စုံစမ်းခြင်းကို ကျော်လွှားဖို့ရန် ဘာကြောင့်များ သင်အကူအညီ လိုအပ်ပါသနည်း။ Why You Need Help to Overcome Temptation

Unicode Version

စုံစမ်းခြင်းကို ကျော်လွှားဖို့ရန် ဘာကြောင့်များ သင်အကူအညီ လိုအပ်ပါသနည်း။

ဒေသနာကျမ်း ၄: ၉-၁၀ “လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။ တယောက်လဲလျှင် တယောက်ထူလိမ့်မည်။” 

သင့်အား ကြိမ်ဖန်များစွာ အတားအဆီး၊ ခလုတ်တံသင်း ဖြစ်စေသော စုံစမ်းခြင်း ရှိပါသလား။ ၎င်းတို့သည် မနာလိုခြင်း ၊ စိုးရိမ်ခြင်း ၊ တပ်မက်ခြင်း၊ အစားကြူးခြင်း ၊ အတင်းပြောခြင်း (သို့) Electrionic နှင့် လူမှုကွန်ယက်မီဒီယာ တို့ကို အလွန်အကျွံအသုံးပြုခြင်းတို့နှင့် ဆက်နွယ်ခြင်းများ ဖြစ်ကောင်းဖြစ်မည်။ ဘာဘဲဖြစ်ဖြစ် စုံစမ်းခြင်းတွေကို သင့်၏အကြံအစည်ဖြင့် ကျော်လွှားဖို့ရန် ကြိုးစားပါလျှင် ထပ်တလဲလဲ ပေါ်ပေါက်သော ထိုစုံစမ်းခြင်းတွေကို သင်အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

စုံစမ်းခြင်းတွေကို သင်ခုခံဖို့ မည်သူကူညီပါသနည်း။ ကူးစက်ရောဂါ ကပ်ဘေးကာလတွင် အချိန်ပေါင်းများစွာ သင်တစ်ဉီးတည်း ကုန်လွန်စေခဲ့ပါလျှင် မည်သူက သင့်အား စောင့်ကြည့်ပေးပါသနည်း။ ဝိညာဉ်ရေးရာ ကြီးထွားဖို့ သင့်အား ကူညီရန် မည်သူ့ကို သင်ဖိတ်ခေါ်သနည်း။ ခက်ခဲတဲ့ မေးခွန်းတွေကို သင့်အား မေးဖို့ရန် မည်သူ့ကို သင်ခွင့်ပြုထားပါသနည်း။ မည်သူက သင့်ကို စောင့်ကြည့်ပေးနေပါသနည်း။

သမ္မာကျမ်းစာက ဆိုထားသည်မှာ “လူသည်တယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏။ ကြိုးစားအား ထုတ်လျှင်၊ ကောင်းသော အကျိုးကို ရတတ်၏။ ၁၀တယောက်လဲလျှင် တယောက်ထူလိမ့်မည်။” ဒေသနာကျမ်း ၄: ၉-၁၀

ရင်ဆိုင်ကြုံတွေ့ရတဲ့ စုံစမ်းခြင်းနှင့် ပတ်သက်၍ လူတိုင်းကို သင်ပြောစရာ မလိုပေမဲ့ တစ်စုံတစ်ယောက်ကိုတော့ သင်ပြောဖို့ လိုအပ်ပါတယ်။ အဲဒီလူက သင့်၏ ရုန်းကန်လှုပ်ရှားရမှုတွေကို ကျော်လွှားနိုင်ဖို့ရန် သင့်အား အကူအညီ ပေးနိုင်သည်။ ထောက်ခံ အားပေးနိုင်သည်။

“အရင်တုန်းက ငါဘယ်သူကိုမှ ဤအကြောင်းကို တစ်ခါမှ မပြောခဲ့ဘူး” လို့ တစ်စုံတစ်ယောက်က ဆိုလာသော် နားထောင်ပေးဖို့ ဉီးစားပေးပြီး အာရုံစိုက်ပေးပါ။

