Unicode Version

ဘုရားသခင်နှင့် တိုက်ရိုက်ဆက်သွယ်ခွင့် သင်၌ရှိပါသည်။
ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၂:၅ “အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်
တည်ဆောက် လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ
ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ် မျိုးလည်းဖြစ်ကြ၏။”
ဓမ္မဟောင်းကျမ်းတွင် ဘုန်းတော်ကြီးတို့ လုပ်ဆောင်ခဲ့သော အရာ (၂) မျိုးမှာ
(၁) သူတို့တွင် အခွင့်အရေးရှိခဲ့ကြတယ်။ အထူးအခွင့်အရေးနှင့်
ဘုရားသခင်ထံ တိုက်ရိုက်ဆက်သွယ်ရန် တတ်နိုင်စွမ်းတွေ ရှိပါတယ်။
(၂)
တခြားသူတွေ၏ လိုအပ်ချက်တွေကို သွန်သင်ပေးခြင်း ၊ ဘုရားသခင်၏ ကိုယ်စားလှှယ်တော် အဖြစ်
တာဝန် ယူခြင်း ၊ အထူးအခွင့်အရေးတို့ကို ဘုန်းတော်ကြီးတို့တွင် ရှိခဲ့ပါတယ်။
အထက်ပါ အကြောင်းအရာတို့သည် သင်ယုံကြည်သူတစ်ဉီး ဖြစ်လာတဲ့အခါမှာ သင်အတွက်
မှန်ကန်သော အချက် နှစ်ချက်ဖြစ်ပါသည်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည်မှာ သခင်ခရစ်တော် ကားတိုင်ထက် အသေခံသောအခါ ဘုရားသခင်၏ ဝိညာဉ်တော်ရှိရာနေရာ သန့်ရှင်းရာဌာန ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေသည်။
၎င်းကုလားကာ၏ အနောက်ဖက်နေရာကို ယဇ်ပေရောဟိတ်တို့သာ တစ်နှစ်တွင် တစ်ကြိမ်သာ ဝင်ရသော
အခွင့်ရှိ၏။ သခင်ခရစ် တော် ကားတိုင်ထက် အသေခံပြီးတဲ့အချိန်တွင် ၎င်းကုလားကာကို ပေ ၇၀
ခန့် ထိပ်ဖျားမှ အောက်ခြေ ဘက်သို့ ဘုရားသခင် ဆုတ်ပြဲစေခဲ့ခြင်းသည် အတားအဆီး မရှိတော့ဘူးဆိုတဲ့
သင်္ကေတ ဖြစ်ပါတယ်။
ယခုအချိန်တွင်
ဘုရားသခင်ထံ တိုက်ရိုက်အဆက်အသွယ် သင်၌ရှိပါပြီ။ တစ်စုံတစ်ယောက်မှ တစ်ဆင့် ဝတ်ပြုကိုး
ကွယ်ဖို့ရန် သင်မလိုအပ်တော့ပါ။ အပြစ်ဖော်ပြခြင်းတွေ ၊ ဝန်ခံခြင်းတွေ နှင့် ဘုရားသခင်နှင့်
ရင်းနှီးကျွမ်းဝင်ဖို့ရန် တစ်စုံတစ်ယောက်မှတစ်ဆင့်သွားရန် မလိုအပ်တော့ပါ။ သင်၏ ကျမ်းစာအုပ်ကို
ဖတ်ပါ။ ဘုရားသခင်နှင့် စကားပြောပြီး တိုက်ရိုက် မိတ်သဟာရ ဖွဲ့ပါ။
သူတစ်ပါးတို့ကို အမှုတော်ဆောင်ခြင်းအတွက် သင်၌
