ဤကဲ့သို့သော အချိန်ကလာမျိုးအတွက် သင်သည် ဆုကျေးဇူးဖြစ်သည်။ | You Are Gifted for Such a Time as This
Unicode Version
ဤကဲ့သို့သော အချိန်ကလာမျိုးအတွက် သင်သည် ဆုကျေးဇူးဖြစ်သည်။
ဧသတာဝတ္တု ၄:၁၄ “ယခုကာလသင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်း အကြောင်းတစုံတခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဘို့ရာ သင်သည် မိဖုရားအရာကို ရသည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာအား ပြန်ပြောစေခြင်းငှါ မှာလိုက်၏။
သင်၏ ဆုကျေးဇူးနှင့် သင်၏ စိတ်နှလုံးကို လှုံ့ဆော်သော လိုအပ်ချက်တွေကို ခွဲခြားသတ်မှတ်ပြီးနောက် သင်၏ ကြမ္မာကို ဖြည့်ဆည်းရန် တတိယအဆင့်မှာ သင်၏အသက်တာပေါ် ဘုရားသခင်၏ ခေါ်တော်မူခြင်းကို ကြားဖို့ရန် အချိန်ယူပါ။
ဘုရားသခင်သည် သင့်အား ခေါ်တော်မူသောအရာ မရှိဘဲ သင့်ကို အဖွဲသားမဖြစ်စေပါ။ ဘုရားသခင်သည် လူတိုင်းကို သူတို့၏ ဆုကျေးဇူးနှင့် စိတ်အားထက်သန်မှုတွေကို အသုံးပြုဖို့ရန်အတွက် ခေါ်တော်မူသော်လည်းဘဲ လူတိုင်းက ဖုန်းကို မကိုင်ပါဘူး။
နားထောင်ခြင်းကသာလျှင် ဘုရားထံမှ ကြားရဖို့ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ သင် တိတ်ဆိတ် နေဖို့ လိုအပ်ပါတယ်။ သင်တစ်ဉီးတည်း အချိန်ယူလျက် ဘုရားနှင့် အချိန်ကုန်ဆုံးဖို့တော့ လိုပါတယ်။
ယုဒလူမျိုးတို့ကို ဖျက်ဆီးမည့်အကြောင်းကို မော်ဒကဲက ဧသတာထံ စာပိုတဲ့အခါ အခြေခံအကြောင်းရင်းကိုသာ ဆိုခဲ့ပါတယ်။ ဧသတာဝတ္တု ၄:၁၃-၁၄ “မော်ဒကဲက၊ အခြားသော ယုဒလူ အသက်မလွတ်လျှင်၊ နန်းတော် ၌နေသော်လည်း သင့်အသက်လွတ်မည်ဟု မထင်နှင့်။ ယခုကာလသင်သည် တိတ်ဆိတ်စွာ နေလျှင်၊ သင်နှင့် သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်း အကြောင်းတ စုံတခု ပေါ်လိမ့် မည်။ ယခုအမှုကိုဆောင်ဘို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာအား ပြန်ပြောစေခြင်းငှါ မှာလိုက်၏။”
မော်ဒကဲထံ ဧသတာ တုံ့ပြန်သော အရာကို မြင်ရဖို့ရန် ဖတ်ရှုဖို့ အရေးကြီးပါတယ်။ ဧသတာဝတ္တု ၄:၁၅ “ဧသတာကလည်း၊ ရှုရှန်မြို့၌ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ။ နေ့ညဉ့်မပြတ် သုံးရက် ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအ တိုင်း၊ မော်ဒကဲသည် သွား၍ပြုလေ၏။
