ရွံ့ခြင်းတို့ကို အပ်နှံဖို့ရန် မည်သည့်အရာက သင့်ကို တားဆီးနေပါသနည်း။
-ဘုရားသခင်ထံ
သင်၏ ယုံကြည်မှု အလုံးစုံတို့ကို အပ်နှံတဲ့အခါမှာ သင်၏အသက်တာ မည်ကဲ့သို့ ပြောင်းလဲသွား
မည်နည်း။ သင်၏ ယုံကြည်မှုကို ဆက်လက် တည်တံ့ဖို့ရန် ဘုရားသခင်ထံ တောင်းလျှောက် လိုက်ပါ။
-----------------------------------------------------------------------------------------------
Zawgyi Version
အနာဂတ္ကို သင္တစ္ဉီးတည္း ဘယ္ေတာ့မွ ရင္မဆိုင္ရပါ။
ေဟရွာယအနာဂတၱိက်မ္း ၄၃:၂ “သင္သည္ ေရကို ေရွာက္သြားေသာအခါ၊ သင္ႏွင့္အတူ ငါရွိ၏။ ျမစ္တို႔ကို ေရွာက္သြားေသာအခါ၊ မနစ္မမြန္းရ။ မီးကို ခ်င္းနင္းေသာအခါလည္း မေလာင္ရ။ မီးလွ်ံလည္း မညိရ။”
ဤအခ်ိန္သည္ စိတ္ဖိစီးမႈ ႏွင့္ မတည္မၿငိမ္ျဖစ္တဲ့ အခ်ိန္ကာလျဖစ္ပါတယ္။ သင္တစ္ဉီးတည္း ျဖတ္ေက်ာ္ေနရ တယ္လို႔လည္း သင္ခံစားေကာင္း ခံစားႏိုင္သည္။
သို႔ေပမဲ့ သင္တစ္ဉီးတည္းမဟုတ္ပါ။ သင္ျဖတ္သန္းရင္ဆိုင္ရေနတာေတြကို ဘုရားသခင္သိပါတယ္။ အနာဂတ္မွာ ဘယ္လိုအရာပင္ ရင္ဆိုင္ရပါေစ သင္တစ္ဉီးတည္း မရင္ဆိုင္ရပါ။ တရားေဟာရာက်မ္း ၃၁:၆ “အားယူ၍ ရဲရင့္ျခင္း ရွိၾကေလာ့။ မစိုးရိမ္ၾကႏွင့္။ သူတို႔ကို မေၾကာက္ၾကႏွင့္။ ထာဝရဘုရားသည္ သင္တို႔ ဘုရားသခင္ျဖစ္၍ သင္တို႔ႏွင့္အတူ ကိုယ္တိုင္ႂကြေတာ္မူ မည္။ သင္တို႔ကို စြန္႔ေတာ္မမူ၊ ပစ္ထားေတာ္မမူဟု ေဟာ ေျပာ၏။”
“အကယ္၍မ်ား ငါေနမေကာင္းျဖစ္လာရင္” (သို႔) “စီးပြားေရးက႑ေတြဘယ္လိုျဖစ္မလဲ” (သို႔) “ကြၽႏ္ုပ္၏ အလုပ္ဆုံးရႈံးရပါလွ်င္ ဘာျဖစ္မလဲ” ဆိုတဲ့ ေၾကာက္စရာေတြ ၊ စိတ္မခ်စရာ မ်ိဳးေစ့ေတြကို စာတန္က သင္၏ အေတြးထဲသို႔ စိုက္ပ်ိဳးပါလိမ့္မည္။ တျခားေသာ အေၾကာင္းကေနလည္း ေသခ်ာေပါက္ စိတ္ေသာက ပူပန္မႈေတြကို ရင္ဆိုင္ရပါလိမ့္မည္။
၎ေၾကာက္႐ြံ႕မႈေတြကို ဘုရားသခင္ထံ အပ္ႏွံလိုက္ၿပီး သင့္အား ဘုရားသခင္ ဘယ္ေတာ့မွ ပစ္မထားဘူးဆိုတဲ့ ကတိကို သတိရလိုက္ပါ။ အနာဂတ္မွာ ဘာေတြက ထိန္းခ်ဳပ္ေနမလဲဆိုတာကို သင္သိဖို႔မလိုပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ အနာဂတ္ကို ဘုရားပိုင္ဆိုင္တယ္ ၊ ထိန္းခ်ဳပ္တယ္ ဆိုတာ သင္သိပါတယ္။ ဘုရားသခင္ ကတိေပးထား တာက ေဟရွာယအနာဂတၱိက်မ္း ၄၃:၂ “သင္သည္ ေရကို ေရွာက္သြားေသာအခါ၊ သင္ႏွင့္အတူ ငါရွိ၏။ …. ”
ဆင္ျခင္ရန္
- မည္သို႔ေသာ ေၾကာက္႐ြံ႕စရာခံစားမႈကို သင္ ယခုရင္ဆိုင္ေနရပါသနည္း။ ဘုရားသခင္ကို ယုံၾကည္ဖို႔ရန္ ႏွင့္ ၎ေၾကာက္႐ြံ႕ျခင္းတို႔ကို အပ္ႏွံဖို႔ရန္ မည္သည့္အရာက သင့္ကို တားဆီးေနပါသနည္း။
-ဘုရားသခင္ထံ သင္၏ ယုံၾကည္မႈ အလုံးစုံတို႔ကို အပ္ႏွံတဲ့အခါမွာ သင္၏အသက္တာ မည္ကဲ့သို႔ ေျပာင္းလဲသြား မည္နည္း။ သင္၏ ယုံၾကည္မႈကို ဆက္လက္ တည္တံ့ဖို႔ရန္ ဘုရားသခင္ထံ ေတာင္းေလွ်ာက္ လိုက္ပါ။