ပေးသနားတော်မူသော ပင်ကိုယ်စွမ်းရည် ရှိနေပါသည်။ ယုံကြည်သူ ခရစ်ယာန်တိုင်းသည် အမှုဆောင်သောသူတွေဖြစ်ကြပါတယ်။
သင်းအုပ်ဆရာလို မဟုတ်ပေမဲ့ အမှုတော်ဆောင်သောသူ ဖြစ်ပါတယ်။ သင်၌
ပေးသနားတော်မူသော ပင်ကိုယ်စွမ်းရည် နှင့် ဆုကျေးဇူးတို့ဖြင့် သူတစ်ပါးကို အကူအညီပေးခြင်းတွင်
အသုံးပြုတဲ့ အချိန်တိုင်းတွင် သင် အမှုတော်ဆောင်နေခြင်း ဖြစ်ပါတယ်။
သမ္မာကျမ်းစာက ဆိုထားသည်မှာ တိမောသေဩဝါဒစာ ဒုတိယစောင် ၂:၉ “ဘုရားသခင်သည်
ငါတို့ကျင့်သော အကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့
ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌
ခေါ်သွင်းတော်မူ၏။ ”
ဘုရားသခင်
သင့်အား ကယ်တင်ခြင်းပေးသောအကြောင်းများထဲမှ
တစ်ခုသော အကြောင်းရင်းက သူတစ်ပါးတို့ကို သင်အမှုဆောင် ပေးနိုင်ဖို့ရန် ဖြစ်ပါတယ်။
သင်၏
အမှုတော်ဆောင်ခြင်းတွေက ဘာတွေဖြစ်သလဲဆိုတာကို မည်ကဲ့သို့ သိနိုင်မည်နည်း။ သင်၏ ပင်ကိုယ်စွမ်းရည်
၊ အစွမ်းအစ နှင့် အရည်အချင်းတို့ကို ကြည့်လိုက်ပါ။ ၎င်းတို့ကို တခြားသူတွေအား အကူအညီပေးဖို့ရန်
အသုံးပြု လိုက်တဲ့အခါမှာ အမှုတော်ဆောင်ခြင်းလို့ ခေါ်ပါတယ်။ ၎င်းနှင့်ပတ်သက်ပြီး စိတ်ကူးယဉ်မှုတွေ
အထိတ်တလန့်ဖြစ် စရာတွေ မရှိပါ။ သူတစ်ပါးကို ကူညီပေးခြင်းသာ ဖြစ်ပါတယ်။
သင်၏ အရောင်းဌာန ရုံးခန်းတွင် ဘုရားသခင်ကို အမှုဆောင်ခြင်း ပြုနိုင်ပါသလား။
ဟုတ်ပါတယ်… သင်ပြုနိုင်ပါတယ်။ စရင်းကိုင်တစ်ဉီးအနေဖြင့်လည်းကောင်း ၊ ယာဉ်မောင်းတစ်ဉီးအနေဖြင့်လည်းကောင်း
ပြုနိုင်ပါတယ်။ လုံးဝကို အပြည့်အဝ ပြုနိုင်ပါတယ်။ ဘုရားသခင်၏ နာမတော်အားဖြင့် တခြားသောသူတို့ကို
သင်ကူညီပေးတဲ့ အချိန်တိုင်းတို့သည် သင်အမှုတော်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
-
ဘုရားသခင်ထံ တိုက်ရိုက်ချဉ်းကပ်ခြင်းသည် အဘယ်ကြောင့် အရေးကြီးပါသနည်း။ ၎င်းသည် သင်၏
အသက်တာနှင့် အမှုတော်ဆောင်ခြင်းကို မည်ကဲ့သို့ ပြောင်းလဲမှု ပြုပေးပါသနည်း။
-
ဘုရားသခင် နှှင့်တခြားသောသူတို့အား အမှုဆောင်ဖို့ရန် သင်၏ ပင်ကိုယ်စွမ်းရည် နှင့် အစွမ်းအစတို့ကို
မည်ကဲ့သို့ အသုံးပြုနေပါသနည်း။