ဘာကြောင့်လဲဆိုတော့ သူတို့၏ လွှတ်လပ်ခြင်းဆီသို့ ခြေလှမ်းကို စတင်လှမ်းနေပြီလို့ ဆိုလိုတာ ဖြစ်နိုင်ပါသည်။ ဤအရာကို သတိရပါ။ ခံစားချက်ကို ဖော်ပြခြင်းသည် ကုသခြင်း၏အစဖြစ်ပြီး      စုံစမ်းခြင်းအကြောင်းတွေ ပြောဆို ခြင်းသည်လည်း ၎င်းတို့ကို ကျော်လွှားစေသည့် နည်းလမ်း တစ်ခုဖြစ်ပါတယ်။

ပြောင်းလဲခြင်း နှင့် ပတ်သက်ပြီး သင်မည်မျှ အလေးအနက် ထားပါသနည်း။ စုံစမ်းခြင်းတွေကို တွန်းလှန်ပြီး ယုံကြည်ခြင်း ခိုင်မာစွာဖြင့် ကပ်ရောဂါကာလတွင် သင်မဖြစ်လာနိုင်သလော။ သင့်အား ကူညီပေးမည့်သူ နှင့် ဘာကြောင့်များ မဆက်သွယ်ပါသနည်း။ သူ့အား message ပို့ပြီးဆက်သွယ်နိုင်သည်။ Video call ဖြင့်လည်း ခေါ်ဆိုနိုင်သည်။ အရင်က ဖုန်းဟောင်းဖြင့်လည်း ဖုန်းခေါ်ဆိုနိုင်ပါသည်။

သင်၏ အသက်တာတွင် ဆိုးသော အမူအကျင့်တစ်ချို့ ရှိပါတယ်။ သင်၏ မိတ်ဆွေ သူငယ်ချင်းကနေ အကူအညီတွေ ၊ အားပေးမှုတွေ မရသရွေ့တော့ ၎င်းအမူအကျင့်ဆိုးတို့ကို သင်ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ အဲဒီပုဂ္ဂိုလ်ကို သင်ရှာဖွေပါ။ ပြီးတော့ သူ့အတွက်လည်း သင့်ကိုယ်သင် တစ်စုံတစ်ရာ ဖြစ်စေပါ။

 ဆင်ခြင်ရန်

- သင်ယုံကြည်ရသည့် မိတ်ဆွေသူငယ်ချင်းတစ်ဉီးထံမှ မည်သည့် အရည်အချင်းတွေကို သင်ရှာဖွေနေပါသနည်း။ သင်၏ မိတ်ဆွေကောင်း ဖြစ်လာသည်နှင့် အမျှ သင်၌လည်း ထိုအရည်အချင်းရှိလာအောင် ဘုရားသခင်ထံ တောင်းလျှောက်ပါ။

-လူမှုရေးအရ အနေဝေးကွာသော ဤအချိန်အခါတွင် သင်၏ ဝိညာဉ်ရေးရာ ပန်းတိုင်ကား မည်သို့နည်း။

- စုံစမ်းဖြားယောင်းမှုကို ကျော်လွှားဖို့ရန် တစ်စုံတစ်ယောက်အား သင်မည်ကဲ့သို့ ကူညီပေးခဲ့ပါသနည်း။  သင်၏အသက်တာအတိုင်း တစ်စုံတစ်ယောက်အား ထပ်တူပြုစေလိုသော ဆန္ဒရှိပါသလား။


---------------------------------------------------------------------------

Zawgyi Version

စုံစမ္းျခင္းကို ေက်ာ္လႊားဖို႔ရန္ ဘာေၾကာင့္မ်ား သင္အကူအညီ လိုအပ္ပါသနည္း။

ေဒသနာက်မ္း ၄: ၉-၁၀ “လူသည္တေယာက္တည္းထက္ ႏွစ္ေယာက္ သာ၍ေကာင္း၏။ ႀကိဳးစားအားထုတ္လွ်င္၊ ေကာင္းေသာ အက်ိဳးကို ရတတ္၏။ တေယာက္လဲလွ်င္ တေယာက္ထူလိမ့္မည္။” 