ဘုရင်နှင့် ထိပ်တိုက်တွေ့ခြင်းက သေချာသော သေခြင်းတရားကို ဖြစ်ပေါ်စေနိုင်ကြောင်းကို ဧသတာ သိရှိပါတယ်။ သူမက သူမ၏ ဆုကျေးဇူးတွေဖြစ်တဲ့ လှပခြင်း ၊ အသိဉာဏ်ရှိခြင်း နှင့် ထူးခြားသော အရည်အသွေး တို့ဖြင့် ဘုရင်ကို ဖျောင်းဖျဖို့ရန် အသုံးပြုဖို့ရှိပါတယ်။ သို့ပေမဲ့ ဘုရင်အား မတွေ့မှီတွင် (၃) ရက်ပတ်လုံး ပြင်ဆင်ခြင်း ၊ အစာရှောင်ခြင်း နှင့် ဘုရားသခင်ထံ ဆုတောင်းပဌနာပြုခြင်းတို့ကို လုပ်ဆောင်စေခဲ့ပါတယ်။
သင့်အသက်တာအတွက် ဘုရားသခင်၏ ခေါ်တော်မူခြင်းကို ရှာဖွေတဲ့အခါမှာ ဧသတာ၏ ဉပမာကို လိုက်လျှောက် ဖို့ရန် လိုအပ်ပါတယ်။ ပထမဉီးစွာ သင်တတ်နိုင်သမျှသော အထောက်အပံ့တွေကို ရယူပါ။ ဧသတာ၌ သူမအတွက် ဆုတောင်းပေးသည် ယုဒလူတွေနှင့် မော်ဒကဲရှိပါတယ်။ ဆုတောင်းခြင်းအားဖြင့် အထောက်အမဖြစ်ဖို့ရန် သင်၌ အဖွဲ့ငယ်ကလေး လိုအပ်ပါတယ်။ သင်၌ အဖွဲ့ငယ်မရှိပါလျှင် ယခုအချိန်သည် အဖွဲ့တစ်ဖွဲ့ကို သင်ရှာဖွေရန် အချိန်ဖြစ်ပါတယ်။
ဒုတိယအနေဖြင့် ဘုရားသခင် သင်တစ်ဉီးတည်း ဆက်သွယ်ဖို့ရန် အချိန်ပိုလိုအပ်ပါတယ်။ ဘုရားသခင်နှင့် ပြန်လည် မိတ်ဿဟာရပြုရဖို့ရန် အစီအစဉ် ဆွဲပါ။ ဖြစ်နိုင်သမျှ ညတစ်ည ၊ စနေ ၊ တနင်္ဂနွေ (သို့) ကြာနိုင်သမျှ ကြာပါစေ။ အကယ်၍ ဘုရားသခင်နှင့် သင်တစ်ဉီးတည်း အချိန်မယူပါလျှင် သင့်အသက်တာအတွက် ဘုရား၏ ခေါ်တော်မူခြင်းကို ကြားနိုင်မည် မဟုတ်ပါ။
ဆင်ခြင်ရန်
- အသင်းတော်တွင် “ခေါ်တော်မူခြင်း” ဆိုတဲ့ စကားလုံးကို အလေးအနက် ထားလေ့ရှိပြီး လူတော်တော်များများ အတွက်တော့ နားလည်ဖို့ရန် (သို့) မြင်နိုင်ဖို့ရန် ခက်ခဲ့ပါတယ်။ သင်ရော ခေါ်တော်မူခြင်းကို သိရှိရန် ဆိုတဲ့ အနက်အဓိပ္ပါယ်ကို မည်သို့ ထင်မြင်ပါသနည်း။
- သင့်အသက်တာဖြင့် မည်သည့်အရာဖြင့် လုပ်ဆောင်မှုပြုဖို့ရန် ဘုရားသခင် ခေါ်တော်မူသည်ကို သင်သိရှိပြီး ဖြစ်လျှင် ၎င်းကို သင်မည်သို့ လိုက်လျှောက်ပါသနည်း။ သင်၏ ခေါ်တော်မူခြင်းကနေ ဝေးကွာအောင် မည်သည့်အရာက တားဆီးနေပါသနည်း။
-  ဘုရားသခင်နှင့် အတူ အသက်တာ ပြင်ဆင်ပြောင်းလဲခြင်းအတွက် အချိန်ယူ တိုးချဲ့ဖို့ရန် နည်းလမ်းရနိုင်ခြေ မရှိပါလျှင် သင်၏ သားသမီးတွေနှင့် တစ်ချို့သော အကူအညီကို လုပ်ဆောင်သည့်အခါ (သို့)  စနေ ၊ တနင်္ဂနွေ နေ့တွေမှာ ဘုရားနှင့် အတူ အချိန်ယူဖို့ရန် တစ်ချို့သော သင့်အချိန်ဇယားတို့ကို မည်ကဲ့သို့ ပြန်လည် ပြင်ဆင်နိုင် မည်နည်း။ ၎င်းသည် ကိုယ်ကျိုးစွန့်လွှတ်မှု တစ်ချို့ မကြာခဏ ဆိုသလို လိုအပ်ပေမဲ့ ထိုသို့ ပြုခြင်းအတွက် အမြဲတမ်း ထိုက်တန်ပါလိမ့်မည်။
----------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်