-----------------------------------------------------------------------
Zawgyi Version
ဘုရားသခင္ႏွင့္ တိုက္႐ိုက္ဆက္သြယ္ခြင့္ သင္၌ရွိပါသည္။
ရွင္ေပတ႐ု ဩဝါဒစာ ပဌမေစာင္ ၂:၅ “အသက္ေက်ာက္မ်ားကဲ့သို႔ အဆင့္ဆင့္အထပ္ထပ္ တည္ေဆာက္ လ်က္ရွိသျဖင့္ ဓမၼတိုက္ျဖစ္ၾက၏။ ေယရႈခရစ္အားျဖင့္ ဘုရားသခင္ႏွစ္သက္ေတာ္မူရာ ဓမၼယဇ္ကိုပူေဇာ္ရေသာ သန္႔ရွင္းေသာ ယဇ္ပုေရာဟိတ္ မ်ိဳးလည္းျဖစ္ၾက၏။”
ဓမၼေဟာင္းက်မ္းတြင္ ဘုန္းေတာ္ႀကီးတို႔ လုပ္ေဆာင္ခဲ့ေသာ အရာ (၂) မ်ိဳးမွာ
(၁) သူတို႔တြင္ အခြင့္အေရးရွိခဲ့ၾကတယ္။ အထူးအခြင့္အေရးႏွင့္ ဘုရားသခင္ထံ တိုက္႐ိုက္ဆက္သြယ္ရန္ တတ္ႏိုင္စြမ္းေတြ ရွိပါတယ္။
(၂) တျခားသူေတြ၏ လိုအပ္ခ်က္ေတြကို သြန္သင္ေပးျခင္း ၊ ဘုရားသခင္၏ ကိုယ္စားလွွယ္ေတာ္ အျဖစ္ တာဝန္ ယူျခင္း ၊ အထူးအခြင့္အေရးတို႔ကို ဘုန္းေတာ္ႀကီးတို႔တြင္ ရွိခဲ့ပါတယ္။
အထက္ပါ အေၾကာင္းအရာတို႔သည္ သင္ယုံၾကည္သူတစ္ဉီး ျဖစ္လာတဲ့အခါမွာ သင္အတြက္ မွန္ကန္ေသာ အခ်က္ ႏွစ္ခ်က္ျဖစ္ပါသည္။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ သခင္ခရစ္ေတာ္ ကားတိုင္ထက္ အေသခံေသာအခါ ဘုရားသခင္၏ ဝိညာဥ္ေတာ္ရွိရာေနရာ သန႔္ရွင္းရာဌာန ဗိမာန္ေတာ္၏ ကုလားကာသည္ ႏွစ္ျဖာကြဲေလသည္။ ၎ကုလားကာ၏ အေနာက္ဖက္ေနရာကို ယဇ္ေပေရာဟိတ္တို႔သာ တစ္ႏွစ္တြင္ တစ္ႀကိမ္သာ ဝင္ရေသာ အခြင့္ရွိ၏။ သခင္ခရစ္ ေတာ္ ကားတိုင္ထက္ အေသခံၿပီးတဲ့အခ်ိန္တြင္ ၎ကုလားကာကို ေပ ၇၀ ခန႔္ ထိပ္ဖ်ားမွ ေအာက္ေျခ ဘက္သို႔ ဘုရားသခင္ ဆုတ္ၿပဲေစခဲ့ျခင္းသည္ အတားအဆီး မရွိေတာ့ဘူးဆိုတဲ့ သေကၤတ ျဖစ္ပါတယ္။
ယခုအခ်ိန္တြင္ ဘုရားသခင္ထံ တိုက္႐ိုက္အဆက္အသြယ္ သင္၌ရွိပါၿပီ။ တစ္စုံတစ္ေယာက္မွ တစ္ဆင့္ ဝတ္ျပဳကိုး ကြယ္ဖို႔ရန္ သင္မလိုအပ္ေတာ့ပါ။ အျပစ္ေဖာ္ျပျခင္းေတြ ၊ ဝန္ခံျခင္းေတြ ႏွင့္ ဘုရားသခင္ႏွင့္ ရင္းႏွီးကြၽမ္းဝင္ဖို႔ရန္ တစ္စုံတစ္ေယာက္မွတစ္ဆင့္သြားရန္ မလိုအပ္ေတာ့ပါ။ သင္၏ က်မ္းစာအုပ္ကို ဖတ္ပါ။ ဘုရားသခင္ႏွင့္ စကားေျပာၿပီး တိုက္႐ိုက္ မိတ္သဟာရ ဖြဲ႕ပါ။