သင့္အား ႀကိမ္ဖန္မ်ားစြာ အတားအဆီး၊ ခလုတ္တံသင္း ျဖစ္ေစေသာ စုံစမ္းျခင္း ရွိပါသလား။ ၎တို႔သည္ မနာလိုျခင္း ၊ စိုးရိမ္ျခင္း ၊ တပ္မက္ျခင္း၊ အစားၾကဴးျခင္း ၊ အတင္းေျပာျခင္း (သို႔) Electrionic ႏွင့္ လူမႈကြန္ယက္မီဒီယာ တို႔ကို အလြန္အကြၽံအသုံးျပဳျခင္းတို႔ႏွင့္ ဆက္ႏြယ္ျခင္းမ်ား ျဖစ္ေကာင္းျဖစ္မည္။ ဘာဘဲျဖစ္ျဖစ္ စုံစမ္းျခင္းေတြကို သင့္၏အႀကံအစည္ျဖင့္ ေက်ာ္လႊားဖို႔ရန္ ႀကိဳးစားပါလွ်င္ ထပ္တလဲလဲ ေပၚေပါက္ေသာ ထိုစုံစမ္းျခင္းေတြကို သင္ေအာင္ျမင္ႏိုင္မွာ မဟုတ္ပါဘူး။

စုံစမ္းျခင္းေတြကို သင္ခုခံဖို႔ မည္သူကူညီပါသနည္း။ ကူးစက္ေရာဂါ ကပ္ေဘးကာလတြင္ အခ်ိန္ေပါင္းမ်ားစြာ သင္တစ္ဉီးတည္း ကုန္လြန္ေစခဲ့ပါလွ်င္ မည္သူက သင့္အား ေစာင့္ၾကည့္ေပးပါသနည္း။ ဝိညာဥ္ေရးရာ ႀကီးထြားဖို႔ သင့္အား ကူညီရန္ မည္သူ႔ကို သင္ဖိတ္ေခၚသနည္း။ ခက္ခဲတဲ့ ေမးခြန္းေတြကို သင့္အား ေမးဖို႔ရန္ မည္သူ႔ကို သင္ခြင့္ျပဳထားပါသနည္း။ မည္သူက သင့္ကို ေစာင့္ၾကည့္ေပးေနပါသနည္း။
သမၼာက်မ္းစာက ဆိုထားသည္မွာ “လူသည္တေယာက္တည္းထက္ ႏွစ္ေယာက္ သာ၍ေကာင္း၏။ ႀကိဳးစားအား ထုတ္လွ်င္၊ ေကာင္းေသာ အက်ိဳးကို ရတတ္၏။ ၁၀တေယာက္လဲလွ်င္ တေယာက္ထူလိမ့္မည္။” ေဒသနာက်မ္း ၄: ၉-၁၀

ရင္ဆိုင္ႀကဳံေတြ႕ရတဲ့ စုံစမ္းျခင္းႏွင့္ ပတ္သက္၍ လူတိုင္းကို သင္ေျပာစရာ မလိုေပမဲ့ တစ္စုံတစ္ေယာက္ကိုေတာ့ သင္ေျပာဖို႔ လိုအပ္ပါတယ္။ အဲဒီလူက သင့္၏ ႐ုန္းကန္လႈပ္ရွားရမႈေတြကို ေက်ာ္လႊားႏိုင္ဖို႔ရန္ သင့္အား အကူအညီ ေပးႏိုင္သည္။ ေထာက္ခံ အားေပးႏိုင္သည္။ 
“အရင္တုန္းက ငါဘယ္သူကိုမွ ဤအေၾကာင္းကို တစ္ခါမွ မေျပာခဲ့ဘူး” လို႔ တစ္စုံတစ္ေယာက္က ဆိုလာေသာ္ နားေထာင္ေပးဖို႔ ဉီးစားေပးၿပီး အာ႐ုံစိုက္ေပးပါ။ 
ဘာေၾကာင့္လဲဆိုေတာ့ သူတို႔၏ လႊတ္လပ္ျခင္းဆီသို႔ ေျခလွမ္းကို စတင္လွမ္းေနၿပီလို႔ ဆိုလိုတာ ျဖစ္ႏိုင္ပါသည္။ ဤအရာကို သတိရပါ။ ခံစားခ်က္ကို ေဖာ္ျပျခင္းသည္ ကုသျခင္း၏အစျဖစ္ၿပီး စုံစမ္းျခင္းအေၾကာင္းေတြ ေျပာဆို ျခင္းသည္လည္း ၎တို႔ကို ေက်ာ္လႊားေစသည့္ နည္းလမ္း တစ္ခုျဖစ္ပါတယ္။