သူတစ္ပါးတို႔ကို အမႈေတာ္ေဆာင္ျခင္းအတြက္ သင္၌ ေပးသနားေတာ္မူေသာ ပင္ကိုယ္စြမ္းရည္ ရွိေနပါသည္။ ယုံၾကည္သူ ခရစ္ယာန္တိုင္းသည္ အမႈေဆာင္ေသာသူေတြျဖစ္ၾကပါတယ္။ သင္းအုပ္ဆရာလို မဟုတ္ေပမဲ့ အမႈေတာ္ေဆာင္ေသာသူ ျဖစ္ပါတယ္။ သင္၌ ေပးသနားေတာ္မူေသာ ပင္ကိုယ္စြမ္းရည္ ႏွင့္ ဆုေက်းဇူးတို႔ျဖင့္ သူတစ္ပါးကို အကူအညီေပးျခင္းတြင္ အသုံးျပဳတဲ့ အခ်ိန္တိုင္းတြင္ သင္ အမႈေတာ္ေဆာင္ေနျခင္း ျဖစ္ပါတယ္။
သမၼာက်မ္းစာက ဆိုထားသည္မွာ တိေမာေသဩဝါဒစာ ဒုတိယေစာင္ ၂:၉ “ဘုရားသခင္သည္ ငါတို႔က်င့္ေသာ အက်င့္ကို ေထာက္ေတာ္မမူ။ ေရွးကပ္ကာလမေရာက္မွီ၊ ေယရႈခရစ္အားျဖင့္ ငါတို႔အဘို႔ ကိုယ္ေတာ္တိုင္ ႀကံစည္ေတာ္မူေသာ ေက်းဇူးေတာ္ႏွင့္အညီ ငါတို႔ကိုကယ္တင္၍၊ သန္႔ရွင္းေသာအရာ၌ ေခၚသြင္းေတာ္မူ၏။ ”
ဘုရားသခင္ သင့္အား ကယ္တင္ျခင္းေပးေသာအေၾကာင္းမ်ားထဲမွ တစ္ခုေသာ အေၾကာင္းရင္းက သူတစ္ပါးတို႔ကို သင္အမႈေဆာင္ ေပးႏိုင္ဖို႔ရန္ ျဖစ္ပါတယ္။
သင္၏ အမႈေတာ္ေဆာင္ျခင္းေတြက ဘာေတြျဖစ္သလဲဆိုတာကို မည္ကဲ့သို႔ သိႏိုင္မည္နည္း။ သင္၏ ပင္ကိုယ္စြမ္းရည္ ၊ အစြမ္းအစ ႏွင့္ အရည္အခ်င္းတို႔ကို ၾကည့္လိုက္ပါ။ ၎တို႔ကို တျခားသူေတြအား အကူအညီေပးဖို႔ရန္ အသုံးျပဳ လိုက္တဲ့အခါမွာ အမႈေတာ္ေဆာင္ျခင္းလို႔ ေခၚပါတယ္။ ၎ႏွင့္ပတ္သက္ၿပီး စိတ္ကူးယဥ္မႈေတြ အထိတ္တလန႔္ျဖစ္ စရာေတြ မရွိပါ။ သူတစ္ပါးကို ကူညီေပးျခင္းသာ ျဖစ္ပါတယ္။
သင္၏ အေရာင္းဌာန ႐ုံးခန္းတြင္ ဘုရားသခင္ကို အမႈေဆာင္ျခင္း ျပဳႏိုင္ပါသလား။ ဟုတ္ပါတယ္… သင္ျပဳႏိုင္ပါတယ္။ စရင္းကိုင္တစ္ဉီးအေနျဖင့္လည္းေကာင္း ၊ ယာဥ္ေမာင္းတစ္ဉီးအေနျဖင့္လည္းေကာင္း ျပဳႏိုင္ပါတယ္။ လုံးဝကို အျပည့္အဝ ျပဳႏိုင္ပါတယ္။ ဘုရားသခင္၏ နာမေတာ္အားျဖင့္ တျခားေသာသူတို႔ကို သင္ကူညီေပးတဲ့ အခ်ိန္တိုင္းတို႔သည္ သင္အမႈေတာ္ေဆာင္႐ြက္ေနျခင္းျဖစ္ပါတယ္။
ဆင္ျခင္ရန္
- ဘုရားသခင္ထံ တိုက္႐ိုက္ခ်ဥ္းကပ္ျခင္းသည္ အဘယ္ေၾကာင့္ အေရးႀကီးပါသနည္း။ ၎သည္ သင္၏ အသက္တာႏွင့္ အမႈေတာ္ေဆာင္ျခင္းကို မည္ကဲ့သို႔ ေျပာင္းလဲမႈ ျပဳေပးပါသနည္း။
- ဘုရားသခင္ ႏွွင့္တျခားေသာသူတို႔အား အမႈေဆာင္ဖို႔ရန္ သင္၏ ပင္ကိုယ္စြမ္းရည္ ႏွင့္ အစြမ္းအစတို႔ကို မည္ကဲ့သို႔ အသုံးျပဳေနပါသနည္း။