ေျပာင္းလဲျခင္း ႏွင့္ ပတ္သက္ၿပီး သင္မည္မွ် အေလးအနက္ ထားပါသနည္း။ စုံစမ္းျခင္းေတြကို တြန္းလွန္ၿပီး ယုံၾကည္ျခင္း ခိုင္မာစြာျဖင့္ ကပ္ေရာဂါကာလတြင္ သင္မျဖစ္လာႏိုင္သေလာ။ သင့္အား ကူညီေပးမည့္သူ ႏွင့္ ဘာေၾကာင့္မ်ား မဆက္သြယ္ပါသနည္း။ သူ႔အား message ပို႔ၿပီးဆက္သြယ္ႏိုင္သည္။ Video call ျဖင့္လည္း ေခၚဆိုႏိုင္သည္။ အရင္က ဖုန္းေဟာင္းျဖင့္လည္း ဖုန္းေခၚဆိုႏိုင္ပါသည္။

သင္၏ အသက္တာတြင္ ဆိုးေသာ အမူအက်င့္တစ္ခ်ိဳ႕ ရွိပါတယ္။ သင္၏ မိတ္ေဆြ သူငယ္ခ်င္းကေန အကူအညီေတြ ၊ အားေပးမႈေတြ မရသေ႐ြ႕ေတာ့ ၎အမူအက်င့္ဆိုးတို႔ကို သင္ေက်ာ္လႊားႏိုင္မွာ မဟုတ္ပါဘူး။ အဲဒီပုဂၢိဳလ္ကို သင္ရွာေဖြပါ။ ၿပီးေတာ့ သူ႔အတြက္လည္း သင့္ကိုယ္သင္ တစ္စုံတစ္ရာ ျဖစ္ေစပါ။

ဆင္ျခင္ရန္
- သင္ယုံၾကည္ရသည့္ မိတ္ေဆြသူငယ္ခ်င္းတစ္ဉီးထံမွ မည္သည့္ အရည္အခ်င္းေတြကို သင္ရွာေဖြေနပါသနည္း။ သင္၏ မိတ္ေဆြေကာင္း ျဖစ္လာသည္ႏွင့္ အမွ် သင္၌လည္း ထိုအရည္အခ်င္းရွိလာေအာင္ ဘုရားသခင္ထံ ေတာင္းေလွ်ာက္ပါ။
-လူမႈေရးအရ အေနေဝးကြာေသာ ဤအခ်ိန္အခါတြင္ သင္၏ ဝိညာဥ္ေရးရာ ပန္းတိုင္ကား မည္သို႔နည္း။
- စုံစမ္းျဖားေယာင္းမႈကို ေက်ာ္လႊားဖို႔ရန္ တစ္စုံတစ္ေယာက္အား သင္မည္ကဲ့သို႔ ကူညီေပးခဲ့ပါသနည္း။  သင္၏အသက္တာအတိုင္း တစ္စုံတစ္ေယာက္အား ထပ္တူျပဳေစလိုေသာ ဆႏၵရွိပါသလား။